ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ဒီတစ္ေခါက္မွာေတာ့ စိတ္ပိုင္းဆိုင္ရာ ျပႆနာတစ္ခုျဖစ္တဲ့ အတၱႀကီးျခင္းအေၾကာင္းကို တင္ျပလိုပါတယ္။ အတၱႀကီးတဲ့သူေတြရဲ႕ လကၡဏာေတြနဲ႔ သူတို႔ရဲ႕ ျဖစ္တတ္တဲ့ စိတ္ခံစားခ်က္ေတြကို သိထားရင္ ကိုယ့္ပတ္၀န္းက်င္မွာ တစ္စံုတစ္ေယာက္က ဒီလိုျဖစ္ေနၿပီဆိုရင္ ေစာေစာစီးစီး စိတ္က်န္းမာေရးဆရာ၀န္နဲ႔ သြားေရာက္တိုင္ပင္ေဆြးေႏြးေပးသင့္ပါတယ္။ အတၱႀကီးသူေတြဟာ -

1. အျခားသူမ်ားရဲ႕ျပႆနာေတြကို လံုးဝစိတ္ဝင္စားမႈမရွိျခင္း

          အတၱႀကီးသူေတြတစ္ေယာက္ရဲ႕ ဝိေသသနလကၡဏာတစ္ရပ္ကေတာ့ မိမိကိုယ္သာ မိမိလြန္ကဲစြာစိတ္ဝင္စားၿပီး အျခားသူေတြနဲ႔ပတ္သက္တဲ့ အေၾကာင္းအရာေတြကို ဂ႐ုစိုက္ေလ့မရွိပါဘူး။ အတၱႀကီးသူေတြမွာ စာနာေပးႏုိင္စြမ္းနဲ႔ ကိုယ္ခ်င္းစာစိတ္လံုးဝေပ်ာက္ဆံုးေနပါတယ္။

2. ႏွစ္လိုဖြယ္ရွိ၍ စြဲေဆာင္ႏုိင္စြမ္းျမင့္မားျခင္း

          အတၱႀကီးသူေတြနဲ႔ ပထမဆံုးအႀကိမ္ဆက္ဆံတဲ့အခ်ိန္ သူတို႔ဟာ အျခားသူေတြရဲ႕အျမင္မွာ ကိုယ့္ကိုကိုယ္ယံုၾကည္မႈရွိျခင္း၊ ဆြဲေဆာင္မႈရွိျခင္း၊ ဆံုးျဖတ္ခ်က္ခိုင္မာျခင္း၊ ေႏြးေထြးပ်ဴငွာျခင္း၊ ဟာသဉာဏ္ရႊင္ျခင္း စတဲ့အရည္အခ်င္းေတြနဲ႔ ျပည့္စံုတယ္လို႔အထင္ရွိေစႏုိင္ပါတယ္။ ဆုိလိုတာကေတာ့ အတၱႀကီးသူေတြဟာ သူတို႔အေၾကာင္းကိုေသခ်ာမသိဘဲ အျခားသူမ်ားရဲ႕အာ႐ံုကို ညႇိဳ႕ထိႏုိင္စြမ္းရွိတာေၾကာင့္ အမ်ားအားျဖင့္ အခန္းထဲမွာ အေက်ာ္ၾကားဆံုးစိတ္ဝင္စားစရာအေကာင္းဆံုးပုဂၢိဳလ္ေတြျဖစ္ေနတတ္ပါတယ္။ ဒါေပမယ့္ အခ်ိန္ၾကာလာတာနဲ႔အမွ် သူတို႔ရဲ႕မေကာင္းတဲ့စ႐ိုက္ေတြဟာ တျဖည္းျဖည္း႐ုပ္လံုးေပၚလာေလ့ရွိပါတယ္။

