ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

စိတ္ၾကြ႐ူးသြပ္ေဆးျပား ၁၄ သန္း ဖမ္းမိေရး ေတာထဲတြင္ ရွစ္ရက္တိုင္တိုင္ အပင္ပန္းခံေစာင့္ၾကည့္ခဲ့ေသာ ကုိရာဇာဟိန္းကုိ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ၂၀၁၆ ဒီဇင္ဘာအတြက္ ဂုဏ္ျပဳထိုက္သူအျဖစ္ ေရြးခ်ယ္ခဲ့သည္။

သုိ႔ေသာ္ တစ္ႏွစ္မျပည့္မီ ေဒၚေအာင္ဆန္းစုၾကည္က ဂုဏ္ျပဳထားသည့္ ႏုိင္ငံ့သားေကာင္း တစ္ဦးကုိ ရပ္ရြာကေရွာင္ဖယ္ခဲ့ၾက သည္။ သန္းေပါင္းေလးေသာင္း ေက်ာ္ တန္ဖုိးရွိသည့္ စိတ္ႂကြမူး ယစ္ေဆးျပားမ်ားကုိ ဖမ္းေပးခဲ့ သည့္ အက်ိဳးဆက္က ကုိရာဇာ ဟိန္းႏွင့္ ဇနီး၏ အသက္ၿခိမ္း ေျခာက္ခံခဲ့ရသည္။ အေၾကာက္ တရားသည္ ရပ္ရြာထဲသုိ႔ ပ်ံ႕ႏွံံ႔ကာ သူတို႔ႏွင့္ ေမးထူးေခၚေျပာခ်င္သူ မရွိေတာ့ဘဲ ေရွာင္ဖယ္သူမ်ားလာ ခဲ့သည္။

ကုိရာဇာဟိန္း၏ ဆိုင္ကယ္ ျပင္ဆိုင္သည္လည္း ဆိုင္ကယ္ မလာေတာ့သလုိ ဇနီးျဖစ္သူ၏ စက္ခ်ဳပ္ဆိုင္သုိ႔လည္း လာသူမ ရွိေတာ့ေပ။

‘‘ဒီလုိ ျဖစ္လာလိမ့္မယ္လုိ႔ မထင္ခဲ့႐ုိးအမွန္ပါ’’ဟု ကုိရာဇာ ဟိန္းကေျပာသည္။

ဆံပင္ဘုိေကအတို၊ အရပ္ ေထာင္ေထာင္ေမာင္းေမာင္းႏွင့္ အသားညိဳညိဳ (၃၆)ႏွစ္အရြယ္ စက္႐ုံလုပ္သား ကုိရာဇာဟိန္း သည္ ဥသွ်စ္ပင္ၿမိဳ႕၏စံျပပုဂၢိဳလ္၊ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕၏ ဂုဏ္ထူး ေဆာင္ဆု ရရွိထားသူ။ ထုိ႔အျပင္ ၎၏ စြမ္းစြမ္းတမံ ကုိယ္က်ိဳးစြန္႔လုပ္ရပ္တစ္ခုေၾကာင့္ ႏုိင္ငံေတာ္ ၏အတိုင္ပင္ခံက ခ်ီးျမႇင့္သည့္ ခ်ီး က်ဴးဂုဏ္ျပဳထုိက္သူဆုကုိ ၂၀၁၆ တြင္ ရရွိခဲ့သည္။

သူက ၂၀၁၆ တြင္ ဥသွ်စ္ပင္ ၿမိဳ႕ မူးယစ္ကုန္သည္မ်ားထံမွ မူး ယစ္ေဆး၀ါး WY ၁၄ သန္းခန္႔ကုိ ကုိယ္တိုင္ ဖမ္းဆီးေပးခဲ့သူျဖစ္ သည္။ မူးယစ္ေဆး၀ါးကုန္ကူးသူ မ်ားကုိ အနီး၀န္းက်င္ေတာေတာင္ ထဲတြင္ ရွစ္ရက္ခန္႔ ညအိပ္ေစာင့္ ၾကည့္ကာ ရဲကုိ သတင္းေပးသည့္ အျပင္ တရားခံေလးဦးကုိကားေပၚ မွ ကုိယ္တုိင္ဆြဲခ်ဖမ္းဆီးၿပီး တရား႐ုံးေရာက္သည္အထိ ႀကိဳးပမ္းခဲ့သူျဖစ္သည္။ ထုိလုပ္ရပ္ေၾကာင့္ လည္း တစ္ႏုိင္ငံလုံးက အံ့ဩခ်ီး မြမ္းခဲ့ၿပီး သူ႔ကုိ ႏုိင္ငံေတာ္အဆင့္ ဂုဏ္ျပဳခဲ့သည္။ ထုိကာလမ်ား သည္ သူ႔လုပ္ရပ္အတြက္ ဂုဏ္အ ယူရဆုံးအခ်ိန္ျဖစ္သည္ဟု ကုိရာ ဇာဟိန္းက ေျပာသည္။ တစ္ႏွစ္ ေက်ာ္ၿပီး ယခုအခ်ိန္တြင္ေတာ့ ဇနီးသည္အပါအ၀င္ သားသမီးႏွစ္ ဦးအတြက္ ေန႔စားခ ၃,၀၀၀ ခန္႔ရသည့္ အလုပ္ၾကမ္းကုိ သူလုပ္ကုိင္ေနရသည္။

ထုိစဥ္က ကုိရာဇာဟိန္းမူး ယစ္ေဆးကုန္သည္မ်ားကုိ ဖမ္း ဆီးခဲ့သည္မွာ ခပ္ၾကမ္းၾကမ္း႐ုပ္ ရွင္တစ္ခုဆန္သလုိ လွ်ိဳ႕၀ွက္ သည္းဖုိလည္း ဆန္လွသည္။ သာ မန္လူတစ္ေယာက္ ကားတစ္စီးကုိ မသကၤာ႐ုံျဖင့္ ေတာေတာင္ထဲ တြင္ ရက္သတၱပတ္ေလာက္ည အိပ္ကာဖမ္းဆီးသည္ဆုိေသာျဖစ္ စဥ္သည္ ယုံရန္ခက္ခဲေသာအ ေၾကာင္းအရာျဖစ္သည္။ သုိ႔ေသာ္ ကုိရာဇာဟိန္းအေၾကာင္းကုိ ေကာင္းေကာင္းသိသူမ်ားအဖုိ႔ ေတာ့ သံသယရွိမည္မဟုတ္ပါ။ ကုိရာဇာဟိန္း၏ ဖခင္သည္ ရဲ၀န္ ထမ္းတစ္ဦးျဖစ္ၿပီး ကုိရာဇာဟိန္း မွာ ငယ္စဥ္ကတည္းက စံုစမ္း ေထာက္လွမ္းရသည္ကို ဝါသနာ ပါကာ စံုေထာက္စာအုပ္မ်ား အ ဖတ္မ်ားသူျဖစ္သည္။

