၂၀၂၀ ခုႏွစ္တြင္ သိန္း ၂၇၀၀ မျဖစ္လွ်င္ ေငြျပန္အမ္းမည့္ Sanchaung Garden ကြန္ဒိုအေရာင္းျပပြဲ
×

သရဲေျခာက္တယ္လို႔ရာဇ၀င္ရွိခဲ႔တဲ႔ ကမာၻအရပ္ရပ္က ဟိုတယ္ ၁၀ခု

တေစၦသရဲဆိုတာမျမင္ဖူးရင္ေတာ့ ရွိတယ္လို႔ယံုဖို႔ခက္ေပမဲ႔ ျမင္ရသူ၊ၾကံဳရသူေတြရဲ႔ေျပာစကားအရ ယံုရမယ့္အျဖစ္ပါပဲ။ကေလးဘ၀တည္းက သရဲပံုျပင္ေတြၾကားဖူးၾကမွာပါ။တကယ္ရွိလား မရွိလားဆိုတာပဲ ေတြေ၀ခဲ႔ၾကတာပါ။အခု ကမာၻ႔အႏွံ႔ကသရဲေျခာက္တယ္လို႔နာမည္ၾကီးေနတဲ႔ဟုိတယ္ ၁၀ခုအေၾကာင္းေျပာျပေပးခ်င္ပါတယ္။

(၁)Place D’ Arms Hotel

New Orleans ျပည္နယ္မွာရွိတဲ႔ Place D’ Arms Hotel ဟာသရဲေျခာက္တယ္လို႔နာမည္ၾကီးခဲ႔တဲ႔ဟုိတယ္တစ္ခုျဖစ္ပါတယ္။ဒါေပမဲ႔ မ်က္ျမင္သက္ေသေတြအမ်ားၾကီးေတာ့မရွိခဲ႔ပါဘူး။ခရီးသြားအၾကံေပးအမ်ိဳးသမီးတစ္ေယာက္လာတည္းတဲ႔ညမွာ သူမအိပ္ေပ်ာ္ေနတုန္းတစ္ေယာက္ေယာက္ကသူမအိပ္ရာအနားကုိတုိးလာခဲ႔ျပီးေစာင္ေတြကုိဖယ္ရွားပစ္ခဲ႔တယ္လို႔ေျပာျပခဲ႔ပါတယ္။သူမက ေၾကာက္လန္႔တၾကားနဲ႔ေအာ္ဟစ္ခဲ႔တယ္လို႔လည္းေျပာျပခဲ့ပါတယ္။

(၂)The Marshall House

Savannah မွာရွိတဲ႔ The Marshall House ဟာ ကမာၻစစ္ပထမအၾကိမ္မွာေရာ၊ ဒုတိယအၾကိမ္ ကူးစက္ေရာဂါပ်ံ႔ႏွံ႔တဲ႔အခ်ိန္မွာေရာ ေဆးရံုတစ္ခုအျဖစ္ အခ်ိန္ၾကာၾကီး ရွိခဲ႔ပါတယ္။အဲ႔ဒီအိမ္မွာ တည္းခဲ႔ၾကတဲ႔ ဧည့္သည္ေတြ အမ်ားၾကီးရွိခဲ႔ျပီး သရဲေျခာက္တဲ႔ အေတြ႔အၾကံဳေတြလည္း အမ်ားၾကီးရွိခဲ႔တယ္လို႔ သိခဲ႔ရပါတယ္။အမ်ိဳးသမီးတစ္ေယာက္ဟာ က်ယ္ေလာင္ျပီး ဆူညံတဲ့အသံတစ္ခု အဆက္မျပတ္ထြက္ေပၚလာတာေၾကာင့္ ႏုိးခဲ႔ရျပီ းအဲ႔ဒီအသံဟာသူမကုိ ထခုန္ေလာက္ေအာင္ ေၾကာက္လန္႔ေစခဲ႔တယ္လို႔ ေျပာျပခဲ႔ပါတယ္။တျခားသူေတြကလည္း ေရဘံုဘိုင္ေခါင္းေတြက အလိုအေလ်ာက္ပြင့္လုိက္ပိတ္လိုက္ျဖစ္ေနၾကတာကို ျမင္ခဲ႔ရတယ္လို႔ ေျပာခဲ႔ပါတယ္။ဟုိတယ္စၾကၤန္လမ္းတစ္လ်ွာက္မွာလည္း ကေလးတစ္ေယာက္မွမရွိေပမဲ႔ ကေလးေတြရဲ႔ဆူညံသံေတြကုိၾကားခဲ႔ရပါတယ္တဲ႔။ေၾကာက္စရာၾကီး!

