ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

“ဘားအံၿမိဳ႕နယ္အတြင္ တစ္ႏွစ္အ႐ြယ္ ႏြားမေလးအားလိင္ဆက္ဆံဟုဆိုကာ အမ်ိဳးသားတစ္ဦး အမႈဖြင့္ခံရ”ေမာင္ေမာင္ၿငိမ္း (ျမစ္မခ)ဘားအံ၊ ဇန္နဝါရီ ၈ ရက္။ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕၊ မင္းဇီေက်း႐ြာအုပ္စု၊ ကုလားစုေက်း႐ြာ၌ အိမ္ေမြးတစ္ႏွစ္အ႐ြယ္ ႏြားမေလးအား လိင္ဆက္ဆံခဲ့သည္ဟုဆိုကာ ႏြားပိုင္ရွင္၏ တိုင္ၾကားခ်က္အရ တစ္႐ြာတည္းေန အမ်ိဳးသားတစ္ဦးအား ဇန္နဝါရီ ၆ ရက္တြင္ ႏြားပိုင္ရွင္က အမႈဖြင့္သည္ကို စစ္ေဆးလ်က္ရွိေၾကာင္း ဘားအံၿမိဳ႕နယ္ စက္မႈဇုန္နယ္ေျမ ရဲစခန္းမွ သိရွိရသည္။

အဆိုပါ ႏြားမေလးအား လိင္ဆက္ဆံျခင္းကို ဇန္နဝါရီ ၅ ရက္ ည ၁၀း၀၀ နာရီခန႔္က ျပဳလုပ္ခဲ့သည္ဟု တိုင္တန္းခ်က္တြင္ ပါရွိသည္။“ကြၽန္မႏြားသုံးေကာင္ကို ညမိုးခ်ဳပ္ေတာ့ အိမ္ေအာက္မွာ ခ်ည္ထားတာပါ။ ည ၉ နာရီေက်ာ္ေက်ာ္မွာ ေဘးအိမ္ က ဦးေလးႀကီးက နင့္ႏြားဟိုၿခံေထာင့္မွာ ဘာျဖစ္ေနလဲမသိဘူး။

သြားၾကည့္ဦးဆိုေတာ့ ကြၽန္မ မသြားရဲလို႔ ေဘးအိမ္က ေကာင္ေလးကို ေခၚၿပီးသြားၾကည့္တာ။ ၿခံေထာင့္ဝါး႐ုံမွာ ႏြားမေလးေျခေထာက္ေတြကို ႀကိဳးနဲ႔ တုတ္ထားတယ္။ လည္ပင္းႀကိဳးက ဝါး႐ုံနဲ႔ခ်ည္ထားတယ္။

ဦးေလးတုႏုက သူျမင္လိုက္တာနဲ႔ ထင္ျမင္ခ်က္ ေျပာျပေတာ့ ႏြားကိုႀကိဳးေျဖ လူႀကီးအိမ္ဆြဲသြားၿပီး ကြၽန္မကတိုင္တာပါ။”ဟု ႏြားပိုင္ရွင္ ေဒၚမိစိန္က ေျပာသည္။အဆိုပါ ျဖစ္စဥ္၌ ျပစ္မႈက်ဴးလြန္ေၾကာင္း ယူဆရသူ၏ အိမ္ၿခံဝင္းအတြင္းဝိုင္းဝန္းရွာေဖြၾကရာ ႏြားစာထားသည့္ စင္ေပၚတြင္ တက္ေရာက္ပုန္းခိုေနသည့္ ကုလားပု ဆိုသူအား ေတြ႕ရွိၾကရၿပီး ေက်း႐ြာအုပ္ခ်ဳုပ္ေရးမႉးႏွင့္ အဖြဲ႕မွ သက္ေသမ်ားေရွ႕တြင္ ရွာေဖြစစ္ေဆးရာ ၎၏ ကိုယ္မွ လက္လုပ္ မပစၥည္းအတုတစ္ခု၊ အုန္းဆီဗူးေသး အျပာေရာင္တစ္ဘူးႏွင့္ ႏြားၿမီးမ်ားအား ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း သိရသည္။ကြၽန္ေတာ္တို႔႐ြာမွာ ခဏခဏဒီကိစၥျဖစ္ေနတာ။ ျဖစ္စဥ္တခ်ိဳ႕မွာ ျမင္လိုက္သိလိုက္သူေတြရွိေနတာပဲ၊ ဘယ္ လိုမွ မမိဘူး။ မမိေတာ့ မတားဆီးႏိုင္ခဲ့ဘူး။

