ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ေယာက်္ားေတြရဲ႕ မ်ိဳးမေအာင္ျခင္း ကို ျဖစ္ေစတဲ့အေၾကာင္းအရင္းေတြထဲမွာ အျဖစ္အမ်ားဆံုး အေၾကာင္းရင္းတစ္ခုမွာ သုတ္ေကာင္အေရအတြက္ နည္းျခင္းပဲျဖစ္ပါတယ္။ သုက္ေကာင္အေရ အတြက္ကိုနည္းေစနိုင္တဲ့ အေၾကာင္းအရင္းေတြ အမ်ားၾကီးရွိပါတယ္။ အဲဒီထဲက မွ ေရွာင္ရွားလို႔ရတဲ့အခ်က္တစ္ခုကေတာ့ လြန္ကဲတဲ့အပူနဲ႔ ထိေတြ႕ျခင္းပဲ ျဖစ္ပါတယ္။

သုက္ေကာင္ေလးေတြကို ထုတ္လုပ္နိုင္ဖို႔ အေကာင္းဆံုးအပူခ်ိန္ကေတာ့ ပံုမွန္ လူ႔ခႏၶာကိုယ္အပူခ်ိန္ထက္ ၃-၄ ဒီဂရီ နိမ့္တဲ့ အပူခ်ိန္ပဲ ျဖစ္ပါတယ္။ အပူခ်ိန္ျမင့္လာေလေလ သုက္ေကာင္ထုတ္လုပ္တာကို အေနွာင့္အယွက္ျဖစ္ေလ ျဖစ္တဲ့အတြက္ ေရပူနဲ႔ မၾကာခဏ ထိေတြ႕ျခင္းက သုက္ေကာင္ အေရအတြက္ေလ်ွာ႔နည္းျခင္းကို ျဖစ္ေစနိုင္ပါတယ္။ ဘယ္လို ပူေႏြးမႈမ်ိဳးမဆို အပူခ်ိန္ ၁ဒီဂရီတက္တိုင္း သုက္ေကာင္အေရအတြက္ ၄၀ ရာခုိင္ႏႈန္းခန္႔ကို ေလွ်ာ႔က်ေစနိုင္ပါတယ္။ ေခၽြးထုတ္ခန္းသြားျခင္း၊ ေရေႏြးကန္အသံုးျပဳျခင္း နဲ႔ ေရေႏြးျဖင့္ေရခ်ိဳးျခင္းေတြက ခဏတာ ေ၀ွးေစ့ကို အပူလြန္ေစတဲ့ အေၾကာင္းေတြမွာ ပါ၀င္ပါတယ္။

တင္းက်ပ္တဲ့ ေအာက္ခံေဘာင္းဘီ ၀တ္ဆင္ျခင္းက ေ၀ွးေစ့ကို အပူမ်ားေစတဲ့ တရား၀င္ အေၾကာင္းအရင္းမဟုတ္ေပမယ့္ ပံုမွန္ စက္ဘီးစီးျခင္း နွင့္ တင္းက်ပ္တဲ့ အ၀တ္အထည္ေတြကို ပံုမွန္၀တ္ဆင္ျခင္းကခဏတာ အပူကို သိမ္းဆည္းထားသလို ျဖစ္သြားနိုင္ပါတယ္။ ေ၀ွးေစ့ကို အပူမ်ားေစျပီး ေ၀ွးေစ့ ကေန သုက္ေကာင္ ထုတ္လုပ္မႈကို ေလ်ာ႔နည္းေစတဲ့ အျခား အေၾကာင္းအရင္းေတြကေတာ့ အပူႏႈန္းျမင့္တဲ့ အလုပ္အကိုင္ ပတ္၀န္းက်င္ပဲ ျဖစ္ပါတယ္။ ေႏြရာသီမွာဆိုရင္ သုက္ေကာင္အေရအတြက္ ပံုမွန္ပမာဏထက္ ၃၀ ရာခိုင္ႏႈန္း ေလာက္ေလ်ာ႔နည္းေနတတ္ပါတယ္။ မုန္႔ဖုတ္စက္ရံု၊ သတၱဳ အရည္ၾကိဳ စက္ရံု အစရွိတဲ့ အပူခ်ိန္မ်ားတဲ့ အလုပ္ပတ္၀န္းက်င္ကလည္း ေ၀ွးေစ့အပူခ်ိန္ေတြကို ျမင့္မားလာေစနိုင္ပါတယ္။