3. ေရတုိေခါင္းေဆာင္ျဖစ္ေလ့ရွိျခင္း

          အတၱသမားေတြဟာ သူတို႔ရဲ႕အတၱဝါဒီနဲ႔ တစ္ကိုယ္ေကာင္းဆန္လြန္းတဲ့စိတ္ေတြေၾကာင့္ ေခါင္းေဆာင္ေနရာကို ရယူလိုၾကတာျဖစ္ပါတယ္။ သူတို႔ဟာ အတိုင္းအတာတစ္ခုထိ ေခါင္းေဆာင္ေကာင္းတစ္ေယာက္အေနနဲ႔ ရပ္တည္ႏုိင္ေသာ္လည္း ေရရွည္မွာေတာ့ သူတို႔ရဲ႕အတၱစိတ္ေတြေၾကာင့္ လက္ေအာက္ငယ္သားေတြရဲ႕ စိတ္ပ်က္မႈကိုရရွိလာႏုိင္ပါတယ္။

4. သူငယ္ခ်င္းေတြကို စြန္႔ပစ္လြယ္ျခင္း

          အတၱလြန္ကဲေနသူေတြဟာ အျခားသူေတြရဲ႕အထင္ႀကီးမႈကို အၿမဲတေစဆာေလာင္မြတ္သိမ္ေနတတ္ပါတယ္။ ဒါေၾကာင့္လည္း သူတုိ႔ကိုအထင္ႀကီးႏိုင္မယ့္သူငယ္ခ်င္းအသစ္ေတြကို တစ္စိုက္မတ္မတ္ရွာေဖြေနေလ့ရွိပါတယ္။ အမွန္တကယ္ေတာ့ အထင္ႀကီးမႈကိုရွာေဖြျခင္းျဖစ္စဥ္ဟာ အတၱသမားေတြအတြက္ ေဆးတစ္မ်ိဳးပဲျဖစ္ပါတယ္။ သူငယ္ခ်င္းျဖစ္ၿပီးေနာက္မွာေတာ့ သူတို႔ရဲ႕အတၱကိုတျဖည္းျဖည္းျမင္ေတြ႔လာၿပီး ေရွာင္ဖယ္သြားတာေၾကာင့္ သူငယ္ခ်င္းအသစ္မ်ားကို အသစ္တစ္ဖန္ထပ္မံရွာေဖြရႏုိင္ပါတယ္။

5. ႀကိဳးကိုင္ျခယ္လွယ္တဲ့ေနရာမွာ ဆရာက်ျခင္း

          လူတစ္ဦးနဲ႔ပတ္သက္ဆက္ႏြယ္တဲ့ေနရာမွာ အတၱႀကီးသူေတြဟာ အၿမဲတေစ ႀကိဳးကိုင္ျခယ္လွယ္လိုၾကပါတယ္။ ထို႔ျပင္ သူတို႔ဟာ သူတို႔ရဲ႕အတၱကိုအေရာင္တင္ေပးႏုိင္သူေတြ (သို႔) သူတို႔ကို ေငြေၾကး၊ လိင္ကိစၥ၊ လူမႈပတ္ဝန္းက်င္မွာ သူတို႔ဘက္မွရပ္တည္ေပးျခင္း၊ သူတို႔လိုအပ္တာကို ေထာက္ပံ့ေပးႏိုင္ျခင္း စတာေတြကိုလုပ္ေပးႏုိင္တဲ့ သူငယ္ခ်င္း၊ မိတ္ေဆြ၊ မိသားစုနဲ႔ ခ်စ္သူေတြအေပၚကိုသာ အေကာင္းျမင္ေလ့ရွိပါတယ္။

6. သူတုိ႔ကိုယ္သူတို႔ ဘယ္ေလာက္ေတာ္လဲဆုိတာကို အမႊန္းတင္မဆံုးျခင္း

          အတၱႀကီးသူေတြဟာ သူတို႔ရဲ႕ေအာင္ျမင္မႈနဲ႔ သူတို႔အေၾကာင္းေတြကို ေျပာျပရတာေလာက္ႏွစ္သက္တာမရွိပါဘူး။ သူတို႔ကိုယ္သူတို႔ အလြန္ႀကီးက်ယ္ျမင့္ျမတ္တယ္လို႔ အထင္ရွိ႐ံုသာမက အျခားသူမ်ားထက္ အၿမဲသာလြန္ေနတယ္လို႔လည္း ထင္ေနပါတယ္။ ဒါေၾကာင့္ အတၱသမားေတြရဲ႕ ထူးျခားခ်က္အျဖစ္ မိမိကိုယ္ကိုအေရးႀကီးဆံုးပုဂၢိဳလ္အျဖစ္ အထင္ေရာက္ေနျခင္းပဲျဖစ္ပါတယ္။

