iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ရဲ႕ အသည္းကို အလုပ္ေတြ ေတာ္ေတာ္ေပးမိေနၿပီဆိုရင္ေတာ့ သူဟာ အလြန္ပဲ ပင္ပန္းႏြမ္းနယ္ ေနေလာက္ပါၿပီ။ ဂရုမစိုက္မိဘဲ ပစ္ထားခဲ့သမွ် စုၿပံဳ ခံရရင္ မသက္မသာ ျဖစ္ကုန္ပါလိမ့္မယ္။ အခုကစၿပီး သင့္ရဲ႕ အသည္းကို ဂရုစိုက္ၿပီး အာဟာရျဖစ္ေစမယ့္ အရာေတြကို စားေပးလုိက္ပါ။ အသည္းေလး ပံုမွန္ အလုပ္လုပ္ေစၿပီး အာဟာရျဖစ္ေနတာမို႔ သင့္ကို ျပန္ဂရုစိုုက္ပါလိမ့္မယ္။ အသည္းက်န္းမာေစဖို႔ စားရမယ့္ အစားအစာေတြကေတာ့

၁။ ဂရိတ္ဖရုသီး

ဂရိတ္ဖရုသီးကို အရည္ညွစ္ၿပီး တစ္ေန႔ကို တစ္ခြက္ ေသာက္ေပးပါ။ ဗီတာမင္စီနဲ႔ အင္တီေအာက္ဆီးဒင့္ေတြ ၾကြယ္၀စြာ ပါ၀င္တဲ့အတြက္ အသည္းမွာ ရွိတ့ဲ အဆိပ္ေတြကို ေကာင္းေကာင္း ဖယ္ရွားေပးပါလိမ့္မယ္။ ကိုယ္အေလးခ်ိန္ ခ်ေစဖို႔ အတြက္လည္း အသံုး၀င္ေစပါတယ္။

၂။ မုန္လာဥ

မုန္လာဥအျဖဴေရာ အနီေရာ စားလို႔ရပါတယ္။ အခ်ိဳ႕ အသည္းေရာင္သူေတြဆိုရင္ မုန္လာဥအျဖဴ အရည္ကို ေသာက္ၾကပါတယ္။

၃။ အစိမ္းေရာင္ရင့္ အသီးအရြက္မ်ား

ဟင္းႏုႏြယ္နဲ႔ ဆလပ္ရြက္ေတြလိုမ်ိဳး အစိမ္းရင့္ေရာင္ အသီးအရြက္ေတြကို စားေပးျခင္းဟာ အသည္းကို ေကာင္းမြန္ေစတဲ့ အျပင္ အျခား က်န္းမာေရး အက်ိဳးေက်းဇူးေတြကိုပါ ရေစႏုိင္ပါတယ္။

၄။ ေထာပတ္သီး

ေထာပတ္သီးမွာ ပါတဲ့ အင္တီေအာက္ဆီးဒင့္ဟာ အသည္းထဲမွာ ရွိေနတဲ့ အဆိပ္ေတြကို ထုတ္ေပးႏိုင္စြမ္း ရွိၿပီး အသည္းထဲကို ေရာက္မယ့္ မလိုလားအပ္တဲ့ အရာေတြကိုလည္း တားဆီးေပးႏုိင္ပါတယ္။
၅။ သစ္ၾကားေစ့

အေစ့အဆန္ေတြဟာ အသည္းကို ေကာင္းမြန္ေစပါတယ္။ အထူးသျဖင့္ သစ္ၾကားေစ့ပါ။ အိုမာဂါ၃ အက္ဆစ္ပါ၀င္တာေၾကာင့္ အသည္း သန္႔ရွင္းေစဖို႔ ကူညီေပးႏုိင္ပါတယ္။

Source: zeenews
ဖိုးသူေတာ္ (www.phothutaw.com)
Credit: mystyle
#Unicode Version#

သင့်ရဲ့ အသည်းကို အလုပ်တွေ တော်တော်ပေးမိနေပြီဆိုရင်တော့ သူဟာ အလွန်ပဲ ပင်ပန်းနွမ်းနယ် နေလောက်ပါပြီ။ ဂရုမစိုက်မိဘဲ ပစ်ထားခဲ့သမျှ စုပြုံ ခံရရင် မသက်မသာ ဖြစ်ကုန်ပါလိမ့်မယ်။ အခုကစပြီး သင့်ရဲ့ အသည်းကို ဂရုစိုက်ပြီး အာဟာရဖြစ်စေမယ့် အရာတွေကို စားပေးလိုက်ပါ။ အသည်းလေး ပုံမှန် အလုပ်လုပ်စေပြီး အာဟာရဖြစ်နေတာမို့ သင့်ကို ပြန်ဂရုစိုုက်ပါလိမ့်မယ်။ အသည်းကျန်းမာစေဖို့ စားရမယ့် အစားအစာတွေကတော့

၁။ ဂရိတ်ဖရုသီး

ဂရိတ်ဖရုသီးကို အရည်ညှစ်ပြီး တစ်နေ့ကို တစ်ခွက် သောက်ပေးပါ။ ဗီတာမင်စီနဲ့ အင်တီအောက်ဆီးဒင့်တွေ ကြွယ်ဝစွာ ပါဝင်တဲ့အတွက် အသည်းမှာ ရှိတဲ့ အဆိပ်တွေကို ကောင်းကောင်း ဖယ်ရှားပေးပါလိမ့်မယ်။ ကိုယ်အလေးချိန် ချစေဖို့ အတွက်လည်း အသုံးဝင်စေပါတယ်။

၂။ မုန်လာဥ

မုန်လာဥအဖြူရော အနီရော စားလို့ရပါတယ်။ အချို့ အသည်းရောင်သူတွေဆိုရင် မုန်လာဥအဖြူ အရည်ကို သောက်ကြပါတယ်။

၃။ အစိမ်းရောင်ရင့် အသီးအရွက်များ

ဟင်းနုနွယ်နဲ့ ဆလပ်ရွက်တွေလိုမျိုး အစိမ်းရင့်ရောင် အသီးအရွက်တွေကို စားပေးခြင်းဟာ အသည်းကို ကောင်းမွန်စေတဲ့ အပြင် အခြား ကျန်းမာရေး အကျိုးကျေးဇူးတွေကိုပါ ရစေနိုင်ပါတယ်။

၄။ ထောပတ်သီး

ထောပတ်သီးမှာ ပါတဲ့ အင်တီအောက်ဆီးဒင့်ဟာ အသည်းထဲမှာ ရှိနေတဲ့ အဆိပ်တွေကို ထုတ်ပေးနိုင်စွမ်း ရှိပြီး အသည်းထဲကို ရောက်မယ့် မလိုလားအပ်တဲ့ အရာတွေကိုလည်း တားဆီးပေးနိုင်ပါတယ်။
၅။ သစ်ကြားစေ့

အစေ့အဆန်တွေဟာ အသည်းကို ကောင်းမွန်စေပါတယ်။ အထူးသဖြင့် သစ်ကြားစေ့ပါ။ အိုမာဂါ၃ အက်ဆစ်ပါဝင်တာကြောင့် အသည်း သန့်ရှင်းစေဖို့ ကူညီပေးနိုင်ပါတယ်။

Source: zeenews

ဖိုးသူတော် (www.phothutaw.com)
Credit: mystyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top