ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အိမ္နီးခ်င္းႏုိင္ငံေတြကေန လၽွပ္စစ္ဓာတ္အားဝယ္ဖုိ႔ ေဆြးေႏြးေနတာေတြရွိတယ္လို႔ လၽွပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန လက္ေထာက္ အတြင္းဝန္ ဦးမင္းမင္းဦးကေျပာပါတယ္။

ေဖေဖာ္ဝါရီ ၁၁ ရက္က ေနျပည္ေတာ္ရွိ လၽွပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနမွာ ျပဳလုပ္တဲ့ သတင္းထုတ္ျပန္ပြဲအၿပီးမွာ မီဒီယာေတြရဲ႕ ေမးျမန္းခ်က္ေတြကို ျပန္လည္ေျဖဆိုတာပါ။

၂၀၃၀ ျပည့္ႏွစ္မွာ ျမန္မာတႏိုင္ငံလံုး မီးလင္းဖို႔အတြက္ ေဆာင္ရြက္ေနေပမယ့္ ေရအားနဲ႔ ေက်ာက္မီးေသြးကေန လၽွပ္စစ္ဓာတ္အား ထုတ္ဖို႔အတြက္ ကိစၥေတြမွာ ကန္႔ကြက္တာေတြ ရွိေနတာေၾကာင့္ ဒီလိုစိန္ေခၚမႈေတြကို ေျဖရွင္းႏိုင္ဖို႔ ျပည္ပကေန လၽွပ္စစ္ဓာတ္အားဝယ္ဖုိ႔ ေဆြးေႏြးေနတာေတြ ရွိတယ္လုိ႔ ဆိုပါတယ္။

ဦးမင္းမင္းဦးက “ဒီစိန္ေခၚမႈေတြကို ေက်ာ္လႊားႏုိင္ဖို႔ဆိုရင္ အခု ဘာေတြလုပ္ေနလည္းဆုိ ျပည္ပကေန ဓာတ္အား ဝယ္ယူဖုိ႔ ဥပမာ လာအုိတို႔၊ တ႐ုတ္တို႔၊ အိႏၵိယတုိ႔ကေနၿပီးေတာ့ က်ေနာ္တို႔ႏုိင္ငံကို ဓာတ္အားဝယ္ယူဖုိ႔ လာၿပီး ကမ္းလွမ္းတာေတြ ရွိတယ္။ အဲဒါေတြအေပၚမွာလည္း က်ေနာ္တို႔က အေတြ႔အႀကံဳ မရွိေသးတဲ့အတြက္ ေဆြးေႏြးေနတဲ့ အဆင့္ရွိတယ္” လို႔ ေျပာပါတယ္။

မၾကာခင္မွာ လာအိုနဲ႔ ဝယ္ယူဖုိ႔အတြက္ ေဆြးေႏြးဖို႔ MOU ထိုးသြားဖုိ႔ ရွိတယ္လို႔ ဆိုပါတယ္။ ျမန္မာႏုိင္ငံအေနနဲ႔ ျပည္ပကေန လၽွပ္စစ္ဓာတ္အားဝယ္တဲ့ အေလ့အထ မရွိတဲ့အတြက္ အေျခအေနအရပ္ရပ္ကို ေလ့လာေနၿပီး လက္ခံႏုိင္တဲ့ ႏႈန္းထားတခု ျဖစ္ပါက ဝယ္ယူျဖန္႔ျဖဴးသြားမယ္လို႔ သိရပါတယ္။

“အေသးစိတ္ေတြက အမ်ားႀကီး ရွိေသးတယ္။ ဟုိဘက္က ဓာတ္အားစနစ္နဲ႔ ဒီဘက္က ဓာတ္အားစနစ္တူညီမွ ဓာတ္အား ေရာင္းခ်လုိ႔ရတယ္။ တူညီေအာင္ ဘယ္လိုလုပ္ရမလဲ၊ နည္းပညာအရ ရွိတယ္။ ေနာက္ၿပီး ဘယ္ေလာက္ဝယ္ၿပီး ဘယ္ေလာက္ ျဖန္႔မွာလဲ၊ သူတုိ႔က ေရာင္းတဲ့ ဓာတ္အားကို ေဈးႏႈန္းက ဘယ္လို သတ္မွတ္မွာလဲ၊ ဒီအေရာက္ကို ဘယ္လို သတ္မွတ္မွာလဲ အဲဒါမ်ဳိးေတြ အမ်ားႀကီးရွိေသးတယ္။ လာအုိကေတာ့ အဓိက သူတို႔ဆီက ေရအားကေန ထုတ္တဲ့ဟာကို ေရာင္းခ်င္တာေပါ့ ” လို႔ ဦးမင္းမင္းဦးကဆိုပါတယ္။

