ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

လူ႔အေရျပားရဲ႕ ပထမအလႊာမွာ ပါရိွတဲ့ မယ္လ္နင္ဓာတ္ေၾကာင့္ အသားအေရာင္ကြာျခားမွဳေတြ ျဖစ္လာတာပါ။ မယ္လ္နင္ဓာတ္ပိုမ်ားေလ အသားပိုညိဳေလျဖစ္ပါတယ္။ ေနေလာင္ျခင္းေတြ၊ ေနထုိင္မွဳအက်င့္ဆိုးေတြ၊ မသင့္ေတာ္တဲ့ ဝိတ္ခ်ျခင္းေတြကလည္း မယ္လ္နင္ဓာတ္ကို ပိုမ်ားေစပါတယ္။

မယ္လ္နင္ဓာတ္ကို ေလ်ာ့က်ေစတဲ့ အသားျဖဴေစတဲ့ အလွကုန္ေတြဟာ ဓာတုထုတ္ကုန္ေတြျဖစ္တာေၾကာင့္ ေရရွည္စြဲသံုးဖို႔ မသင္ေ့တာ္ပါဘူး။ ဒါေပမယ့္စိတ္မပူပါနဲ႔။ နႏြင္းမွဳန္႔၊ ရွားေစာင္းလပ္ပက္၊ မုန္႔ဖုတ္ဆိုဒါ၊ သေဘၤာသီးစတဲ့ သဘာဝပစၥည္းေတြဟာ မယ္လ္နင္ဓာတ္ကို ေလ်ာ့ေစျပီး အသားျဖဴဝင္ေစမွာျဖစ္ပါတယ္။ ယခုေဖာ္ျပမွာကေတာ့ နႏြင္းအေၾကာင္းပဲျဖစ္ပါတယ္။

နႏြင္းမွဳန္႔ရဲ႕ အသားျဖဴဝင္းေစတဲ့ အေၾကာင္းအရင္း (၆)ခ်က္

(၁) မယ္လ္နင္ဓာတ္ကို ေလွ်ာ့ခ်ေပးတယ္။

နႏြင္းမွဳန္႔မွာ ပိုလီဖေနာဓာတ္ပါဝင္တဲ့ Curcumin ဆိုတဲ့ ဓာတ္ေပါင္းတစ္မ်ိဳးပါဝင္ျပီး ၄င္းဓာတ္ဟာ ေနေလာင္ျခင္းနဲ႔ အျခားအေၾကာင္းအရင္းမ်ားစြာေၾကာင့္ ျဖစ္ေပၚႏုိင္တဲ့ မယ္လ္နင္ဓာတ္ထုတ္လႊတ္မွဳကို ေလွ်ာ့ခ်ေပးပါတယ္။

(၂) အဆီျပန္ျခင္းကို သက္သာေစတယ္။

အဆီျပန္ျခင္းကို ကာလရွည္စြာ ခံစားေနရသူေတြအတြက္ နႏြင္းမွဳန္႔ဟာ ေမွာ္ေဆးတစ္ပါးပါပဲ။ နႏြင္းမွာပါဝင္တဲ့ ဖက္တီအက္ဆစ္ဓာတ္နဲ႔ ဖတိုစတေရာဓာတ္တုိ႔ဟာ အေရျပားမွ အဆီထြက္ျခင္းကို ေလွ်ာ့ခ်ေပးပါတယ္။ လက္ေတြ႔စမ္းသပ္ခ်က္အရ နႏြင္းမွဳန္႔ကို (၂)ပတ္အသံုးျပဳမယ္ဆိုရင္ အဆီျပန္တာ သိသာစြာ သက္သာလာေစပါတယ္။

(၃) ေနေလာင္ဒဏ္ကို ကာကြယ္ေပးတယ္။

ေနေလာင္ျခင္းေၾကာင့္ MMP-2 ဆိုတဲ့ အင္ဇိုင္းျဖစ္ေပၚေစျပီး အေရျပားရဲ႕ ေကာ္လစ္ဂ်င္ဓာတ္ကို ေလ်ာ့က်ေစကာ အသားအေရပ်က္စီးေစပါတယ္။ နႏြင္းမွဳန္႔က ၄င္း MMP-2 အင္ဇိုင္းျဖစ္ေပၚမွဳကို ေလွ်ာ့ခ်ေပးပါတယ္။ နႏြင္းဟာ ခရမ္းလြန္ေရာင္ျခည္ B ကိုလည္း ကာကြယ္ေပးပါတယ္။

