န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ကမာၻေက်ာ္ ကားကုမၸဏီျဖစ္တဲ့ ေပၚေရွးကုမၸဏီဟာ ၉၀ႏွစ္ေတြတုန္းက Porsche 550 ဆုိတဲ့ အလန္းစားကားေမာ္ဒယ္ကိုထုတ္ခဲ့ပါတယ္။ ဒီကားကုိ ကမာၻေက်ာ္ ေဟာလိ၀ုဒ္မင္းသား James Dean က ၀ယ္စီးခဲ့ပါတယ္။ သူဟာ ကားခေရစီတစ္ေယာက္ျဖစ္သလုိ ကားေမာင္း အလြန္ကြ်မ္းက်င္သူလည္းျဖစ္ပါတယ္။ သူ႔ရဲ႕ကားနံပါတ္က ၁၃၀ ျဖစ္ၿပီး little bastard လုိ႔နာမည္ေပးထားပါတယ္။ James Dean ရဲ႕ ကားကိုျမင္သြားတဲ့ သူ႔မိတ္ေဆြသရုပ္ေဆာင္တစ္ဦးျဖစ္သူ Alec Gunness က ကားကုိၾကည့္ၿပီးနိမိတ္မေကာင္းသလုိ ခံစားရေၾကာင္း ၊ ဆက္စီးရင္ ၁ပတ္အတြင္းေသႏုိင္ေၾကာင္း ၊ ဆက္မစီးဖို႔ တားပါတယ္။ James Dean က လက္မခံခဲ့ပါဘူး။ ေနာက္တစ္ပတ္တိတိအၾကာမွာပဲ အဲဒီကားနဲ႔ အက္ဆီးဒင့္စ္ျဖစ္ကာ James Dean ေသဆုံးခဲ့ပါတယ္။

James Dean ေသဆုံးမႈကလည္း ထူဆန္းပါတယ္။ မ်က္ႏွာခ်င္းဆုိင္က ကားတစ္စီးကို မုိင္ ၈၀ႏႈန္းအရွိန္နဲ႔တုိက္ၿပီး ေသဆုံးခဲ့တာပါ။ ကြ်မ္းက်င္သူမ်ားရဲ႕ေျပာၾကားခ်က္အရ James Dean ဟာ ကားကုိျမင္ကတည္းက ေရွာင္လုိ႔ရတဲ့အကြာေ၀းမွာရွိတယ္လုိ႔ ဆုိပါတယ္။ ကားေမာင္းအလြန္ကြ်မ္းက်င္တဲ့ James Dean ဘာလုိ႔ေရွာင္လုိ႔ မရခဲ့သလဲ ဆုိတာကေတာ့ သူကုိယ္တုိင္ပဲ သိပါလိမ့္မယ္။

James Dean မိတ္ေဆြတစ္ေယာက္ဟာ အဲဒီကားကုိ ျပန္ေရာင္းဖုိ႔အတြက္ ၀ပ္ေရွာ့တစ္ခုကိုအပ္ခဲ့ပါတယ္။ ျပင္ေနစဥ္မွာပဲ အလုပ္သမားတစ္ေယာက္ေပၚကို ကားျပဳတ္က်ၿပီးေျခေထာက္က်ဳိးသြာပါတယ္။ အဲဒီကားကို ေဒါက္တာႏွစ္ေယာက္ျဖစ္တဲ့ Troy MacHenry နဲ႔ William Eschrid က ျပန္လည္၀ယ္ယူခဲ့ပါတယ္။ ကား၀ယ္ၿပီး မၾကာမီမွာပဲ MacHenry အသတ္ခံရကာ Eschrid က မေသရုံတမယ္ အျပင္းအထန္ဒါဏ္ရာ ရခဲ့ပါတယ္။ ဒီျဖစ္ရပ္ေၾကာင့္ James Dean ေသဆုံးမႈတည္းက နာမည္ႀကီးခဲ့တဲ့ဒီကားဟာ ပုိၿပီးနာမည္ႀကီးလာခဲ့ပါတယ္။