၂၀၀၄ ခန္႔ က ဥသွ်စ္ပင္တစ္ၿမိဳ႕လံုးကိုပတ္၍ ဆိုင္ကယ္ခိုးေနသူ လူငယ္တစ္ဦး ကို ကိုယ္တိုင္စံုစမ္းကာ ဖမ္းဆီးခဲ့ ဖူးသည္။ ထိုစဥ္က ခိုးရာပါ ဆိုင္ ကယ္ ၄၃ စီး၊ က်ပ္သိန္း ရွစ္ဆယ္ ေက်ာ္ႏွင့္ ခိုးသူကို ရဲလက္အ ေရာက္အပ္ဖူးသည္။ ထို႔အျပင္ မေတာ္တဆသြားလာရာမွ ေျမ ႀကီးထဲ ျမႇဳပ္ထားသည့္ ရတနာ စီျခယ္ထားေသာ ဗုဒၶ႐ုပ္ပြားေတာ္ မ်ားႏွင့္ ေရႊဆင္းတုမ်ားကို ေတြ႕ရွိ ၿပီး အပ္ဖူးသည္။ ထို႔ေၾကာင့္ ထိုကဲ့သို႔ ကိစၥရပ္မ်ားသည္ ကိုရာဇာဟိန္းႏွင့္ ကံစပ္သည္ဟု ဆိုႏိုင္သည္။

ထိုေန႔ကလည္း ဥသွ်စ္ပင္ၿမိဳ႕ ရွိ ဘုန္းႀကီးေက်ာင္းေပၚတြင္ တံ ျမတ္စည္းလွည္းေနရင္း ၿမိဳ႕ေပၚမွ ကိုခင္ေဇာ္ဦးဆိုသူ၏ ေနအိမ္အ ေနာက္တြင္ ဆီေဘာက္ဆာကား တစ္စီးေပၚမွ ပစၥည္းအတင္အခ် ျပဳေနသည္ကို သူေတြ႕ခဲ့သည္။ ကို ခင္ေဇာ္ဦးသည္ ဥသွ်စ္ပင္ၿမိဳ႕တြင္ လူမိုက္ဟု နာမည္ႀကီးသူျဖစ္ၿပီး ၎၏ေနအိမ္ဝင္းသည္ ၿမိဳ႕ျပင္ ေတာစပ္တြင္ သီးျခားရွိေနသည္။ ထိုစဥ္က ေဆးေျခာက္အေရာင္းအ ဝယ္ ျပဳလုပ္ေနသည္ဟု ထင္ခဲ့ေသး ေၾကာင္း ကိုရာဇာဟိန္းက ေျပာ သည္။ သို႔ႏွင့္ စူးစမ္းခ်င္စိတ္ တစ္ခုတည္းႏွင့္ပင္ အဆိုပါေနအိမ္ ဝင္းအနီး ေတာစပ္ထဲတြင္ ညအိပ္ ကာ ေစာင့္ဖို႔ သူဆံုးျဖတ္ခဲ့သည္။

‘‘ဒီလူက ၿမိဳ႕ေပၚမွာ နဂိုက တည္းက နာမည္ထြက္တဲ့လူမ်ိဳး ဆိုေတာ့ ဘာလုပ္ေနလဲ ကိုယ္က လည္းသိခ်င္တယ္။ အဲဒီအခ်ိန္မွာ ကိုယ္က စူးစမ္းခ်င္စိတ္ကလည္း တအားျဖစ္ေနေတာ့ အဲဒီမွာပဲ ေစာင့္ၾကည့္မယ္လို႔ ဆံုးျဖတ္လိုက္ တာ’’ ဟု သူကေျပာပါသည္။ သို႔ ႏွင့္အဆိုပါ ေတာစပ္တြင္ ထမင္း ထုပ္၊ ကြမ္းထုပ္မ်ား ယူေဆာင္ ကာ ညအိပ္၍ေစာင့္ၾကည့္ခဲ့သည္။ ညီျဖစ္သူတစ္ဦးတည္းကိုသာ အ သိေပးခဲ့ကာ ထမင္းထုပ္မ်ား၊ ရိကၡာမ်ား၊ အဝတ္္မ်ားလာပို႔ေစ သည္။ ေရခ်ိဳးခ်င္လွ်င္ ဘုန္းႀကီး ေက်ာင္းသို႔ သြားခ်ိဳးသည္။ ထိုရက္ မ်ားတြင္ ျခင္ကိုက္သည့္ဒဏ္မ်ား၊ ခ်မ္းေအးသည့္ ဒဏ္မ်ားအျပင္ နဂိုကတည္းက သရဲေၾကာက္ တတ္သူျဖစ္သည္မို႔ နည္းအမ်ိဳးမ်ိဳး ဒုကၡခံခဲ့ရေသးသည္။ သို႔ေသာ္ သူ ၏ စံုစမ္းခ်င္စိတ္ကို မတားဆီးႏိုင္ ခဲ့ေပ။ သို႔ႏွင့္ ၈ ရက္ခန္႔ညအိပ္ ေစာင့္ၾကည့္ခဲ့ရာ လူတစ္စုသည္ ပစၥည္းမ်ားကို သံစည္ပိုင္းထဲထည့္ ၍ ဂေဟေဆာ္ပိတ္ကာ SKAT ကား ေပၚသို႔ တင္ေနေၾကာင္းသိခဲ့ ရသည္။ ထုိ႔ေၾကာင့္ အဆိုပါ ေန အိမ္ဝင္းတြင္ လူလစ္ေနစဥ္ ပုန္း လွ်ိဳးကြယ္လွ်ိဳးျဖင့္ သြားေရာက္ ေခ်ာင္းၾကည္ခဲ့ရာမွ မူးယစ္ေဆး ဝါး (WY) မ်ားျဖစ္ေနခဲ့သည္။

