ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ခရီးသြားရတာ ႀကိဳက္လားရွင့္။ တစ္ေယာက္တည္းေကာ ခရီးသြားဖူးလား။ ခရီးသြားတဲ့အခါ တစ္ေယာက္တည္း ဘာလို႔ခရီးသြားသင့္သလဲဆိုတဲ့ အခ်က္ေတြကို မွ်ေ၀ေပးခ်င္ပါတယ္။

၁။ သင့္ရဲ့ ကိုယ္ပိုင္အခ်ိန္ေတြနဲ႔ သင့္စိတ္ေတြကို ရွင္းလင္းေစဖို႔

ကၽြန္မတို႔ ဘ၀တေလွ်ာက္လံုးမွာ အလုပ္၊ ေက်ာင္း၊ မိသားစု၊ မိတ္ေဆြ သူငယ္ခ်င္းေတြနဲ႔ အခ်ိန္ျဖဳန္းရင္း ကုန္ဆံုးေနရပါတယ္။ အဲဒီအတြက္ ကိုယ့္တကိုယ္ရည္ သီးသန္႔ကာလကို အခ်ိန္ကုန္ဆံုးဖို႔လည္းလိုအပ္ပါတယ္။ တစ္ေန႔ကို ေရ ၁၀ မိနစ္ေလာက္ တစ္ေယာက္တည္း ခ်ိဳးေနရံုနဲ႔ မလံုေလာက္ေသးပါဘူး။ တစ္ေယာက္တည္း ခရီးသြားဖို႔ လိုအပ္ပါတယ္။ သင့္တစ္ေယာက္တည္း အခ်ိန္ေတြကို ကုန္ဆံုးႏိုင္မွာျဖစ္ၿပီး သင့္စိတ္ေတြကိုလည္း အေကာင္းဆံုး ရွင္းထုတ္ေပးႏိုင္မွာျဖစ္ပါတယ္။

၂။ သင့္ခရီးစဥ္ကို ကိုယ္တိုင္ စီမံတတ္ဖို႔

ခရီးစဥ္တစ္ခုကို သူငယ္ခ်င္းေတြနဲ႔ အတူတူ သြားတာထက္ တစ္ေယာက္တည္းသြားရင္ ဘယ္အခ်ိန္ထမယ္၊ ဘယ္မွာစားမယ္၊ ဘယ္ေတြသြားမယ္ စသျဖင့္ ကိုယ့္စိတ္ႀကိဳက္ စီမံလို႔ရၿပီး သင့္ရဲ့ ခရီးစဥ္တစ္ေလွ်ာက္လံုးကို သင္ကိုယ္ တိုင္စီမံတတ္သြားမွာျဖစ္ပါတယ္။

၃။ လူသစ္ေတြ အေတြ႔အႀကံဳသစ္ေတြရဖို႔

ခရီးသြားျခင္းရဲ့ အဓိကရည္ရြယ္ခ်က္ကေတာ့ အေတြ႕အႀကံဳသစ္ေတြ ေနရာသစ္မွာ လူသစ္ေတြနဲ႔ ေတြ႔ဆံုႏိုင္ဖုိ႔႔ပါပဲ။ ခရီးကို တစ္ေယာက္တည္းသြားတဲ့ အဲဒီအေတြ႔အႀကံဳသစ္ေတြကို သင္အျပည့္အ၀ ရရွိေစမွာျဖစ္ပါတယ္။

၄။ အေတြ႕အႀကံဳဆိုတဲ့ အဓိပၸာယ္ကို ပိုမိုနားလည္သြားမယ္။

ခရီးသြားတာကေန ရရွိလာတဲ့ အေတြ႕အႀကံဳေတြအေၾကာင္း သင္ပိုပီး နားလည္သြားမယ္။ သင့္ရဲ့ မေမ့ႏိုင္တဲ့ ခရီးစဥ္အေၾကာင္းကို ျပန္ေျပာင္းေအာက္ေမ့ေျပာၾကားရင္ အဲဒီခရီးစဥ္က သင့္အတြက္ ပိုၿပီး အဓိပၸာယ္ရွိေနမွာေသခ်ပါတယ္။

၅။ ကိုယ့္ကိုကိုယ္ ယံုၾကည္မႈကို ျမင့္တင္ဖို႔။

တစ္ေယာက္တည္း ခရီးသြားတဲ့အခါ တျခားသူေတြရဲ့ ေထာက္ခံခ်က္ေတြ၊ ေစာဒက တက္မႈေတြအတြက္ စိုးရိမ္စရာမလိုဘဲ သင့္ကိုယ္ပိုင္ဆံုးျဖတ္ခ်က္နဲ႔မို႔ သင့္ကိုယ္သင္ ယံုၾကည္မႈ ပိုရွိလာေစမွာျဖစ္ပါတယ္။ ငါတစ္ေယာက္တည္းလည္း လုပ္ႏိုင္တယ္ဆိုတဲ့ ယံုၾကည္မႈေတြရရွိလာမွာျဖစ္ၿပီး သင္ဟာ ေအာင္ျမင္ေအာင္လုပ္ႏိုင္တဲ့ သူတစ္ေယာက္ျဖစ္တယ္ဆိုတဲ့ ယံုၾကည္မႈေတြတိုးလာေစမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mystylemyanmar

