AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

မီးေလာင္မႈတြင္ ေလးဦး ဒဏ္ရာရၿပီး အိမ္ေလးလုံး ဆုံး႐ႈံးခဲ့သည္။ (ဓာတ္ပံု − Yangon Police FB)

ဘုရားမီးပူေဇာ္သည့္ ဖေယာင္းတုိင္ျပဳတ္က်ရာမွ မီးေလာင္ၿပီး ေနအိမ္ေလးလုံး မီး ေလာင္ဆုံး႐ႈံးမႈ ဇန္န၀ါရီ ၈ ရက္ နံနက္ ၈ နာရီခန္႔က (၃၃)ရပ္ကြက္ နီလာလမ္းရွိ ဖိနပ္လုပ္ငန္း လုပ္ကိုင္ေနသည့္အိမ္မွ   မီးစတင္ ေလာင္ကၽြမ္းၿပီး အမ်ဳိးသားႏွစ္ဦး ႏွင့္ အမ်ဳိးသမီးႏွစ္ဦး ထိခိုက္ဒဏ္ ရာရရွိ၍ အမ်ဳိးသားတစ္ဦးစိုးရိမ္ရေၾကာင္း   မီးသတ္အရာရွိတစ္ဦး က ေျပာသည္။

‘‘ဖေယာင္းတုိင္က ေအာက္ ကိုျပဳတ္က်တယ္။   ဖိနပ္လုပ္တဲ့ အခါမွာ ေကာ္ေဖ်ာ္ဖုိ႔သုံးတဲ့ ဓာတ္ ဆီပုံးေပၚက်ၿပီး မီးေလာင္တာ’’ဟု ၎ကေျပာသည္။

မီးေလာင္မႈျဖစ္ပြားခဲ့သျဖင့္ ဒဏ္ရာရသူ  ေလးဦးကုိ  သဃၤန္းကၽြန္းစံျပေဆး႐ုံသို႔   တင္ပို႔ထားေၾကာင္း ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း) ရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

‘‘မီးေလာင္မႈေၾကာင့္ ပ်က္ စီးဆုံး႐ႈံးမႈတန္ဖိုး က်ပ္သိန္း ၃၀ သတ္မွတ္ထားၿပီး၊ မီးေလာင္ခ်ိန္  နာရီ၀က္ခန္႔  ၾကာျမင့္ကာ မီး ေလာင္မႈအဆင့္ကို Level 1 သတ္ မွတ္ခဲ့သည္။

အလားတူ ဇန္န၀ါရီ ၈ ရက္ ညေန ၅ နာရီေက်ာ္တြင္ ဒဂုံေတာင္ၿမိဳ႕နယ္ ၇၀ ရပ္ကြက္ ရာဇသႀကၤန္လမ္း၌ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး ေနအိမ္တစ္လုံး  မီးေလာင္ဆုံး႐ႈံးခဲ့သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily
#Unicode Version#
မီးလောင်မှုတွင် လေးဦး ဒဏ်ရာရပြီး အိမ်လေးလုံး ဆုံးရှုံးခဲ့သည်။ (ဓာတ်ပုံ − Yangon Police FB)

ဘုရားမီးပူဇော်သည့် ဖယောင်းတိုင်ပြုတ်ကျရာမှ မီးလောင်ပြီး နေအိမ်လေးလုံး မီး လောင်ဆုံးရှုံးမှု ဇန်နဝါရီ ၈ ရက် နံနက် ၈ နာရီခန့်က (၃၃)ရပ်ကွက် နီလာလမ်းရှိ ဖိနပ်လုပ်ငန်း လုပ်ကိုင်နေသည့်အိမ်မှ   မီးစတင် လောင်ကျွမ်းပြီး အမျိုးသားနှစ်ဦး နှင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ် ရာရရှိ၍ အမျိုးသားတစ်ဦးစိုးရိမ်ရကြောင်း   မီးသတ်အရာရှိတစ်ဦး က ပြောသည်။

‘‘ဖယောင်းတိုင်က အောက် ကိုပြုတ်ကျတယ်။   ဖိနပ်လုပ်တဲ့ အခါမှာ ကော်ဖျော်ဖို့သုံးတဲ့ ဓာတ် ဆီပုံးပေါ်ကျပြီး မီးလောင်တာ’’ဟု ၎င်းကပြောသည်။

မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ဒဏ်ရာရသူ  လေးဦးကို  သင်္ဃန်းကျွန်းစံပြဆေးရုံသို့   တင်ပို့ထားကြောင်း ဒဂုံမြို့သစ်(မြောက်ပိုင်း) ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘မီးလောင်မှုကြောင့် ပျက် စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၃၀ သတ်မှတ်ထားပြီး၊ မီးလောင်ချိန်  နာရီဝက်ခန့်  ကြာမြင့်ကာ မီး လောင်မှုအဆင့်ကို Level 1 သတ် မှတ်ခဲ့သည်။

အလားတူ ဇန်နဝါရီ ၈ ရက် ညနေ ၅ နာရီကျော်တွင် ဒဂုံတောင်မြို့နယ် ၇၀ ရပ်ကွက် ရာဇသင်္ကြန်လမ်း၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်တစ်လုံး  မီးလောင်ဆုံးရှုံးခဲ့သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top