စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

က်ေနာ္တို႔ ဖုန္းႏွင့္ ဂိမ္းကစားတာ/ ဗီဒီယိုႀကည့္တာ/ Facebook သုံးတဲ႔အခါေတြမွာ ခဏေလးအတြင္း ဖုန္းပူတာမ်ဳိး ျဖစ္တတ္ႀကပါတယ္။

အဲဒါ ဘာေႀကာင့္ ျဖစ္တာလဲ… ဘယ္လို ေျဖရွင္းႏုိင္မလဲ။ ေအာက္မွာ ဆက္ဖတ္ႀကည့္လိုက္ပါ။

အေႀကာင္းအရင္း(၁)

အြန္လိုင္းမွာ သီးခ်င္းေတြ/ ဗီဒီယိုေတြ ေဒါင္းလုတ္ေနစဥ္ တျခား ေဆာ့ဝဲလ္ေတြ အသုံးျပဳတာဟာ ဖုန္းကို ပူေစတဲ႔ အေႀကာင္းအရင္းတစ္ခုပါ။
ဥပမာ- ဖိုင္ဆိုင္ႀကီးတဲ႔ ဖိုင္/ ဗီဒီယိုေတြ ေဒါင္းလုတ္ေနစဥ္အတြင္းမွာ Facebook သုံးတာက ဖုန္းကို ပူေစပါတယ္။
အဲဒါေႀကာင့္ အြန္လိုင္းမွာ တစ္ခုခု ေဒါင္းလုတ္တဲ႔အခါ တျခားဘာမွမလုပ္တာ အေကာင္းဆုံးပါ။

အေႀကာင္းအရင္း(၂)
ဖုန္းကို အားသြင္းရင္းနဲ႕ အြန္လိုင္းသုံးတာ/ ဂိမ္းကစားတာ/ ဖုန္းေခၚတာ/ ဗီဒီယိုႀကည့္တာမ်ဳိးပါ။

အဲဒီလုပ္တာဟာ… ဖုန္းကို ပူေႏြးလာေစတဲ႔အေႀကာင္းအရင္းႀကီး တစ္ခုပါ။
ဖုန္းရဲ႕ ဘက္ထရီစနစ္ကိုလည္း ထိခိုက္ေစပါတယ္။ ဖုန္းရဲ႕ စြမ္းေဆာင္ရည္ကိုလည္း ျမန္ျမန္ပ်က္စီးေစႏုိင္ပါတယ္။
အဒါေႀကာင့္… ဖုန္းအားသြင္းေနစဥ္ ဘာမွ မလုပ္ပါႏွင့္။

အေႀကာင္းအရင္း(၃)
သင့္ဖုန္းမွာတပ္ထားတဲ႔ ဖုန္းကာဗာပါ။ တကယ္ေတာ့ တစ္ခ်ဳိ႕ဖုန္းကာဗာေတြဟာ ဖုန္းကိုယ္ထည္ကို ပူေႏြးလာေစႏုိင္ပါတယ္။အဒါေႀကာင့္ ဖုန္းသုံးေနရင္း ဖုန္းကိုယ္ထည္ ပုံမွန္ထက္ ပိုမိုပူေႏြးလာပါလာတယ္ဆိုရင္ သင့္ဖုန္းမွာတပ္ထားတဲ႕ ဖုန္းကာဗာက ဖုန္းကို ပူေစတဲ႔ကာဗာမ်ဳိးလာဆိုတာ စစ္ေဆးႀကည့္ပါ။

အေႀကာင္းအရင္း(၄)
သင္ဖုန္းကို အားသြင္းတဲ႔အခါ ဆိုဖာ၊ ေမြ႔ယာ၊ ေခါင္းအုံး စတဲ႔ အပူကိုစုပ္ယူ သိုေလွာင္ထားႏုိင္တဲ႕ ေနရာမ်ဳိးမွာ ထားတာက ဖုန္းကိုပူေစတဲ႔ အေႀကာင္းအရင္းတစ္ခုပါ။
အဲဒါေႀကာင့္ ဖုန္းအားသြင္းတဲ႔အခါ မာေက်ာမႈရွိတဲ႔ မ်က္နာျပင္ျဖစ္တဲ႔ သစ္သားခုံ၊ စားပြဲ လိုမ်ဳိး ေအးတဲ႔ေနရာေတြမွာ ထားျပီး အားသြင္းပါ။

