iMyanmarHouse.com - Best Property Website for Myanmar
×

# Zawgyi ျဖင့္ဖတ္ရန္ #

“မလွဴတတ္ရင္ ေဈးေရာင္း” ဆိုတဲ့ ျမန္မာစကားပံုရွိပါတယ္။ အခုအခ်ိန္မွာ ပစၥည္းတစ္ခုဝယ္ရင္ ပစၥည္းတစ္ခုကို အလွဴလုပ္တယ္ဆိုတဲ့ စီးပြားေရးလုပ္ငန္းေတြလည္းထြက္ေပၚေနပါၿပီ။ ဒါေပမဲ့ သည္လုပ္ငန္းေတြက အက်ိဳးအျမတ္ေကာရွိၾကရဲ႕လား။
သဘာဝေဘးဒုကၡ၊ စစ္ေဘးဒုကၡေရာက္ၾကသူေတြကိုလွဴၾကတဲ့ ပစၥည္းေတြထဲမွာအတြင္းခံအဝတ္အသစ္ေတြ၊ အသန္႔ေတြဟာ အနည္းဆံုးျဖစ္သလို အိုးအိမ္မဲ့ျဖစ္ေနသူအမ်ိဳးသမီးေတြအ တြက္ သည္အဝတ္အထည္ေတြဟာ အလိုအပ္ဆံုးလို႔ေတာင္ ေျပာလို႔ရပါတယ္။

သည္ျပႆနာကို ေျဖရွင္းဖို႔အတြက္ အေမရိကန္အမ်ိဳးသမီးေလး ဟာလီဘီရွီးယားဟာ ထူးျခားတဲ့လမ္းတစ္ခုကို ေလွ်ာက္ခဲ့ပါတယ္။
အသက္ ၂၀ ေက်ာ္အရြယ္ အမ်ိဳးသမီးဟာ မဒီ(Make a Difference Intimates) လို႔ အမည္ရတဲ့ အတြင္းခံအထည္ကုမၼဏီကိုတည္ေထာင္ခဲ့ၿပီး အတြင္း ခံေဘာင္းဘီေတြ၊ ဘရာစီယာေတြကို ထုတ္လုပ္ပါတယ္။ တစ္ထည္ေရာင္းရတိုင္း တစ္ထည္လွဴပါတယ္။

မစၥဘီရွီးယားဟာ အေမရိကန္ဖိနပ္ လုပ္ငန္း တြမ္လိုမ်ိဳး ပရဟိတစီးပြားေရးလုပ္ငန္းေတြရဲ႕ နမူနာကို ယူျခင္းပါပဲ။ တြမ္ဆိုရင္ ၂၀၁၀ ကတည္းက ‘တစ္ခု ဝယ္၊ တစ္ခုလွဴ˘လုပ္ငန္းကို စတင္ေဆာင္ရြက္ခဲ့တာပါ။
တြမ္လိုပဲ မဒီကုမၼဏီဟာလည္း လူမႈေရးလုပ္ငန္းလုပ္ရင္း အက်ိဳးအျမတ္ ရရွိဖို႔ ရည္ရြယ္ထားပါတယ္။
‘ဝယ္သူေတြက တစ္ခုဝယ္၊ တစ္ခု လွဴပံုစံကို ႀကိဳက္တယ္၊ ဘာလို႔ဆို သူတို႔ အလွဴလုပ္တယ္လို႔ ခံစားရလို႔˘လို႔ သူက ဘီဘီစီကို ေျပာပါတယ္။
မဒီကို စမလုပ္ခင္က မစၥဘီရွီးယားဟာ ဖက္ရွင္ဒီဇိုင္းအေၾကာင္း၊ စီးပြားေရးအေၾကာင္း ဘာမွမသိပါဘူး။ အဲဒါ ေၾကာင့္ သည္ႏွစ္ခုစလံုးကို စလုပ္ရတဲ့အခါ အခက္အခဲေတြအမ်ားႀကီးနဲ႔ ရင္ ဆိုင္ခဲ့ရပါတယ္။

