န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

႐ိုး႐ိုးကေလးေမြးျခင္းႏွင့္ ယွဥ္ပါက ခြဲစိတ္၍ ကေလးေမြးျခင္း ေၾကာင့္ မိခင္ႏွင့္ကေလး ႏွစ္ဦးစလံုးအေပၚ ျဖစ္ေပၚလာႏိုင္သည့္ ေရရွည္က်န္းမာေရးအက်ိဳးေက်းဇူးမ်ားႏွင့္ အႏၲရာယ္မ်ားကို ၿဗိတိန္ ႏိုင္ငံ ဧဒင္ဘာ့ဂ္တကၠသိုလ္မွ သုေတသီမ်ားက ေလ့လာကာ PIOS ေဆးပညာဂ်ာနယ္တြင္ ေဖာ္ျပထားသည္။

C-section ဟုေခၚေသာ ဗိုက္ခြဲ၍ ကေလးေမြးေသာနည္းကို အမ်ိဳးသမီးမ်ား ပိုေရြးခ်ယ္လာၿပီး ၎တို႔ကို ယင္းနည္းလမ္း ေရြးခ်ယ္ေစေရး ေဆးပညာအႀကံေပးျခင္း မ်ားမ်ားစားစား မရွိေသာ္ လည္း ေရြးခ်ယ္မႈပိုမ်ားလာသည္။ ဥေရာပတြင္ ကေလးေမြးဖြားမႈ မ်ား၏ ၂၅ ရာခိုင္ႏႈန္းႏွင့္ ေျမာက္အေမရိကန္တြင္ ကေလးေမြးဖြားမႈမ်ား၏ ၄၁ ရာခိုင္ႏႈန္းသည္ ခြဲေမြးျခင္းျဖစ္သည္။

ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမ်ားအား ခြဲေမြးျခင္း၏ ကာလတို ျဖစ္ေပၚလာႏိုင္ေသာ အေျခအေနကို ေကာင္းစြာအႀကံေပးျခင္း ရိွ တတ္ေသာ္လည္း ေရရွည္ထိခိုက္မႈမ်ားႏွင့္ပတ္သက္၍ ကေလးႏွင့္ မိခင္အေပၚ သက္ေရာက္မႈမ်ားႏွင့္ ေနာက္ထပ္ကိုယ္ဝန္ေဆာင္မႈ မ်ားအေပၚ သက္ေရာက္မႈမ်ားအေၾကာင္း အသိေပးမႈနည္းပါးသည္ ဟု သုေတသီမ်ားကေျပာသည္။

ခြဲေမြးျခင္းေၾကာင့္ မိခင္တြင္ ဆီးခံုျပႆနာမ်ား ႀကံဳႏိုင္ၿပီး ေမြး လာေသာကေလး အဝလြန္ျခင္းႏွင့္ ပန္းနာရင္က်ပ္ျခင္း ျဖစ္ႏိုင္ ေၾကာင္း သုေတသီမ်ားကေျပာသည္။

ထို႔အျပင္ ခြဲေမြးျခင္းေၾကာင့္ ေနာက္ထပ္ကိုယ္ဝန္ေဆာင္မႈမ်ားအတြက္ ႐ႈပ္ေထြးမႈမ်ား ျဖစ္ေပၚႏိုင္သည့္ အႏၲရာယ္ရွိသည္ဟုသုေတသီမ်ားက ေျပာသည္။ ေနာက္ထပ္ကိုယ္ဝန္ေဆာင္ခ်ိန္၌ အားေလ်ာ့ျခင္းျဖစ္ႏိုင္သည္။

ထို႔ေၾကာင့္ ခြဲေမြးလိုေသာ အမ်ိဳးသမီးမ်ားအား ခြဲေမြးျခင္း၏ ေရရွည္ထိခိုက္ႏိုင္မႈမ်ား၊ အက်ိဳးေက်းဇူးမ်ားႏွင့္ ပတ္သက္၍ ေကာင္းစြာအသိေပးရန္ လိုအပ္သည္ဟု သုေတသီမ်ားက ေျပာ သည္။ ဝင္ေငြျမင့္မားေသာ ႏိုင္ငံမ်ားတြင္ ကေလးမ်ားကို ႐ိုး႐ိုးေမြးျခင္းထက္ ခြဲေမြးျခင္း ပိုမ်ားလာသည္ဟု သုေတသီမ်ားက ေျပာ သည္။                                                     