သင္သာ မေၾကာက္လ်ွင္ သင့္အလုပ္ မန္ေနဂ်ာကို သင္ေန႔စဥ္ထိေတြ႔ေနရတဲ့ အပူပမာဏကို ေလွွ်ာ႔ခ်နိုင္ဖို႔ ေျဖရွင္းခ်က္ရွိမရွိ ေမးျမန္းနိုင္ပါတယ္။ ဥပမာေျပာရမယ္ဆိုရင္ အနားယူခ်ိန္ ပိုရနိုင္တာမ်ိဳး၊ အျခားေနရာမွာ လအနည္းငယ္ အလုပ္သြားလုပ္လို႔ရတာမ်ိဳးအတြက္ အကူအညီေတာင္း ေမးျမန္းသင့္ပါတယ္။ ဒါ့အျပင္ အပူကိုေတာ္ေတာ္ၾကာၾကာ ထိေတြ႔ရတာမ်ိဳးျဖစ္တဲ့ နာရီေပါင္းမ်ားစြာ ထိုင္ရတဲ့ အလုပ္မ်ိဳးဆိုရင္လည္း တစ္သက္လံုး မ်ိဳးမေအာင္ေတာ့တာမ်ိဳးထိ ျဖစ္သြားေစနိုင္ပါတယ္။

ေခၽြးထုတ္ျခင္း၊ ေရေႏြးကန္သံုးျခင္း စတဲ့ ေရအပူနဲ႔ခဏတာထိေတြ႔ရတာမ်ိဳးဆိုရင္ေတာ့ ပံုမွန္အားျဖင့္ သုက္ေကာင္ေလးေတြက အပူလြန္ကဲျခင္းကေန အျမန္ျပန္ေကာင္းနိုင္တာေၾကာင့္ ပံုမွန္သုက္ေကာင္ျပန္ျဖစ္ဖို႔ အခ်ိန္ ၁ပတ္ေလာက္သာၾကာတာကို ေတြ႔ရပါတယ္။ ဒါေပမယ့္လည္း ေလ့လာမႈတစ္ခုရဲ႕ ေဖာ္ျပခ်က္အရ သုက္ေကာင္ေတြကို ပ်က္စီးေစမယ့္ အေၾကာင္းအရာကို ဖယ္ရွားလိုက္ရင္ေတာင္ အနည္းဆံုး ၃လ မျပည့္မခ်င္း ပံုမွန္သုတ္ေကာင္အေနအထား ျပန္မရနိုင္ဘူးလို႔ သိရပါတယ္။ ၃လ ေလာက္ၾကာရင္ေတာ့ ပံုမွန္ျပန္ျဖစ္နိုင္ပါတယ္။

ဖခင္ တစ္ေယာက္ျဖစ္ခ်င္ပါသလား။ သင့္ရဲ႕ သုက္ေကာင္ေလးေတြအတြက္ ေရေအးက ပိုေကာင္းပါတယ္။ အပူခ်ိန္ တက္တာကို ျဖစ္ေစတဲ့ အရာအားလံုးက သုက္ေကာင္အေရအတြက္ကို ေလ်ာ႔နည္းေစပါတယ္။ ေရပူနဲ႔ခ်ိဳးတာ၊ ထိေတြ႕တာေၾကာင့္ သုက္ေကာင္အေရအတြက္နဲ႔ အရည္အေသြးကို ခဏတာထိခိုက္ေစနိုင္တာမွန္ပါတယ္။ သို႔ေပမယ့္ေန႔စဥ္နာရီေပါင္းမ်ားစြာ ေရပူနဲ႕ စိမ္ျခင္း၊ ခ်ိဳးျခင္း မရွိဘူးဆုိရင္ေတာ့ ေရေႏြး၊ေရပူကို မ်ိဳးမေအာင္ေစျခင္း(သုတ္ေကာင္ေတြကိုသတ္ေနျခင္း) အေၾကာင္းရင္း အေနနဲ႔ စဥ္းစားျပီး လြန္လြန္ကဲကဲ စိတ္ပူေနစရာ မလိုအပ္ပါဘူး။