(၃)The Fairmont Banff Springs

Banff အပန္းေျဖျမိဳ႔မွာရွိတဲ႔ Farimont Banff ဟုိတယ္မွာလည္း ငယ္ရြယ္တဲ႔ သတို႔သမီးေလးတစ္ေယာက္ ေသဆံုးခဲ့တယ္လို႔ သိရပါတယ္။သူမေသရတဲ႔အေၾကာင္းကို တိတိက်က်မသိေပမဲ႔ ေလွကားေပၚက ျပဳတ္က်ေသဆံုးတာျဖစ္မယ္လို႔ အမ်ားစုက ေျပာၾကပါတယ္။လူအမ်ားစုရဲ႔ေျပာျပခ်က္အရ သူတို႔ဟာ ဧည့္ခန္းမမွာ ကေနတဲ႔သူမကုိျမင္ေတြ႔ရသလို တစ္ခါတစ္ရံဟုိတယ္စၾကၤန္လမ္းမွာ သတို႔သမီး၀တ္စံုနဲ႔လမ္းေလ်ွာက္ေနတဲ႔သူမကုိျမင္ေတြ႔ရတယ္လို႔ေျပာၾကပါတယ္။သူမရဲ ႔အျဖစ္အပ်က္က ကေနဒါမွာဒ႑ာရီတစ္ပုဒ္လိုျဖစ္လာခဲ႔ပါတယ္။

(၄)The Mizpah

၂၀ရာစုေလာက္က Tonopah ျမိဳ႔က The Mizpah ဟိုတယ္မွာ ျပည့္တန္ဆာတစ္ေယာက္အသတ္ခံခဲ႔ရတယ္လို႔သိရပါတယ္။အမ်ိဳးသမီးျပည့္တန္ဆာတစ္ေယာက္လို႔သိရျပီးတစ္ခါတစ္ေလသူမကုိ ျမင္ေတြ႔ရတယ္လို႔ေျပာၾကပါတယ္။ေလးလႊာမွာလာတည္းတဲ႔ဧည့္သည္ေတြကေတာ့ ပိတ္ထားတဲ႔တံခါးအနားကေန အသံေတြၾကားရလို႔သြားဖြင့္ၾကည့္ခဲ႔ေပမဲ႔ အခန္းထဲမွာဘယ္သူမွမရွိခဲ႔ဘူးလို႔ေျပာျပခဲ႔ပါတယ္။

(၅)Casablanca Inn

St.Augustine ျမိဳ႕က Casablanca Inn ဟိုတယ္ပိုင္္ရွင္အမ်ိဳးသမီးဟာ ၁၉၁၄ခုနွစ္ေလာက္က တရားမ၀င္အလုပ္ေတြကုိလုပ္ကုိင္ခဲ႔သူတစ္ေယာက္ျဖစ္ပါတယ္။သူမဟာ မီးအိမ္နဲ႔အခ်က္ျပေလ့ရွိျပီး ဥပေဒနဲ႔ဆန္႔က်င္တဲ႔ အရက္ေတြကို ေမွာင္ခုိသြင္းယူခဲ႔တာပဲ ျဖစ္ပါတယ္။သူမေသဆံုးသြားတဲ႔အခ်ိန္မွာေတာင္ တည္းခိုတဲ႔လူေတြဟာ စၾကၤန္လမ္းမွာ မီးအိမ္တစ္လံုးကုိင္ျပီး လမ္းေလ်ွာက္ေနတဲ႔သူမက ုိျမင္ေတြ႔ရတယ္လို႔ ေျပာခဲ႔ျပီး တစ္ခ်ိဳ႔လူေတြကလည္း ဟုိတယ္မွာမီးေတြ ပြင့္လိုက္ပိတ္လိုက္ျဖစ္ေနတာကုိ ေတြ႔ခဲ႔တယ္လို႔ ေျပာခဲ႔ၾကပါတယ္။