7. ေဝဖန္ျပစ္တင္မႈကို ခံႏုိင္ရည္စြမ္းမရွိျခင္း

          အခ်ိဳ႕ေသာ အတၱသမားေတြဟာ ၿမိဳသိပ္ႏိုင္စြမ္းရွိၾကေပမယ့္လည္း အမ်ားစုကေတာ့ ေဝဖန္မႈေတြရဲ႕ ႐ႈံးနိမ့္မႈေတြအေပၚမွာ ဆိုးရြားစြာတံု႔ျပန္ေလ့ရွိပါတယ္။ သူတို႔ရဲ႕အားနည္းခ်က္တစ္ခုခုကို သာမန္အေနနဲ႔ေျပာဆိုလိုက္တာျဖစ္ေပမယ့္လည္း အံ့အားသင့္ဖြယ္ေကာင္းေလာက္ေအာင္ ေအာ္ဟစ္ျခင္း၊ ငိုေႂကြးျခင္း၊ ေဒါသတႀကီးတံု႔ျပန္ျခင္းတို႔ကို ျပဳလုပ္ႏုိင္ပါတယ္။ ဒါေတြဟာ အျခားသူတစ္ဦးအတြက္ ျပစ္တင္႐ႈံးခ်ဖို႔ အခြင့္အလမ္းေပးလိုက္သလို ျဖစ္ေစပါတယ္။

8. ျငင္းဆန္တဲ့ အေျဖေတြကိုလက္မခံႏုိင္ျခင္း

          ကိုယ္ခ်င္းစာတရားမရွိတာေၾကာင့္ အတၱလြန္ကဲသူေတြဟာ ျငင္းဆန္တဲ့အေျဖေတြကို လက္ခံႏိုင္စြမ္းမရွိၾကပါဘူး။ ဒီျဖစ္ႏိုင္ေခ်ေတြဟာ သူတုိ႔ကို ဒုစ႐ိုက္မႈေတြက်ဴးလြန္းလို႔ တြန္းအားေတြျဖစ္လာေစပါတယ္။

9. မိမိကိုယ္မိမိလံုၿခံဳစိတ္ခ်မႈမရွိသလို ခံစားရျခင္း

          တစ္ကိုယ္ေကာင္းသမားေတြဟာ သူတို႔ကိုယ္သူတုိ႔ အလြန္ႀကီးက်ယ္ျမင့္ျမတ္တယ္လို႔ အထင္ရွိၾကေပမယ့္လည္း တကယ္တမ္းလက္ေတြ႔မွာမလုပ္ႏုိင္တာေၾကာင့္ ခံႏုိင္ရည္စြမ္းနည္းဟာလာကာ ကိုယ့္ကိုကိုယ့္ယံုၾကည္မႈလည္း က်ဆင္းလာပါတယ္။ ဒါေၾကာင့္ မိမိအေျခအေနကိုမိမိ တျဖည္းျဖည္းရိပ္စားလာမိၿပီး ရွက္ရြံ႕ျခင္း၊ အထီးက်န္ျခင္း၊ တစ္ကိုယ္တည္းေနျခင္း၊ စကားနည္းလာျခင္းတို႔ကို ခံစားရႏိုင္ပါတယ္။

