AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

အဝလြန္သူမ်ားသည္ အဝမလြန္သူမ်ား (ပုံမွန္ကုိယ္အေလးခ်ိန္ရွိသူမ်ား) ထက္ ဒူးဆစ္၌ အ႐ုိးအဆစ္ေရာင္ရမ္းနာျဖစ္ပါက ပုိ၍နာက်င္မႈခံစားရေၾကာင္း မၾကာေသးမီက ျပဳလုပ္ေသာ ေလ့လာဆန္းစစ္မႈတစ္ရပ္အရ သိရသည္။

ယခင္ေလ့လာဆန္းစစ္ခ်က္မ်ားတြင္ အဝလြန္သူမ်ား အထူးသျဖင့္ အမ်ဳိးသမီးမ်ားမွာ အ႐ိုးအဆစ္ေရာင္ ရမ္းမႈပုိ၍ျဖစ္ပြားသည့္အျပင္ အ႐ိုးအဆစ္ေရာင္ရမ္းမႈျဖစ္ပြားပါကလည္း အျခားသူမ်ားထက္ ပုိ၍ျပင္းျပင္း ထန္ထန္ခံစားရေၾကာင္း၊ ယခုေလ့လာဆန္းစစ္ခ်က္တြင္လည္း ဝၿဖိဳးသူမ်ားမွာ ပိန္သူမ်ားထက္ အ႐ုိးအဆစ္ ေရာင္ရမ္းနာျဖစ္ပြားပါက နာက်င္မႈ ပုိ၍ခံစားရသည္ကုိ ေတြ႕ရွိရေၾကာင္းဆုိသည္။

ကယ္လီဖုိးနီးယားျပည္နယ္ San Jose State တကၠသုိလ္မွ မႏုႆေဗဒ ပညာရွင္တစ္ဦးျဖစ္သူ အဲလစ္ဇဘက္ေဝ့စ္က လက္ေခ်ာင္း၊ လည္ပင္း၊ ဒူးဆစ္ႏွင့္ တင္ပါးတို႔ရွိ အ႐ုိးအဆစ္တစ္ေလွ်ာက္ တြယ္ကပ္ေနေသာ အ႐ုိးႏုမ်ား ေသးသြား (သုိ႔မဟုတ္) ပါးသြားပါက အ႐ုိးအဆစ္ေရာင္မႈျဖစ္ေပၚေၾကာင္း၊ အ႐ုိးအဆစ္ေရာင္မႈေၾကာင့္ အ႐ုိးမ်ား ပြတ္တုိက္ၾကရာမွ လမ္းေလွ်ာက္ျခင္းအပါအဝင္ ေန႔စဥ္လႈပ္ရွားမႈမ်ားျပဳလုပ္သည့္အခါ နာက်င္မႈျဖစ္ေပၚလာေၾကာင္း ဆုိသည္။

ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဌာနမ်ား၏ ထုတ္ျပန္ခ်က္အရ အေမရိကန္ ျပည္ေထာင္စုတြင္ အသက္ (၂၅)ႏွစ္ အထက္ရွိ ျပည္သူ ၁၄ ရာခုိင္ႏႈန္းမွာ အ႐ုိးအဆစ္ေရာင္ရမ္းနာ တစ္မ်ဳိး (သုိ႔မဟုတ္) တစ္မ်ဳိးကုိ ခံစားရေလ့ရွိေၾကာင္း သိရသည္။

မႏုႆေဗဒပညာရွင္ အဲလစ္ဇဘက္ေဝ့စ္သည္ အ႐ုိးအဆစ္ေရာင္ရမ္းျခင္းကုိသိရွိရန္ အသက္(၄၅)ႏွစ္မွ (၇၉)ႏွစ္အထိရွိေသာ လူေပါင္း ၅ဝဝဝ နီးပါးကုိ ေလးႏွစ္ၾကာ သုေတသနျပဳ ေလ့လာဆန္းစစ္ခဲ့သည္။ ၎ေလ့လာဆန္းစစ္ခဲ့ေသာ လူေပါင္း ၅ဝဝဝ နီးပါးအနက္ ၁၃၉ဝ မွာ အ႐ိုးအဆစ္ေရာင္ရမ္းသူမ်ား ျဖစ္ၿပီး ၃၂၈၄ ဦးမွာ အ႐ုိးအဆစ္ ေရာင္ရမ္းနာျဖစ္ပြားရန္ အလားအလာရွိသူမ်ားျဖစ္ကာ ၁၂၂ ဦးမွာ အ႐ုိးအဆစ္ေရာင္ရမ္းနာ လုံးဝမရွိသူမ်ားျဖစ္ေၾကာင္း ဆုိသည္။