(၆)The Queen Anne Hotel

San Franciso ႏိုင္ငံ၊The Queen Anne Hotel ဟာလည္းသရဲေျခာက္တဲ႔ဟုိတယ္တစ္ခုအျဖစ္နာမည္ၾကီးခဲ့တာပဲျဖစ္ပါတယ္။မိန္းကေလးေဘာ္ဒါေဆာင္နဲ႔ေန႔ေက်ာင္းအျဖစ္ဖြင့္လွစ္ခဲ႔တာျဖစ္ျပီး ၁၈၉၀မွာ ေငြေရးေၾကးေရးျပႆနာေၾကာင့္ပိတ္ခဲ႔တာပဲျဖစ္ပါတယ္။အဲ႔ဒါကုိဟိုတယ္အျဖစ္ေျပာင္းလဲဖြင့္လွစ္ခဲ႔တာပါ။ေက်ာင္းအုပ္ဆရာမတစ္ေယာက္ျဖစ္တဲ႔ Mary Lake ဆုိတဲ႔အမ်ိဳးသမီးကေတာ့ ေက်ာင္းကုိမစြန္႔ခြာႏုိင္ခဲ႔ပါဘူး။သူမဟာ ငွားရမ္းေနထုိင္သူေတြကုိဂရုစုိက္ေပးေနတုန္းပါပဲ။တစ္ခါတစ္ေလသူမရဲ ႔ေျခသံကိုၾကားရျပီးပရိေဘာဂပစၥည္းေတြေရြ႔လ်ားေနတာကုိျမင္ခဲ႔ရပါတယ္လို႔လူေတြကေျပာၾကပါတယ္။ညဘက္ဆိုရင္တစ္စံုတစ္ေယာက္က အနီးအနားမွာရွိေနသလိုခံစားရတယ္လို႔ေျပာခဲ႔ၾကပါတယ္။

၇)The Pfister Hotel

Milwaukeeျမိဳ႔၊ The Pfister Hotel ကလည္းခ်န္ထားလို႔မရပါဘူး။MLB ကစားသမားေတြက ပံုမွန္မဟုတ္တဲ႔လႈပ္ရွားမႈေတြအေၾကာင္းေျပာျပခဲ႔ပါတယ္။တစ္စံုတစ္ေယာက္ကအခန္းတံခါးကိုေခါက္ေနတဲ႔အခ်ိန္မွာပဲ တီဗီနဲ႔အဲကြန္းေတြကပိတ္လိုက္ဖြင့္လိုက္ျဖစ္ေနခဲ႔ပါတယ္တဲ႔။ေဘ့စ္ေဘာကစားသမား Adrian Beltre ဆုိသူက တစ္စံုတစ္ေယာက္က သူ႔ရဲ ႔အိပ္ရာနားမွာတဒုန္းဒုန္းထုေနသလိုဆူညံသံေတြၾကားခဲ႔ရတယ္လို႔ေျပာျပခဲ့ပါတယ္။

၈)The Battery Carriage House Inn

ကာရုိလို္င္းနားေတာင္ပုိင္း၊Charlestonျမိဳ႔မွာရွိတဲ႔ The Battery Carriage House Innကိုလည္းေမ့ထားလုိ႔မရပါဘူး။၁၉၉၇ခုႏွစ္တုန္းက အိမ္ပုိင္ရွင္ဟာငွားရမ္းသူတစ္ေယာက္ဆီက ဖုန္းတစ္ေကာလ္ကုိလက္ခံရရွိခဲ႔ပါတယ္။သူက မ်က္ႏွာလည္းမပါ၊ခႏၶာကိုယ္ရင္တစ္ပုိင္းသာပါတဲ႔အမ်ိဳးသားတစ္ေယာက္စၾကၤၤန္လမ္းမွာေလ်ွာက္ေနတာျမင္ေတြ႔ခဲ႔ရတယ္လို႔ေျပာခဲ႔ပါတယ္။

