(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

 ျမန္မာႏုိင္ငံတြင္ တ႐ုတ္ႏုိင္ငံသား ဟုိတယ္ပုိင္ရွင္တစ္ဦး သည္ ေလွာင္အိမ္ထဲ၌ ထည့္ထားသည့္ ဝက္ဝံတစ္ေကာင္ကုိ ရက္ရက္စက္စက္ သတ္ျဖတ္ခဲ့၍ ျပန္ လည္ေတာင္းပန္ခဲ့သည္။

 ျမန္မာႏုိင္ငံတြင္ တ႐ုတ္ႏုိင္ငံသားတစ္ဦးက ေလွာင္အိမ္ထဲ ထည့္ထားသည့္ ဝက္ဝံတစ္ ေကာင္ကုိ ေသနတ္ျဖင့္ ပစ္သတ္ေနသည့္ ဗီဒီယုိဖုိင္တစ္ခုအြန္လုိင္း ေပၚတြင္ ပ်ံ႕ႏွံ႔လာၿပီးေနာက္ အြန္ လုိင္းသံုးသူမ်ား ေဒါသထြက္ခဲ့ ကာ ရဲတပ္ဖြဲ႕က စံုစမ္းစစ္ေဆးခဲ့ သည္။

ၿပီးခဲ့သည့္ ဗုဒၶဟူးေန႔ကစ၍ ယင္းဗီဒီယုိဖုိင္သည္ တ႐ုတ္လူမႈ မီဒီယာတြင္ ပ်ံ႕ႏွံ႔ေနခဲ့ၿပီး လူတစ္ ေယာက္က ေလွာင္အိမ္ထဲရိွ အ နက္ေရာင္ ဝက္ဝံတစ္ေကာင္၏ ဦးေခါင္းကို ေသနတ္ျဖင့္ ပစ္ခတ္ ေနပံု ျမင္ေတြ႕ရသည္။

ယင္းဗီဒီယုိတြင္ ဝက္ဝံ၏ ခႏၶာကုိယ္ အစိတ္အပုိင္းမ်ားဟု ယူဆရေသာ အရာမ်ားႏွင့္ အမ်ိဳး သားမ်ားက ဝက္ဝံအေသေကာင္ ကုိ အေကာင္ဖ်က္ေနပံုလည္း ပါ ဝင္သည္။ ထုိ႔အျပင္ လံုးဝအေရး မႀကီးေသာ စကားမ်ိဳးေျပာဆိုေန ေၾကာင္း ၾကားရသည္။

ယင္းဗီဒီယုိဖုိင္ကို အိမ္နီးခ်င္း ျမန္မာႏုိင္ငံ၌ ႐ိုက္ကူးထားၿပီး ဗီဒီယုိတြင္ပါဝင္ေသာ ဝက္ဝံကို သတ္သူသည္ ရွန္ေဒါင္းျပည္ နယ္သားတစ္ဦး ျဖစ္သည္ဟု တ႐ုတ္ႏုိင္ငံ အေနာက္ေတာင္ပုိင္း ယူနန္ျပည္နယ္ စီခြၽန္ဘန္နာဒုိင္ ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသ သစ္ေတာရဲတပ္ဖြဲ႕က Beijing News သတင္းဌာနအား ေျပာၾကား သည္။

ယင္းတ႐ုတ္ႏုိင္ငံသား ပုိင္ ဆုိင္ေသာ ဟုိတယ္ဖြင့္ထားရာ ‘ဝ’ ေဒသတြင္ ယင္းဝက္ဝံ၏ တုိက္ ခုိက္မႈေၾကာင့္ ရြာသားႏွစ္ဦး ဒဏ္ ရာရရိွခဲ့ေၾကာင္း ဝက္ဝံကုိ ပစ္ သတ္သူ က်န္လင္းကေျပာသည္။

