ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ကြင္းလယ္ကစားသမား ဂ်က္စီလင္ဂတ္ဟာ တြစ္တာမွာ ျပဳလုပ္ခဲ့တဲ့ တစ္လတာအေကာင္းဆံုး ကစားသမားဆုအတြက္ မဲေပးေရြးခ်ယ္မႈမွာ မဲအျပတ္အသတ္နဲ႔အႏုိင္ရရွိၿပီး မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕တစ္လတာ အေကာင္းဆံုးကစားသမားဆုကို ရရွိသြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာလအတြင္းမွာ အေကာင္းဆံုးေျခစြမ္းျပသၿပီး အသင္းအတြက္ ဂိုးေတြသြင္းယူေပးႏုိင္ခဲ့တဲ့ ဂ်က္စီလင္ဂတ္ဟာ အာဆင္နယ္ အသင္းကို အႏုိင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ၂ ဂိုးအထိ သြင္းယူေပးခဲ့တဲ့ကစားသမားျဖစ္ပါတယ္။ လင္ဂတ္ဟာ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ေနာက္ဆံုး ၉ ပြဲမွာ ၇ ဂိုး သြင္းယူေပးထားၿပီး ဘန္ေလအသင္းနဲ႔ တစ္ဖက္ ၂ ဂိုးစီသေရက်ခဲ့တဲ့ပြဲစဥ္မွာလည္း လင္ဂတ္ရဲ႕သြင္းဂိုး ၂ ဂိုးေၾကာင့္သာ သေရတစ္မွတ္ ရယူႏုိင္ခဲ့တာျဖစ္ပါတယ္။

ဂ်က္စီလင္ဂတ္ရဲ႕ေျခစြမ္းပိုင္းနဲ႔ပတ္သက္ၿပီး နည္းျပ ေမာ္ရင္ဟုိကလည္း အဲဗာတန္အသင္းကို အႏုိင္ရရွိခဲ့တဲ့ပြဲစဥ္အၿပီးမွာ ခ်ီးက်ဴးစကား ေျပာဆုိသြားခဲ့ပါတယ္။

"အရမ္းေတာ္တဲ့ ကစားသမားတစ္ေယာက္ပါ။ သူက အသင္းနဲ႔ပိုၿပီး အံဝင္ခြင္က်ျဖစ္လာပါၿပီ။ ေနရာအလုိက္ အလုိက္သင့္လည္း ကစားႏုိင္လာပါၿပီ။ ပြဲစဥ္ကိုလည္း ပိုၿပီးေကာင္းေကာင္း နားလည္လာပါၿပီ။ မတူညီတဲ့ေနရာေတြနဲ႔ ကစားရတဲ့ေနရာအလုိက္ သိရမယ့္ဟာေတြကိုလည္း သူ နားလည္လာပါၿပီ။ ဒီအတုိင္းဆုိ သူ႔ရဲ႕ဦးတည္ခ်က္က ေတာ္ေတာ္ေလးေကာင္းေနၿပီလုိ႔ ကၽြန္ေတာ္ ထင္ပါတယ္"လို႔ ေျပာၾကားခဲ့ပါတယ္။

Source & Photos: MNU

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကစားသမား ဂျက်စီလင်ဂတ်ဟာ တွစ်တာမှာ ပြုလုပ်ခဲ့တဲ့ တစ်လတာအကောင်းဆုံး ကစားသမားဆုအတွက် မဲပေးရွေးချယ်မှုမှာ မဲအပြတ်အသတ်နဲ့အနိုင်ရရှိပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့တစ်လတာ အကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ အကောင်းဆုံးခြေစွမ်းပြသပြီး အသင်းအတွက် ဂိုးတွေသွင်းယူပေးနိုင်ခဲ့တဲ့ ဂျက်စီလင်ဂတ်ဟာ အာဆင်နယ် အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ၂ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ လင်ဂတ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ဆုံး ၉ ပွဲမှာ ၇ ဂိုး သွင်းယူပေးထားပြီး ဘန်လေအသင်းနဲ့ တစ်ဖက် ၂ ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာလည်း လင်ဂတ်ရဲ့သွင်းဂိုး ၂ ဂိုးကြောင့်သာ သရေတစ်မှတ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဂျက်စီလင်ဂတ်ရဲ့ခြေစွမ်းပိုင်းနဲ့ပတ်သက်ပြီး နည်းပြ မော်ရင်ဟိုကလည်း အဲဗာတန်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ချီးကျူးစကား ပြောဆိုသွားခဲ့ပါတယ်။

"အရမ်းတော်တဲ့ ကစားသမားတစ်ယောက်ပါ။ သူက အသင်းနဲ့ပိုပြီး အံဝင်ခွင်ကျဖြစ်လာပါပြီ။ နေရာအလိုက် အလိုက်သင့်လည်း ကစားနိုင်လာပါပြီ။ ပွဲစဉ်ကိုလည်း ပိုပြီးကောင်းကောင်း နားလည်လာပါပြီ။ မတူညီတဲ့နေရာတွေနဲ့ ကစားရတဲ့နေရာအလိုက် သိရမယ့်ဟာတွေကိုလည်း သူ နားလည်လာပါပြီ။ ဒီအတိုင်းဆို သူ့ရဲ့ဦးတည်ချက်က တော်တော်လေးကောင်းနေပြီလို့ ကျွန်တော် ထင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: MNU


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top