‘‘အရင္အရပ္ထဲက လူတခ်ိဳ႕ ဒါကို လုပ္ဖူးေတာ့ျမင္တာနဲ႔ မူး ယစ္ေဆးမွန္းသိတယ္။ ၿပီးေတာ့ ဒါက အကုန္လံုးလူၫႊန္႔တံုးမယ့္ ကိစၥႀကီး။ ဒါနဲ႔မျဖစ္ေသးဘူးဆိုၿပီး ဖမ္းဖို႔ေသခ်ာလုပ္ေတာ့တာပဲ’’ ဟု ၎ကဆိုသည္။ ဤသို႔ျဖင့္ ၂၀၁၆ ဒီဇင္ဘာ ၄ ရက္ နံနက္ ၅ နာရီ ခန္႔တြင္ေတာ့ အဆိုပါ SKAT ကား တြင္ လူေလးဦး လိုက္ပါကာ ဥသွ်စ္ ပင္ၿမိဳ႕မွ ေတာင္ကုတ္လမ္းအ တိုင္း ေမာင္ႏွင္ခဲ့သည္။ ကိုရာဇာ ဟိန္းႏွင့္ သူ၏ညီတစ္ဦးသည္ ကားေနာက္သို႔ ဆိုင္ကယ္ႏွင့္ ေတာက္ေလွ်ာက္လိုက္ၿပီး ရဲတပ္ ဖြဲ႕သုိ႔ အေၾကာင္းၾကားကာ ေညာင္ ဂ်ိဳးစစ္ေဆးေရးဂိတ္တြင္ အဆိုပါကားကို ဖမ္းဆီးႏိုင္ခဲ့သည္။ သို႔ တိုင္ကားေပၚမွ တရားခံတစ္ဦး သည္ ကားတံခါးဖြင့္ ဆင္းေျပးခဲ့ ေသးသည္။ ကိုရာဇာဟိန္းသည္ ရဲ မ်ားေရွ႕မွာပင္ ထိုကားေပၚတက္ ကာ ဆီတိုင္ကီမ်ားကို ေပါက္တူး ျဖင့္ဖြင့္ကာ မူးယစ္ေဆးသယ္ လာသည့္ ကားျဖစ္ေၾကာင္းသက္ ေသျပခဲ့သည္။

မူယစ္ေဆးဝါးလမ္းေၾကာင္း အျဖစ္ နာမည္ႀကီးေနသည့္ အဆို ပါ ပဲခူး-ေတာင္ကုတ္လမ္းတြင္ ထိုဖမ္းဆီးမႈက စံခ်ိန္တင္ ဖမ္းဆီး မႈျဖစ္ခဲ့သည္။ ထိုဖမ္းဆီးမႈေၾကာင့္ ရာထူးတက္သည့္ ရဲအရာရွိမ်ား လည္း တက္ခဲ့ၿပီး ရဲတပ္ဖြဲ႕လည္း နာမည္ေကာင္းရခဲ့သည္။ ထို႔အ ျပင္ ထိုစဥ္က ကိုရာဇာဟိန္းတစ္ ေယာက္ မိမိလုပ္ရပ္ေၾကာင့္ ေန႔ စဥ္ပီတိျဖာခဲ့ရသည္။ ျပည္ထဲေရး ဝန္ႀကီးဌာန ရဲခ်ဳပ္က ဂုဏ္ထူးဆု ေပးအပ္ခဲ့သလို ပဲခူးတိုင္း အစိုး ရအဖြဲ႕ကလည္း ဂုဏ္ျပဳပြဲျပဳလုပ္ ခဲ့သည္။ ထို႔အျပင္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ ဆန္းစုၾကည္ကလည္း ဂုဏ္ျပဳခဲ့ ေသးသည္။

သို႔ေသာ္ ကိုရာဇာဟိန္း၏ ပီတိမ်ားက ၾကာၾကာမခံပါ။ သူ ကိုယ္က်ိဳးစြန္႔ဖမ္းဆီးေပးလိုက္ သည့္ မူးယစ္ေဆးဝါး ကုန္သည္ မ်ားႏွင့္ ပတ္သက္သူမ်ားက ရန္ရွာ လာမည္ကို ေတြးမိကာ စိုးရိမ္ လာျခင္းျဖစ္သည္။ သို႔ႏွင့္ဖိအား ေပါင္းစံုကို စတင္ခံစားလာရ သည္။ ‘‘ေျပာရရင္ ကြၽန္ေတာ္တို႔ ဖမ္းခဲ့တဲ့ လူေတြက ဒီနယ္မွာ လူ ဆိုးလူမိုက္ေတြမို႔ ဘယ္သူမွ မထိ ရဲၾကတဲ့လူေတြ။ တစ္ရြာလံုးနဲ႔ တစ္ေယာက္ခံခ်တယ္ဆိုတဲ့ လူမ်ိဳး ေတြ။ ၿပီးေတာ့သူ႔ေနာက္လိုက္ ေတြ ပတ္သက္သူေတြက ရန္မရွာ ဘူးမေျပာႏိုင္ဘူးေလ။ ကြၽန္ေတာ္ က ကိုယ္တိုင္ထက္ မိသားစုကို ပိုစိုးရိမ္တာပါ’’ ဟု၎ကဆိုသည္။

ထို႔အျပင္ ကိုရာဇာဟိန္း ဖမ္း မိခဲ့သည့္ေဆးျပား ၁၄ သန္းသည္ ကာလတန္ဖိုးက်ပ္ သန္း ေလး ေသာင္းေက်ာ္ တန္ဖုိးရွိသည္မို႔ ေငြေၾကးပမာဏ အေတာ္မ်ား ေသာ အေရအတြက္ျဖစ္သည္။ ထို႔ေၾကာင့္လည္း မူးယစ္ကုန္သည္ သူမ်ားက သူ႔အေပၚ ၿငိဳးမည္ကိုသူ စိုးရိမ္ေနျခင္းျဖစ္သည္။