(၄) အိုမင္းရင့္ေရာ္ျခင္းကို ကာကြယ္ေပးတယ္။

နႏြင္းမွာ Anti-oxidant ဓာတ္ပါဝင္ျပီး အုိမင္းရင့္ေရာ္ျခင္းကို ကာကြယ္ေပးပါတယ္။ နႏြင္းနဲ႔ ျပဳလုပ္ထားတဲ့ ခရင္မ္ေတြက အသားအရည္တင္းရင္းေၾကာင္း သိရပါတယ္။

(၅) ဝက္ျခံေပ်ာက္ေစတယ္။

နံပါတ္ (၁)မွာ ေဖာ္ျပထားတဲ့ Curcumin ဓာတ္ဟာ ဝက္ျခံျဖစ္ေစတဲ့ ဘက္တီးရီးယားေတြကို ေသေစႏုိင္စြမ္းရိွပါတယ္။ ဝက္ျခံကုသရာမွာ azelic အက္ဆစ္ထက္ Curcumin က ပိုထိေရာက္ပါတယ္။

(၆) နာတာရွည္အေရျပားေရာဂါေတြကို သက္သာေစတယ္။

နႏြင္းမွဳန္႔ရဲ႕ Curcumin ဓာတ္က ႏွင္းခူေရာဂါ၊ အနီေရာင္အဖုအပိမ့္ေတြ ထြက္တဲ့ေရာဂါမ်ားကဲ့သို႔ အေရျပားေရာဂါမ်ားကို သက္သာေပ်ာက္ကင္းေစပါတယ္။

အသားျဖဴဝင္းဖို႔ နႏြင္းမွဳန္႔ကို ဘယ္လိုအသံုးျပဳရမလဲ

နႏြင္းမွဳန္႔နဲ႔ အျခားသဘာဝပစၥညး္မ်ား လြယ္ကူစြာ တဲြဖက္အသံုးျပဳနည္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ (အဝါေရာင္ အစြန္းအထင္းေတြ မျဖစ္ေစဖို႔ ေအာက္ပါနည္းလမ္းေတြကို ျပဳလုပ္တဲ့အခါ အက်ီ်အေဟာင္းနဲ႔ မ်က္ႏွာသုတ္ပုဝါအေဟာင္းတို႔ကိုသာ အသံုးျပဳဖို႔ ႀကိဳတင္အႀကံျပဳခ်င္ပါတယ္။)

(၁) နႏြင္းမွဳန္နဲ႔ သံပုယုိသီး

နႏြင္းမွဳန္႔နဲ႔ သံပုယိုသီးကို တြဲဖက္အသံုးျပဳျခင္းက အသားျဖဴေစ႐ံုသာမက အဆီျပန္ျခင္းနဲ႔ အိုမင္းရင့္ေရာ္မွဳေတြကို ကာကြယ္ႏုိင္ပါတယ္။

သံပုရာရည္ လက္ဖက္ရည္ဇြန္း (၂)ဇြန္းနဲ႔ နႏြင္းမွဳန္႔ လက္ဖက္ရည္ဇြန္း (၁)ဇြန္းတို႔ကို ေရာေမႊလိုက္ပါ။

အသားအရည္ေပၚမွာ ညီညာစြာလိမ္းျပီး မိနစ္ (၂၀)ခန္႔ထားပါ။

စက္ဝုိင္းပံုစံျဖင့္ ေရနဲ႔ အသာအယာေဆးခ်ပါ။

ဒီနည္းလမ္းကို တစ္ပတ္ကို ႏွစ္ခါ အိပ္ယာမဝင္ခင္ျပဳလုပ္ေပးပါ။



(၂) နႏြင္းမွဳန္႔နဲ႔ ႏြားႏို႔

နႏြင္းမွဳန္႔နဲ႔ ႏြားႏုိ႔ကို တြဲဖက္အသံုးျပဳျခင္းက အေရျပားေပၚက ဆဲလ္ေသေတြကို ဖယ္ရွားေပးျပီး သန္႔စင္ေစကာ ဝက္ျခံနဲ႔ အမာရြတ္မ်ားကို သက္သာေပ်ာက္ကင္းေစပါတယ္။