10. စကားေျပာလွ်င္ တည့္တည့္ေျပာတတ္ျခင္း

          လူအမ်ားစုဟာ အတၱလြန္ကဲျခင္းကို မေကာင္းျမင္ေလ့ရွိၾကေသာ္လည္း အတၱသမားေတြကေတာ့ အဲလိုမျမင္တဲ့အျပင္ ဂုဏ္ေတာင္ယူတတ္ၾကပါေသးတယ္။ အေျခအေနအခ်ိန္အခါနဲ႔ လူတစ္ဦးခ်င္းစီေပၚမူတည္တယ္ဆုိေပမယ့္လည္း ေယဘုယ်အားျဖင့္ သူတို႔မွာအျခားသူေတြကိုေျပာဖုိ႔ဆုိဖို႔ အၿမဲအခြင့္အေရးရွိေနတတ္ပါတယ္။ ထူးဆန္းတာတစ္ခုကေတာ့ အတၱသမားေတြဟာ သူတုိ႔ကိုအဲလိုသတ္မွတ္တာကို လိုလိုလားလားရွိၾကတာျဖစ္ပါတယ္။ ျဖစ္ႏုိင္တာက သူတို႔ကိုယ္သူတို႔အျခားသူေတြနဲ႔ မတူကြဲျပားၿပီး ထူးျခားတယ္လို႔ ခံစားေစလို႔ပဲျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Thinzar Wynn (www.drmyanmar.com)

#Unicode Version#
 ဒီတစ်ခေါက်မှာတော့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်တဲ့ အတ္တကြီးခြင်းအကြောင်းကို တင်ပြလိုပါတယ်။ အတ္တကြီးတဲ့သူတွေရဲ့ လက္ခဏာတွေနဲ့ သူတို့ရဲ့ ဖြစ်တတ်တဲ့ စိတ်ခံစားချက်တွေကို သိထားရင် ကိုယ့်ပတ်ဝန်းကျင်မှာ တစ်စုံတစ်ယောက်က ဒီလိုဖြစ်နေပြီဆိုရင် စောစောစီးစီး စိတ်ကျန်းမာရေးဆရာဝန်နဲ့ သွားရောက်တိုင်ပင်ဆွေးနွေးပေးသင့်ပါတယ်။ အတ္တကြီးသူတွေဟာ -

1. အခြားသူများရဲ့ပြဿနာတွေကို လုံးဝစိတ်ဝင်စားမှုမရှိခြင်း

          အတ္တကြီးသူတွေတစ်ယောက်ရဲ့ ဝိသေသနလက္ခဏာတစ်ရပ်ကတော့ မိမိကိုယ်သာ မိမိလွန်ကဲစွာစိတ်ဝင်စားပြီး အခြားသူတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဂရုစိုက်လေ့မရှိပါဘူး။ အတ္တကြီးသူတွေမှာ စာနာပေးနိုင်စွမ်းနဲ့ ကိုယ်ချင်းစာစိတ်လုံးဝပျောက်ဆုံးနေပါတယ်။

2. နှစ်လိုဖွယ်ရှိ၍ စွဲဆောင်နိုင်စွမ်းမြင့်မားခြင်း

          အတ္တကြီးသူတွေနဲ့ ပထမဆုံးအကြိမ်ဆက်ဆံတဲ့အချိန် သူတို့ဟာ အခြားသူတွေရဲ့အမြင်မှာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိခြင်း၊ ဆွဲဆောင်မှုရှိခြင်း၊ ဆုံးဖြတ်ချက်ခိုင်မာခြင်း၊ နွေးထွေးပျူငှာခြင်း၊ ဟာသဉာဏ်ရွှင်ခြင်း စတဲ့အရည်အချင်းတွေနဲ့ ပြည့်စုံတယ်လို့အထင်ရှိစေနိုင်ပါတယ်။ ဆိုလိုတာကတော့ အတ္တကြီးသူတွေဟာ သူတို့အကြောင်းကိုသေချာမသိဘဲ အခြားသူများရဲ့အာရုံကို ညှို့ထိနိုင်စွမ်းရှိတာကြောင့် အများအားဖြင့် အခန်းထဲမှာ အကျော်ကြားဆုံးစိတ်ဝင်စားစရာအကောင်းဆုံးပုဂ္ဂိုလ်တွေဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ သူတို့ရဲ့မကောင်းတဲ့စရိုက်တွေဟာ တဖြည်းဖြည်းရုပ်လုံးပေါ်လာလေ့ရှိပါတယ်။

