မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×




Myint Myat
Source;Khin Hlaing

Credit: millionlike

# Unicode Version ဖြင့် ဖတ်ပါ #
စွယ်စုံရ မင်းသားတစ်ဦးဖြစ်တဲ့ မြင့်မြတ်နဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်အောင်အမြဲဖန်တီးပေးနေတဲ့ ခင်လှိုင်တို့ကတော့ ဒါရိုက်တာပြည်ဟိန်းသီဟရိုက်ကူးတဲ့
“ဟောက်စား” ရုပ်ရှင်ဇာတ်ကားကြီးမှာ အပြိုင်အဆိုင် လက်ဝှေ့ထိုးကြတဲ့အခန်းကို သရုပ်ဆောင်နေကြတာပါ။ခင်လှိုင်ကတော့ သူတို့နှစ်ဦးရဲ့လက်ဝှေ့ထိုးနေကြတဲ့ပုံတွေကို ချစ်ပရိသတ်တွေအတွက် ဝေမျှပေးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းတိုင်းလိုလိုမှာ အတူတွဲသရုပ်ဆောင်နေကြတဲ့ မြင့်မြတ်နဲ့ခင်လှိုင်တို့နှစ်ဦးရဲ့အတွဲညီမှုကြောင့် သူတို့ထွက်သမျှဇာတ်လမ်းတွေတိုင်းက ပိုပြီးအသက်ဝင်ပီပြင်လာတာပဲဖြစ်ပါတယ်။

မှန်ကန်တဲ့အနုပညာတွေကိုသာ ပရိသတ်အတွက်ချပြတတ်ပြီး အဘက်ဘက်ကပြည့်စုံတဲ့ အနုပညာညီအကိုနှစ်ဦးဖြစ်တဲ့ မြင့်မြတ်နဲ့ခင်လှိုင်တို့ကတော့ တကယ့်ကိုသွေးသားရင်းချာညီအကိုအရင်းတွေလိုပါပဲနော်။ခင်လှိုင်က “မြန်မာ့ရိုးရာ လက်ဝှေ့ ..ပုဝါမကူ…ရေမရှုကြေး မြင့်မြတ်နဲ့ခင်လှိုင်တို့အထူးပွဲ…ဟိုက်ရားးး” ဆိုပြီး ပရိသတ်တွေစိတ်ဝင်စားအောင်ရေးထားတာပဲဖြစ်ပါတယ်။ချစ်ပရိသတ်တွေလည်း ခင်လှိုင်နဲ့မြင့်မြတ်တို့နှစ်ဦးရဲ့လက်ဝှေ့ပွဲမှာ ဘယ်သူကအနိုင်ရရှိသွားလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်လားနော်။

Myint Myat
Source;Khin Hlaing

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top