နႏြင္းမွဳန္႔ လက္ဖက္ရည္ဇြန္းတစ္ဝက္နဲ႔ ႏြားႏုိ႔လက္ဖက္ရည္ဇြန္း (၁)ဇြန္းတို႔ကို ေရာလိုက္ပါ။

လက္ေခ်ာင္းမ်ား (သို႔) မ်က္ႏွာစုတ္တံကို အသံုးျပဳျပီး အေရျပားေပၚမွာ ညီညာစြာ သုတ္လိမ္းပါ။

(၁)နာရီခန္႔ထားျပီးေနာက္ ေရနဲ႔ ေဆးခ်ပါ။

အသားအေရေပၚမွာ အဝါေရာင္ေတြ စြဲက်န္ခဲ့မယ္ဆိုရင္ ႏြားႏုိ႔ကို ဂြမ္းစအသံုးျပဳကာ ထပ္လိမ္းျပီးေနာက္ ေရနဲ႔ ေဆးခ်ပါ။

တစ္ပတ္ကို (၃)ႀကိမ္ေလာက္ လုပ္ေပးရင္ အက်ိဳးထားလာပါလိမ့္မယ္။ (ႏြားႏုိ႔အစား ႏုိ႔မွဳန္႔ကိုလည္း အသံုးျပဳႏုိင္ပါတယ္။)



(၃) နႏြင္းမွဳန္႔နဲ႔ ဆီ

နႏြင္းမွဳန္႔ကို အုန္းဆီ၊ ၾကက္ဆူဆီစတဲ့ ဆီတစ္မ်ိဳးမ်ိဳးနဲ႔ တြဲသုံးေပးျခင္းက အသားအရည္ေျခာက္ေသြ႕သူေတြအတြက္ သင့္ေတာ္ပါတယ္။

နႏြင္းမွဳန္႔ လက္ဖက္ရည္ဇြန္း (၁)ဇြန္းကို ႏွစ္သက္ရာ ဆီတစ္မ်ိဳးမ်ိဳးနဲ႔ ေရာလိုက္ပါ။

အေရျပားေပၚမွာ သုတ္လိမ္းျပီး မိနစ္အနည္းငယ္ ႏူးညံ့စြာ ႏွိပ္နယ္ေပးပါ။

ထို႔ေနာက္ မိနစ္ (၃၀)ခန္႔ ထားထားပါ။

ၾကက္သီးေႏြး ေရေႏြးနဲ႔ ဦးစြာေဆးခ်ျပီးေနာက္ ေရေအးနဲ႔ ထပ္ေဆးခ်ပါ။

ဒီနည္းလမ္းကို တစ္ပတ္ကို (၃)ႀကိမ္ျပဳလုပ္ေပးပါ။



(၄) နႏြင္းမွဳန္႔နဲ႔ ပ်ားရည္

ပ်ားရည္ဟာ အသားအရည္ကို စိုျပည္ေစျပီး ေနေလာင္ဒဏ္ရာေတြကိုလည္း သက္သာေစတာေၾကာင့္ ဘယ္အသားအရည္မ်ိဳးအတြက္မဆို နႏြင္းမွဳန္႔နဲ႔ တဲြသံုးႏုိင္ပါတယ္။

ပ်ားရည္ လက္ဖက္ရည္ဇြန္း (၂)ဇြန္းနဲ႔ နႏြင္းမွဳန္႔ လက္ဖက္ရည္ဇြန္း (၄)ပံု (၁)ပံုတို႔ကို ေရာစပ္လုိက္ပါ။