အေႀကာင္းအရင္း(၅)
ဖုန္းကို တစ္ညလုံးအားသြင္းတာမ်ဳိးဟာ ဖုန္းကို ပုံမွန္ထက္ ပူေႏြးေစႏုိင္ပါတယ္။
အဲဒါေႀကာင့္ ဖုန္းတစ္ညလုံး အားသြင္းျပီး မအိပ္ပါႏွင့္။

အေႀကာင္းအရင္း(၆)
ဖုန္းမွာ ထည့္ထားတဲ႕တစ္ခ်ဳိ႕ေဆာ့ဝဲလ္ေတြက ဖုန္းရဲ႕ ပါဝါပိုင္းကို ပုံမွန္ထက္ပိုမို အသုံးျပဳတတ္ႀကပါတယ္။
ဥပမာ- ဖုန္းရဲ႕ background မွာ အလုပ္လုပ္ေနတဲ႔ Battery App၊ အင္တာနက္ ျမန္ေစတဲ႔ App၊ Task Killer၊ Speed Tester၊ ဖုန္းVirus App၊ ဖုန္းျမန္ေစတဲ႔ App ေတြဟာ ဖုန္းရဲ႕ ပါဝါကို အမ်ားႀကီး သုံးစြဲတဲ႔ အရာေတြပါ။ အဲဒါေတြကို မဖြင့္ရင္ေတာင္ အလိုအေလ်ာက္ အလုပ္လုပ္ေနတဲ႔အတြက္ ဖုန္းအားကိုျမန္ျမန္ကုန္ေစႏုိင္ျပီး ဖုန္းကိုလည္ ပူေစႏုိင္ပါတယ္။
အဲဒါေႀကာင့္ အဲဒီေဆာ့ဝဲလ္ေတြကို Unstallလုပ္ျပီး ပိတ္ထားလိုက္ပါ။

အေႀကာင္းအရင္း (၇)
ဖုန္းကို ေနေရာင္ တိုက္ရုိက္က်တဲ႔ ေနရာမွာ ဖုန္းထားျခင္း၊ ဖုန္းအားသြင္းျခင္း၊
ဖုန္းအသုံးျပဳျခင္းဟာ ဖုန္းကို ပူေႏြေစတဲ့ အေႀကာင္းအရင္းတစ္ခုပါ။ ဒီလို လုပ္တာဟာ ေနေရာင္ျခည္ျပင္းအား မ်ားတဲ႔အခါ ဖုန္းကို ပ်က္စီေစႏုိင္ပါတယ္။
အဒါေႀကာင့္ ဖုန္းရဲ႕ ကိုယ္ထည္ကို ပလပ္စတစ္နဲ႕ သတၱဳစပ္ျပီး လုပ္ထားတာ ျဖစ္လို႔ ပူျပင္းတဲ႔ ေနေရာင္ျခည္ ေအာက္မွာ ဖုန္းအသုံးျပဳတာ ေရွာင္ပါ။
အဒါက သာမန္ထက္ ဖုန္းကို ပူေႏြးေစျပီး ပ်က္စီေစႏုိင္ပါတယ္။