၉)Bourbon Orleans Hotel

New Orleans ျမိဳ႔မွာရွိတဲ႔ဟုိတယ္ဟာလည္း သရဲေျခာက္တယ္လို႔နာမည္ၾကီးခ႔ဲတဲ႔ဟုိတယ္တစ္ခုပါ။အ၀ါေရာင္အဖ်ားကူးစက္ေရာဂါပ်ံ႔ပြားတဲ႔အခ်ိန္တုန္းက ခရစ္ယာန္သီလရွင္ေက်ာင္းတစ္ခုအျဖစ္အသံုးျပဳခ႔ဲတာျဖစ္ပါတယ္။ဟုိတယ္မွာငွားရမး္ေနထုိင္သူေတြက မၾကာခဏဆိုသလို စၾကၤန္လမ္းမွာေဘာလံုးကစားေနတဲ႔မိိန္းကေလးတစ္ေယာက္ရဲ႔အသံကုိၾကားရေၾကာင္းေျပာျပခဲ႔ပါတယ္။တကယ္ေတာ့ ဘယ္မိန္းကေလးမွမရွိခဲ႔ဘူးလို႔သိရပါတယ္။

၁၀)Hotel Del Coronado

San Diegoမွာရွိတဲပ Hotel Del Coronado အေၾကာင္းကလည္းစိတ္၀င္စားစရာပါပဲ။Kate Morgan ဟာ သူမရဲ ႔ခင္ပြန္းနဲ႔အတူ ခရီးထြက္လာခဲ႔ပါတယ္။ တစ္ညမွာေတာ့ သူမရဲ႔ခင္ပြန္း အျပင္ထြက္သြားခ႔ဲ ျပီးျပန္မလာခဲ႔ပါဘူး။ သူမက ေစာင့္ေနခဲ႔ေပမဲ႔ ေတာ္ေတာ္ၾကာတဲ႔အထိ မေပၚလာခဲ႔ပါဘူး။ တစ္ပတ္ေလာက္ၾကာတဲ႔အခါမွာေတာ့ ကမ္းေျခကုိဆင္းတဲ႔ေလွကားနားမွာ လဲက်ေသဆံုးေနတဲ႔ Kate ကုိေတြ႔ခဲ႔ရပါတယ္။စံုစမ္းစစ္ေဆးခ်က္ေတြအရ သူမမွာကိုယ္၀န္ရွိေနတာကိုလည္း ေတြ႔ခဲ႔ရျပီး သတ္ေသခဲ႔တာျဖစ္တယ္လို႔ ေတြ႔ရွိရပါတယ္။လူအမ်ားစုကသူမကုိ ကမ္းေျခမွာေလ်ွာက္သြားေနတာျမင္ေတြ႔ရျပီးတစ္ခါတစ္ေလ ဟုိတယ္ပထမထပ္မွာျမင္ေတြ႔ရတယ္လို႔ေျပာခဲ႔ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: cantwait2say

# Unicode Version ျဖင့္ ဖတ္ပါ #
သရဲခြောက်တယ်လို့ရာဇဝင်ရှိခဲ့တဲ့ ကမ္ဘာအရပ်ရပ်က ဟိုတယ် ၁၀ခု

တစ္ဆေသရဲဆိုတာမမြင်ဖူးရင်တော့ ရှိတယ်လို့ယုံဖို့ခက်ပေမဲ့ မြင်ရသူ၊ကြုံရသူတွေရဲ့ပြောစကားအရ ယုံရမယ့်အဖြစ်ပါပဲ။ကလေးဘဝတည်းက သရဲပုံပြင်တွေကြားဖူးကြမှာပါ။တကယ်ရှိလား မရှိလားဆိုတာပဲ တွေဝေခဲ့ကြတာပါ။အခု ကမ္ဘာ့အနှံ့ကသရဲခြောက်တယ်လို့နာမည်ကြီးနေတဲ့ဟိုတယ် ၁၀ခုအကြောင်းပြောပြပေးချင်ပါတယ်။

