iMyanmarHouse.com - Best Property Website for Myanmar
×

တ႐ုတ္ႏိုင္ငံ နန္က်င္းၿမိဳ႕မွာ က်င္းပၿပီးစီးသြားတဲ့ Miss All Nations အလွမယ္ၿပိဳင္ပြဲမွာ ျမန္မာႏိုင္ငံကိုယ္စားျပဳအေနနဲ႔ သြားေရာက္ယွဥ္ၿပိဳင္ၿပီး ဆုႏွစ္ခုရရွိခဲ့တဲ့ ရွမ္းတိုင္းရင္းသူ နန္းေမြခမ္းဟာ ဒီကေန႔ ညေန ၃ နာရီေလာက္က ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ကို ျပန္လည္ေရာက္ရွိလာပါတယ္။

ဆုႏွစ္ခုရလာတဲ့ သူမကို  ရန္ကုန္ရွမ္းစာေပနဲ႔ယဥ္ေက်းမႈအသင္းက ရွမ္းလူငယ္ေမာင္မယ္ ေတြ၊ ပံ့ပိုးကူညီသူ၊ ေဆြမ်ိဳးနဲ႔ ခင္မင္ရင္းႏွီးသူေတြ သြားေရာက္ႀကိဳဆိုခဲ့ၾကပါတယ္။

သူမဟာ Miss All Nations ၿပိဳင္ပြဲကေန Miss Eco Toursim နဲ႔ Miss Miao Yu ဆိုတဲ့ ဆုႏွစ္ခုရခဲ့တာပါ။

ဆုႏွစ္ခုရတဲ့တာဟာ သူမအေနနဲ႔  ဘာသာစကား ၅ မ်ိဳးတတ္ကၽြမ္းတာေၾကာင့္ေရာ၊  တမူ ထူးျခားတဲ့ ရွမ္းတိုင္းရင္းသား၀တ္စံုေတြေၾကာင့္လည္းပါမယ္လို႔ ယူဆေၾကာင္း ဒီဗြီဘီကို ေျပာပါ တယ္။

“Miss Eco Tourism  ဆုမွာ နန္းက ဘာသာစကား ၅ မ်ိဳးတတ္ေတာ့ ဆက္သြယ္ေရး ေကာင္းလို႔ ေပးတာလို႔ ယူဆပါတယ္ရွင့္။ နန္းက ျမန္မာ၊ ရွမ္း၊ အဂၤလိပ္၊ တ႐ုတ္နဲ႔ ထိုင္းစကားေတြပါ ေျပာတတ္ပါတယ္။ Miss Miao Yu  ဆုိတာကေတာ့ တ႐ုတ္သမိုင္းထဲက လွပတဲ့ မိန္းကေလးတဦးရဲ႕ နာမည္ျဖစ္ပါတယ္။ နန္းက တိုင္းရင္းသူတေယာက္ျဖစ္လို႔ ဒီဆုရ တယ္လို႔ ထင္ပါတယ္။ ပြဲမွာ ၀တ္ထားတဲ့ နန္းရဲ႕ ရွမ္း၀တ္စံုကလည္း လူေတြတအား သေဘာက် ပါတယ္ရွင့္။  ဓာတ္ပံုေတြအမ်ားႀကီး တြဲ႐ုိက္ၾကတယ္။”

သူမဟာ အဲဒီၿပိဳင္ပြဲမွာ ဂံုရွမ္း႐ုိးရာ နန္းတြင္း၀တ္စံု၀တ္ၿပီး ရွမ္း႐ုိးရာခေမာက္ႀကီးကို ေဆာင္းကာ ရိုးရာအကနဲ႔ ျပိဳင္ခဲ့ပါတယ္။ ရွမ္း၀တ္စံုကို  က်ိဳင္းတံုမွ ဒီဇိုင္နာ ကိုေက်ာ္ရဲေအာင္က စပြန္စာလုပ္ၿပီး ခေမာက္ကိုေတာ့ ေတာင္ႀကီးမွ စိုင္းေခးလ်ိဳက အထူးခ်ဳပ္လုပ္ေပးခဲ့တာပါ။

နန္းေမြခမ္းဟာ Best in Talent ထိပ္ဆုံး ေျခာက္ဦး စာရင္းဝင္အျဖစ္ ေရြးခ်ယ္ခံရၿပီး Miss All Nations ၿပိဳင္ပြဲႀကီးရဲ႕ ထိပ္ဆုံးလက္ေရြးစင္ ၁၁ ဦး စာရင္းမွာလည္း ပါဝင္ခဲ့ပါတယ္။

ဒီလို တ႐ုတ္ႏိုင္ငံကို သြားေရာက္ယွဥ္ၿပိဳင္ရဖို႔ သူဟာ ရွမ္းျပည္နယ္မွ miss Shan State နဲ႔ ျမန္မာႏိုင္ငံမွ Miss Golden Land အလွမယ္ဆုေတြ ရခဲ့တာပါ။