အေရျပားေပၚမွာ ညီညာစြာ သုတ္လိမ္းပါ။

မိနစ္ (၃၀)ခန္႔ထားျပီးေနာက္ ၾကက္သီးေႏြး ေရေႏြးနဲ႔ ေဆးခ်လိုက္ပါ။

ဒီနည္းလမ္းကို တစ္ပတ္ကို (၃)ႀကိမ္ျပဳလုပ္ေပးပါ။ (ပိုျပီးထိေရာက္ေစဖို႔ ဒိန္ခ်ဥ္၊ ႏို႔၊ ရွားေစာင္းလက္ပပ္တို႔ကိုပါ ထပ္ထည့္ႏုိင္ပါတယ္။)

(၅) နႏြင္းမွဳန္႔၊ ေထာပတ္သီးနဲ႔ ဒိန္ခ်ဥ္

ဒိန္ခ်ဥ္မွာပါဝင္တဲ့ လက္တစ္အက္ဆစ္ဟာ အသားအရည္ကို ျဖဴဝင္းေစျပီး ေထာပတ္သီးက အသားအရည္ကို စိုျပည္ေစပါတယ္။ ဒီနည္းလမ္းဟာ ဘယ္အသားအရည္မ်ိဳးအတြက္မဆို သင့္ေတာ္ပါတယ္။

ေထာပတ္သီးရဲ႕ အသား (၄)ပံု (၁)ပံုကို ျခစ္ယူလိုက္ပါ။

နႏြင္းမွဳန္႔နဲ႔ ဒိန္ခ်ဥ္တို႔ကို လက္ဖက္ရည္ဇြန္း (၁)ဇြန္းစီ ထည့္ျပီး (၃)မ်ိဳးကို ေရာေမႊလိုက္ပါ။

အေရျပားေပၚမွာ သုတ္လိမ္းျပီး (၁၅)မိနစ္ခန္႔ အေျခာက္ခံလိုက္ပါ။

ၾကက္သီးေႏြး ေရေႏြးနဲ႔ ဦးစြာေဆးခ်ျပီးေနာက္ ေရေအးနဲ႔ ထပ္ေဆးပါ။

ဒီနည္းလမ္းကို တစ္ပတ္ (၃)ႀကိမ္ျပဳလုပ္ေပးပါ။

(၆) နႏြင္းမွဳန္႔နဲ႔ ငွက္ေပ်ာသီး

ငွက္ေပ်ာသီးက ေဆးဖက္ဝင္အပင္ေတြရဲ႕ ဓာတ္ရိွျပီး အိုမင္းရင့္ေရာ္ျခင္းကို ကာကြယ္ေပးပါတယ္။ ဒီနည္းလမ္းက ထိခုိက္လြယ္တဲ့ အသားအရည္ပိုင္ရွင္မ်ိဳးမ်ားနဲ႔ သင့္ေတာ္ပါတယ္။

ငွက္ေပ်ာသီးတစ္ဝက္ကို ညက္သြားေအာင္ အႏွစ္ျပဳလုပ္ပါ။

နႏြင္းမွဳန္႔ လက္ဖက္ရည္ဇြန္းတစ္ဝက္ထည့္ျပီး ေရာေမႊပါ။

၄င္းအႏွစ္ကို အေရျပားေပၚသုတ္လိမ္းျပီး မိနစ္ (၃၀)ခန္႔ ထားပါ။

ေရနဲ႔ ေဆးခ်ျပီးေနာက္ ေျခာက္ေသြ႔ေအာင္ သုတ္လုိက္ပါ။

ဒီနည္းလမ္းကို တစ္ပတ္ (၃)ႀကိမ္ျပဳလုပ္ေပးပါ။

(၇) နႏြင္းမွဳန္႔နဲ႔ အာလူး

အာလူးမွာပါဝင္တဲ့ Catecholase အင္ဇိုင္းဟာ အမည္းစက္မ်ားနဲ႔ အနာရြတ္မ်ားကို သက္သာေစျပီး ပိုတက္ဆီယမ္ဓာတ္က အသားအရည္ကို အစိုဓာတ္ျဖည့္တင္းေပးပါတယ္။