ဥပမာ မဒီကို စလုပ္တုန္းကကူညီမယ္ဆိုတဲ့ သူငယ္ခ်င္းတစ္ေယာက္က သည္လုပ္ငန္းဟာစြန္႔စားလြန္းရာက်တယ္လို႔ ယူဆၿပီးေနာက္ျပန္ဆုတ္သြားခဲ့ပါတယ္။ မစၥဘီရွီးယားက သူ႕သေဘာ ထားကို နားလည္ပါတယ္။
‘သူက ဒီစီးပြားေရးထဲကို ပိုက္ဆံတစ္ျပားမွမထည့္ခ်င္ဘူး၊ ဒါေပမဲ့ကိုယ္က ျဖစ္ေျမာက္ခ်င္စိတ္မ်ားလြန္းတဲ့အတြက္ အစပိုင္းမွာပိုက္ဆံအမ်ားႀကီးေခ်းရတယ္˘လို႔ သူကဆိုပါတယ္။
မဒီအတြင္းခံေဘာင္းဘီနဲ႔ဘရာ တစ္စံုဆိုရင္ ေဒၚလာ ၃၀ ေက်ာ္က်သင့္ၿပီး နာမည္ႀကီး ဗစ္တိုးရီးယားဆီးခရက္ရဲ႕ အထည္ထက္ေတာင္ေဈးနည္းနည္း ပိုမ်ားပါေသးတယ္။
မစၥဘီရွီးယားကေတာ့ သူ႕အထည္ေတြဟာ ေဈးသင့္ေၾကာင္း၊ ဘာေၾကာင့္ဆို အထည္ေတြကို ဝါးနဲ႔ထုတ္လုပ္ထားၿပီး ခ်ည္ထက္ ပိုသက္ေသာင့္ သက္သာရွိ၊ ပိုၾကာရွည္ခံလို႔ျဖစ္ေၾကာင္း ေျပာပါတယ္။

လူေတြက အလွဴလုပ္ရတဲ့သေဘာျဖစ္တဲ့အတြက္ ေဈးနည္းနည္းႀကီးေပမဲ့ ေက်ေက်နပ္နပ္ပဲ ဝယ္ၾကေၾကာင္းဝယ္ သူတစ္ဦးျဖစ္တဲ့ ေလာ္ရန္စင္ပယ္လ္က ေျပာပါတယ္။
‘မဒီ အတြင္းခံတစ္စံုဝယ္လိုက္ရင္ သာမန္ထက္ ေဈးပိုေပးရေပမဲ့ ေဒၚလာ ၃၀ ေလာက္နဲ႔ အတြင္းခံႏွစ္စံုရတယ္လို႔ ကြ်န္မခံစားရတယ္˘လို႔ မစၥဆင္ပယ္လ္ က ေျပာပါတယ္။
‘ေဈးဝယ္တယ္ဆိုတာက မ်ားေသာအားျဖင့္ ကိုယ့္အတြက္ ကိုယ္ဝယ္တာပဲ၊ ဒါ ဘာမွမမွားဘူး၊ ဒါေပမဲ့ကိုယ့္အတြက္ ေဈးဝယ္ရင္း နဲ႔ အလွဴလုပ္ရတဲ့သေဘာက ပိုေကာင္းတာေပါ့˘လို႔ သူကဆိုပါတယ္။

လူမႈေရးလုပ္ငန္းကို ထည့္သြင္းေဖာ္ျပတဲ့ ဘရန္းေတြဟာႀကီးမားတဲ့ အသီးအပြင့္ကိုခံစားရတယ္လို႔ ကြ်မ္းက်င္သူ တခ်ိဳ႕က ေျပာပါတယ္။
စားသံုးသူသုေတသန ဂ်ာနယ္ကလုပ္တဲ့ ေလ့လာမႈတစ္ခုမွာ ကုမၼဏီတစ္ခုရဲ႕ ပရဟိတလွဴဒါန္းမႈေတြကိုသိထားတဲ့ စားသံုးသူေတြအဖို႔ အဲသည္ကုမၼဏီက ထုတ္တဲ့ပစၥည္းကနည္းနည္းေလးပိိုေကာင္းတယ္လို႔ ခံစားရတယ္လို႔ ဆိုပါတယ္။