#Unicode Version#
ခရီးသွားရတာ ကြိုက်လားရှင့်။ တစ်ယောက်တည်းကော ခရီးသွားဖူးလား။ ခရီးသွားတဲ့အခါ တစ်ယောက်တည်း ဘာလို့ခရီးသွားသင့်သလဲဆိုတဲ့ အချက်တွေကို မျှဝေပေးချင်ပါတယ်။

၁။ သင့်ရဲ့ ကိုယ်ပိုင်အချိန်တွေနဲ့ သင့်စိတ်တွေကို ရှင်းလင်းစေဖို့

ကျွန်မတို့ ဘဝတလျှောက်လုံးမှာ အလုပ်၊ ကျောင်း၊ မိသားစု၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းရင်း ကုန်ဆုံးနေရပါတယ်။ အဲဒီအတွက် ကိုယ့်တကိုယ်ရည် သီးသန့်ကာလကို အချိန်ကုန်ဆုံးဖို့လည်းလိုအပ်ပါတယ်။ တစ်နေ့ကို ရေ ၁၀ မိနစ်လောက် တစ်ယောက်တည်း ချိုးနေရုံနဲ့ မလုံလောက်သေးပါဘူး။ တစ်ယောက်တည်း ခရီးသွားဖို့ လိုအပ်ပါတယ်။ သင့်တစ်ယောက်တည်း အချိန်တွေကို ကုန်ဆုံးနိုင်မှာဖြစ်ပြီး သင့်စိတ်တွေကိုလည်း အကောင်းဆုံး ရှင်းထုတ်ပေးနိုင်မှာဖြစ်ပါတယ်။

၂။ သင့်ခရီးစဉ်ကို ကိုယ်တိုင် စီမံတတ်ဖို့

ခရီးစဉ်တစ်ခုကို သူငယ်ချင်းတွေနဲ့ အတူတူ သွားတာထက် တစ်ယောက်တည်းသွားရင် ဘယ်အချိန်ထမယ်၊ ဘယ်မှာစားမယ်၊ ဘယ်တွေသွားမယ် စသဖြင့် ကိုယ့်စိတ်ကြိုက် စီမံလို့ရပြီး သင့်ရဲ့ ခရီးစဉ်တစ်လျှောက်လုံးကို သင်ကိုယ် တိုင်စီမံတတ်သွားမှာဖြစ်ပါတယ်။

၃။ လူသစ်တွေ အတွေ့အကြုံသစ်တွေရဖို့

ခရီးသွားခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ အတွေ့အကြုံသစ်တွေ နေရာသစ်မှာ လူသစ်တွေနဲ့ တွေ့ဆုံနိုင်ဖို့ပါပဲ။ ခရီးကို တစ်ယောက်တည်းသွားတဲ့ အဲဒီအတွေ့အကြုံသစ်တွေကို သင်အပြည့်အ၀ ရရှိစေမှာဖြစ်ပါတယ်။

၄။ အတွေ့အကြုံဆိုတဲ့ အဓိပ္ပာယ်ကို ပိုမိုနားလည်သွားမယ်။

ခရီးသွားတာကနေ ရရှိလာတဲ့ အတွေ့အကြုံတွေအကြောင်း သင်ပိုပီး နားလည်သွားမယ်။ သင့်ရဲ့ မမေ့နိုင်တဲ့ ခရီးစဉ်အကြောင်းကို ပြန်ပြောင်းအောက်မေ့ပြောကြားရင် အဲဒီခရီးစဉ်က သင့်အတွက် ပိုပြီး အဓိပ္ပာယ်ရှိနေမှာသေချပါတယ်။

၅။ ကိုယ့်ကိုကိုယ် ယုံကြည်မှုကို မြင့်တင်ဖို့။

တစ်ယောက်တည်း ခရီးသွားတဲ့အခါ တခြားသူတွေရဲ့ ထောက်ခံချက်တွေ၊ စောဒက တက်မှုတွေအတွက် စိုးရိမ်စရာမလိုဘဲ သင့်ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့မို့ သင့်ကိုယ်သင် ယုံကြည်မှု ပိုရှိလာစေမှာဖြစ်ပါတယ်။ ငါတစ်ယောက်တည်းလည်း လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုတွေရရှိလာမှာဖြစ်ပြီး သင်ဟာ အောင်မြင်အောင်လုပ်နိုင်တဲ့ သူတစ်ယောက်ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုတွေတိုးလာစေမှာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit: Mystylemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top