အာလူးတစ္လံုးကို ျခစ္ျပီး အရည္ညွစ္ပါ။

အာလူးအရည္နဲ႔ နႏြင္းမွဳန္႔အနည္းငယ္တို႔ကို ေရာစပ္ပါ။

အရည္ျပားေပၚမွာ သုတ္လိမ္းျပီး မိနစ္အနည္းငယ္ခန္႔ အေျခာက္ခံပါ။

ထို႔ေနာက္ ၾကက္သီးေႏြး ေရေႏြးနဲ႔ ေဆးခ်လိုက္ပါ။

ဒီနည္းလမ္းကို တစ္ပတ္ကို (၂)ႀကိမ္ျပဳလုပ္ေပးပါ။

အခုနႏြင္းမွဳန္႔ရဲ႕ အက်ိဳးအာနိသင္ေတြ သိလိုက္ရျပီဆိုေတာ့ အသားျဖဴဝင္းေစဖို႔ စတင္အသံုးျပဳလိုစိတ္ေတြ ျဖစ္ေပၚလာၾကမယ္လို႔ထင္ပါတယ္။ ဒါေပမယ့္ လိုခ်င္တဲ့ ရလဒ္ေတြ ရဖို႔ စိတ္ရွည္ၾကဖို႔ေတာ့လိုမယ္ေနာ္။

Ref: Home Remedies for Life

ဖိုးသူေတာ္ (www.phothutaw.com)
Credit: millionlike
# Unicode Version ဖြင့် ဖတ်ပါ #

လူ့အရေပြားရဲ့ ပထမအလွှာမှာ ပါရှိတဲ့ မယ်လ်နင်ဓာတ်ကြောင့် အသားအရောင်ကွာခြားမှုတွေ ဖြစ်လာတာပါ။ မယ်လ်နင်ဓာတ်ပိုများလေ အသားပိုညိုလေဖြစ်ပါတယ်။ နေလောင်ခြင်းတွေ၊ နေထိုင်မှုအကျင့်ဆိုးတွေ၊ မသင့်တော်တဲ့ ဝိတ်ချခြင်းတွေကလည်း မယ်လ်နင်ဓာတ်ကို ပိုများစေပါတယ်။

မယ်လ်နင်ဓာတ်ကို လျော့ကျစေတဲ့ အသားဖြူစေတဲ့ အလှကုန်တွေဟာ ဓာတုထုတ်ကုန်တွေဖြစ်တာကြောင့် ရေရှည်စွဲသုံးဖို့ မသင်ေ့တာ်ပါဘူး။ ဒါပေမယ့်စိတ်မပူပါနဲ့။ နနွင်းမှုန့်၊ ရှားစောင်းလပ်ပက်၊ မုန့်ဖုတ်ဆိုဒါ၊ သင်္ဘောသီးစတဲ့ သဘာဝပစ္စည်းတွေဟာ မယ်လ်နင်ဓာတ်ကို လျော့စေပြီး အသားဖြူဝင်စေမှာဖြစ်ပါတယ်။ ယခုဖော်ပြမှာကတော့ နနွင်းအကြောင်းပဲဖြစ်ပါတယ်။

နနွင်းမှုန့်ရဲ့ အသားဖြူဝင်းစေတဲ့ အကြောင်းအရင်း (၆)ချက်

(၁) မယ်လ်နင်ဓာတ်ကို လျှော့ချပေးတယ်။

နနွင်းမှုန့်မှာ ပိုလီဖနောဓာတ်ပါဝင်တဲ့ Curcumin ဆိုတဲ့ ဓာတ်ပေါင်းတစ်မျိုးပါဝင်ပြီး ၎င်းဓာတ်ဟာ နေလောင်ခြင်းနဲ့ အခြားအကြောင်းအရင်းများစွာကြောင့် ဖြစ်ပေါ်နိုင်တဲ့ မယ်လ်နင်ဓာတ်ထုတ်လွှတ်မှုကို လျှော့ချပေးပါတယ်။