႐ြာကလည္းေတာ္ေတာ္စိုးရိမ္ထိတ္လန႔္တယ္။ ဒီကိစၥ အခု ဒီျဖစ္ စဥ္မွာေတာ့ သတင္းအခ်က္အလက္အရသူရွိမယ့္ေနရာကို ဝိုင္းရွာၾကတယ္။ သူပုန္းတဲ့ေနရာမွာ ေျခေထာက္ကို လွမ္းျမင္ၿပီးေတြ႕တာ။ သူ႔မွာေခြၽးေတြ႐ႊဲေနတယ္။ ၿပီးေတာ့သက္ေသခံပစၥည္းေတြေတြ႕တယ္။ ေနာက္ေန႔မွာ ဆရာဝန္နဲ႔ ရဲကလာစစ္တယ္ ခုရဲစခန္းမွာ အမႈဖြင့္ထားပါတယ္။”ဟု ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးက ေျပာသည္။

ယင္းကိစၥအား အမႈဖြင့္အေရးယူထားသည့္ စက္မႈဇုန္နယ္ေျမရဲစခန္း အမႈစစ္အရာရွိ၏ ေျပာၾကားခ်က္အရ ကုလားပု(၃၁)ႏွစ္အား စစ္ေဆးေနဆဲျဖစ္ကာ စစ္ေဆးေတြ႕ရွိခ်က္မ်ားအရ စိတ္ပိုင္းဆိုင္ရာထူးျခားမႈျဖစ္စဥ္ မေတြ႕ရွိရေၾကာင္း သိရသည္။အခင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ ႏြားပိုင္ရွင္ ေဒၚမိစိန္၏ တိုင္ၾကားခ်က္အရ ႏြားမေလးကို ဓမၼတာဆန႔္က်င္ လိင္ဆက္ဆံမႈျပဳခဲ့သည့္ ကုလားပုအား ဘားအံၿမိဳ႕နယ္၊ စက္မႈဇုန္နယ္ေျမရဲစခန္းတြင္ (ပ)၁/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၇၇ ျဖင့္ အမႈဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: hotnew

# Unicode Version ျဖင့္ ဖတ္ပါ #
“ဘားအံမြို့နယ်အတွင် တစ်နှစ်အရွယ် နွားမလေးအားလိင်ဆက်ဆံဟုဆိုကာ အမျိုးသားတစ်ဦး အမှုဖွင့်ခံရ”မောင်မောင်ငြိမ်း (မြစ်မခ)ဘားအံ၊ ဇန်နဝါရီ ၈ ရက်။ကရင်ပြည်နယ်၊ ဘားအံမြို့၊ မင်းဇီကျေးရွာအုပ်စု၊ ကုလားစုကျေးရွာ၌ အိမ်မွေးတစ်နှစ်အရွယ် နွားမလေးအား လိင်ဆက်ဆံခဲ့သည်ဟုဆိုကာ နွားပိုင်ရှင်၏ တိုင်ကြားချက်အရ တစ်ရွာတည်းနေ အမျိုးသားတစ်ဦးအား ဇန်နဝါရီ ၆ ရက်တွင် နွားပိုင်ရှင်က အမှုဖွင့်သည်ကို စစ်ဆေးလျက်ရှိကြောင်း ဘားအံမြို့နယ် စက်မှုဇုန်နယ်မြေ ရဲစခန်းမှ သိရှိရသည်။

အဆိုပါ နွားမလေးအား လိင်ဆက်ဆံခြင်းကို ဇန်နဝါရီ ၅ ရက် ည ၁၀း၀၀ နာရီခန့်က ပြုလုပ်ခဲ့သည်ဟု တိုင်တန်းချက်တွင် ပါရှိသည်။“ကျွန်မနွားသုံးကောင်ကို ညမိုးချုပ်တော့ အိမ်အောက်မှာ ချည်ထားတာပါ။ ည ၉ နာရီကျော်ကျော်မှာ ဘေးအိမ် က ဦးလေးကြီးက နင့်နွားဟိုခြံထောင့်မှာ ဘာဖြစ်နေလဲမသိဘူး။