သူစိုးရိမ္သည့္ အတိုင္းလည္း သူ႔အသက္အႏၲရာယ္ကို ရန္ရွာ သည့္ျဖစ္စဥ္မ်ားလည္း ႀကံဳခဲ့ရ သည္။ နံပါတ္ျပားမတပ္ထား သည့္ ကားတစ္စီးက အေနာက္က ေန၍ ဝင္တိုက္သည့္ျဖစ္စဥ္ ၂၀၁၇ အတြင္း ႏွစ္ႀကိမ္ျဖစ္ခဲ့သည္။ ထိုစဥ္က လင္မယားႏွစ္ေယာက္ ဆိုင္ကယ္ေမာင္းစဥ္ ေနာက္မွ ကပ္ လိုက္လာေသာကားတစ္စီးက လူျပတ္သည့္ေနရာ အေရာက္ အတင္း လိုက္တိုက္ျခင္းျဖစ္၍ မေဆြေဆြ၏ ေျခေထာက္ထိခိုက္ မိခဲ့သည္။

ေနာက္ျဖစ္စဥ္တြင္လည္း အဆိုပါကားကပင္ ဒုတိယံမိၸလိုက္ တိုက္ျပန္သည္။

ထို႔အျပင္ ဖုန္းဆက္၍အမ်ိဳး မ်ိဳး ၿခိမ္းေျခာက္ေျပာဆိုမႈမ်ား လည္း ႀကံဳခဲ့ရသည္ဟု ကိုရာဇာ ဟိန္းကေျပာသည္။ လူအခ်ိဳ႕က ဆိုလွ်င္ သတ္ပစ္မည္ဟု ေပၚတင္ စိန္ေခၚလာျခင္းပင္ ရွိေၾကာင္း ၎ ကဖြင့္ဟသည္။

ထိုစဥ္ ၂၀၁၇ ဇန္နဝါရီခန္႔ ကသမၼတ႐ံုးမွ တာဝန္ရွိသူက ကို ရာဇာဟိန္းကို လံုၿခံဳေရးအျပည့္ ျဖင့္ ထားသည္ဟု မီဒီယာအခ်ိဳ႕ကို ေျဖၾကားခဲ့သည္။ သို႔ေသာ္လက္ ေတြ႕တြင္ေတာ့ အျဖစ္မွန္ႏွင့္ကြဲ လြဲေနသည္။ ၿမိဳ႕ခံရဲႏွစ္ဦးသည္ ရွိတစ္ခ်က္၊ မရွိတစ္ခ်က္ျဖင့္ လာ ေစာင့္ေပးေသာ္လည္း တစ္လ ျပည့္သည့္ အခ်ိန္တြင္ေတာ့လံုးလံုး မလာေတာ့ပါဟု ၎ကဆိုသည္။

သုိ႔ေလာသို႔ေလာ သံသယ စိတ္ေၾကာင့္ စိုးရိမ္မကင္းေၾကာက္ လန္႔ေနသူမ်ားသည္ ကိုရာဇာဟိန္း တို႔ မိသားစုတစ္စုတည္းသာမ ဟုတ္ပါ။ ၎တို႔ႏွင့္ ပတ္သက္သူ မ်ားၿမိဳ႕ခံမ်ား ပါဝင္လာသည္။ ၎တုိ႔ကလည္း သူႏွင့္ ပတ္သက္ လွ်င္ အႏၲရာယ္ရိွမည္ဟုယူဆလာဟန္တူသည္။ ထုိ႔အျပင္ တစ္ဖက္ကလည္း သူဖမ္းဆီးခဲ့သည့္ တရားခံျဖစ္သူ ၿမိဳ႕လူမုိက္တစ္စု သည္ ေထာင္ဒဏ္မက်ေသးဘဲ တရား႐ံုးတြင္ အမႈရင္ဆုိင္ေနရဆဲ ျဖစ္သည္။

‘‘ေတာ္ေတာ္မ်ားမ်ားက ခပ္ တန္းတန္းျဖစ္လာတယ္။ အသိ မိတ္ေဆြေတြေတာင္ ကုိယ့္ကုိ္ ေရွာင္လာၾကေတာ့ ကုိယ္ကလည္းဆင္ျခင္ေပးလိုက္ပါတယ္။ သူတို႔ အေနရခက္မွာစိုးလို႔ သြားလည္ တာျပဳတာေတာင္ မလုပ္ေတာ့ ဘူး’’ဟု ၎ကဆိုသည္။

ကုိရာဇာဟိန္းသည္ တစ္ရက္လွ်င္လုပ္ခ ၃,၀၀၀ က်ပ္ျဖင့္ ဇလီဖားတုံးစက္႐ုံတြင္ ၀င္ေရာက္လုပ္ကုိင္ေနရသည္။ (ဓာတ္ပုံ−စုိင္းေဇာ္)

ထိုအခ်က္ပင္ ကိုရာဇာဟိန္း တို႔၏ မိသားစုစီးပြားေရးကို ထိ ခိုက္လာၿပီး ဖိအားေပါင္းစံုခံရရန္ အေၾကာင္းတစ္ခုျဖစ္လာသည္။ ကုိရာဇာဟိန္းသည္ နဂိုကဆုိင္ ကယ္ျပင္ဆုိင္ဖြင့္ကာ အေရာင္းအ ဝယ္ အနည္းငယ္လုပ္သည္။ သူ၏ အမ်ိဳးသမီးမေဆြေဆြက အပ္ခ်ဳပ္ ဆုိင္ႏွင့္ သင္တန္းငယ္ေလး တဲြ၍ ဖြင့္သည္။ ထိုျဖစ္စဥ္ေနာက္ပုိင္း တြင္ေတာ့ သူတုိ႔လင္မယား၏ ဆုိင္ႏွစ္ခုလံုးတြင္ အလုပ္အပ္ မည့္သူမရိွေတာ့ဘဲ ပိတ္ထားရ သည္အထိ ျဖစ္လာသည္။

‘‘ဒီအစ္မဆီမွာ လာရင္ ေနာက္ေစ့ေသနတ္မွန္ရမွာ စုိး တယ္တဲ့။ အဲဒီလိုသူတို႔ကုိယ္တုိင္ ေျပာၿပီး သင္တန္းသူေတြ မလာ ေတာ့တာ’’ဟု ကုိရာဇာဟိန္း၏ အမ်ိဳးသမီးမေဆြေဆြက ေျပာ သည္။

‘‘ဆိုင္က အခုလည္း ဖြင့္ ထားတာပဲ။ ဘယ္သူမွ မလာ ေတာ့တာ’’ဟု ကုိရာဇာဟိန္းက ဆုိင္ကယ္ျပင္ပစၥည္းမ်ား တင့္ေလ့ ရိွသည့္ ခံုတန္းကို လက္ညႇိဳးထိုး လ်က္ေျပာသည္။