နန္းေမြခမ္းမွာ ရွမ္းျပည္ေျမာက္ပိုင္း မူဆယ္ခ႐ုိင္ နမ့္ခမ္းၿမိဳ႕မွ ဦးစိုင္းလွေက်ာ္နဲ႔ ေဒၚနန္းဆိုင္ဆာတို႔ရဲ႕ သမီးျဖစ္ၿပီး အသက္ ၂၅ ႏွစ္ရွိၿပီျဖစ္ကာ လား႐ႈိးတကၠသိုလ္မွ သမိုင္းဘာသာ အဓိကနဲ႔ ဘြဲ႔ရၿပီးျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

# Unicode Version ျဖင့္ ဖတ္ပါ #
တရုတ်နိုင်ငံ နန်ကျင်းမြို့မှာ ကျင်းပပြီးစီးသွားတဲ့ Miss All Nations အလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ပြီး ဆုနှစ်ခုရရှိခဲ့တဲ့ ရှမ်းတိုင်းရင်းသူ နန်းမွေခမ်းဟာ ဒီကနေ့ ညနေ ၃ နာရီလောက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြန်လည်ရောက်ရှိလာပါတယ်။

ဆုနှစ်ခုရလာတဲ့ သူမကို  ရန်ကုန်ရှမ်းစာပေနဲ့ယဉ်ကျေးမှုအသင်းက ရှမ်းလူငယ်မောင်မယ် တွေ၊ ပံ့ပိုးကူညီသူ၊ ဆွေမျိုးနဲ့ ခင်မင်ရင်းနှီးသူတွေ သွားရောက်ကြိုဆိုခဲ့ကြပါတယ်။

သူမဟာ Miss All Nations ပြိုင်ပွဲကနေ Miss Eco Toursim နဲ့ Miss Miao Yu ဆိုတဲ့ ဆုနှစ်ခုရခဲ့တာပါ။

ဆုနှစ်ခုရတဲ့တာဟာ သူမအနေနဲ့  ဘာသာစကား ၅ မျိုးတတ်ကျွမ်းတာကြောင့်ရော၊  တမူ ထူးခြားတဲ့ ရှမ်းတိုင်းရင်းသားဝတ်စုံတွေကြောင့်လည်းပါမယ်လို့ ယူဆကြောင်း ဒီဗွီဘီကို ပြောပါ တယ်။

“Miss Eco Tourism  ဆုမှာ နန်းက ဘာသာစကား ၅ မျိုးတတ်တော့ ဆက်သွယ်ရေး ကောင်းလို့ ပေးတာလို့ ယူဆပါတယ်ရှင့်။ နန်းက မြန်မာ၊ ရှမ်း၊ အင်္ဂလိပ်၊ တရုတ်နဲ့ ထိုင်းစကားတွေပါ ပြောတတ်ပါတယ်။ Miss Miao Yu  ဆိုတာကတော့ တရုတ်သမိုင်းထဲက လှပတဲ့ မိန်းကလေးတဦးရဲ့ နာမည်ဖြစ်ပါတယ်။ နန်းက တိုင်းရင်းသူတယောက်ဖြစ်လို့ ဒီဆုရ တယ်လို့ ထင်ပါတယ်။ ပွဲမှာ ဝတ်ထားတဲ့ နန်းရဲ့ ရှမ်းဝတ်စုံကလည်း လူတွေတအား သဘောကျ ပါတယ်ရှင့်။  ဓာတ်ပုံတွေအများကြီး တွဲရိုက်ကြတယ်။”

သူမဟာ အဲဒီပြိုင်ပွဲမှာ ဂုံရှမ်းရိုးရာ နန်းတွင်းဝတ်စုံဝတ်ပြီး ရှမ်းရိုးရာခမောက်ကြီးကို ဆောင်းကာ ရိုးရာအကနဲ့ ပြိုင်ခဲ့ပါတယ်။ ရှမ်းဝတ်စုံကို  ကျိုင်းတုံမှ ဒီဇိုင်နာ ကိုကျော်ရဲအောင်က စပွန်စာလုပ်ပြီး ခမောက်ကိုတော့ တောင်ကြီးမှ စိုင်းခေးလျိုက အထူးချုပ်လုပ်ပေးခဲ့တာပါ။

နန်းမွေခမ်းဟာ Best in Talent ထိပ်ဆုံး ခြောက်ဦး စာရင်းဝင်အဖြစ် ရွေးချယ်ခံရပြီး Miss All Nations ပြိုင်ပွဲကြီးရဲ့ ထိပ်ဆုံးလက်ရွေးစင် ၁၁ ဦး စာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။

ဒီလို တရုတ်နိုင်ငံကို သွားရောက်ယှဉ်ပြိုင်ရဖို့ သူဟာ ရှမ်းပြည်နယ်မှ miss Shan State နဲ့ မြန်မာနိုင်ငံမှ Miss Golden Land အလှမယ်ဆုတွေ ရခဲ့တာပါ။

နန်းမွေခမ်းမှာ ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့မှ ဦးစိုင်းလှကျော်နဲ့ ဒေါ်နန်းဆိုင်ဆာတို့ရဲ့ သမီးဖြစ်ပြီး အသက် ၂၅ နှစ်ရှိပြီဖြစ်ကာ လားရှိုးတက္ကသိုလ်မှ သမိုင်းဘာသာ အဓိကနဲ့ ဘွဲ့ရပြီးဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top