လက္ရွိမွာေတာ့ တခ်ဳိ႕နယ္စပ္ေဒသေတြမွာေတာ့ အိမ္နီးခ်င္းႏုိင္ငံေတြကေန လၽွပ္စစ္ဓာတ္အား ျပန္ဝယ္ၿပီး အရင္ကတည္းကအသံုးျပဳမႈေတြရွိေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: dvb

# Unicode Version ဖြင့် ဖတ်ပါ #

အိမ်နီးချင်းနိုင်ငံတွေကနေ လျှပ်စစ်ဓာတ်အားဝယ်ဖို့ ဆွေးနွေးနေတာတွေရှိတယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးမင်းမင်းဦးကပြောပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်က နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ သတင်းထုတ်ပြန်ပွဲအပြီးမှာ မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို ပြန်လည်ဖြေဆိုတာပါ။

၂၀၃၀ ပြည့်နှစ်မှာ မြန်မာတနိုင်ငံလုံး မီးလင်းဖို့အတွက် ဆောင်ရွက်နေပေမယ့် ရေအားနဲ့ ကျောက်မီးသွေးကနေ လျှပ်စစ်ဓာတ်အား ထုတ်ဖို့အတွက် ကိစ္စတွေမှာ ကန့်ကွက်တာတွေ ရှိနေတာကြောင့် ဒီလိုစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ ပြည်ပကနေ လျှပ်စစ်ဓာတ်အားဝယ်ဖို့ ဆွေးနွေးနေတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဦးမင်းမင်းဦးက “ဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ဆိုရင် အခု ဘာတွေလုပ်နေလည်းဆို ပြည်ပကနေ ဓာတ်အား ဝယ်ယူဖို့ ဥပမာ လာအိုတို့၊ တရုတ်တို့၊ အိန္ဒိယတို့ကနေပြီးတော့ ကျနော်တို့နိုင်ငံကို ဓာတ်အားဝယ်ယူဖို့ လာပြီး ကမ်းလှမ်းတာတွေ ရှိတယ်။ အဲဒါတွေအပေါ်မှာလည်း ကျနော်တို့က အတွေ့အကြုံ မရှိသေးတဲ့အတွက် ဆွေးနွေးနေတဲ့ အဆင့်ရှိတယ်” လို့ ပြောပါတယ်။

မကြာခင်မှာ လာအိုနဲ့ ဝယ်ယူဖို့အတွက် ဆွေးနွေးဖို့ MOU ထိုးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြည်ပကနေ လျှပ်စစ်ဓာတ်အားဝယ်တဲ့ အလေ့အထ မရှိတဲ့အတွက် အခြေအနေအရပ်ရပ်ကို လေ့လာနေပြီး လက်ခံနိုင်တဲ့ နှုန်းထားတခု ဖြစ်ပါက ဝယ်ယူဖြန့်ဖြူးသွားမယ်လို့ သိရပါတယ်။

“အသေးစိတ်တွေက အများကြီး ရှိသေးတယ်။ ဟိုဘက်က ဓာတ်အားစနစ်နဲ့ ဒီဘက်က ဓာတ်အားစနစ်တူညီမှ ဓာတ်အား ရောင်းချလို့ရတယ်။ တူညီအောင် ဘယ်လိုလုပ်ရမလဲ၊ နည်းပညာအရ ရှိတယ်။ နောက်ပြီး ဘယ်လောက်ဝယ်ပြီး ဘယ်လောက် ဖြန့်မှာလဲ၊ သူတို့က ရောင်းတဲ့ ဓာတ်အားကို ဈေးနှုန်းက ဘယ်လို သတ်မှတ်မှာလဲ၊ ဒီအရောက်ကို ဘယ်လို သတ်မှတ်မှာလဲ အဲဒါမျိုးတွေ အများကြီးရှိသေးတယ်။ လာအိုကတော့ အဓိက သူတို့ဆီက ရေအားကနေ ထုတ်တဲ့ဟာကို ရောင်းချင်တာပေါ့ ” လို့ ဦးမင်းမင်းဦးကဆိုပါတယ်။

လက်ရှိမှာတော့ တချို့နယ်စပ်ဒေသတွေမှာတော့ အိမ်နီးချင်းနိုင်ငံတွေကနေ လျှပ်စစ်ဓာတ်အား ပြန်ဝယ်ပြီး အရင်ကတည်းကအသုံးပြုမှုတွေရှိနေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top