(၂) အဆီပြန်ခြင်းကို သက်သာစေတယ်။

အဆီပြန်ခြင်းကို ကာလရှည်စွာ ခံစားနေရသူတွေအတွက် နနွင်းမှုန့်ဟာ မှော်ဆေးတစ်ပါးပါပဲ။ နနွင်းမှာပါဝင်တဲ့ ဖက်တီအက်ဆစ်ဓာတ်နဲ့ ဖတိုစတရောဓာတ်တို့ဟာ အရေပြားမှ အဆီထွက်ခြင်းကို လျှော့ချပေးပါတယ်။ လက်တွေ့စမ်းသပ်ချက်အရ နနွင်းမှုန့်ကို (၂)ပတ်အသုံးပြုမယ်ဆိုရင် အဆီပြန်တာ သိသာစွာ သက်သာလာစေပါတယ်။

(၃) နေလောင်ဒဏ်ကို ကာကွယ်ပေးတယ်။

နေလောင်ခြင်းကြောင့် MMP-2 ဆိုတဲ့ အင်ဇိုင်းဖြစ်ပေါ်စေပြီး အရေပြားရဲ့ ကော်လစ်ဂျင်ဓာတ်ကို လျော့ကျစေကာ အသားအရေပျက်စီးစေပါတယ်။ နနွင်းမှုန့်က ၎င်း MMP-2 အင်ဇိုင်းဖြစ်ပေါ်မှုကို လျှော့ချပေးပါတယ်။ နနွင်းဟာ ခရမ်းလွန်ရောင်ခြည် B ကိုလည်း ကာကွယ်ပေးပါတယ်။

(၄) အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးတယ်။

နနွင်းမှာ Anti-oxidant ဓာတ်ပါဝင်ပြီး အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်။ နနွင်းနဲ့ ပြုလုပ်ထားတဲ့ ခရင်မ်တွေက အသားအရည်တင်းရင်းကြောင်း သိရပါတယ်။

(၅) ဝက်ခြံပျောက်စေတယ်။

နံပါတ် (၁)မှာ ဖော်ပြထားတဲ့ Curcumin ဓာတ်ဟာ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်စွမ်းရှိပါတယ်။ ဝက်ခြံကုသရာမှာ azelic အက်ဆစ်ထက် Curcumin က ပိုထိရောက်ပါတယ်။

(၆) နာတာရှည်အရေပြားရောဂါတွေကို သက်သာစေတယ်။

နနွင်းမှုန့်ရဲ့ Curcumin ဓာတ်က နှင်းခူရောဂါ၊ အနီရောင်အဖုအပိမ့်တွေ ထွက်တဲ့ရောဂါများကဲ့သို့ အရေပြားရောဂါများကို သက်သာပျောက်ကင်းစေပါတယ်။

အသားဖြူဝင်းဖို့ နနွင်းမှုန့်ကို ဘယ်လိုအသုံးပြုရမလဲ

နနွင်းမှုန့်နဲ့ အခြားသဘာဝပစ္စည်းများ လွယ်ကူစွာ တွဲဖက်အသုံးပြုနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ (အဝါရောင် အစွန်းအထင်းတွေ မဖြစ်စေဖို့ အောက်ပါနည်းလမ်းတွေကို ပြုလုပ်တဲ့အခါ အကျျီအဟောင်းနဲ့ မျက်နှာသုတ်ပုဝါအဟောင်းတို့ကိုသာ အသုံးပြုဖို့ ကြိုတင်အကြံပြုချင်ပါတယ်။)

(၁) နနွင်းမှုန်နဲ့ သံပုယိုသီး

နနွင်းမှုန့်နဲ့ သံပုယိုသီးကို တွဲဖက်အသုံးပြုခြင်းက အသားဖြူစေရုံသာမက အဆီပြန်ခြင်းနဲ့ အိုမင်းရင့်ရော်မှုတွေကို ကာကွယ်နိုင်ပါတယ်။

သံပုရာရည် လက်ဖက်ရည်ဇွန်း (၂)ဇွန်းနဲ့ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း (၁)ဇွန်းတို့ကို ရောမွှေလိုက်ပါ။

