ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

သီဟိုဠ္ေစ့ဆိုတာ ေက်ာက္ကပ္ပံုစံ အေစ့အဆန္ေလးေတြျဖစ္ၿပီး စိမ့္တဲ့အရသာ႐ွိပါတယ္။ သီဟိုဠ္ကြ်န္းဘက္က စတင္ဝင္ေရာက္လာတဲ့အတြက္ သီဟိုဠ္ေစ့လို႔ေခၚေပမဲ့ ဒီအေစ့အဆန္ေလးရဲ႕ မူလေပါက္ဖြားရာ ေဒသကေတာ့ ဘရာဇီးႏိုင္ငံ အေ႐ွ႕ေျမာက္ကမ္း႐ိုးတန္းေဒသပဲ ျဖစ္ပါတယ္။

သီဟိုဠ္ေစ့ဟာ အာဟာရဓာတ္ျပည့္ဝၿပီး ပ႐ုိတိန္းနဲ႔ အျခားသတၳဳဓာတ္ေတြ ၾကြယ္ဝတဲ့ အေစ့အဆန္ေလးပါ။ သီဟိုဠ္ေစ့ထဲမွာ ဗိုက္တာမင္ေတြ အမ်ားႀကီးလည္း ၾကြယ္ဝစြာပါဝင္တဲ့အတြက္ ေန႔စဥ္စားသံုး ေပးသင့္ပါတယ္။ သီဟိုဠ္ေစ့ရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးေတြကေတာ့...
၁။ ႏွလံုးေရာဂါကို ကာကြယ္ႏိုင္တယ္

သီဟိုဠ္ေစ့ေတြဟာ က်န္းမာေရးအတြက္ ေကာင္းမြန္တဲ့ အဆီဓာတ္ၾကြယ္ဝတဲ့ ရင္းျမစ္တစ္မ်ိဳး ျဖစ္ပါတယ္။ အဲဒီအဆီဓာတ္ေတြဟာ ဗိုက္တာမင္ေအ၊ ဒီ၊ အီး၊ ေကတို႔ကို ခႏၶာကိုယ္မွ စုပ္ယူႏိုင္ေအာင္ ကူညီလုပ္ေဆာင္ေပးႏိုင္ၿပီး ဖက္တီးအက္ဆစ္ေတြကိုလည္း ခႏၶာကိုယ္မွ ထုတ္လႊတ္ေပးႏိုင္ေအာင္ ကူညီေပးႏိုင္ပါတယ္။

ဖက္တီးအက္ဆစ္ေတြဟာ ဦးေႏွာက္လုပ္ေဆာင္မႈနဲ႔ ေသြးလည္ပတ္စနစ္အတြက္ အေရးပါပါတယ္။ သီဟိုဠ္ေစ့စားေပးျခင္းျဖင့္ ႏွလံုးအတြက္လိုအပ္တဲ့ အာဟာရဓာတ္ေတြကို ခႏၶာကိုယ္မွ ရ႐ွႏိုင္တဲ့အတြက္ ႏွလံုးက်န္းမာေရးကို ေကာင္းမြန္ေစပါတယ္။
၂။ ၾကြက္သားနဲ႔ အာ႐ံုေၾကာအားေကာင္းေစတယ္

သီဟိုဠ္ေစ့ထဲမွာ မဂၢနီစီယမ္ၾကြယ္ဝစြာ ပါဝင္ပါတယ္။ မဂၢနီစီယမ္ဟာ တကယ္ေတာ့ အ႐ိုး၊ ၾကြက္သား၊ တစ္႐ွဴးနဲ႔ ကိုယ္တြင္းကလီစာ က်န္းမာေရးအတြက္ မ႐ွိမျဖစ္ အေရးပါပါတယ္။ ဒါတင္မကေသးပါဘူး။ မဂၢနီစီယမ္ဓာတ္ဟာ ေသြးဖိအားကို ထိန္းခ်ဳပ္ေပးျခင္း၊ ကိုယ္ခံအားကို ေကာင္းမြန္ေစျခင္း၊ အာ႐ံုေၾကာလုပ္ေဆာင္မႈေတြကို ျမွင့္တင္ေပးျခင္း၊ အ႐ိုးေတြကို သန္မာေစျခင္း အစ႐ွိတဲ့ လုပ္ေဆာင္မႈေတြကို ကူညီလုပ္ေဆာင္ေပးႏုိင္ပါေသးတယ္။
၃။ ဆီးခ်ိဳျဖစ္ႏိုင္ေျခကို ေလ်ာ့နည္းေစတယ္