(၁)Place D’ Arms Hotel

New Orleans ပြည်နယ်မှာရှိတဲ့ Place D’ Arms Hotel ဟာသရဲခြောက်တယ်လို့နာမည်ကြီးခဲ့တဲ့ဟိုတယ်တစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ မျက်မြင်သက်သေတွေအများကြီးတော့မရှိခဲ့ပါဘူး။ခရီးသွားအကြံပေးအမျိုးသမီးတစ်ယောက်လာတည်းတဲ့ညမှာ သူမအိပ်ပျော်နေတုန်းတစ်ယောက်ယောက်ကသူမအိပ်ရာအနားကိုတိုးလာခဲ့ပြီးစောင်တွေကိုဖယ်ရှားပစ်ခဲ့တယ်လို့ပြောပြခဲ့ပါတယ်။သူမက ကြောက်လန့်တကြားနဲ့အော်ဟစ်ခဲ့တယ်လို့လည်းပြောပြခဲ့ပါတယ်။

(၂)The Marshall House

Savannah မှာရှိတဲ့ The Marshall House ဟာ ကမ္ဘာစစ်ပထမအကြိမ်မှာရော၊ ဒုတိယအကြိမ် ကူးစက်ရောဂါပျံ့နှံ့တဲ့အချိန်မှာရော ဆေးရုံတစ်ခုအဖြစ် အချိန်ကြာကြီး ရှိခဲ့ပါတယ်။အဲ့ဒီအိမ်မှာ တည်းခဲ့ကြတဲ့ ဧည့်သည်တွေ အများကြီးရှိခဲ့ပြီး သရဲခြောက်တဲ့ အတွေ့အကြုံတွေလည်း အများကြီးရှိခဲ့တယ်လို့ သိခဲ့ရပါတယ်။အမျိုးသမီးတစ်ယောက်ဟာ ကျယ်လောင်ပြီး ဆူညံတဲ့အသံတစ်ခု အဆက်မပြတ်ထွက်ပေါ်လာတာကြောင့် နိုးခဲ့ရပြီ းအဲ့ဒီအသံဟာသူမကို ထခုန်လောက်အောင် ကြောက်လန့်စေခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။တခြားသူတွေကလည်း ရေဘုံဘိုင်ခေါင်းတွေက အလိုအလျောက်ပွင့်လိုက်ပိတ်လိုက်ဖြစ်နေကြတာကို မြင်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။ဟိုတယ်စင်္ကြန်လမ်းတစ်လျှာက်မှာလည်း ကလေးတစ်ယောက်မှမရှိပေမဲ့ ကလေးတွေရဲ့ဆူညံသံတွေကိုကြားခဲ့ရပါတယ်တဲ့။ကြောက်စရာကြီး!

(၃)The Fairmont Banff Springs

Banff အပန်းဖြေမြို့မှာရှိတဲ့ Farimont Banff ဟိုတယ်မှာလည်း ငယ်ရွယ်တဲ့ သတို့သမီးလေးတစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။သူမသေရတဲ့အကြောင်းကို တိတိကျကျမသိပေမဲ့ လှေကားပေါ်က ပြုတ်ကျသေဆုံးတာဖြစ်မယ်လို့ အများစုက ပြောကြပါတယ်။လူအများစုရဲ့ပြောပြချက်အရ သူတို့ဟာ ဧည့်ခန်းမမှာ ကနေတဲ့သူမကိုမြင်တွေ့ရသလို တစ်ခါတစ်ရံဟိုတယ်စင်္ကြန်လမ်းမှာ သတို့သမီးဝတ်စုံနဲ့လမ်းလျှောက်နေတဲ့သူမကိုမြင်တွေ့ရတယ်လို့ပြောကြပါတယ်။သူမရဲ့အဖြစ်အပျက်က ကနေဒါမှာဒဏ္ဍာရီတစ်ပုဒ်လိုဖြစ်လာခဲ့ပါတယ်။