အဲဒီေနာက္ ကယ္လီဖိုးနီးယား Highway patrol မွ ျပဳလုပ္တဲ့ ယာဥ္စည္းကမ္း လမ္းစည္းကမ္းျပပြဲမွာ ျပသခဲ့ပါတယ္။ ျပပြဲအတြင္းမွာပဲ little bastard ကားကိုထည့္ထားတဲ့ ဂိုေဒါင္ဟာမီးေလာင္ၿပီးေနာက္ ျပပြဲပ်က္သြားခဲ့ပါတယ္။ အေဆာက္အဦးေလာင္သြားခဲ့ေပမယ့္ မီးက ကားကုိေတာ့မေလာင္ခဲ့တာကေတာ့ ထူးဆန္းပါတယ္။ ဒီကားကုိ အထူးအဆန္းအေနနဲ႔ အထက္တန္းေက်ာင္းတစ္ခုမွာျပသခဲ့ပါတယ္။

ျပသေနစဥ္မွာပဲ ကားတင္တဲ့စင္က်ဳိးက်ကာ ေက်ာင္းသားတစ္ေယာက္ကို အျပင္းအထန္ထိခုိက္ကာ တင္ပဆုံရုိးက်ဳိးသြားခဲ့ပါတယ္။ အဲဒီကားကုိ ထရပ္ကားတစ္စီးနဲ႔ သယ္ေဆာင္သြားခဲ့ပါတယ္။ အဲဒီကားေမာင္းတဲ့ဒရုိက္ဘာဟာ ေမာင္းေနစဥ္မွာပဲ ကားထဲက ထြက္က်ကာ သူေမာင္းလာတဲ့ထရပ္ကားရဲ႕ ႀကိတ္ျခင္းကုိ ခံရၿပီးေသဆုံးခဲ့ျပန္ပါတယ္။ ေနာက္လူတစ္ေယာက္ထပ္၀ယ္ပါတယ္။ အဲဒီလူေမာင္းေနစဥ္မွာပဲ ကားဘီးႏွစ္ဘီးလုံး တစ္ျပဳိင္နက္ေပါက္သြားၿပီး အက္ဆီးဒင္စ့္ျဖစ္ကာ ေဆးရုံတင္ခဲ့ရပါတယ္။

ကားေလးရဲ႕ ထူးဆန္းတဲ့ျဖစ္ရပ္ေတြေၾကာင့္ နာမည္ႀကီးသထက္ႀကီးလာခဲ့သလုိ ျပပြဲေပါင္းမ်ားစြာျပခဲ့ပါတယ္။ ဒါေပမယ့္ ၁၉၅၉ခုႏွစ္ရဲ႕ တစ္ေန႔မွာေတာ့ ကားကေလးဟာ သူ႔ဘာသာေနရင္း အပုိင္းပိုင္းျဖစ္သြားပါတယ္။ အရင္အက္စီးဒင့္စ့္ေပါင္းမ်ားစြာေၾကာင့္ အပိုင္းပိုင္းကြဲထြက္ေနတာကို ဂေဟေဆာက္ထားရက္နဲ႔ အခုလုိ အပုိင္းပုိင္းကြဲထြက္သြားတာျဖစ္ပါတယ္။
ကားရဲ႕အစိတ္အပုိင္းေတြကို ဆက္ကာ မီယာမီျပပြဲတစ္ခုမွာ ထပ္ျပခဲ့ျပန္ပါတယ္။ ျပပြဲၿပီးတဲ့အခါမွာေတာ့ ထရပ္ကားတစ္စီးနဲ႔ ကားကေလးရဲ႕ အစိတ္အပိုင္းေတြကုိ တင္ၿပီး ျပန္လႊတ္ခဲ့ပါတယ္။ ေနာက္ဆုံးပိုင္ဆုိင္သူက Barris ဆုိသူျဖစ္ပါတယ္။ အဲဒီျပန္လႊတ္လို႔ ကားထားရမယ့္ေနရာေရာက္လုိ႔ ထရပ္ကားကို ဖြင့္ၾကည့္တဲ့အခါ ကားကေလးဟာ ထူးဆန္းစြာပဲ ေပ်ာက္ဆုံးသြားပါေတာ့တယ္။ လူေတြကေတာ့ ဒါဟာ ပုိင္ရွင္ျဖစ္သူ Barris ရဲ႕ေဖ်ာက္ဖ်က္မႈလုိ႔ ယုံၾကည္ၾကပါတယ္။ အဲဒီအခ်ိန္ကစလုိ႔ ကားေလးရဲ႕ သတင္းကိုလုံး၀ မၾကားရေတာ့ပါဘူး။