သီဟိုဠ္ေစ့ထဲက မဂၢနီစီယမ္ဟာ ဇီဝကမၼလုပ္ေဆာင္မႈေတြမွာ ပါဝင္လုပ္ေဆာင္ႏိုင္ၿပီး ခႏၶာကိုယ္ထဲက အင္ဆူလင္ လုပ္ေဆာင္မႈေတြကိုလည္း ထိန္းခ်ဳပ္ႏုိင္ပါေသးတယ္။ အင္ဆူလင္ေတြကို ထိန္းခ်ဳပ္ႏိုင္ေတာ့ ေသြးတြင္းသၾကားလယ္ဗယ္ကိုပါ အလိုလိုထိန္းခ်ဳပ္ၿပီးသား ျဖစ္တာေပါ့။ သီဟိုဠ္ေစ့ထဲမွာ သၾကားပါဝင္မႈ အလြန္နည္းပါးၿပီး အႏၱရာယ္႐ွိတဲ့ ကိုလက္စ္ထေရာေတြလည္း ပါဝင္မႈမ႐ွိတဲ့အတြက္ ဆီးခ်ိဳေရာဂါ ေဝဒနာ႐ွင္ေတြအတြက္ သင့္ေတာ္ပါတယ္။
၄။ ကင္ဆာကုသရာမွာ အေထာက္အကူျပဳႏိုင္တယ္

ေလ့လာမႈေတြအရ သီဟိုဠ္ေစ့ထဲမွာ anacardic acid, cardanol နဲ႔ cardol တို႔လို antioxidant ပစၥည္းေတြ ၾကြယ္ဝစြာပါဝင္တဲ့အတြက္ ကင္ဆာေဝဒနာ႐ွင္ေတြနဲ႔ ဘရိန္းက်ဴမာ (Brain Tumor) ေရာဂါ႐ွင္ေတြအတြက္ ေရာဂါကုသရာမွာ ပါဝင္ကူညီေပးႏိုင္ပါတယ္။ အထူးသျဖင့္ သီဟိုဠ္ေစ့ကို ေထာင္းထားတဲ့ သီဟိုဠ္မႈန္႔ဟာ ပ႐ိ္ုတိန္းဓာတ္ၾကြယ္ဝၿပီး လူနာေတြအတြက္ ေဘးဥပါဒ္လည္း မ႐ွိပါဘူးေနာ္။
၅။ အ႐ိုးနဲ႔ သြားေတြကို သန္မာေစတယ္

သီဟိုဠ္ေစ့ထဲမွာ ေဖာ့စ္ဖရတ္စ္ဓာတ္ပါဝင္ၿပီး အဲဒီဓာတ္ဟာ အ႐ိုးနဲ႔သြားက်န္းမာေရးအတြက္ အထူးအေရးပါပါတယ္။ သီဟိုဠ္ေစ့ထဲက ေဖာ့စ္ဖရတ္စ္ဓာတ္ဟာ ပ႐ိုတိန္းေပါင္းစည္းမႈ၊ ကာဘိုဟိုက္ဒရိတ္နဲ႔ အဆီဓာတ္စုပ္ယူမႈနဲ႔ ဆဲလ္က်န္းမာေရးတို႔မွာ ပါဝင္ကူညီႏိုင္စြမ္း ႐ွိပါတယ္။
၆။ သည္းေျခေက်ာက္တည္ျခင္းမွ ကာကြယ္ေပးႏိုင္တယ္