(၄)The Mizpah

၂၀ရာစုလောက်က Tonopah မြို့က The Mizpah ဟိုတယ်မှာ ပြည့်တန်ဆာတစ်ယောက်အသတ်ခံခဲ့ရတယ်လို့သိရပါတယ်။အမျိုးသမီးပြည့်တန်ဆာတစ်ယောက်လို့သိရပြီးတစ်ခါတစ်လေသူမကို မြင်တွေ့ရတယ်လို့ပြောကြပါတယ်။လေးလွှာမှာလာတည်းတဲ့ဧည့်သည်တွေကတော့ ပိတ်ထားတဲ့တံခါးအနားကနေ အသံတွေကြားရလို့သွားဖွင့်ကြည့်ခဲ့ပေမဲ့ အခန်းထဲမှာဘယ်သူမှမရှိခဲ့ဘူးလို့ပြောပြခဲ့ပါတယ်။

(၅)Casablanca Inn

St.Augustine မြို့က Casablanca Inn ဟိုတယ်ပိုင်ရှင်အမျိုးသမီးဟာ ၁၉၁၄ခုနှစ်လောက်က တရားမဝင်အလုပ်တွေကိုလုပ်ကိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူမဟာ မီးအိမ်နဲ့အချက်ပြလေ့ရှိပြီး ဥပဒေနဲ့ဆန့်ကျင်တဲ့ အရက်တွေကို မှောင်ခိုသွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။သူမသေဆုံးသွားတဲ့အချိန်မှာတောင် တည်းခိုတဲ့လူတွေဟာ စင်္ကြန်လမ်းမှာ မီးအိမ်တစ်လုံးကိုင်ပြီး လမ်းလျှောက်နေတဲ့သူမက ိုမြင်တွေ့ရတယ်လို့ ပြောခဲ့ပြီး တစ်ချို့လူတွေကလည်း ဟိုတယ်မှာမီးတွေ ပွင့်လိုက်ပိတ်လိုက်ဖြစ်နေတာကို တွေ့ခဲ့တယ်လို့ ပြောခဲ့ကြပါတယ်။

(၆)The Queen Anne Hotel

San Franciso နိုင်ငံ၊The Queen Anne Hotel ဟာလည်းသရဲခြောက်တဲ့ဟိုတယ်တစ်ခုအဖြစ်နာမည်ကြီးခဲ့တာပဲဖြစ်ပါတယ်။မိန်းကလေးဘော်ဒါဆောင်နဲ့နေ့ကျောင်းအဖြစ်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၁၈၉၀မှာ ငွေရေးကြေးရေးပြဿနာကြောင့်ပိတ်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒါကိုဟိုတယ်အဖြစ်ပြောင်းလဲဖွင့်လှစ်ခဲ့တာပါ။ကျောင်းအုပ်ဆရာမတစ်ယောက်ဖြစ်တဲ့ Mary Lake ဆိုတဲ့အမျိုးသမီးကတော့ ကျောင်းကိုမစွန့်ခွာနိုင်ခဲ့ပါဘူး။သူမဟာ ငှားရမ်းနေထိုင်သူတွေကိုဂရုစိုက်ပေးနေတုန်းပါပဲ။တစ်ခါတစ်လေသူမရဲ့ခြေသံကိုကြားရပြီးပရိဘောဂပစ္စည်းတွေရွေ့လျားနေတာကိုမြင်ခဲ့ရပါတယ်လို့လူတွေကပြောကြပါတယ်။ညဘက်ဆိုရင်တစ်စုံတစ်ယောက်က အနီးအနားမှာရှိနေသလိုခံစားရတယ်လို့ပြောခဲ့ကြပါတယ်။