အေႀကာင္းအရင္း(၈)
ေနာက္ဆုံးအခ်က္တစ္ခုက ဖုန္းအားသြင္းႀကိဳးႏွင့္ ဖုန္းဘက္ထရီပါ။
တစ္ခ်ဳိသူေတြက ဖုန္းအားသြင္းႀကိဳးမေကာင္းတာ၊ ဖုန္းဘက္ထရီမေကာင္းတာမ်ဳိး ျဖစ္တ့ဲအခါ ဖုန္းရဲ႕ေအာ္ရီဂ်င္နယ္မဟုတ္တဲ့ ေစ်းေပါေပါႏွင့္ အလြယ္တကူ ဝယ္လို႔ရတဲ႔ ဖုန္းအားသြင္းႀကိဳး၊ဖုန္းဘက္ထရီေတြကို ဝယ္သုံးတတ္ႀကပါတယ္။ တစ္ခ်ဳိ႕ႀကေတာ့ ဖုန္းအားသြင္းတဲ႔အခါ ေတြ႕သမ်ွ ဖုန္းအားသြင္းႀကိဳးႏွင့္ အားသြင္းတတ္ႀကပါတယ္။
အဒီလိုမ်ဳိး လုပ္တာဟာ ဖုန္းကို ပူေစႏုိင္ျပီး ဖုန္းရဲ႕ စြမ္းေဆာင္ရည္ကိုလည္း က်ဆင္းေစႏုိင္ပါတယ္။

ဘာေႀကာင့္လဲဆိုေတာ့ တစ္ခ်ဳိ႕ဖုန္းအားသြင္းႀကိဳးေတြဟာ ဖုန္းေမာ္ဒယ္ တစ္မ်ဳိးတည္းအတြက္ပဲ ထုတ္လုပ္ထားတဲ႔ ဖုန္းအားသြင္းႀကိဳးေတြ ရွိပါတယ္။
တကယ္လို႔ အဲဒီလိုမ်ဳိး ဖုန္းအားသြင္းႀကိဳးမ်ဳိးကို အသုံးျပဳမိ့မယ္ဆိုရင္ ဖုန္းကို ပ်က္စီးေစႏုိင္..ဖုန္းအပူေတြ ျမင့္တက္လာႏုိင္ပါတယ္။
အဒါေႀကာင့္ ဖုန္းအားသြင္းႀကိဳး ပ်က္တဲ႔အခါ
ေအာ္ရီဂ်င္နယ္ ဖုန္းအားသြင္းႀကိဳးကိုပဲ ဝယ္သုံးပါ။ ဖုန္းဘက္ထရီ ပ်က္တဲ႔အခါမွာလည္း ေအာ္ရီဂ်င္နယ္ပဲ ဝယ္သုံးပါ။ ဖုန္းအားသြင္းတဲ႔အခါမွာလည္း ေတြ႔သမ်ွအားသြင္းႀကိဳးႏွင့္ ထိုးမထည့္ပါႏွင့္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: itpoekar

# Unicode Version ဖြင့် ဖတ်ပါ #

ကျနော်တို့ ဖုန်းနှင့် ဂိမ်းကစားတာ/ ဗီဒီယိုကြည့်တာ/ Facebook သုံးတဲ့အခါတွေမှာ ခဏလေးအတွင်း ဖုန်းပူတာမျိုး ဖြစ်တတ်ကြပါတယ်။

အဲဒါ ဘာကြောင့် ဖြစ်တာလဲ… ဘယ်လို ဖြေရှင်းနိုင်မလဲ။ အောက်မှာ ဆက်ဖတ်ကြည့်လိုက်ပါ။

အကြောင်းအရင်း(၁)

အွန်လိုင်းမှာ သီးချင်းတွေ/ ဗီဒီယိုတွေ ဒေါင်းလုတ်နေစဉ် တခြား ဆော့ဝဲလ်တွေ အသုံးပြုတာဟာ ဖုန်းကို ပူစေတဲ့ အကြောင်းအရင်းတစ်ခုပါ။
ဥပမာ- ဖိုင်ဆိုင်ကြီးတဲ့ ဖိုင်/ ဗီဒီယိုတွေ ဒေါင်းလုတ်နေစဉ်အတွင်းမှာ Facebook သုံးတာက ဖုန်းကို ပူစေပါတယ်။
အဲဒါကြောင့် အွန်လိုင်းမှာ တစ်ခုခု ဒေါင်းလုတ်တဲ့အခါ တခြားဘာမှမလုပ်တာ အကောင်းဆုံးပါ။