ဒါေပမဲ့ တစ္ခုဝယ္၊ တစ္ခုလွဴပံုစံကို ေဝဖန္သူေတြလည္း ရွိပါတယ္။ ဖြံ႕ၿဖိဳးဆဲႏို္င္ငံေတြမွာ တြမ္ဖိနပ္လုပ္ငန္းဟာ သူ႕ဖိနပ္ေတြကို လွဴဒါန္းေနတဲ့အတြက္ ေဒသတြင္းလုပ္ငန္းငယ္ေတြကို မမွ်မတယွဥ္ၿပိဳင္ရာေရာက္ေၾကာင္း ေဝဖန္ခံေနရပါတယ္။
မဒီလုပ္ငန္းမွာေတာ့ လြန္ခဲ့တဲ့ သံုးႏွစ္က ကုမၼဏီထူေထာင္ၿပီးေနာက္ပိုင္း သံုးလတစ္ခါတိုင္းေရာင္းအား ၂၅ ရာခိုင္ႏႈန္းတိုးတက္လာေၾကာင္း မစၥဘီရွီးယားကေျပာပါတယ္။

ကုမၼဏီဟာ ၂၀၁၆ ႏွစ္ကုန္မွာ အ က်ိဳးအျမတ္စရလာၿပီး ေဒသတြင္း လက္လီလုပ္ငန္းေတြနဲ႔ ေအာင္ျမင္စြာပူးေပါင္းႏိုုင္မႈေၾကာင့္ အေၾကြးမရွိပါဘူး။ ဒါ့အျပင္ ေဟတီ၊ ပနားမား၊ က်ဴးဘားနဲ႔ အီေကြေဒါအပါအဝင္ ရွစ္ႏိုင္ငံအတြက္အတြင္းခံအဝတ္အထည္ေပါင္း ၄၅၀ဝ စံု လွဴဒါန္းၿပီးလည္း ျဖစ္ပါတယ္။

တစ္ခုဝယ္၊ တစ္ခုလွဴပံုစံဟာ စီးပြားေရးနဲ႔ ပရဟိတကို ဘက္မွ်ေအာင္လုပ္တဲ့လုပ္ငန္းလို႔ သူက ယံုၾကည္ေနပါတယ္။

တကယ္လို႔ ဒုကၡသည္ေတြအတြက္ အတြင္းခံျပႆနာကို ကြ်န္မတို႔ မေျဖရွင္းေပးရင္ တျခားဘယ္သူမွလုပ္ ေပးမွာမဟုတ္ဘူး၊ ဒီလိုပရဟိတလုပ္ရင္း ေအာင္ျမင္တဲ့ စီးပြားေရးျဖစ္လာေတာ့ အတိုင္းထက္ အလြန္ေပါ့ရွင္˘လို႔ သူက ေျပာခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  မေနာစင္[ref: BBC]

# Unicode ဖြင့်ဖတ်ရန် #
“မလှူတတ်ရင် ဈေးရောင်း” ဆိုတဲ့ မြန်မာစကားပုံရှိပါတယ်။ အခုအချိန်မှာ ပစ္စည်းတစ်ခုဝယ်ရင် ပစ္စည်းတစ်ခုကို အလှူလုပ်တယ်ဆိုတဲ့ စီးပွားရေးလုပ်ငန်းတွေလည်းထွက်ပေါ်နေပါပြီ။ ဒါပေမဲ့ သည်လုပ်ငန်းတွေက အကျိုးအမြတ်ကောရှိကြရဲ့လား။
သဘာဝဘေးဒုက္ခ၊ စစ်ဘေးဒုက္ခရောက်ကြသူတွေကိုလှူကြတဲ့ ပစ္စည်းတွေထဲမှာအတွင်းခံအဝတ်အသစ်တွေ၊ အသန့်တွေဟာ အနည်းဆုံးဖြစ်သလို အိုးအိမ်မဲ့ဖြစ်နေသူအမျိုးသမီးတွေအ တွက် သည်အဝတ်အထည်တွေဟာ အလိုအပ်ဆုံးလို့တောင် ပြောလို့ရပါတယ်။

