ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

တ႐ုတ္ႏုိင္ငံ က်န္ဇီးခ႐ုိင္ ကြမ္က်ိဳးၿမိဳ႕မွာ ေဆာက္လုပ္ေရး လုပ္သားေတြဟာ ေက်ာင္းသစ္တခုေဆာက္ဖုိ႔ ေျမတူးရင္း ဒုိင္ႏိုေဆာဥ ေက်ာက္ျဖစ္႐ုပ္ႂကြင္း ေတာ္ေတာ္မ်ားမ်ားကို ေတြ႔ခဲ့တယ္လုိ႔ သိရပါတယ္။

ဒုိင္ႏုိေဆာတုိ႔ရဲ႕ၿမိဳ႕လို႔ အမည္ေပးထားတဲ့ အဲဒီေဒသမွာ အံ့ၾသဖြယ္ရာ လြန္ခဲ့တဲ့ ႏွစ္သန္းေပါင္း ၁၃၀ ကလို႔ ယူဆရတဲ့ ဒုိင္ႏုိေဆာဥ ၃၀ ေလာက္ ရွာေတြ႔ခဲ့တာပါ။

လုပ္သားေတြဟာ ေက်ာက္တံုးႀကီးကို ေဖာက္ခြဲခဲ့ေပမယ့္ ကံေကာင္းစြာနဲ႔ ေက်ာက္ျဖစ္႐ုပ္ႂကြင္း ဒုိင္ႏုိေဆာဥေတြ မကြဲခဲ့ဘူးလုိ႔ သိရၿပီး လုပ္သားေတြ ဥေတြကိုလာယူခ်ိန္မွာ ဥေတြၾကားထဲ ၂ မီလီီမီတာေလာက္ထူတဲ့ အသုိက္ကုိလည္း ေတြ႔ခဲ့တယ္လုိ႔ ဆုိပါတယ္။

ေက်ာက္တံုးလုိျဖစ္ေနတဲ့ အရာေတြကို ဒုိင္ႏုိေဆာဥေတြလုိ႔ သံသယရွိေပမယ့္ ပထမပုိင္းမွာ သိပ္မေသခ်ာခဲ့ဘူးလို႔ ေဒသခံရဲဌာနက ေျပာေၾကာင္း ခ်ိဳင္းနားနယူးစ္ သတင္းဌာနက ထုတ္ျပန္ခဲ့ပါတယ္။

အဲဒီေနရာကို အာဏာပုိင္ေတြက သြားေရာက္ခဲ့ၿပီး အထူးယဥ္ေက်းမႈ အေမြအႏွစ္ ကာကြယ္ေရးဝန္ထမ္းေတြကို အေၾကာင္းမၾကားခင္ ေနရာကို ပိတ္ဆုိ႔လုိက္တယ္လို႔ ဆုိပါတယ္။

အခုလို ဒုိင္ႏုိေဆာဥ ေက်ာက္ျဖစ္႐ုပ္ႂကြင္း ရွာေဖြေတြ႔ရွိမႈက ျမန္မာႏုိင္ငံမွာ ဒုိင္ႏုိေဆာေသြးပါတဲ့ ပယင္းေက်ာက္ကို ေတြ႔ရွိၿပီး ရက္သတၱပတ္အၾကာမွာ ေတြ႔ခဲ့တာလို႔ သိရပါတယ္။

ဥေတြကုိ ေလ့လာဖုိ႔အတြက္ ေဒသရဲ႕ ျပတိုက္ထဲမွာ သိမ္းထားတယ္လို႔ ေမရာသတင္းတပုဒ္မွာ ဒီဇင္ဘာ ၃၀ ရက္ေန႔က ေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

# Unicode Version ျဖင့္ ဖတ္ပါ #
တရုတ်နိုင်ငံ ကျန်ဇီးခရိုင် ကွမ်ကျိုးမြို့မှာ ဆောက်လုပ်ရေး လုပ်သားတွေဟာ ကျောင်းသစ်တခုဆောက်ဖို့ မြေတူးရင်း ဒိုင်နိုဆောဥ ကျောက်ဖြစ်ရုပ်ကြွင်း တော်တော်များများကို တွေ့ခဲ့တယ်လို့ သိရပါတယ်။

ဒိုင်နိုဆောတို့ရဲ့မြို့လို့ အမည်ပေးထားတဲ့ အဲဒီဒေသမှာ အံ့သြဖွယ်ရာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၃၀ ကလို့ ယူဆရတဲ့ ဒိုင်နိုဆောဥ ၃၀ လောက် ရှာတွေ့ခဲ့တာပါ။

လုပ်သားတွေဟာ ကျောက်တုံးကြီးကို ဖောက်ခွဲခဲ့ပေမယ့် ကံကောင်းစွာနဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ဒိုင်နိုဆောဥတွေ မကွဲခဲ့ဘူးလို့ သိရပြီး လုပ်သားတွေ ဥတွေကိုလာယူချိန်မှာ ဥတွေကြားထဲ ၂ မီလီမီတာလောက်ထူတဲ့ အသိုက်ကိုလည်း တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်တုံးလိုဖြစ်နေတဲ့ အရာတွေကို ဒိုင်နိုဆောဥတွေလို့ သံသယရှိပေမယ့် ပထမပိုင်းမှာ သိပ်မသေချာခဲ့ဘူးလို့ ဒေသခံရဲဌာနက ပြောကြောင်း ချိုင်းနားနယူးစ် သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနေရာကို အာဏာပိုင်တွေက သွားရောက်ခဲ့ပြီး အထူးယဉ်ကျေးမှု အမွေအနှစ် ကာကွယ်ရေးဝန်ထမ်းတွေကို အကြောင်းမကြားခင် နေရာကို ပိတ်ဆို့လိုက်တယ်လို့ ဆိုပါတယ်။

အခုလို ဒိုင်နိုဆောဥ ကျောက်ဖြစ်ရုပ်ကြွင်း ရှာဖွေတွေ့ရှိမှုက မြန်မာနိုင်ငံမှာ ဒိုင်နိုဆောသွေးပါတဲ့ ပယင်းကျောက်ကို တွေ့ရှိပြီး ရက်သတ္တပတ်အကြာမှာ တွေ့ခဲ့တာလို့ သိရပါတယ်။

ဥတွေကို လေ့လာဖို့အတွက် ဒေသရဲ့ ပြတိုက်ထဲမှာ သိမ်းထားတယ်လို့ မေရာသတင်းတပုဒ်မှာ ဒီဇင်ဘာ ၃၀ ရက်နေ့က ဖော်ပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top