သွားကြည့်ဦးဆိုတော့ ကျွန်မ မသွားရဲလို့ ဘေးအိမ်က ကောင်လေးကို ခေါ်ပြီးသွားကြည့်တာ။ ခြံထောင့်ဝါးရုံမှာ နွားမလေးခြေထောက်တွေကို ကြိုးနဲ့ တုတ်ထားတယ်။ လည်ပင်းကြိုးက ဝါးရုံနဲ့ချည်ထားတယ်။

ဦးလေးတုနုက သူမြင်လိုက်တာနဲ့ ထင်မြင်ချက် ပြောပြတော့ နွားကိုကြိုးဖြေ လူကြီးအိမ်ဆွဲသွားပြီး ကျွန်မကတိုင်တာပါ။”ဟု နွားပိုင်ရှင် ဒေါ်မိစိန်က ပြောသည်။အဆိုပါ ဖြစ်စဉ်၌ ပြစ်မှုကျူးလွန်ကြောင်း ယူဆရသူ၏ အိမ်ခြံဝင်းအတွင်းဝိုင်းဝန်းရှာဖွေကြရာ နွားစာထားသည့် စင်ပေါ်တွင် တက်ရောက်ပုန်းခိုနေသည့် ကုလားပု ဆိုသူအား တွေ့ရှိကြရပြီး ကျေးရွာအုပ်ချုုပ်ရေးမှူးနှင့် အဖွဲ့မှ သက်သေများရှေ့တွင် ရှာဖွေစစ်ဆေးရာ ၎င်း၏ ကိုယ်မှ လက်လုပ် မပစ္စည်းအတုတစ်ခု၊ အုန်းဆီဗူးသေး အပြာရောင်တစ်ဘူးနှင့် နွားမြီးများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ကျွန်တော်တို့ရွာမှာ ခဏခဏဒီကိစ္စဖြစ်နေတာ။ ဖြစ်စဉ်တချို့မှာ မြင်လိုက်သိလိုက်သူတွေရှိနေတာပဲ၊ ဘယ် လိုမှ မမိဘူး။ မမိတော့ မတားဆီးနိုင်ခဲ့ဘူး။

ရွာကလည်းတော်တော်စိုးရိမ်ထိတ်လန့်တယ်။ ဒီကိစ္စ အခု ဒီဖြစ် စဉ်မှာတော့ သတင်းအချက်အလက်အရသူရှိမယ့်နေရာကို ဝိုင်းရှာကြတယ်။ သူပုန်းတဲ့နေရာမှာ ခြေထောက်ကို လှမ်းမြင်ပြီးတွေ့တာ။ သူ့မှာချွေးတွေရွှဲနေတယ်။ ပြီးတော့သက်သေခံပစ္စည်းတွေတွေ့တယ်။ နောက်နေ့မှာ ဆရာဝန်နဲ့ ရဲကလာစစ်တယ် ခုရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။”ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ယင်းကိစ္စအား အမှုဖွင့်အရေးယူထားသည့် စက်မှုဇုန်နယ်မြေရဲစခန်း အမှုစစ်အရာရှိ၏ ပြောကြားချက်အရ ကုလားပု(၃၁)နှစ်အား စစ်ဆေးနေဆဲဖြစ်ကာ စစ်ဆေးတွေ့ရှိချက်များအရ စိတ်ပိုင်းဆိုင်ရာထူးခြားမှုဖြစ်စဉ် မတွေ့ရှိရကြောင်း သိရသည်။အခင်းဖြစ်စဉ်နှင့် ပတ်သက်၍ နွားပိုင်ရှင် ဒေါ်မိစိန်၏ တိုင်ကြားချက်အရ နွားမလေးကို ဓမ္မတာဆန့်ကျင် လိင်ဆက်ဆံမှုပြုခဲ့သည့် ကုလားပုအား ဘားအံမြို့နယ်၊ စက်မှုဇုန်နယ်မြေရဲစခန်းတွင် (ပ)၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: hotnew
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top