လူဦးေရရာဂဏန္းသာသာရိွ သည့္ ဥသွ်စ္ပင္ၿမိဳ႕ငယ္ေလးသည္ ကုိယ္က်ိဳးစြန္႔၍ တာဝန္သိသူျပည္ သူတစ္ဦးရွားရွားပါးပါးေပၚထြက္ ခဲ့သည္။ သုိ႔ေသာ္ၿမိဳ႕ခံအမ်ားစု၏ အေၾကာက္တရားႏွင့္ သံသယစိတ္မ်ားက ထုိသူကုိ ေရွာင္ဖယ္ေရွာင္ ဖယ္လုပ္ရန္ျဖစ္လာဟု ဥသွ်စ္ပင္ ၿမိဳ႕ေအးသုခနာကူအသင္းမွ ကိုရာ ဇာဟိန္းႏွင့္ ရင္းႏွီးသူတစ္ဦးကဆုိ ပါသည္။

‘‘နဂုိက အရမ္းရင္းတဲ့ ဆရာ ေတြ၊ အစ္ကုိေတြေတာင္ ကုိယ့္ကုိ အလုပ္ေခၚခုိင္းတာမ်ိဳးမလုပ္ဘူး။ ကြၽန္ေတာ္ အရမ္းဝမ္းနည္းတယ္။ အဲဒီလိုမ်ိဳးေတြႀကံဳလာေတာ့ စိတ္ဓာတ္ေတြ အရမ္းက်ခဲ့ရတယ္’’ဟု သူက ဖြင့္ဟသည္။

ထုိျဖစ္ရပ္မ်ားေၾကာင့္ ကိုရာဇာဟိန္းသည္ ျမန္မာ့မီးရထား၏ ဇလီဖားတံုးစက္႐ံုတြင္ တစ္ေန႔က်ပ္သုံးေထာင္ျဖင့္ အလုပ္ၾကမ္းသြားလုပ္ခဲ့ၿပီး ဇနီးမသိေအာင္ လိမ္လည္ လုပ္ကုိင္ခဲ့သည္။

၎၏ ကုိယ္က်ိဳးစြန္႔သည့္ လုပ္ရပ္အတြက္လည္း ကုိရာဇာ ဟိန္းသည္ ႏုိင္ငံေတာ္အဖြဲ႕အ စည္းက ခ်ီးျမႇင့္သည့္ေငြကုိထိုက္ ထိုက္တန္တန္လည္း မရခဲ့ဖူးေခ်။ လက္ရိွအခ်ိန္ထိ ပဲခူးတုိင္းဝန္ႀကီး ခ်ဳပ္မွ မုန္႔ဖိုးေပးေသာ ေငြငါးသိန္း ကုိသာ အမ်ားဆံုးသူရဖူးသည္။ အဲသည့္တြက္လည္း သူတစ္စံုတစ္ရာညည္းညဴျခင္းမျပဳပါ။

ထို႔အျပင္ မူးယစ္ေဆးဖမ္း ေပးသူမ်ား၊ သတင္းေပးသူမ်ားကုိ ရာခိုင္ႏႈန္းျဖင့္ ဆုေပးသည္မွာ လည္း ရာခိုင္ႏႈန္းအရမ္းနည္းသည္ ဟု မူးယစ္ရဲတပ္ဖြဲ႕မွ အၿငိမ္းစား ရဲမွဴးႀကီး ဦးခမ္းေအာင္က ေျပာ သည္။ ထို႔အျပင္ စာရြက္စာ တမ္းမ်ား ေထာက္ခံစာမ်ား ျပဳ လုပ္ရေလ့ရိွၿပီး ဥပေဒအားနည္း ခ်က္ေၾကာင့္ အလုပ္႐ႈပ္သည္ဟု ၎က ဆုိသည္။ ‘‘တကယ္တမ္း က် အေကာက္္ခြန္သတင္းေပးတာ ေလာက္ေတာင္ မရပါဘူး’’ဟု ၎ ကေျပာသည္။

ကိုရာဇာဟိန္း၏ ျဖစ္စဥ္က ျပည္သူလူထုတြင္ တာဝန္သိစိတ္ မ်ိဳးျဖစ္လာပါက ခ်ဳိးႏွိမ္ပစ္လိမ့္ မည့္ျဖစ္စဥ္မ်ဳိးဟု ပန္းေတာင္းၿမိဳ႕ နယ္ျပည္သူ႔လႊတ္ေတာ္ အမတ္ ေဒၚခင္ႏွင္းသစ္က ေျပာသည္။ သူက ကုိရာဇာဟိန္းႏွင့္ ရင္းႏွီးသူ ျဖစ္ၿပီး ၂၀၁၇ ဇန္နဝါရီေလာက္ က ကိုရာဇာဟိန္းကို ဂုဏ္ျပဳခ်ီးျမႇင့္ ရန္ အစီအစဥ္ရိွ၊ မရိွ ျပည္သူ႔လႊတ္ ေတာ္တြင္ ေမးျမန္း္ခဲ့ေသးသည္။

‘‘ကြၽန္မတို႔ ျပည္သူေတြက နဂုိတည္းက ကုိယ္က်ိဳးစြန္႔ၿပီး ဒါ မ်ိဳးတာဝန္သိသိနဲ႔ လုပ္ေပးခ်င္တာ မ်ိဳးအားနည္းတယ္။ အခုလိုမလံု ၿခံဳတာေတြ၊ အက်ဥ္းအက်ပ္ ေရာက္တာေတြရိွလာရင္ေတာ့ သူတို႔မွာ ဒါမ်ိဳးေနာက္လုပ္မွာ ေတာင္ မဟုတ္ေတာ့ဘူး။ ဒါမ်ိဳး ကုိယ္က်ိဳးစြန္႔တဲ့သူမ်ားကုိ ဂုဏ္ ျပဳတာအျပင္ေနာက္က ခ်ီးျမႇင့္တာ မ်ိဳးေတြ လုပ္ဖို႔လိုပါတယ္။ဒီကိစၥ နဲ႔ ပတ္သက္ၿပီး လႊတ္ေတာ္မွာ ေမးျမန္းဖို႔လည္း အစီအစဥ္ရိွပါ တယ္’’ဟု ၎ကဆုိသည္။