အကြောင်းအရင်း(၂)
ဖုန်းကို အားသွင်းရင်းနဲ့ အွန်လိုင်းသုံးတာ/ ဂိမ်းကစားတာ/ ဖုန်းခေါ်တာ/ ဗီဒီယိုကြည့်တာမျိုးပါ။

အဲဒီလုပ်တာဟာ… ဖုန်းကို ပူနွေးလာစေတဲ့အကြောင်းအရင်းကြီး တစ်ခုပါ။
ဖုန်းရဲ့ ဘက်ထရီစနစ်ကိုလည်း ထိခိုက်စေပါတယ်။ ဖုန်းရဲ့ စွမ်းဆောင်ရည်ကိုလည်း မြန်မြန်ပျက်စီးစေနိုင်ပါတယ်။
အဒါကြောင့်… ဖုန်းအားသွင်းနေစဉ် ဘာမှ မလုပ်ပါနှင့်။

အကြောင်းအရင်း(၃)
သင့်ဖုန်းမှာတပ်ထားတဲ့ ဖုန်းကာဗာပါ။ တကယ်တော့ တစ်ချို့ဖုန်းကာဗာတွေဟာ ဖုန်းကိုယ်ထည်ကို ပူနွေးလာစေနိုင်ပါတယ်။အဒါကြောင့် ဖုန်းသုံးနေရင်း ဖုန်းကိုယ်ထည် ပုံမှန်ထက် ပိုမိုပူနွေးလာပါလာတယ်ဆိုရင် သင့်ဖုန်းမှာတပ်ထားတဲ့ ဖုန်းကာဗာက ဖုန်းကို ပူစေတဲ့ကာဗာမျိုးလာဆိုတာ စစ်ဆေးကြည့်ပါ။

အကြောင်းအရင်း(၄)
သင်ဖုန်းကို အားသွင်းတဲ့အခါ ဆိုဖာ၊ မွေ့ယာ၊ ခေါင်းအုံး စတဲ့ အပူကိုစုပ်ယူ သိုလှောင်ထားနိုင်တဲ့ နေရာမျိုးမှာ ထားတာက ဖုန်းကိုပူစေတဲ့ အကြောင်းအရင်းတစ်ခုပါ။
အဲဒါကြောင့် ဖုန်းအားသွင်းတဲ့အခါ မာကျောမှုရှိတဲ့ မျက်နာပြင်ဖြစ်တဲ့ သစ်သားခုံ၊ စားပွဲ လိုမျိုး အေးတဲ့နေရာတွေမှာ ထားပြီး အားသွင်းပါ။

အကြောင်းအရင်း(၅)
ဖုန်းကို တစ်ညလုံးအားသွင်းတာမျိုးဟာ ဖုန်းကို ပုံမှန်ထက် ပူနွေးစေနိုင်ပါတယ်။
အဲဒါကြောင့် ဖုန်းတစ်ညလုံး အားသွင်းပြီး မအိပ်ပါနှင့်။

အကြောင်းအရင်း(၆)
ဖုန်းမှာ ထည့်ထားတဲ့တစ်ချို့ဆော့ဝဲလ်တွေက ဖုန်းရဲ့ ပါဝါပိုင်းကို ပုံမှန်ထက်ပိုမို အသုံးပြုတတ်ကြပါတယ်။
ဥပမာ- ဖုန်းရဲ့ background မှာ အလုပ်လုပ်နေတဲ့ Battery App၊ အင်တာနက် မြန်စေတဲ့ App၊ Task Killer၊ Speed Tester၊ ဖုန်းVirus App၊ ဖုန်းမြန်စေတဲ့ App တွေဟာ ဖုန်းရဲ့ ပါဝါကို အများကြီး သုံးစွဲတဲ့ အရာတွေပါ။ အဲဒါတွေကို မဖွင့်ရင်တောင် အလိုအလျောက် အလုပ်လုပ်နေတဲ့အတွက် ဖုန်းအားကိုမြန်မြန်ကုန်စေနိုင်ပြီး ဖုန်းကိုလည် ပူစေနိုင်ပါတယ်။
အဲဒါကြောင့် အဲဒီဆော့ဝဲလ်တွေကို Unstallလုပ်ပြီး ပိတ်ထားလိုက်ပါ။