3. ရေတိုခေါင်းဆောင်ဖြစ်လေ့ရှိခြင်း

          အတ္တသမားတွေဟာ သူတို့ရဲ့အတ္တဝါဒီနဲ့ တစ်ကိုယ်ကောင်းဆန်လွန်းတဲ့စိတ်တွေကြောင့် ခေါင်းဆောင်နေရာကို ရယူလိုကြတာဖြစ်ပါတယ်။ သူတို့ဟာ အတိုင်းအတာတစ်ခုထိ ခေါင်းဆောင်ကောင်းတစ်ယောက်အနေနဲ့ ရပ်တည်နိုင်သော်လည်း ရေရှည်မှာတော့ သူတို့ရဲ့အတ္တစိတ်တွေကြောင့် လက်အောက်ငယ်သားတွေရဲ့ စိတ်ပျက်မှုကိုရရှိလာနိုင်ပါတယ်။

4. သူငယ်ချင်းတွေကို စွန့်ပစ်လွယ်ခြင်း

          အတ္တလွန်ကဲနေသူတွေဟာ အခြားသူတွေရဲ့အထင်ကြီးမှုကို အမြဲတစေဆာလောင်မွတ်သိမ်နေတတ်ပါတယ်။ ဒါကြောင့်လည်း သူတို့ကိုအထင်ကြီးနိုင်မယ့်သူငယ်ချင်းအသစ်တွေကို တစ်စိုက်မတ်မတ်ရှာဖွေနေလေ့ရှိပါတယ်။ အမှန်တကယ်တော့ အထင်ကြီးမှုကိုရှာဖွေခြင်းဖြစ်စဉ်ဟာ အတ္တသမားတွေအတွက် ဆေးတစ်မျိုးပဲဖြစ်ပါတယ်။ သူငယ်ချင်းဖြစ်ပြီးနောက်မှာတော့ သူတို့ရဲ့အတ္တကိုတဖြည်းဖြည်းမြင်တွေ့လာပြီး ရှောင်ဖယ်သွားတာကြောင့် သူငယ်ချင်းအသစ်များကို အသစ်တစ်ဖန်ထပ်မံရှာဖွေရနိုင်ပါတယ်။

5. ကြိုးကိုင်ခြယ်လှယ်တဲ့နေရာမှာ ဆရာကျခြင်း

          လူတစ်ဦးနဲ့ပတ်သက်ဆက်နွယ်တဲ့နေရာမှာ အတ္တကြီးသူတွေဟာ အမြဲတစေ ကြိုးကိုင်ခြယ်လှယ်လိုကြပါတယ်။ ထို့ပြင် သူတို့ဟာ သူတို့ရဲ့အတ္တကိုအရောင်တင်ပေးနိုင်သူတွေ (သို့) သူတို့ကို ငွေကြေး၊ လိင်ကိစ္စ၊ လူမှုပတ်ဝန်းကျင်မှာ သူတို့ဘက်မှရပ်တည်ပေးခြင်း၊ သူတို့လိုအပ်တာကို ထောက်ပံ့ပေးနိုင်ခြင်း စတာတွေကိုလုပ်ပေးနိုင်တဲ့ သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစုနဲ့ ချစ်သူတွေအပေါ်ကိုသာ အကောင်းမြင်လေ့ရှိပါတယ်။

6. သူတို့ကိုယ်သူတို့ ဘယ်လောက်တော်လဲဆိုတာကို အမွှန်းတင်မဆုံးခြင်း

          အတ္တကြီးသူတွေဟာ သူတို့ရဲ့အောင်မြင်မှုနဲ့ သူတို့အကြောင်းတွေကို ပြောပြရတာလောက်နှစ်သက်တာမရှိပါဘူး။ သူတို့ကိုယ်သူတို့ အလွန်ကြီးကျယ်မြင့်မြတ်တယ်လို့ အထင်ရှိရုံသာမက အခြားသူများထက် အမြဲသာလွန်နေတယ်လို့လည်း ထင်နေပါတယ်။ ဒါကြောင့် အတ္တသမားတွေရဲ့ ထူးခြားချက်အဖြစ် မိမိကိုယ်ကိုအရေးကြီးဆုံးပုဂ္ဂိုလ်အဖြစ် အထင်ရောက်နေခြင်းပဲဖြစ်ပါတယ်။