စိုးရိမ္စိတ္မ်ားႏွင့္ ဖိအားမ်ား ရင္ဆုိင္ေနရေသာ္လည္း ကုိရာ ဇာဟိန္းႏွင့္ သူ႔ဇနီးကေတာ့ သတိၱ ရိွရိွျဖင့္ ရင္ဆုိင္ဆဲျဖစ္သည္။ ကုိ ရာဇာဟိန္းတစ္ေယာက္ ေန႔စဥ္ ဇလီဖားတံုးစက္႐ံုသုိ႔ ဆုိင္ကယ္ ျဖင့္ သြားကာ အလုပ္လုပ္သည့္ ေန႔တုိင္း ဇနီးက အိမ္တြင္စိတ္ပူ ကာ ေစာင့္ေနေလ့ရိွသည္။ ‘‘ကုိယ့္ ကုိယ္တစ္ခုုခုလာလုပ္မလား။ မိသားစုတစ္ခုခုျဖစ္မလားနဲ႔ ေနာက္ဆံုးေတာ့ အိမ္မ်ာေနရင္း ေတာင္ ေႁမြကုိက္ရင္၊ ဓာတ္လုိက္ ရင္ေသတာမ်ိဳးေတာင္ရိွတာပဲလုိ႔ အဲလိုပဲေတြးေတာ့တယ္’’ဟု မေဆြေဆြက သက္ျပင္းေမာကုိခ်ရင္း ဆိုသည္။

ကိုရာဇာဟိန္းကေတာ့ ယခု လိုအက်ပ္အတည္းႀကံဳေနရေသာ္ လည္း ၎လုပ္ရပ္အတြက္ မည္ သည့္အခါမွ် ေနာင္တရမည္ မဟုတ္ဟု အခုိင္အမာဆုိပါသည္။

‘‘ကြၽန္ေတာ္တို႔ ငတ္ရင္ငတ္ ပါေစ။ ဒါမ်ိဳးထပ္ႀကံဳလာရင္ ကြၽန္ေတာ္ဒီလိုထပ္လုပ္ဦးမွာပဲ။ ေနာက္ထပ္ႀကံဳလည္း ေနာက္ထပ္ ဖမ္းဦးမွာပါပဲ’’ဟု အခက္အခဲမ်ား စြာ ရင္ဆုိင္ခဲ့ရေသာ ေယာက်္ား ရင့္မာႀကီးသည္ ထိုစကားကို ေျပာ ခ်ိန္တြင္ မ်က္ရည္္မ်ားဝဲ၍ေန သည္။

ကုိရာဇာဟိန္းရရွိထားသည့္ ဂုဏ္ျပဳဆုတံဆိပ္ႏွင့္္လက္မွတ္မ်ား (ဓာတ္ပံု – စိုင္းေဇာ္)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily

# Unicode Version ျဖင့္ ဖတ္ပါ #
စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သန်း ဖမ်းမိရေး တောထဲတွင် ရှစ်ရက်တိုင်တိုင် အပင်ပန်းခံစောင့်ကြည့်ခဲ့သော ကိုရာဇာဟိန်းကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၆ ဒီဇင်ဘာအတွက် ဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်ခဲ့သည်။

သို့သော် တစ်နှစ်မပြည့်မီ ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုထားသည့် နိုင်ငံ့သားကောင်း တစ်ဦးကို ရပ်ရွာကရှောင်ဖယ်ခဲ့ကြ သည်။ သန်းပေါင်းလေးသောင်း ကျော် တန်ဖိုးရှိသည့် စိတ်ကြွမူး ယစ်ဆေးပြားများကို ဖမ်းပေးခဲ့ သည့် အကျိုးဆက်က ကိုရာဇာ ဟိန်းနှင့် ဇနီး၏ အသက်ခြိမ်း ခြောက်ခံခဲ့ရသည်။ အကြောက် တရားသည် ရပ်ရွာထဲသို့ ပျံ့နှံံ့ကာ သူတို့နှင့် မေးထူးခေါ်ပြောချင်သူ မရှိတော့ဘဲ ရှောင်ဖယ်သူများလာ ခဲ့သည်။

ကိုရာဇာဟိန်း၏ ဆိုင်ကယ် ပြင်ဆိုင်သည်လည်း ဆိုင်ကယ် မလာတော့သလို ဇနီးဖြစ်သူ၏ စက်ချုပ်ဆိုင်သို့လည်း လာသူမ ရှိတော့ပေ။

‘‘ဒီလို ဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့ရိုးအမှန်ပါ’’ဟု ကိုရာဇာ ဟိန်းကပြောသည်။

ဆံပင်ဘိုကေအတို၊ အရပ် ထောင်ထောင်မောင်းမောင်းနှင့် အသားညိုညို (၃၆)နှစ်အရွယ် စက်ရုံလုပ်သား ကိုရာဇာဟိန်း သည် ဥသျှစ်ပင်မြို့၏စံပြပုဂ္ဂိုလ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဂုဏ်ထူး ဆောင်ဆု ရရှိထားသူ။ ထို့အပြင် ၎င်း၏ စွမ်းစွမ်းတမံ ကိုယ်ကျိုးစွန့်လုပ်ရပ်တစ်ခုကြောင့် နိုင်ငံတော် ၏အတိုင်ပင်ခံက ချီးမြှင့်သည့် ချီး ကျူးဂုဏ်ပြုထိုက်သူဆုကို ၂၀၁၆ တွင် ရရှိခဲ့သည်။

သူက ၂၀၁၆ တွင် ဥသျှစ်ပင် မြို့ မူးယစ်ကုန်သည်များထံမှ မူး ယစ်ဆေးဝါး WY ၁၄ သန်းခန့်ကို ကိုယ်တိုင် ဖမ်းဆီးပေးခဲ့သူဖြစ် သည်။ မူးယစ်ဆေးဝါးကုန်ကူးသူ များကို အနီးဝန်းကျင်တောတောင် ထဲတွင် ရှစ်ရက်ခန့် ညအိပ်စောင့် ကြည့်ကာ ရဲကို သတင်းပေးသည့် အပြင် တရားခံလေးဦးကိုကားပေါ် မှ ကိုယ်တိုင်ဆွဲချဖမ်းဆီးပြီး တရားရုံးရောက်သည်အထိ ကြိုးပမ်းခဲ့သူဖြစ်သည်။ ထိုလုပ်ရပ်ကြောင့် လည်း တစ်နိုင်ငံလုံးက အံ့ဩချီး မွမ်းခဲ့ပြီး သူ့ကို နိုင်ငံတော်အဆင့် ဂုဏ်ပြုခဲ့သည်။ ထိုကာလများ သည် သူ့လုပ်ရပ်အတွက် ဂုဏ်အ ယူရဆုံးအချိန်ဖြစ်သည်ဟု ကိုရာ ဇာဟိန်းက ပြောသည်။ တစ်နှစ် ကျော်ပြီး ယခုအချိန်တွင်တော့ ဇနီးသည်အပါအဝင် သားသမီးနှစ် ဦးအတွက် နေ့စားခ ၃,၀၀၀ ခန့်ရသည့် အလုပ်ကြမ်းကို သူလုပ်ကိုင်နေရသည်။