အကြောင်းအရင်း (၇)
ဖုန်းကို နေရောင် တိုက်ရိုက်ကျတဲ့ နေရာမှာ ဖုန်းထားခြင်း၊ ဖုန်းအားသွင်းခြင်း၊
ဖုန်းအသုံးပြုခြင်းဟာ ဖုန်းကို ပူနွေစေတဲ့ အကြောင်းအရင်းတစ်ခုပါ။ ဒီလို လုပ်တာဟာ နေရောင်ခြည်ပြင်းအား များတဲ့အခါ ဖုန်းကို ပျက်စီစေနိုင်ပါတယ်။
အဒါကြောင့် ဖုန်းရဲ့ ကိုယ်ထည်ကို ပလပ်စတစ်နဲ့ သတ္တုစပ်ပြီး လုပ်ထားတာ ဖြစ်လို့ ပူပြင်းတဲ့ နေရောင်ခြည် အောက်မှာ ဖုန်းအသုံးပြုတာ ရှောင်ပါ။
အဒါက သာမန်ထက် ဖုန်းကို ပူနွေးစေပြီး ပျက်စီစေနိုင်ပါတယ်။

အကြောင်းအရင်း(၈)
နောက်ဆုံးအချက်တစ်ခုက ဖုန်းအားသွင်းကြိုးနှင့် ဖုန်းဘက်ထရီပါ။
တစ်ချိုသူတွေက ဖုန်းအားသွင်းကြိုးမကောင်းတာ၊ ဖုန်းဘက်ထရီမကောင်းတာမျိုး ဖြစ်တဲ့အခါ ဖုန်းရဲ့အော်ရီဂျင်နယ်မဟုတ်တဲ့ ဈေးပေါပေါနှင့် အလွယ်တကူ ဝယ်လို့ရတဲ့ ဖုန်းအားသွင်းကြိုး၊ဖုန်းဘက်ထရီတွေကို ဝယ်သုံးတတ်ကြပါတယ်။ တစ်ချို့ကြတော့ ဖုန်းအားသွင်းတဲ့အခါ တွေ့သမျှ ဖုန်းအားသွင်းကြိုးနှင့် အားသွင်းတတ်ကြပါတယ်။
အဒီလိုမျိုး လုပ်တာဟာ ဖုန်းကို ပူစေနိုင်ပြီး ဖုန်းရဲ့ စွမ်းဆောင်ရည်ကိုလည်း ကျဆင်းစေနိုင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ တစ်ချို့ဖုန်းအားသွင်းကြိုးတွေဟာ ဖုန်းမော်ဒယ် တစ်မျိုးတည်းအတွက်ပဲ ထုတ်လုပ်ထားတဲ့ ဖုန်းအားသွင်းကြိုးတွေ ရှိပါတယ်။
တကယ်လို့ အဲဒီလိုမျိုး ဖုန်းအားသွင်းကြိုးမျိုးကို အသုံးပြုမိ့မယ်ဆိုရင် ဖုန်းကို ပျက်စီးစေနိုင်..ဖုန်းအပူတွေ မြင့်တက်လာနိုင်ပါတယ်။
အဒါကြောင့် ဖုန်းအားသွင်းကြိုး ပျက်တဲ့အခါ
အော်ရီဂျင်နယ် ဖုန်းအားသွင်းကြိုးကိုပဲ ဝယ်သုံးပါ။ ဖုန်းဘက်ထရီ ပျက်တဲ့အခါမှာလည်း အော်ရီဂျင်နယ်ပဲ ဝယ်သုံးပါ။ ဖုန်းအားသွင်းတဲ့အခါမှာလည်း တွေ့သမျှအားသွင်းကြိုးနှင့် ထိုးမထည့်ပါနှင့်။

ဖိုးသူတော် (www.phothutaw.com)
Credit: itpoekar

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top