ေရးသားသူ Khine Phoo Ngon

ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. K Zin Thwe

ဖိုးသူေတာ္ (www.phothutaw.com)
Credit: hellosayarwon

# Unicode Version ျဖင့္ ဖတ္ပါ #
ယောကျ်ားတွေရဲ့ မျိုးမအောင်ခြင်း ကို ဖြစ်စေတဲ့အကြောင်းအရင်းတွေထဲမှာ အဖြစ်အများဆုံး အကြောင်းရင်းတစ်ခုမှာ သုတ်ကောင်အရေအတွက် နည်းခြင်းပဲဖြစ်ပါတယ်။ သုက်ကောင်အရေ အတွက်ကိုနည်းစေနိုင်တဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ အဲဒီထဲက မှ ရှောင်ရှားလို့ရတဲ့အချက်တစ်ခုကတော့ လွန်ကဲတဲ့အပူနဲ့ ထိတွေ့ခြင်းပဲ ဖြစ်ပါတယ်။

သုက်ကောင်လေးတွေကို ထုတ်လုပ်နိုင်ဖို့ အကောင်းဆုံးအပူချိန်ကတော့ ပုံမှန် လူ့ခန္ဓာကိုယ်အပူချိန်ထက် ၃-၄ ဒီဂရီ နိမ့်တဲ့ အပူချိန်ပဲ ဖြစ်ပါတယ်။ အပူချိန်မြင့်လာလေလေ သုက်ကောင်ထုတ်လုပ်တာကို အနှောင့်အယှက်ဖြစ်လေ ဖြစ်တဲ့အတွက် ရေပူနဲ့ မကြာခဏ ထိတွေ့ခြင်းက သုက်ကောင် အရေအတွက်လျှော့နည်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဘယ်လို ပူနွေးမှုမျိုးမဆို အပူချိန် ၁ဒီဂရီတက်တိုင်း သုက်ကောင်အရေအတွက် ၄၀ ရာခိုင်နှုန်းခန့်ကို လျှော့ကျစေနိုင်ပါတယ်။ ချွေးထုတ်ခန်းသွားခြင်း၊ ရေနွေးကန်အသုံးပြုခြင်း နဲ့ ရေနွေးဖြင့်ရေချိုးခြင်းတွေက ခဏတာ ဝှေးစေ့ကို အပူလွန်စေတဲ့ အကြောင်းတွေမှာ ပါဝင်ပါတယ်။

တင်းကျပ်တဲ့ အောက်ခံဘောင်းဘီ ဝတ်ဆင်ခြင်းက ဝှေးစေ့ကို အပူများစေတဲ့ တရားဝင် အကြောင်းအရင်းမဟုတ်ပေမယ့် ပုံမှန် စက်ဘီးစီးခြင်း နှင့် တင်းကျပ်တဲ့ အဝတ်အထည်တွေကို ပုံမှန်ဝတ်ဆင်ခြင်းကခဏတာ အပူကို သိမ်းဆည်းထားသလို ဖြစ်သွားနိုင်ပါတယ်။ ဝှေးစေ့ကို အပူများစေပြီး ဝှေးစေ့ ကနေ သုက်ကောင် ထုတ်လုပ်မှုကို လျော့နည်းစေတဲ့ အခြား အကြောင်းအရင်းတွေကတော့ အပူနှုန်းမြင့်တဲ့ အလုပ်အကိုင် ပတ်ဝန်းကျင်ပဲ ဖြစ်ပါတယ်။ နွေရာသီမှာဆိုရင် သုက်ကောင်အရေအတွက် ပုံမှန်ပမာဏထက် ၃၀ ရာခိုင်နှုန်း လောက်လျော့နည်းနေတတ်ပါတယ်။ မုန့်ဖုတ်စက်ရုံ၊ သတ္တု အရည်ကြို စက်ရုံ အစရှိတဲ့ အပူချိန်များတဲ့ အလုပ်ပတ်ဝန်းကျင်ကလည်း ဝှေးစေ့အပူချိန်တွေကို မြင့်မားလာစေနိုင်ပါတယ်။