—Ref: MNT
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
ရိုးရိုးကလေးမွေးခြင်းနှင့် ယှဉ်ပါက ခွဲစိတ်၍ ကလေးမွေးခြင်း ကြောင့် မိခင်နှင့်ကလေး နှစ်ဦးစလုံးအပေါ် ဖြစ်ပေါ်လာနိုင်သည့် ရေရှည်ကျန်းမာရေးအကျိုးကျေးဇူးများနှင့် အန္တရာယ်များကို ဗြိတိန် နိုင်ငံ ဧဒင်ဘာ့ဂ်တက္ကသိုလ်မှ သုတေသီများက လေ့လာကာ PIOS ဆေးပညာဂျာနယ်တွင် ဖော်ပြထားသည်။


C-section ဟုခေါ်သော ဗိုက်ခွဲ၍ ကလေးမွေးသောနည်းကို အမျိုးသမီးများ ပိုရွေးချယ်လာပြီး ၎င်းတို့ကို ယင်းနည်းလမ်း ရွေးချယ်စေရေး ဆေးပညာအကြံပေးခြင်း များများစားစား မရှိသော် လည်း ရွေးချယ်မှုပိုများလာသည်။ ဥရောပတွင် ကလေးမွေးဖွားမှု များ၏ ၂၅ ရာခိုင်နှုန်းနှင့် မြောက်အမေရိကန်တွင် ကလေးမွေးဖွားမှုများ၏ ၄၁ ရာခိုင်နှုန်းသည် ခွဲမွေးခြင်းဖြစ်သည်။


ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ခွဲမွေးခြင်း၏ ကာလတို ဖြစ်ပေါ်လာနိုင်သော အခြေအနေကို ကောင်းစွာအကြံပေးခြင်း ရှိ တတ်သော်လည်း ရေရှည်ထိခိုက်မှုများနှင့်ပတ်သက်၍ ကလေးနှင့် မိခင်အပေါ် သက်ရောက်မှုများနှင့် နောက်ထပ်ကိုယ်ဝန်ဆောင်မှု များအပေါ် သက်ရောက်မှုများအကြောင်း အသိပေးမှုနည်းပါးသည် ဟု သုတေသီများကပြောသည်။


ခွဲမွေးခြင်းကြောင့် မိခင်တွင် ဆီးခုံပြဿနာများ ကြုံနိုင်ပြီး မွေး လာသောကလေး အဝလွန်ခြင်းနှင့် ပန်းနာရင်ကျပ်ခြင်း ဖြစ်နိုင် ကြောင်း သုတေသီများကပြောသည်။


ထို့အပြင် ခွဲမွေးခြင်းကြောင့် နောက်ထပ်ကိုယ်ဝန်ဆောင်မှုများအတွက် ရှုပ်ထွေးမှုများ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်ရှိသည်ဟုသုတေသီများက ပြောသည်။ နောက်ထပ်ကိုယ်ဝန်ဆောင်ချိန်၌ အားလျော့ခြင်းဖြစ်နိုင်သည်။


ထို့ကြောင့် ခွဲမွေးလိုသော အမျိုးသမီးများအား ခွဲမွေးခြင်း၏ ရေရှည်ထိခိုက်နိုင်မှုများ၊ အကျိုးကျေးဇူးများနှင့် ပတ်သက်၍ ကောင်းစွာအသိပေးရန် လိုအပ်သည်ဟု သုတေသီများက ပြော သည်။ ဝင်ငွေမြင့်မားသော နိုင်ငံများတွင် ကလေးများကို ရိုးရိုးမွေးခြင်းထက် ခွဲမွေးခြင်း ပိုများလာသည်ဟု သုတေသီများက ပြော သည်။                                                    


—Ref: MNT

ဖိုးသူတော် (www.phothutaw.com)

Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top