(႐ုိက္တာ)

ဘာသာျပန္- ေဒါက္တာသာစိန္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Mirror Daily

# Unicode Version ျဖင့္ ဖတ္ပါ #
အဝလွန်သူများသည် အဝမလွန်သူများ (ပုံမှန်ကိုယ်အလေးချိန်ရှိသူများ) ထက် ဒူးဆစ်၌ အရိုးအဆစ်ရောင်ရမ်းနာဖြစ်ပါက ပို၍နာကျင်မှုခံစားရကြောင်း မကြာသေးမီက ပြုလုပ်သော လေ့လာဆန်းစစ်မှုတစ်ရပ်အရ သိရသည်။

ယခင်လေ့လာဆန်းစစ်ချက်များတွင် အဝလွန်သူများ အထူးသဖြင့် အမျိုးသမီးများမှာ အရိုးအဆစ်ရောင် ရမ်းမှုပို၍ဖြစ်ပွားသည့်အပြင် အရိုးအဆစ်ရောင်ရမ်းမှုဖြစ်ပွားပါကလည်း အခြားသူများထက် ပို၍ပြင်းပြင်း ထန်ထန်ခံစားရကြောင်း၊ ယခုလေ့လာဆန်းစစ်ချက်တွင်လည်း ဝဖြိုးသူများမှာ ပိန်သူများထက် အရိုးအဆစ် ရောင်ရမ်းနာဖြစ်ပွားပါက နာကျင်မှု ပို၍ခံစားရသည်ကို တွေ့ရှိရကြောင်းဆိုသည်။

ကယ်လီဖိုးနီးယားပြည်နယ် San Jose State တက္ကသိုလ်မှ မနုဿဗေဒ ပညာရှင်တစ်ဦးဖြစ်သူ အဲလစ်ဇဘက်ဝေ့စ်က လက်ချောင်း၊ လည်ပင်း၊ ဒူးဆစ်နှင့် တင်ပါးတို့ရှိ အရိုးအဆစ်တစ်လျှောက် တွယ်ကပ်နေသော အရိုးနုများ သေးသွား (သို့မဟုတ်) ပါးသွားပါက အရိုးအဆစ်ရောင်မှုဖြစ်ပေါ်ကြောင်း၊ အရိုးအဆစ်ရောင်မှုကြောင့် အရိုးများ ပွတ်တိုက်ကြရာမှ လမ်းလျှောက်ခြင်းအပါအဝင် နေ့စဉ်လှုပ်ရှားမှုများပြုလုပ်သည့်အခါ နာကျင်မှုဖြစ်ပေါ်လာကြောင်း ဆိုသည်။

ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနများ၏ ထုတ်ပြန်ချက်အရ အမေရိကန် ပြည်ထောင်စုတွင် အသက် (၂၅)နှစ် အထက်ရှိ ပြည်သူ ၁၄ ရာခိုင်နှုန်းမှာ အရိုးအဆစ်ရောင်ရမ်းနာ တစ်မျိုး (သို့မဟုတ်) တစ်မျိုးကို ခံစားရလေ့ရှိကြောင်း သိရသည်။

မနုဿဗေဒပညာရှင် အဲလစ်ဇဘက်ဝေ့စ်သည် အရိုးအဆစ်ရောင်ရမ်းခြင်းကိုသိရှိရန် အသက်(၄၅)နှစ်မှ (၇၉)နှစ်အထိရှိသော လူပေါင်း ၅ဝဝဝ နီးပါးကို လေးနှစ်ကြာ သုတေသနပြု လေ့လာဆန်းစစ်ခဲ့သည်။ ၎င်းလေ့လာဆန်းစစ်ခဲ့သော လူပေါင်း ၅ဝဝဝ နီးပါးအနက် ၁၃၉ဝ မှာ အရိုးအဆစ်ရောင်ရမ်းသူများ ဖြစ်ပြီး ၃၂၈၄ ဦးမှာ အရိုးအဆစ် ရောင်ရမ်းနာဖြစ်ပွားရန် အလားအလာရှိသူများဖြစ်ကာ ၁၂၂ ဦးမှာ အရိုးအဆစ်ရောင်ရမ်းနာ လုံးဝမရှိသူများဖြစ်ကြောင်း ဆိုသည်။

(ရိုက်တာ)

ဘာသာပြန်- ဒေါက်တာသာစိန်

ဖိုးသူတော် (www.phothutaw.com)
Credit: The Mirror Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top