ယင္းဝက္ဝံကုိ စစ္သားမ်ား က ဖမ္းဆီးခဲ့ၿပီး သတ္ပစ္မည္ဟု ယူဆေၾကာင္း ၎ကေျပာသည္။ ၎အေနျဖင့္ စူးစမ္းလိုစိတ္ျဖင့္ ဝက္ဝံသတ္မည့္အလုပ္ကုိ ကူညီခဲ့ၿပီး ယင္းေဒသသည္ ေဘးအႏၲ ရာယ္ကင္းေၾကာင္း တ႐ုတ္ဧည့္ သည္မ်ားကုိ ျပသလို၍ သတ္ပစ္ခဲ့ေၾကာင္း ေျပာသည္။

ေဒသဆုိင္ရာ အစိုးရထံ ဝက္ဝံကုိ ပစ္သတ္ခြင့္ေတာင္းခဲ့ၿပီး ေဒသဆုိင္ရာအစိုးရႏွင့္ စစ္တပ္ ႏွစ္ဖက္စလံုးထံမွ ခြင့္ျပဳခ်က္ ရရိွခဲ့သည္ဟု ၎ကဆိုသည္။ ၎သည္ ‘ဝ’ေဒသတြင္ စီးပြားေရးလုပ္ၿပီး ေနထိုင္ေနသည္ မွာ ၁၀ ႏွစ္ေက်ာ္္ၿပီျဖစ္သည္။

ဝက္ဝံအေသေကာင္ကို အ ျခားေသာ ဝက္ဝံမ်ား ေၾကာက္ရြံ႕ ေစရန္ ေတာထဲသုိ႔ စြန္႔ပစ္ခဲ့သည္ ဟု က်န္လင္းကေျပာသည္။ယင္း ဗီဒီယိုဖုိင္ေၾကာင့္ တ႐ုတ္ႏုိင္ငံတြင္လူအမ်ား ေဒါသထြက္ေနစဥ္ ၎၏ လုပ္ရပ္ေၾကာင့္ ေတာင္းပန္ လုိေၾကာင္း က်န္လင္းက ေျပာ သည္။

 တိရစၧာန္ကုိ ေသနတ္ျဖင့္ ပစ္သတ္ျခင္းသည္ တ႐ုတ္ႏုိင္ငံ ၏ ဥပေဒ၊ လူ႔က်င့္ဝတ္မ်ားႏွင့္ ဆန္႔က်င္ေနသည္။

ယင္းျဖစ္ရပ္ေၾကာင့္ မိမိ ကုိယ္တုိင္လည္း မ်ားစြာထိခိုက္မိၿပီး မိမိကုိ ခြင့္လႊတ္မည္ဟု ေမွ်ာ္လင့္ေၾကာင္း က်န္လင္းကေျပာ သည္။

—Ref: Global Times

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
 မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံသား ဟိုတယ်ပိုင်ရှင်တစ်ဦး သည် လှောင်အိမ်ထဲ၌ ထည့်ထားသည့် ဝက်ဝံတစ်ကောင်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့၍ ပြန် လည်တောင်းပန်ခဲ့သည်။

 မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံသားတစ်ဦးက လှောင်အိမ်ထဲ ထည့်ထားသည့် ဝက်ဝံတစ် ကောင်ကို သေနတ်ဖြင့် ပစ်သတ်နေသည့် ဗီဒီယိုဖိုင်တစ်ခုအွန်လိုင်း ပေါ်တွင် ပျံ့နှံ့လာပြီးနောက် အွန် လိုင်းသုံးသူများ ဒေါသထွက်ခဲ့ ကာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့ သည်။


ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကစ၍ ယင်းဗီဒီယိုဖိုင်သည် တရုတ်လူမှု မီဒီယာတွင် ပျံ့နှံ့နေခဲ့ပြီး လူတစ် ယောက်က လှောင်အိမ်ထဲရှိ အ နက်ရောင် ဝက်ဝံတစ်ကောင်၏ ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ် နေပုံ မြင်တွေ့ရသည်။