ထိုစဉ်က ကိုရာဇာဟိန်းမူး ယစ်ဆေးကုန်သည်များကို ဖမ်း ဆီးခဲ့သည်မှာ ခပ်ကြမ်းကြမ်းရုပ် ရှင်တစ်ခုဆန်သလို လျှို့ဝှက် သည်းဖိုလည်း ဆန်လှသည်။ သာ မန်လူတစ်ယောက် ကားတစ်စီးကို မသင်္ကာရုံဖြင့် တောတောင်ထဲ တွင် ရက်သတ္တပတ်လောက်ည အိပ်ကာဖမ်းဆီးသည်ဆိုသောဖြစ် စဉ်သည် ယုံရန်ခက်ခဲသောအ ကြောင်းအရာဖြစ်သည်။ သို့သော် ကိုရာဇာဟိန်းအကြောင်းကို ကောင်းကောင်းသိသူများအဖို့ တော့ သံသယရှိမည်မဟုတ်ပါ။ ကိုရာဇာဟိန်း၏ ဖခင်သည် ရဲဝန် ထမ်းတစ်ဦးဖြစ်ပြီး ကိုရာဇာဟိန်း မှာ ငယ်စဉ်ကတည်းက စုံစမ်း ထောက်လှမ်းရသည်ကို ဝါသနာ ပါကာ စုံထောက်စာအုပ်များ အ ဖတ်များသူဖြစ်သည်။

၂၀၀၄ ခန့် က ဥသျှစ်ပင်တစ်မြို့လုံးကိုပတ်၍ ဆိုင်ကယ်ခိုးနေသူ လူငယ်တစ်ဦး ကို ကိုယ်တိုင်စုံစမ်းကာ ဖမ်းဆီးခဲ့ ဖူးသည်။ ထိုစဉ်က ခိုးရာပါ ဆိုင် ကယ် ၄၃ စီး၊ ကျပ်သိန်း ရှစ်ဆယ် ကျော်နှင့် ခိုးသူကို ရဲလက်အ ရောက်အပ်ဖူးသည်။ ထို့အပြင် မတော်တဆသွားလာရာမှ မြေ ကြီးထဲ မြှုပ်ထားသည့် ရတနာ စီခြယ်ထားသော ဗုဒ္ဓရုပ်ပွားတော် များနှင့် ရွှေဆင်းတုများကို တွေ့ရှိ ပြီး အပ်ဖူးသည်။ ထို့ကြောင့် ထိုကဲ့သို့ ကိစ္စရပ်များသည် ကိုရာဇာဟိန်းနှင့် ကံစပ်သည်ဟု ဆိုနိုင်သည်။

ထိုနေ့ကလည်း ဥသျှစ်ပင်မြို့ ရှိ ဘုန်းကြီးကျောင်းပေါ်တွင် တံ မြတ်စည်းလှည်းနေရင်း မြို့ပေါ်မှ ကိုခင်ဇော်ဦးဆိုသူ၏ နေအိမ်အ နောက်တွင် ဆီဘောက်ဆာကား တစ်စီးပေါ်မှ ပစ္စည်းအတင်အချ ပြုနေသည်ကို သူတွေ့ခဲ့သည်။ ကို ခင်ဇော်ဦးသည် ဥသျှစ်ပင်မြို့တွင် လူမိုက်ဟု နာမည်ကြီးသူဖြစ်ပြီး ၎င်း၏နေအိမ်ဝင်းသည် မြို့ပြင် တောစပ်တွင် သီးခြားရှိနေသည်။ ထိုစဉ်က ဆေးခြောက်အရောင်းအ ဝယ် ပြုလုပ်နေသည်ဟု ထင်ခဲ့သေး ကြောင်း ကိုရာဇာဟိန်းက ပြော သည်။ သို့နှင့် စူးစမ်းချင်စိတ် တစ်ခုတည်းနှင့်ပင် အဆိုပါနေအိမ် ဝင်းအနီး တောစပ်ထဲတွင် ညအိပ် ကာ စောင့်ဖို့ သူဆုံးဖြတ်ခဲ့သည်။

‘‘ဒီလူက မြို့ပေါ်မှာ နဂိုက တည်းက နာမည်ထွက်တဲ့လူမျိုး ဆိုတော့ ဘာလုပ်နေလဲ ကိုယ်က လည်းသိချင်တယ်။ အဲဒီအချိန်မှာ ကိုယ်က စူးစမ်းချင်စိတ်ကလည်း တအားဖြစ်နေတော့ အဲဒီမှာပဲ စောင့်ကြည့်မယ်လို့ ဆုံးဖြတ်လိုက် တာ’’ ဟု သူကပြောပါသည်။ သို့ နှင့်အဆိုပါ တောစပ်တွင် ထမင်း ထုပ်၊ ကွမ်းထုပ်များ ယူဆောင် ကာ ညအိပ်၍စောင့်ကြည့်ခဲ့သည်။ ညီဖြစ်သူတစ်ဦးတည်းကိုသာ အ သိပေးခဲ့ကာ ထမင်းထုပ်များ၊ ရိက္ခာများ၊ အဝတ်များလာပို့စေ သည်။ ရေချိုးချင်လျှင် ဘုန်းကြီး ကျောင်းသို့ သွားချိုးသည်။ ထိုရက် များတွင် ခြင်ကိုက်သည့်ဒဏ်များ၊ ချမ်းအေးသည့် ဒဏ်များအပြင် နဂိုကတည်းက သရဲကြောက် တတ်သူဖြစ်သည်မို့ နည်းအမျိုးမျိုး ဒုက္ခခံခဲ့ရသေးသည်။ သို့သော် သူ ၏ စုံစမ်းချင်စိတ်ကို မတားဆီးနိုင် ခဲ့ပေ။ သို့နှင့် ၈ ရက်ခန့်ညအိပ် စောင့်ကြည့်ခဲ့ရာ လူတစ်စုသည် ပစ္စည်းများကို သံစည်ပိုင်းထဲထည့် ၍ ဂဟေဆော်ပိတ်ကာ SKAT ကား ပေါ်သို့ တင်နေကြောင်းသိခဲ့ ရသည်။ ထို့ကြောင့် အဆိုပါ နေ အိမ်ဝင်းတွင် လူလစ်နေစဉ် ပုန်း လျှိုးကွယ်လျှိုးဖြင့် သွားရောက် ချောင်းကြည်ခဲ့ရာမှ မူးယစ်ဆေး ဝါး (WY) များဖြစ်နေခဲ့သည်။