သည်ပြဿနာကို ဖြေရှင်းဖို့အတွက် အမေရိကန်အမျိုးသမီးလေး ဟာလီဘီရှီးယားဟာ ထူးခြားတဲ့လမ်းတစ်ခုကို လျှောက်ခဲ့ပါတယ်။
အသက် ၂၀ ကျော်အရွယ် အမျိုးသမီးဟာ မဒီ(Make a Difference Intimates) လို့ အမည်ရတဲ့ အတွင်းခံအထည်ကုမ္မဏီကိုတည်ထောင်ခဲ့ပြီး အတွင်း ခံဘောင်းဘီတွေ၊ ဘရာစီယာတွေကို ထုတ်လုပ်ပါတယ်။ တစ်ထည်ရောင်းရတိုင်း တစ်ထည်လှူပါတယ်။

မစ္စဘီရှီးယားဟာ အမေရိကန်ဖိနပ် လုပ်ငန်း တွမ်လိုမျိုး ပရဟိတစီးပွားရေးလုပ်ငန်းတွေရဲ့ နမူနာကို ယူခြင်းပါပဲ။ တွမ်ဆိုရင် ၂၀၁၀ ကတည်းက ‘တစ်ခု ဝယ်၊ တစ်ခုလှူ˘လုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့တာပါ။
တွမ်လိုပဲ မဒီကုမ္မဏီဟာလည်း လူမှုရေးလုပ်ငန်းလုပ်ရင်း အကျိုးအမြတ် ရရှိဖို့ ရည်ရွယ်ထားပါတယ်။
‘ဝယ်သူတွေက တစ်ခုဝယ်၊ တစ်ခု လှူပုံစံကို ကြိုက်တယ်၊ ဘာလို့ဆို သူတို့ အလှူလုပ်တယ်လို့ ခံစားရလို့˘လို့ သူက ဘီဘီစီကို ပြောပါတယ်။
မဒီကို စမလုပ်ခင်က မစ္စဘီရှီးယားဟာ ဖက်ရှင်ဒီဇိုင်းအကြောင်း၊ စီးပွားရေးအကြောင်း ဘာမှမသိပါဘူး။ အဲဒါ ကြောင့် သည်နှစ်ခုစလုံးကို စလုပ်ရတဲ့အခါ အခက်အခဲတွေအများကြီးနဲ့ ရင် ဆိုင်ခဲ့ရပါတယ်။

ဥပမာ မဒီကို စလုပ်တုန်းကကူညီမယ်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်က သည်လုပ်ငန်းဟာစွန့်စားလွန်းရာကျတယ်လို့ ယူဆပြီးနောက်ပြန်ဆုတ်သွားခဲ့ပါတယ်။ မစ္စဘီရှီးယားက သူ့သဘော ထားကို နားလည်ပါတယ်။
‘သူက ဒီစီးပွားရေးထဲကို ပိုက်ဆံတစ်ပြားမှမထည့်ချင်ဘူး၊ ဒါပေမဲ့ကိုယ်က ဖြစ်မြောက်ချင်စိတ်များလွန်းတဲ့အတွက် အစပိုင်းမှာပိုက်ဆံအများကြီးချေးရတယ်˘လို့ သူကဆိုပါတယ်။
မဒီအတွင်းခံဘောင်းဘီနဲ့ဘရာ တစ်စုံဆိုရင် ဒေါ်လာ ၃၀ ကျော်ကျသင့်ပြီး နာမည်ကြီး ဗစ်တိုးရီးယားဆီးခရက်ရဲ့ အထည်ထက်တောင်ဈေးနည်းနည်း ပိုများပါသေးတယ်။
မစ္စဘီရှီးယားကတော့ သူ့အထည်တွေဟာ ဈေးသင့်ကြောင်း၊ ဘာကြောင့်ဆို အထည်တွေကို ဝါးနဲ့ထုတ်လုပ်ထားပြီး ချည်ထက် ပိုသက်သောင့် သက်သာရှိ၊ ပိုကြာရှည်ခံလို့ဖြစ်ကြောင်း ပြောပါတယ်။