၂၀၀၆ခုႏွစ္မွာေတာ့ လူတစ္ေယာက္ဟာ Illinois က Volo ကားျပတုိက္ကုိ ဆက္သြယ္လာခဲ့ပါတယ္။ ကားေလးဟာ ၀ါရွင္တန္ Whatcom Countyက အေဆာက္အဦးတစ္ခုထဲမွာရွိေၾကာင္း ၊ ကားေလးရွိတဲ့ေနရာကိုျပရင္ ေဒၚလာ ၁သန္းေပးရမယ္ျဖစ္ေၾကာင္း ဆက္သြယ္လာတာပါ။ Volo ကားျပတုိက္ ဟာ ေဒၚလာ ၁သန္းေပးဖုိ႔ အခက္အခဲမရွိပါဘူး။

ဒါေပမယ့္ ၁၉၆၀ခုႏွစ္ ကားေလးေပ်ာက္ဆုံးသြားခ်ိန္က ပိုင္ဆုိင္သူဟာ Barris ျဖစ္တာေၾကာင့္ သူတုိ႔ေပးခဲ့ရင္ေတာင္မွ သူတုိ႔ဟာပုိင္ဆုိင္သူျဖစ္ႏုိင္ဖုိ႔ မေသခ်ာပါဘူး။ ဒီလုိနဲ႔ကားကေလးဟာ ယခုထက္တုိင္ ဘယ္ေနရာမွာရွိမွန္း ဘယ္သူ႔လက္ထဲမွာမွန္း မသိပဲ ေပ်ာက္ဆုံးေနရဆဲျဖစ္ပါေတာ့တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thutazone

# Unicode Version ျဖင့္ ဖတ္ပါ #
ကမ္ဘာကျော် ကားကုမ္ပဏီဖြစ်တဲ့ ပေါ်ရှေးကုမ္ပဏီဟာ ၉၀နှစ်တွေတုန်းက Porsche 550 ဆိုတဲ့ အလန်းစားကားမော်ဒယ်ကိုထုတ်ခဲ့ပါတယ်။ ဒီကားကို ကမ္ဘာကျော် ဟောလိဝုဒ်မင်းသား James Dean က ဝယ်စီးခဲ့ပါတယ်။ သူဟာ ကားခရေစီတစ်ယောက်ဖြစ်သလို ကားမောင်းအလွန်ကျွမ်းကျင်သူလည်းဖြစ်ပါတယ်။ သူ့ရဲ့ကားနံပါတ်က ၁၃၀ ဖြစ်ပြီး little bastard လို့နာမည်ပေးထားပါတယ်။ James Dean ရဲ့ ကားကိုမြင်သွားတဲ့ သူ့မိတ်ဆွေသရုပ်ဆောင်တစ်ဦးဖြစ်သူ Alec Gunness က ကားကိုကြည့်ပြီးနိမိတ်မကောင်းသလို ခံစားရကြောင်း ၊ ဆက်စီးရင် ၁ပတ်အတွင်းသေနိုင်ကြောင်း ၊ ဆက်မစီးဖို့ တားပါတယ်။ James Dean က လက်မခံခဲ့ပါဘူး။ နောက်တစ်ပတ်တိတိအကြာမှာပဲ အဲဒီကားနဲ့ အက်ဆီးဒင့်စ်ဖြစ်ကာ James Dean သေဆုံးခဲ့ပါတယ်။