သင်သာ မကြောက်လျှင် သင့်အလုပ် မန်နေဂျာကို သင်နေ့စဉ်ထိတွေ့နေရတဲ့ အပူပမာဏကို လှျှော့ချနိုင်ဖို့ ဖြေရှင်းချက်ရှိမရှိ မေးမြန်းနိုင်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် အနားယူချိန် ပိုရနိုင်တာမျိုး၊ အခြားနေရာမှာ လအနည်းငယ် အလုပ်သွားလုပ်လို့ရတာမျိုးအတွက် အကူအညီတောင်း မေးမြန်းသင့်ပါတယ်။ ဒါ့အပြင် အပူကိုတော်တော်ကြာကြာ ထိတွေ့ရတာမျိုးဖြစ်တဲ့ နာရီပေါင်းများစွာ ထိုင်ရတဲ့ အလုပ်မျိုးဆိုရင်လည်း တစ်သက်လုံး မျိုးမအောင်တော့တာမျိုးထိ ဖြစ်သွားစေနိုင်ပါတယ်။

ချွေးထုတ်ခြင်း၊ ရေနွေးကန်သုံးခြင်း စတဲ့ ရေအပူနဲ့ခဏတာထိတွေ့ရတာမျိုးဆိုရင်တော့ ပုံမှန်အားဖြင့် သုက်ကောင်လေးတွေက အပူလွန်ကဲခြင်းကနေ အမြန်ပြန်ကောင်းနိုင်တာကြောင့် ပုံမှန်သုက်ကောင်ပြန်ဖြစ်ဖို့ အချိန် ၁ပတ်လောက်သာကြာတာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း လေ့လာမှုတစ်ခုရဲ့ ဖော်ပြချက်အရ သုက်ကောင်တွေကို ပျက်စီးစေမယ့် အကြောင်းအရာကို ဖယ်ရှားလိုက်ရင်တောင် အနည်းဆုံး ၃လ မပြည့်မချင်း ပုံမှန်သုတ်ကောင်အနေအထား ပြန်မရနိုင်ဘူးလို့ သိရပါတယ်။ ၃လ လောက်ကြာရင်တော့ ပုံမှန်ပြန်ဖြစ်နိုင်ပါတယ်။

ဖခင် တစ်ယောက်ဖြစ်ချင်ပါသလား။ သင့်ရဲ့ သုက်ကောင်လေးတွေအတွက် ရေအေးက ပိုကောင်းပါတယ်။ အပူချိန် တက်တာကို ဖြစ်စေတဲ့ အရာအားလုံးက သုက်ကောင်အရေအတွက်ကို လျော့နည်းစေပါတယ်။ ရေပူနဲ့ချိုးတာ၊ ထိတွေ့တာကြောင့် သုက်ကောင်အရေအတွက်နဲ့ အရည်အသွေးကို ခဏတာထိခိုက်စေနိုင်တာမှန်ပါတယ်။ သို့ပေမယ့်နေ့စဉ်နာရီပေါင်းများစွာ ရေပူနဲ့ စိမ်ခြင်း၊ ချိုးခြင်း မရှိဘူးဆိုရင်တော့ ရေနွေး၊ရေပူကို မျိုးမအောင်စေခြင်း(သုတ်ကောင်တွေကိုသတ်နေခြင်း) အကြောင်းရင်း အနေနဲ့ စဉ်းစားပြီး လွန်လွန်ကဲကဲ စိတ်ပူနေစရာ မလိုအပ်ပါဘူး။

ရေးသားသူ Khine Phoo Ngon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

ဖိုးသူတော် (www.phothutaw.com)
Credit: hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top