အသားအရည်ပေါ်မှာ ညီညာစွာလိမ်းပြီး မိနစ် (၂၀)ခန့်ထားပါ။

စက်ဝိုင်းပုံစံဖြင့် ရေနဲ့ အသာအယာဆေးချပါ။

ဒီနည်းလမ်းကို တစ်ပတ်ကို နှစ်ခါ အိပ်ယာမဝင်ခင်ပြုလုပ်ပေးပါ။



(၂) နနွင်းမှုန့်နဲ့ နွားနို့

နနွင်းမှုန့်နဲ့ နွားနို့ကို တွဲဖက်အသုံးပြုခြင်းက အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး သန့်စင်စေကာ ဝက်ခြံနဲ့ အမာရွတ်များကို သက်သာပျောက်ကင်းစေပါတယ်။

နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ နွားနို့လက်ဖက်ရည်ဇွန်း (၁)ဇွန်းတို့ကို ရောလိုက်ပါ။

လက်ချောင်းများ (သို့) မျက်နှာစုတ်တံကို အသုံးပြုပြီး အရေပြားပေါ်မှာ ညီညာစွာ သုတ်လိမ်းပါ။

(၁)နာရီခန့်ထားပြီးနောက် ရေနဲ့ ဆေးချပါ။

အသားအရေပေါ်မှာ အဝါရောင်တွေ စွဲကျန်ခဲ့မယ်ဆိုရင် နွားနို့ကို ဂွမ်းစအသုံးပြုကာ ထပ်လိမ်းပြီးနောက် ရေနဲ့ ဆေးချပါ။

တစ်ပတ်ကို (၃)ကြိမ်လောက် လုပ်ပေးရင် အကျိုးထားလာပါလိမ့်မယ်။ (နွားနို့အစား နို့မှုန့်ကိုလည်း အသုံးပြုနိုင်ပါတယ်။)



(၃) နနွင်းမှုန့်နဲ့ ဆီ

နနွင်းမှုန့်ကို အုန်းဆီ၊ ကြက်ဆူဆီစတဲ့ ဆီတစ်မျိုးမျိုးနဲ့ တွဲသုံးပေးခြင်းက အသားအရည်ခြောက်သွေ့သူတွေအတွက် သင့်တော်ပါတယ်။

နနွင်းမှုန့် လက်ဖက်ရည်ဇွန်း (၁)ဇွန်းကို နှစ်သက်ရာ ဆီတစ်မျိုးမျိုးနဲ့ ရောလိုက်ပါ။

အရေပြားပေါ်မှာ သုတ်လိမ်းပြီး မိနစ်အနည်းငယ် နူးညံ့စွာ နှိပ်နယ်ပေးပါ။

ထို့နောက် မိနစ် (၃၀)ခန့် ထားထားပါ။

ကြက်သီးနွေး ရေနွေးနဲ့ ဦးစွာဆေးချပြီးနောက် ရေအေးနဲ့ ထပ်ဆေးချပါ။

ဒီနည်းလမ်းကို တစ်ပတ်ကို (၃)ကြိမ်ပြုလုပ်ပေးပါ။



(၄) နနွင်းမှုန့်နဲ့ ပျားရည်

ပျားရည်ဟာ အသားအရည်ကို စိုပြည်စေပြီး နေလောင်ဒဏ်ရာတွေကိုလည်း သက်သာစေတာကြောင့် ဘယ်အသားအရည်မျိုးအတွက်မဆို နနွင်းမှုန့်နဲ့ တွဲသုံးနိုင်ပါတယ်။

ပျားရည် လက်ဖက်ရည်ဇွန်း (၂)ဇွန်းနဲ့ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း (၄)ပုံ (၁)ပုံတို့ကို ရောစပ်လိုက်ပါ။

အရေပြားပေါ်မှာ ညီညာစွာ သုတ်လိမ်းပါ။

မိနစ် (၃၀)ခန့်ထားပြီးနောက် ကြက်သီးနွေး ရေနွေးနဲ့ ဆေးချလိုက်ပါ။

ဒီနည်းလမ်းကို တစ်ပတ်ကို (၃)ကြိမ်ပြုလုပ်ပေးပါ။ (ပိုပြီးထိရောက်စေဖို့ ဒိန်ချဉ်၊ နို့၊ ရှားစောင်းလက်ပပ်တို့ကိုပါ ထပ်ထည့်နိုင်ပါတယ်။)