James Dean သေဆုံးမှုကလည်း ထူဆန်းပါတယ်။ မျက်နှာချင်းဆိုင်က ကားတစ်စီးကို မိုင် ၈၀နှုန်းအရှိန်နဲ့တိုက်ပြီး သေဆုံးခဲ့တာပါ။ ကျွမ်းကျင်သူများရဲ့ပြောကြားချက်အရ James Dean ဟာ ကားကိုမြင်ကတည်းက ရှောင်လို့ရတဲ့အကွာဝေးမှာရှိတယ်လို့ ဆိုပါတယ်။ ကားမောင်းအလွန်ကျွမ်းကျင်တဲ့ James Dean ဘာလို့ရှောင်လို့ မရခဲ့သလဲ ဆိုတာကတော့ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်။

James Dean မိတ်ဆွေတစ်ယောက်ဟာ အဲဒီကားကို ပြန်ရောင်းဖို့အတွက် ဝပ်ရှော့တစ်ခုကိုအပ်ခဲ့ပါတယ်။ ပြင်နေစဉ်မှာပဲ အလုပ်သမားတစ်ယောက်ပေါ်ကို ကားပြုတ်ကျပြီးခြေထောက်ကျိုးသွာပါတယ်။ အဲဒီကားကို ဒေါက်တာနှစ်ယောက်ဖြစ်တဲ့ Troy MacHenry နဲ့ William Eschrid က ပြန်လည်ဝယ်ယူခဲ့ပါတယ်။ ကားဝယ်ပြီး မကြာမီမှာပဲ MacHenry အသတ်ခံရကာ Eschrid က မသေရုံတမယ် အပြင်းအထန်ဒါဏ်ရာ ရခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် James Dean သေဆုံးမှုတည်းက နာမည်ကြီးခဲ့တဲ့ဒီကားဟာ ပိုပြီးနာမည်ကြီးလာခဲ့ပါတယ်။

အဲဒီနောက် ကယ်လီဖိုးနီးယား Highway patrol မှ ပြုလုပ်တဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းပြပွဲမှာ ပြသခဲ့ပါတယ်။ ပြပွဲအတွင်းမှာပဲ little bastard ကားကိုထည့်ထားတဲ့ ဂိုဒေါင်ဟာမီးလောင်ပြီးနောက် ပြပွဲပျက်သွားခဲ့ပါတယ်။ အဆောက်အဦးလောင်သွားခဲ့ပေမယ့် မီးက ကားကိုတော့မလောင်ခဲ့တာကတော့ ထူးဆန်းပါတယ်။ ဒီကားကို အထူးအဆန်းအနေနဲ့ အထက်တန်းကျောင်းတစ်ခုမှာပြသခဲ့ပါတယ်။

ပြသနေစဉ်မှာပဲ ကားတင်တဲ့စင်ကျိုးကျကာ ကျောင်းသားတစ်ယောက်ကို အပြင်းအထန်ထိခိုက်ကာ တင်ပဆုံရိုးကျိုးသွားခဲ့ပါတယ်။ အဲဒီကားကို ထရပ်ကားတစ်စီးနဲ့ သယ်ဆောင်သွားခဲ့ပါတယ်။ အဲဒီကားမောင်းတဲ့ဒရိုက်ဘာဟာ မောင်းနေစဉ်မှာပဲ ကားထဲက ထွက်ကျကာ သူမောင်းလာတဲ့ထရပ်ကားရဲ့ ကြိတ်ခြင်းကို ခံရပြီးသေဆုံးခဲ့ပြန်ပါတယ်။ နောက်လူတစ်ယောက်ထပ်ဝယ်ပါတယ်။ အဲဒီလူမောင်းနေစဉ်မှာပဲ ကားဘီးနှစ်ဘီးလုံး တစ်ပြိုင်နက်ပေါက်သွားပြီး အက်ဆီးဒင်စ့်ဖြစ်ကာ ဆေးရုံတင်ခဲ့ရပါတယ်။

ကားလေးရဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တွေကြောင့် နာမည်ကြီးသထက်ကြီးလာခဲ့သလို ပြပွဲပေါင်းများစွာပြခဲ့ပါတယ်။ ဒါပေမယ့် ၁၉၅၉ခုနှစ်ရဲ့ တစ်နေ့မှာတော့ ကားကလေးဟာ သူ့ဘာသာနေရင်း အပိုင်းပိုင်းဖြစ်သွားပါတယ်။ အရင်အက်စီးဒင့်စ့်ပေါင်းများစွာကြောင့် အပိုင်းပိုင်းကွဲထွက်နေတာကို ဂဟေဆောက်ထားရက်နဲ့ အခုလို အပိုင်းပိုင်းကွဲထွက်သွားတာဖြစ်ပါတယ်။
ကားရဲ့အစိတ်အပိုင်းတွေကို ဆက်ကာ မီယာမီပြပွဲတစ်ခုမှာ ထပ်ပြခဲ့ပြန်ပါတယ်။ ပြပွဲပြီးတဲ့အခါမှာတော့ ထရပ်ကားတစ်စီးနဲ့ ကားကလေးရဲ့ အစိတ်အပိုင်းတွေကို တင်ပြီး ပြန်လွှတ်ခဲ့ပါတယ်။ နောက်ဆုံးပိုင်ဆိုင်သူက Barris ဆိုသူဖြစ်ပါတယ်။ အဲဒီပြန်လွှတ်လို့ ကားထားရမယ့်နေရာရောက်လို့ ထရပ်ကားကို ဖွင့်ကြည့်တဲ့အခါ ကားကလေးဟာ ထူးဆန်းစွာပဲ ပျောက်ဆုံးသွားပါတော့တယ်။ လူတွေကတော့ ဒါဟာ ပိုင်ရှင်ဖြစ်သူ Barris ရဲ့ဖျောက်ဖျက်မှုလို့ ယုံကြည်ကြပါတယ်။ အဲဒီအချိန်ကစလို့ ကားလေးရဲ့ သတင်းကိုလုံး၀ မကြားရတော့ပါဘူး။

၂၀၀၆ခုနှစ်မှာတော့ လူတစ်ယောက်ဟာ Illinois က Volo ကားပြတိုက်ကို ဆက်သွယ်လာခဲ့ပါတယ်။ ကားလေးဟာ ဝါရှင်တန် Whatcom Countyက အဆောက်အဦးတစ်ခုထဲမှာရှိကြောင်း ၊ ကားလေးရှိတဲ့နေရာကိုပြရင် ဒေါ်လာ ၁သန်းပေးရမယ်ဖြစ်ကြောင်း ဆက်သွယ်လာတာပါ။ Volo ကားပြတိုက် ဟာ ဒေါ်လာ ၁သန်းပေးဖို့ အခက်အခဲမရှိပါဘူး။

ဒါပေမယ့် ၁၉၆၀ခုနှစ် ကားလေးပျောက်ဆုံးသွားချိန်က ပိုင်ဆိုင်သူဟာ Barris ဖြစ်တာကြောင့် သူတို့ပေးခဲ့ရင်တောင်မှ သူတို့ဟာပိုင်ဆိုင်သူဖြစ်နိုင်ဖို့ မသေချာပါဘူး။ ဒီလိုနဲ့ကားကလေးဟာ ယခုထက်တိုင် ဘယ်နေရာမှာရှိမှန်း ဘယ်သူ့လက်ထဲမှာမှန်း မသိပဲ ပျောက်ဆုံးနေရဆဲဖြစ်ပါတော့တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: thutazone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top