လူတွေက အလှူလုပ်ရတဲ့သဘောဖြစ်တဲ့အတွက် ဈေးနည်းနည်းကြီးပေမဲ့ ကျေကျေနပ်နပ်ပဲ ဝယ်ကြကြောင်းဝယ် သူတစ်ဦးဖြစ်တဲ့ လော်ရန်စင်ပယ်လ်က ပြောပါတယ်။
‘မဒီ အတွင်းခံတစ်စုံဝယ်လိုက်ရင် သာမန်ထက် ဈေးပိုပေးရပေမဲ့ ဒေါ်လာ ၃၀ လောက်နဲ့ အတွင်းခံနှစ်စုံရတယ်လို့ ကျွန်မခံစားရတယ်˘လို့ မစ္စဆင်ပယ်လ် က ပြောပါတယ်။
‘ဈေးဝယ်တယ်ဆိုတာက များသောအားဖြင့် ကိုယ့်အတွက် ကိုယ်ဝယ်တာပဲ၊ ဒါ ဘာမှမမှားဘူး၊ ဒါပေမဲ့ကိုယ့်အတွက် ဈေးဝယ်ရင်း နဲ့ အလှူလုပ်ရတဲ့သဘောက ပိုကောင်းတာပေါ့˘လို့ သူကဆိုပါတယ်။

လူမှုရေးလုပ်ငန်းကို ထည့်သွင်းဖော်ပြတဲ့ ဘရန်းတွေဟာကြီးမားတဲ့ အသီးအပွင့်ကိုခံစားရတယ်လို့ ကျွမ်းကျင်သူ တချို့က ပြောပါတယ်။
စားသုံးသူသုတေသန ဂျာနယ်ကလုပ်တဲ့ လေ့လာမှုတစ်ခုမှာ ကုမ္မဏီတစ်ခုရဲ့ ပရဟိတလှူဒါန်းမှုတွေကိုသိထားတဲ့ စားသုံးသူတွေအဖို့ အဲသည်ကုမ္မဏီက ထုတ်တဲ့ပစ္စည်းကနည်းနည်းလေးပိုကောင်းတယ်လို့ ခံစားရတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ တစ်ခုဝယ်၊ တစ်ခုလှူပုံစံကို ဝေဖန်သူတွေလည်း ရှိပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ တွမ်ဖိနပ်လုပ်ငန်းဟာ သူ့ဖိနပ်တွေကို လှူဒါန်းနေတဲ့အတွက် ဒေသတွင်းလုပ်ငန်းငယ်တွေကို မမျှမတယှဉ်ပြိုင်ရာရောက်ကြောင်း ဝေဖန်ခံနေရပါတယ်။
မဒီလုပ်ငန်းမှာတော့ လွန်ခဲ့တဲ့ သုံးနှစ်က ကုမ္မဏီထူထောင်ပြီးနောက်ပိုင်း သုံးလတစ်ခါတိုင်းရောင်းအား ၂၅ ရာခိုင်နှုန်းတိုးတက်လာကြောင်း မစ္စဘီရှီးယားကပြောပါတယ်။

ကုမ္မဏီဟာ ၂၀၁၆ နှစ်ကုန်မှာ အ ကျိုးအမြတ်စရလာပြီး ဒေသတွင်း လက်လီလုပ်ငန်းတွေနဲ့ အောင်မြင်စွာပူးပေါင်းနိုုင်မှုကြောင့် အကြွေးမရှိပါဘူး။ ဒါ့အပြင် ဟေတီ၊ ပနားမား၊ ကျူးဘားနဲ့ အီကွေဒေါအပါအဝင် ရှစ်နိုင်ငံအတွက်အတွင်းခံအဝတ်အထည်ပေါင်း ၄၅၀ဝ စုံ လှူဒါန်းပြီးလည်း ဖြစ်ပါတယ်။

တစ်ခုဝယ်၊ တစ်ခုလှူပုံစံဟာ စီးပွားရေးနဲ့ ပရဟိတကို ဘက်မျှအောင်လုပ်တဲ့လုပ်ငန်းလို့ သူက ယုံကြည်နေပါတယ်။

တကယ်လို့ ဒုက္ခသည်တွေအတွက် အတွင်းခံပြဿနာကို ကျွန်မတို့ မဖြေရှင်းပေးရင် တခြားဘယ်သူမှလုပ် ပေးမှာမဟုတ်ဘူး၊ ဒီလိုပရဟိတလုပ်ရင်း အောင်မြင်တဲ့ စီးပွားရေးဖြစ်လာတော့ အတိုင်းထက် အလွန်ပေါ့ရှင်˘လို့ သူက ပြောခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  မနောစင်[ref: BBC]
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top