(၅) နနွင်းမှုန့်၊ ထောပတ်သီးနဲ့ ဒိန်ချဉ်

ဒိန်ချဉ်မှာပါဝင်တဲ့ လက်တစ်အက်ဆစ်ဟာ အသားအရည်ကို ဖြူဝင်းစေပြီး ထောပတ်သီးက အသားအရည်ကို စိုပြည်စေပါတယ်။ ဒီနည်းလမ်းဟာ ဘယ်အသားအရည်မျိုးအတွက်မဆို သင့်တော်ပါတယ်။

ထောပတ်သီးရဲ့ အသား (၄)ပုံ (၁)ပုံကို ခြစ်ယူလိုက်ပါ။

နနွင်းမှုန့်နဲ့ ဒိန်ချဉ်တို့ကို လက်ဖက်ရည်ဇွန်း (၁)ဇွန်းစီ ထည့်ပြီး (၃)မျိုးကို ရောမွှေလိုက်ပါ။

အရေပြားပေါ်မှာ သုတ်လိမ်းပြီး (၁၅)မိနစ်ခန့် အခြောက်ခံလိုက်ပါ။

ကြက်သီးနွေး ရေနွေးနဲ့ ဦးစွာဆေးချပြီးနောက် ရေအေးနဲ့ ထပ်ဆေးပါ။

ဒီနည်းလမ်းကို တစ်ပတ် (၃)ကြိမ်ပြုလုပ်ပေးပါ။

(၆) နနွင်းမှုန့်နဲ့ ငှက်ပျောသီး

ငှက်ပျောသီးက ဆေးဖက်ဝင်အပင်တွေရဲ့ ဓာတ်ရှိပြီး အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်။ ဒီနည်းလမ်းက ထိခိုက်လွယ်တဲ့ အသားအရည်ပိုင်ရှင်မျိုးများနဲ့ သင့်တော်ပါတယ်။

ငှက်ပျောသီးတစ်ဝက်ကို ညက်သွားအောင် အနှစ်ပြုလုပ်ပါ။

နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်ပြီး ရောမွှေပါ။

၎င်းအနှစ်ကို အရေပြားပေါ်သုတ်လိမ်းပြီး မိနစ် (၃၀)ခန့် ထားပါ။

ရေနဲ့ ဆေးချပြီးနောက် ခြောက်သွေ့အောင် သုတ်လိုက်ပါ။

ဒီနည်းလမ်းကို တစ်ပတ် (၃)ကြိမ်ပြုလုပ်ပေးပါ။

(၇) နနွင်းမှုန့်နဲ့ အာလူး

အာလူးမှာပါဝင်တဲ့ Catecholase အင်ဇိုင်းဟာ အမည်းစက်များနဲ့ အနာရွတ်များကို သက်သာစေပြီး ပိုတက်ဆီယမ်ဓာတ်က အသားအရည်ကို အစိုဓာတ်ဖြည့်တင်းပေးပါတယ်။

အာလူးတစ်လုံးကို ခြစ်ပြီး အရည်ညှစ်ပါ။

အာလူးအရည်နဲ့ နနွင်းမှုန့်အနည်းငယ်တို့ကို ရောစပ်ပါ။

အရည်ပြားပေါ်မှာ သုတ်လိမ်းပြီး မိနစ်အနည်းငယ်ခန့် အခြောက်ခံပါ။

ထို့နောက် ကြက်သီးနွေး ရေနွေးနဲ့ ဆေးချလိုက်ပါ။

ဒီနည်းလမ်းကို တစ်ပတ်ကို (၂)ကြိမ်ပြုလုပ်ပေးပါ။

အခုနနွင်းမှုန့်ရဲ့ အကျိုးအာနိသင်တွေ သိလိုက်ရပြီဆိုတော့ အသားဖြူဝင်းစေဖို့ စတင်အသုံးပြုလိုစိတ်တွေ ဖြစ်ပေါ်လာကြမယ်လို့ထင်ပါတယ်။ ဒါပေမယ့် လိုချင်တဲ့ ရလဒ်တွေ ရဖို့ စိတ်ရှည်ကြဖို့တော့လိုမယ်နော်။

Ref: Home Remedies for Life

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top