သည္းေျခေက်ာက္ဆိုတာ သည္းေျခထဲမွာ ျဖစ္တည္ေနတဲ့ ကိုလက္စ္ထေရာ ၾကြယ္ဝစြာပါဝင္တဲ့ ေက်ာက္တံုးပံုစံ အညစ္အေၾကး ပစၥည္းေတြပဲ ျဖစ္ပါတယ္။ တကယ္လို႔ သီဟိုဠ္ေစ့ကို ပံုမွန္စားသံုးေပးမယ္ဆိုရင္ သည္းေျခေက်ာက္တည္ျခင္း အႏၱရာယ္မွ ကာကြယ္ေပးႏိုင္ပါတယ္။

Source: Organicfacts
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
သီဟိုဠ်စေ့ဆိုတာ ကျောက်ကပ်ပုံစံ အစေ့အဆန်လေးတွေဖြစ်ပြီး စိမ့်တဲ့အရသာရှိပါတယ်။ သီဟိုဠ်ကျွန်းဘက်က စတင်ဝင်ရောက်လာတဲ့အတွက် သီဟိုဠ်စေ့လို့ခေါ်ပေမဲ့ ဒီအစေ့အဆန်လေးရဲ့ မူလပေါက်ဖွားရာ ဒေသကတော့ ဘရာဇီးနိုင်ငံ အရှေ့မြောက်ကမ်းရိုးတန်းဒေသပဲ ဖြစ်ပါတယ်။

သီဟိုဠ်စေ့ဟာ အာဟာရဓာတ်ပြည့်ဝပြီး ပရိုတိန်းနဲ့ အခြားသတ္ထုဓာတ်တွေ ကြွယ်ဝတဲ့ အစေ့အဆန်လေးပါ။ သီဟိုဠ်စေ့ထဲမှာ ဗိုက်တာမင်တွေ အများကြီးလည်း ကြွယ်ဝစွာပါဝင်တဲ့အတွက် နေ့စဉ်စားသုံး ပေးသင့်ပါတယ်။ သီဟိုဠ်စေ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့...
၁။ နှလုံးရောဂါကို ကာကွယ်နိုင်တယ်

သီဟိုဠ်စေ့တွေဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အဆီဓာတ်ကြွယ်ဝတဲ့ ရင်းမြစ်တစ်မျိုး ဖြစ်ပါတယ်။ အဲဒီအဆီဓာတ်တွေဟာ ဗိုက်တာမင်အေ၊ ဒီ၊ အီး၊ ကေတို့ကို ခန္ဓာကိုယ်မှ စုပ်ယူနိုင်အောင် ကူညီလုပ်ဆောင်ပေးနိုင်ပြီး ဖက်တီးအက်ဆစ်တွေကိုလည်း ခန္ဓာကိုယ်မှ ထုတ်လွှတ်ပေးနိုင်အောင် ကူညီပေးနိုင်ပါတယ်။

ဖက်တီးအက်ဆစ်တွေဟာ ဦးနှောက်လုပ်ဆောင်မှုနဲ့ သွေးလည်ပတ်စနစ်အတွက် အရေးပါပါတယ်။ သီဟိုဠ်စေ့စားပေးခြင်းဖြင့် နှလုံးအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေကို ခန္ဓာကိုယ်မှ ရရှနိုင်တဲ့အတွက် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
၂။ ကြွက်သားနဲ့ အာရုံကြောအားကောင်းစေတယ်

သီဟိုဠ်စေ့ထဲမှာ မဂ္ဂနီစီယမ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ မဂ္ဂနီစီယမ်ဟာ တကယ်တော့ အရိုး၊ ကြွက်သား၊ တစ်ရှူးနဲ့ ကိုယ်တွင်းကလီစာ ကျန်းမာရေးအတွက် မရှိမဖြစ် အရေးပါပါတယ်။ ဒါတင်မကသေးပါဘူး။ မဂ္ဂနီစီယမ်ဓာတ်ဟာ သွေးဖိအားကို ထိန်းချုပ်ပေးခြင်း၊ ကိုယ်ခံအားကို ကောင်းမွန်စေခြင်း၊ အာရုံကြောလုပ်ဆောင်မှုတွေကို မြှင့်တင်ပေးခြင်း၊ အရိုးတွေကို သန်မာစေခြင်း အစရှိတဲ့ လုပ်ဆောင်မှုတွေကို ကူညီလုပ်ဆောင်ပေးနိုင်ပါသေးတယ်။
၃။ ဆီးချိုဖြစ်နိုင်ခြေကို လျော့နည်းစေတယ်