7. ဝေဖန်ပြစ်တင်မှုကို ခံနိုင်ရည်စွမ်းမရှိခြင်း

          အချို့သော အတ္တသမားတွေဟာ မြိုသိပ်နိုင်စွမ်းရှိကြပေမယ့်လည်း အများစုကတော့ ဝေဖန်မှုတွေရဲ့ ရှုံးနိမ့်မှုတွေအပေါ်မှာ ဆိုးရွားစွာတုံ့ပြန်လေ့ရှိပါတယ်။ သူတို့ရဲ့အားနည်းချက်တစ်ခုခုကို သာမန်အနေနဲ့ပြောဆိုလိုက်တာဖြစ်ပေမယ့်လည်း အံ့အားသင့်ဖွယ်ကောင်းလောက်အောင် အော်ဟစ်ခြင်း၊ ငိုကြွေးခြင်း၊ ဒေါသတကြီးတုံ့ပြန်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ ဒါတွေဟာ အခြားသူတစ်ဦးအတွက် ပြစ်တင်ရှုံးချဖို့ အခွင့်အလမ်းပေးလိုက်သလို ဖြစ်စေပါတယ်။

8. ငြင်းဆန်တဲ့ အဖြေတွေကိုလက်မခံနိုင်ခြင်း

          ကိုယ်ချင်းစာတရားမရှိတာကြောင့် အတ္တလွန်ကဲသူတွေဟာ ငြင်းဆန်တဲ့အဖြေတွေကို လက်ခံနိုင်စွမ်းမရှိကြပါဘူး။ ဒီဖြစ်နိုင်ချေတွေဟာ သူတို့ကို ဒုစရိုက်မှုတွေကျူးလွန်းလို့ တွန်းအားတွေဖြစ်လာစေပါတယ်။

9. မိမိကိုယ်မိမိလုံခြုံစိတ်ချမှုမရှိသလို ခံစားရခြင်း

          တစ်ကိုယ်ကောင်းသမားတွေဟာ သူတို့ကိုယ်သူတို့ အလွန်ကြီးကျယ်မြင့်မြတ်တယ်လို့ အထင်ရှိကြပေမယ့်လည်း တကယ်တမ်းလက်တွေ့မှာမလုပ်နိုင်တာကြောင့် ခံနိုင်ရည်စွမ်းနည်းဟာလာကာ ကိုယ့်ကိုကိုယ့်ယုံကြည်မှုလည်း ကျဆင်းလာပါတယ်။ ဒါကြောင့် မိမိအခြေအနေကိုမိမိ တဖြည်းဖြည်းရိပ်စားလာမိပြီး ရှက်ရွံ့ခြင်း၊ အထီးကျန်ခြင်း၊ တစ်ကိုယ်တည်းနေခြင်း၊ စကားနည်းလာခြင်းတို့ကို ခံစားရနိုင်ပါတယ်။

10. စကားပြောလျှင် တည့်တည့်ပြောတတ်ခြင်း

          လူအများစုဟာ အတ္တလွန်ကဲခြင်းကို မကောင်းမြင်လေ့ရှိကြသော်လည်း အတ္တသမားတွေကတော့ အဲလိုမမြင်တဲ့အပြင် ဂုဏ်တောင်ယူတတ်ကြပါသေးတယ်။ အခြေအနေအချိန်အခါနဲ့ လူတစ်ဦးချင်းစီပေါ်မူတည်တယ်ဆိုပေမယ့်လည်း ယေဘုယျအားဖြင့် သူတို့မှာအခြားသူတွေကိုပြောဖို့ဆိုဖို့ အမြဲအခွင့်အရေးရှိနေတတ်ပါတယ်။ ထူးဆန်းတာတစ်ခုကတော့ အတ္တသမားတွေဟာ သူတို့ကိုအဲလိုသတ်မှတ်တာကို လိုလိုလားလားရှိကြတာဖြစ်ပါတယ်။ ဖြစ်နိုင်တာက သူတို့ကိုယ်သူတို့အခြားသူတွေနဲ့ မတူကွဲပြားပြီး ထူးခြားတယ်လို့ ခံစားစေလို့ပဲဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Thinzar Wynn (www.drmyanmar.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top