ယင်းဗီဒီယိုတွင် ဝက်ဝံ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများဟု ယူဆရသော အရာများနှင့် အမျိုး သားများက ဝက်ဝံအသေကောင် ကို အကောင်ဖျက်နေပုံလည်း ပါ ဝင်သည်။ ထို့အပြင် လုံးဝအရေး မကြီးသော စကားမျိုးပြောဆိုနေ ကြောင်း ကြားရသည်။

ယင်းဗီဒီယိုဖိုင်ကို အိမ်နီးချင်း မြန်မာနိုင်ငံ၌ ရိုက်ကူးထားပြီး ဗီဒီယိုတွင်ပါဝင်သော ဝက်ဝံကို သတ်သူသည် ရှန်ဒေါင်းပြည် နယ်သားတစ်ဦး ဖြစ်သည်ဟု တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် စီချွန်ဘန်နာဒိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သစ်တောရဲတပ်ဖွဲ့က Beijing News သတင်းဌာနအား ပြောကြား သည်။

ယင်းတရုတ်နိုင်ငံသား ပိုင် ဆိုင်သော ဟိုတယ်ဖွင့်ထားရာ ‘ဝ’ ဒေသတွင် ယင်းဝက်ဝံ၏ တိုက် ခိုက်မှုကြောင့် ရွာသားနှစ်ဦး ဒဏ် ရာရရှိခဲ့ကြောင်း ဝက်ဝံကို ပစ် သတ်သူ ကျန်လင်းကပြောသည်။

ယင်းဝက်ဝံကို စစ်သားများ က ဖမ်းဆီးခဲ့ပြီး သတ်ပစ်မည်ဟု ယူဆကြောင်း ၎င်းကပြောသည်။ ၎င်းအနေဖြင့် စူးစမ်းလိုစိတ်ဖြင့် ဝက်ဝံသတ်မည့်အလုပ်ကို ကူညီခဲ့ပြီး ယင်းဒေသသည် ဘေးအန္တ ရာယ်ကင်းကြောင်း တရုတ်ဧည့် သည်များကို ပြသလို၍ သတ်ပစ်ခဲ့ကြောင်း ပြောသည်။

ဒေသဆိုင်ရာ အစိုးရထံ ဝက်ဝံကို ပစ်သတ်ခွင့်တောင်းခဲ့ပြီး ဒေသဆိုင်ရာအစိုးရနှင့် စစ်တပ် နှစ်ဖက်စလုံးထံမှ ခွင့်ပြုချက် ရရှိခဲ့သည်ဟု ၎င်းကဆိုသည်။ ၎င်းသည် ‘ဝ’ဒေသတွင် စီးပွားရေးလုပ်ပြီး နေထိုင်နေသည် မှာ ၁၀ နှစ်ကျော်ပြီဖြစ်သည်။

ဝက်ဝံအသေကောင်ကို အ ခြားသော ဝက်ဝံများ ကြောက်ရွံ့ စေရန် တောထဲသို့ စွန့်ပစ်ခဲ့သည် ဟု ကျန်လင်းကပြောသည်။ယင်း ဗီဒီယိုဖိုင်ကြောင့် တရုတ်နိုင်ငံတွင်လူအများ ဒေါသထွက်နေစဉ် ၎င်း၏ လုပ်ရပ်ကြောင့် တောင်းပန် လိုကြောင်း ကျန်လင်းက ပြော သည်။

 တိရစ္ဆာန်ကို သေနတ်ဖြင့် ပစ်သတ်ခြင်းသည် တရုတ်နိုင်ငံ ၏ ဥပဒေ၊ လူ့ကျင့်ဝတ်များနှင့် ဆန့်ကျင်နေသည်။

ယင်းဖြစ်ရပ်ကြောင့် မိမိ ကိုယ်တိုင်လည်း များစွာထိခိုက်မိပြီး မိမိကို ခွင့်လွှတ်မည်ဟု မျှော်လင့်ကြောင်း ကျန်လင်းကပြော သည်။

—Ref: Global Times

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top