သီဟိုဠ်စေ့ထဲက မဂ္ဂနီစီယမ်ဟာ ဇီဝကမ္မလုပ်ဆောင်မှုတွေမှာ ပါဝင်လုပ်ဆောင်နိုင်ပြီး ခန္ဓာကိုယ်ထဲက အင်ဆူလင် လုပ်ဆောင်မှုတွေကိုလည်း ထိန်းချုပ်နိုင်ပါသေးတယ်။ အင်ဆူလင်တွေကို ထိန်းချုပ်နိုင်တော့ သွေးတွင်းသကြားလယ်ဗယ်ကိုပါ အလိုလိုထိန်းချုပ်ပြီးသား ဖြစ်တာပေါ့။ သီဟိုဠ်စေ့ထဲမှာ သကြားပါဝင်မှု အလွန်နည်းပါးပြီး အန္တရာယ်ရှိတဲ့ ကိုလက်စ်ထရောတွေလည်း ပါဝင်မှုမရှိတဲ့အတွက် ဆီးချိုရောဂါ ဝေဒနာရှင်တွေအတွက် သင့်တော်ပါတယ်။
၄။ ကင်ဆာကုသရာမှာ အထောက်အကူပြုနိုင်တယ်

လေ့လာမှုတွေအရ သီဟိုဠ်စေ့ထဲမှာ anacardic acid, cardanol နဲ့ cardol တို့လို antioxidant ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်တဲ့အတွက် ကင်ဆာဝေဒနာရှင်တွေနဲ့ ဘရိန်းကျူမာ (Brain Tumor) ရောဂါရှင်တွေအတွက် ရောဂါကုသရာမှာ ပါဝင်ကူညီပေးနိုင်ပါတယ်။ အထူးသဖြင့် သီဟိုဠ်စေ့ကို ထောင်းထားတဲ့ သီဟိုဠ်မှုန့်ဟာ ပရိုတိန်းဓာတ်ကြွယ်ဝပြီး လူနာတွေအတွက် ဘေးဥပါဒ်လည်း မရှိပါဘူးနော်။
၅။ အရိုးနဲ့ သွားတွေကို သန်မာစေတယ်

သီဟိုဠ်စေ့ထဲမှာ ဖော့စ်ဖရတ်စ်ဓာတ်ပါဝင်ပြီး အဲဒီဓာတ်ဟာ အရိုးနဲ့သွားကျန်းမာရေးအတွက် အထူးအရေးပါပါတယ်။ သီဟိုဠ်စေ့ထဲက ဖော့စ်ဖရတ်စ်ဓာတ်ဟာ ပရိုတိန်းပေါင်းစည်းမှု၊ ကာဘိုဟိုက်ဒရိတ်နဲ့ အဆီဓာတ်စုပ်ယူမှုနဲ့ ဆဲလ်ကျန်းမာရေးတို့မှာ ပါဝင်ကူညီနိုင်စွမ်း ရှိပါတယ်။
၆။ သည်းခြေကျောက်တည်ခြင်းမှ ကာကွယ်ပေးနိုင်တယ်

သည်းခြေကျောက်ဆိုတာ သည်းခြေထဲမှာ ဖြစ်တည်နေတဲ့ ကိုလက်စ်ထရော ကြွယ်ဝစွာပါဝင်တဲ့ ကျောက်တုံးပုံစံ အညစ်အကြေး ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ တကယ်လို့ သီဟိုဠ်စေ့ကို ပုံမှန်စားသုံးပေးမယ်ဆိုရင် သည်းခြေကျောက်တည်ခြင်း အန္တရာယ်မှ ကာကွယ်ပေးနိုင်ပါတယ်။

Source: Organicfacts

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top