၇)The Pfister Hotel

Milwaukeeမြို့၊ The Pfister Hotel ကလည်းချန်ထားလို့မရပါဘူး။MLB ကစားသမားတွေက ပုံမှန်မဟုတ်တဲ့လှုပ်ရှားမှုတွေအကြောင်းပြောပြခဲ့ပါတယ်။တစ်စုံတစ်ယောက်ကအခန်းတံခါးကိုခေါက်နေတဲ့အချိန်မှာပဲ တီဗီနဲ့အဲကွန်းတွေကပိတ်လိုက်ဖွင့်လိုက်ဖြစ်နေခဲ့ပါတယ်တဲ့။ဘေ့စ်ဘောကစားသမား Adrian Beltre ဆိုသူက တစ်စုံတစ်ယောက်က သူ့ရဲ့အိပ်ရာနားမှာတဒုန်းဒုန်းထုနေသလိုဆူညံသံတွေကြားခဲ့ရတယ်လို့ပြောပြခဲ့ပါတယ်။

၈)The Battery Carriage House Inn

ကာရိုလိုင်းနားတောင်ပိုင်း၊Charlestonမြို့မှာရှိတဲ့ The Battery Carriage House Innကိုလည်းမေ့ထားလို့မရပါဘူး။၁၉၉၇ခုနှစ်တုန်းက အိမ်ပိုင်ရှင်ဟာငှားရမ်းသူတစ်ယောက်ဆီက ဖုန်းတစ်ကောလ်ကိုလက်ခံရရှိခဲ့ပါတယ်။သူက မျက်နှာလည်းမပါ၊ခန္ဓာကိုယ်ရင်တစ်ပိုင်းသာပါတဲ့အမျိုးသားတစ်ယောက်စင်္ကြၤန်လမ်းမှာလျှောက်နေတာမြင်တွေ့ခဲ့ရတယ်လို့ပြောခဲ့ပါတယ်။

၉)Bourbon Orleans Hotel

New Orleans မြို့မှာရှိတဲ့ဟိုတယ်ဟာလည်း သရဲခြောက်တယ်လို့နာမည်ကြီးခဲ့တဲ့ဟိုတယ်တစ်ခုပါ။အဝါရောင်အဖျားကူးစက်ရောဂါပျံ့ပွားတဲ့အချိန်တုန်းက ခရစ်ယာန်သီလရှင်ကျောင်းတစ်ခုအဖြစ်အသုံးပြုခဲ့တာဖြစ်ပါတယ်။ဟိုတယ်မှာငှားရမ်းနေထိုင်သူတွေက မကြာခဏဆိုသလို စင်္ကြန်လမ်းမှာဘောလုံးကစားနေတဲ့မိန်းကလေးတစ်ယောက်ရဲ့အသံကိုကြားရကြောင်းပြောပြခဲ့ပါတယ်။တကယ်တော့ ဘယ်မိန်းကလေးမှမရှိခဲ့ဘူးလို့သိရပါတယ်။

၁၀)Hotel Del Coronado

San Diegoမှာရှိတဲပ Hotel Del Coronado အကြောင်းကလည်းစိတ်ဝင်စားစရာပါပဲ။Kate Morgan ဟာ သူမရဲ့ခင်ပွန်းနဲ့အတူခရီးထွက်လာခဲ့ပါတယ်။တစ်ညမှာတော့သူမရဲ့ခင်ပွန်းအပြင်ထွက်သွားခဲ့ပြီးပြန်မလာခဲ့ပါဘူး။သူမက စောင့်နေခဲ့ပေမဲ့ တော်တော်ကြာတဲ့အထိမပေါ်လာခဲ့ပါဘူး။တစ်ပတ်လောက်ကြာတဲ့အခါမှာတော့ ကမ်းခြေကိုဆင်းတဲ့လှေကားနားမှာ လဲကျသေဆုံးနေတဲ့ Kate ကိုတွေ့ခဲ့ရပါတယ်။စုံစမ်းစစ်ဆေးချက်တွေအရ သူမမှာကိုယ်ဝန်ရှိနေတာကိုလည်း တွေ့ခဲ့ရပြီး သတ်သေခဲ့တာဖြစ်တယ်လို့ တွေ့ရှိရပါတယ်။လူအများစုကသူမကို ကမ်းခြေမှာလျှောက်သွားနေတာမြင်တွေ့ရပြီးတစ်ခါတစ်လေ ဟိုတယ်ပထမထပ်မှာမြင်တွေ့ရတယ်လို့ပြောခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top