စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ေခၽြးေပါက္က်ယ္ၿပီး အဆီျပန္ေနလို႔ စိတ္ညစ္ေနလား။ သဘာ၀ နည္းလမ္းကို မွ်ေ၀ေပးခ်င္ပါတယ္။

၁။ ေရခဲကပ္ပါ

ေရခဲဟာ ေခၽြးေပါက္ကို အခ်ိန္တိုအတြင္းမွာ က်ဥ္းေစႏိုင္ပါတယ္။ မ်က္ႏွာကို ေသခ်ာ သစ္ေပးၿပီးရင္ ေရခဲနဲ႔ ပြတ္တိုက္ေပးပါ။ ေအးေအးေလးနဲ႔ အရမ္းလည္း ေနလို႔ေကာင္းသလို ေခၽြးေပါက္လည္းက်ဥ္းေစပါတယ္။

ေရေအးေအးနဲ႔ မ်က္ႏွာသစ္မယ္

မ်က္ႏွာသစ္တဲ့ အခါမွာ ေရေႏြးနည္းနည္းနဲ႔ အရင္သစ္လိုက္ပါ။ ေခၽြးေပါက္ေတြ ပြင့္သြားမွာျဖစ္ပါတယ္။ ၿပီးရင္ မ်က္ႏွာသစ္ ဆပ္ျပာ သံုးပါ။ အဲဒီေနာက္ ေခၽြးေပါက္ျပန္က်ဥ္းဖို႔ ေရေအးေအးေလးနဲ႔ မ်က္ႏွာျပန္သစ္ပါ။

ၾကက္ဥအကာနဲ႔ ေပါင္းတင္မယ္

ၾကက္ဥအကာကို မ်က္ႏွာေပၚမွာ လိမ္းေပးၿပီး ေျခာက္ေအာင္ထားပါ။ ၿပီးရင္ ေရေအးေအးနဲ႔ မ်က္ႏွာသစ္ခ်ပါ။

သၾကားနဲ႔ သံလြင္ဆီသံုးမယ္

မ်က္ႏွာေပၚက အညစ္အေၾကးနဲ႔ အဆီေတြကို ဖယ္ရွားႏိုင္ဖုိ႔အတြက္ အသံုးျပဳသင့္ပါတယ္။ ေစ်းႀကီးတဲ့ ကုန္ပစၥည္းေတြ ၀ယ္စရာ မလိုပါဘူး။ သၾကား လက္ဖက္ရည္ဇြန္း ၂ ဇြန္း သံလြင္ဆီ လက္ဖက္ရည္ဇြန္း ၁ ဇြန္းေရာၿပီး မ်က္ႏွာေပၚမွာ လိမ္းေပးပါ။ ခပ္ဖြဖြေလး ပြတ္ေပးပါ။ အဲဒီေနာက္ ေျခာက္ေအာင္ထားၿပီး မ်က္ႏွာသစ္ပါ။ တစ္ပတ္ကို ၂ ႀကိမ္ ၃ ႀကိမ္လုပ္ေပးပါ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyHealth Myanmar

#Unicode Version#

ချွေးပေါက်ကျယ်ပြီး အဆီပြန်နေလို့ စိတ်ညစ်နေလား။ သဘာ၀ နည်းလမ်းကို မျှဝေပေးချင်ပါတယ်။

၁။ ရေခဲကပ်ပါ

ရေခဲဟာ ချွေးပေါက်ကို အချိန်တိုအတွင်းမှာ ကျဉ်းစေနိုင်ပါတယ်။ မျက်နှာကို သေချာ သစ်ပေးပြီးရင် ရေခဲနဲ့ ပွတ်တိုက်ပေးပါ။ အေးအေးလေးနဲ့ အရမ်းလည်း နေလို့ကောင်းသလို ချွေးပေါက်လည်းကျဉ်းစေပါတယ်။

ရေအေးအေးနဲ့ မျက်နှာသစ်မယ်

မျက်နှာသစ်တဲ့ အခါမှာ ရေနွေးနည်းနည်းနဲ့ အရင်သစ်လိုက်ပါ။ ချွေးပေါက်တွေ ပွင့်သွားမှာဖြစ်ပါတယ်။ ပြီးရင် မျက်နှာသစ် ဆပ်ပြာ သုံးပါ။ အဲဒီနောက် ချွေးပေါက်ပြန်ကျဉ်းဖို့ ရေအေးအေးလေးနဲ့ မျက်နှာပြန်သစ်ပါ။

ကြက်ဥအကာနဲ့ ပေါင်းတင်မယ်

ကြက်ဥအကာကို မျက်နှာပေါ်မှာ လိမ်းပေးပြီး ခြောက်အောင်ထားပါ။ ပြီးရင် ရေအေးအေးနဲ့ မျက်နှာသစ်ချပါ။

သကြားနဲ့ သံလွင်ဆီသုံးမယ်

မျက်နှာပေါ်က အညစ်အကြေးနဲ့ အဆီတွေကို ဖယ်ရှားနိုင်ဖို့အတွက် အသုံးပြုသင့်ပါတယ်။ ဈေးကြီးတဲ့ ကုန်ပစ္စည်းတွေ ဝယ်စရာ မလိုပါဘူး။ သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းရောပြီး မျက်နှာပေါ်မှာ လိမ်းပေးပါ။ ခပ်ဖွဖွလေး ပွတ်ပေးပါ။ အဲဒီနောက် ခြောက်အောင်ထားပြီး မျက်နှာသစ်ပါ။ တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်လုပ်ပေးပါ။
ဖိုးသူတော် (www.phothutaw.com)
Credit: MyHealth Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top