လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

သရုပ္ေဆာင္ ေအာင္ေလးနဲ႕ ဟန္ေလးကေတာ့ ပရိသတ္ေတြရဲ႕ ခ်စ္ခင္မႈကို ရရွိထားတဲ့ အႏုပညာရွင္စံုတြဲ တစ္တြဲလည္း ျဖစ္ပါတယ္။ ယခုေတာ့ေမာ္ဒယ္သရုပ္ေဆာင္ ေအာင္ေလးနဲ႕ ေမာ္ဒယ္ သရုပ္ေဆာင္ ဟန္ေလးတို႕ ႏွစ္ေယာက္ တကယ္ပဲ ျပတ္ေတာ့မွာလားဆိုၿပီး ပရိသတ္ေတြကေတာ့ စိုးရိမ္ေနၾကပါတယ္။

ေအာင္ေလးရဲ႕ ေဖ့စ္ဘြတ္မွာ ဟန္ေလးနဲ႕ မသက္ဆိုင္ေတာ့ဘူးဆိုတဲ့ စာသားကို လြန္ခဲ့တဲ့ နာရီပိုင္းက ေရးသားထားတာ ေတြ႕ရပါတယ္။

"ယေန႔ယခုကစၿပီးဟန္ေလး ႏွင့္မည္သည့္အေၾကာင္းေၾကာင္းႏွင့္မွ်မသက္ဆိုင္ေတာ့ပါ" ဆိုၿပီး အနက္ေရာင္ ေနာက္ခံ ေပၚမွာ အျဖဴစာသားနဲ႕ ေရးသားထားတာ ျဖစ္ပါတယ္။

ေအာင္ေလးဘက္က အဲ့လို စာသားေတြ တင္ထားေပမယ့္လည္း ဟန္ေလးဘက္က ဘာမွ တင္ထားတာမေတြ႕ရပါတယ္။ ေအာင္ေလး အဲ့လို စာေတြမတင္ခင္တစ္ရက္ေလာက္ကလည္း သူတို႕ႏွစ္ေယာက္အတူတူ Cover Photo ေတြ ရိုက္ကူးေနတာ ေတြ႕ရပါတယ္။

ပရိသတ္ေတြကေတာ့ ေနာက္ေနတာလား အတည္ေျပာေနတာလားဆိုၿပီး ေဝခြဲမရ ျဖစ္ေနပါတယ္။

ဘာလို႕လဲ ဆုိရင္ေအာင္ေလးက သူတို႕ႏွစ္ေယာက္ ျပတ္တယ္ဆိုၿပီး ပရိသတ္ေတြကို ေနာက္ဖူးထားတာေၾကာင့္ ျဖစ္ပါတယ္။

သူတို႕ႏွစ္ဦးဟာ တကယ္ကို လိုက္ဖက္တဲ့ အတြဲျဖစ္တာေၾကာင့္ ပရိသတ္ေတြကေတာ့ မျပတ္ေစခ်င္ၾကပါဘူး။ ေအာင္ေလးနဲ႕ ဟန္ေလးတို႕ဟာ ေမာ္ဒယ္ေလာကမွာ ပရိသတ္အားေပးမႈ ရရွိထားတဲ့ အႏုပညာရွင္ ႏွစ္ဦးျဖစ္ၿပီး သရုပ္ေဆာင္ေလာကမွာေတာ့ ေနရာတစ္ေနရာရရွိႏိုင္ဖို႕ ႀကိဳးစားေနသူမ်ား ျဖစ္ပါတယ္။

Photo : ေအာင္ေလး FB
ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version#
သရုပ်ဆောင် အောင်လေးနဲ့ ဟန်လေးကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ အနုပညာရှင်စုံတွဲ တစ်တွဲလည်း ဖြစ်ပါတယ်။ ယခုတော့မော်ဒယ်သရုပ်ဆောင် အောင်လေးနဲ့ မော်ဒယ် သရုပ်ဆောင် ဟန်လေးတို့ နှစ်ယောက် တကယ်ပဲ ပြတ်တော့မှာလားဆိုပြီး ပရိသတ်တွေကတော့ စိုးရိမ်နေကြပါတယ်။

အောင်လေးရဲ့ ဖေ့စ်ဘွတ်မှာ ဟန်လေးနဲ့ မသက်ဆိုင်တော့ဘူးဆိုတဲ့ စာသားကို လွန်ခဲ့တဲ့ နာရီပိုင်းက ရေးသားထားတာ တွေ့ရပါတယ်။

"ယနေ့ယခုကစပြီးဟန်လေး နှင့်မည်သည့်အကြောင်းကြောင်းနှင့်မျှမသက်ဆိုင်တော့ပါ" ဆိုပြီး အနက်ရောင် နောက်ခံ ပေါ်မှာ အဖြူစာသားနဲ့ ရေးသားထားတာ ဖြစ်ပါတယ်။

အောင်လေးဘက်က အဲ့လို စာသားတွေ တင်ထားပေမယ့်လည်း ဟန်လေးဘက်က ဘာမှ တင်ထားတာမတွေ့ရပါတယ်။ အောင်လေး အဲ့လို စာတွေမတင်ခင်တစ်ရက်လောက်ကလည်း သူတို့နှစ်ယောက်အတူတူ Cover Photo တွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။

ပရိသတ်တွေကတော့ နောက်နေတာလား အတည်ပြောနေတာလားဆိုပြီး ဝေခွဲမရ ဖြစ်နေပါတယ်။

ဘာလို့လဲ ဆိုရင်အောင်လေးက သူတို့နှစ်ယောက် ပြတ်တယ်ဆိုပြီး ပရိသတ်တွေကို နောက်ဖူးထားတာကြောင့် ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ တကယ်ကို လိုက်ဖက်တဲ့ အတွဲဖြစ်တာကြောင့် ပရိသတ်တွေကတော့ မပြတ်စေချင်ကြပါဘူး။ အောင်လေးနဲ့ ဟန်လေးတို့ဟာ မော်ဒယ်လောကမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင် နှစ်ဦးဖြစ်ပြီး သရုပ်ဆောင်လောကမှာတော့ နေရာတစ်နေရာရရှိနိုင်ဖို့ ကြိုးစားနေသူများ ဖြစ်ပါတယ်။

Photo : အောင်လေး FB

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top