‘‘အရင်အရပ်ထဲက လူတချို့ ဒါကို လုပ်ဖူးတော့မြင်တာနဲ့ မူး ယစ်ဆေးမှန်းသိတယ်။ ပြီးတော့ ဒါက အကုန်လုံးလူညွှန့်တုံးမယ့် ကိစ္စကြီး။ ဒါနဲ့မဖြစ်သေးဘူးဆိုပြီး ဖမ်းဖို့သေချာလုပ်တော့တာပဲ’’ ဟု ၎င်းကဆိုသည်။ ဤသို့ဖြင့် ၂၀၁၆ ဒီဇင်ဘာ ၄ ရက် နံနက် ၅ နာရီ ခန့်တွင်တော့ အဆိုပါ SKAT ကား တွင် လူလေးဦး လိုက်ပါကာ ဥသျှစ် ပင်မြို့မှ တောင်ကုတ်လမ်းအ တိုင်း မောင်နှင်ခဲ့သည်။ ကိုရာဇာ ဟိန်းနှင့် သူ၏ညီတစ်ဦးသည် ကားနောက်သို့ ဆိုင်ကယ်နှင့် တောက်လျှောက်လိုက်ပြီး ရဲတပ် ဖွဲ့သို့ အကြောင်းကြားကာ ညောင် ဂျိုးစစ်ဆေးရေးဂိတ်တွင် အဆိုပါကားကို ဖမ်းဆီးနိုင်ခဲ့သည်။ သို့ တိုင်ကားပေါ်မှ တရားခံတစ်ဦး သည် ကားတံခါးဖွင့် ဆင်းပြေးခဲ့ သေးသည်။ ကိုရာဇာဟိန်းသည် ရဲ များရှေ့မှာပင် ထိုကားပေါ်တက် ကာ ဆီတိုင်ကီများကို ပေါက်တူး ဖြင့်ဖွင့်ကာ မူးယစ်ဆေးသယ် လာသည့် ကားဖြစ်ကြောင်းသက် သေပြခဲ့သည်။

မူယစ်ဆေးဝါးလမ်းကြောင်း အဖြစ် နာမည်ကြီးနေသည့် အဆို ပါ ပဲခူး-တောင်ကုတ်လမ်းတွင် ထိုဖမ်းဆီးမှုက စံချိန်တင် ဖမ်းဆီး မှုဖြစ်ခဲ့သည်။ ထိုဖမ်းဆီးမှုကြောင့် ရာထူးတက်သည့် ရဲအရာရှိများ လည်း တက်ခဲ့ပြီး ရဲတပ်ဖွဲ့လည်း နာမည်ကောင်းရခဲ့သည်။ ထို့အ ပြင် ထိုစဉ်က ကိုရာဇာဟိန်းတစ် ယောက် မိမိလုပ်ရပ်ကြောင့် နေ့ စဉ်ပီတိဖြာခဲ့ရသည်။ ပြည်ထဲရေး ဝန်ကြီးဌာန ရဲချုပ်က ဂုဏ်ထူးဆု ပေးအပ်ခဲ့သလို ပဲခူးတိုင်း အစိုး ရအဖွဲ့ကလည်း ဂုဏ်ပြုပွဲပြုလုပ် ခဲ့သည်။ ထို့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ကလည်း ဂုဏ်ပြုခဲ့ သေးသည်။

သို့သော် ကိုရာဇာဟိန်း၏ ပီတိများက ကြာကြာမခံပါ။ သူ ကိုယ်ကျိုးစွန့်ဖမ်းဆီးပေးလိုက် သည့် မူးယစ်ဆေးဝါး ကုန်သည် များနှင့် ပတ်သက်သူများက ရန်ရှာ လာမည်ကို တွေးမိကာ စိုးရိမ် လာခြင်းဖြစ်သည်။ သို့နှင့်ဖိအား ပေါင်းစုံကို စတင်ခံစားလာရ သည်။ ‘‘ပြောရရင် ကျွန်တော်တို့ ဖမ်းခဲ့တဲ့ လူတွေက ဒီနယ်မှာ လူ ဆိုးလူမိုက်တွေမို့ ဘယ်သူမှ မထိ ရဲကြတဲ့လူတွေ။ တစ်ရွာလုံးနဲ့ တစ်ယောက်ခံချတယ်ဆိုတဲ့ လူမျိုး တွေ။ ပြီးတော့သူ့နောက်လိုက် တွေ ပတ်သက်သူတွေက ရန်မရှာ ဘူးမပြောနိုင်ဘူးလေ။ ကျွန်တော် က ကိုယ်တိုင်ထက် မိသားစုကို ပိုစိုးရိမ်တာပါ’’ ဟု၎င်းကဆိုသည်။

ထို့အပြင် ကိုရာဇာဟိန်း ဖမ်း မိခဲ့သည့်ဆေးပြား ၁၄ သန်းသည် ကာလတန်ဖိုးကျပ် သန်း လေး သောင်းကျော် တန်ဖိုးရှိသည်မို့ ငွေကြေးပမာဏ အတော်များ သော အရေအတွက်ဖြစ်သည်။ ထို့ကြောင့်လည်း မူးယစ်ကုန်သည် သူများက သူ့အပေါ် ငြိုးမည်ကိုသူ စိုးရိမ်နေခြင်းဖြစ်သည်။

သူစိုးရိမ်သည့် အတိုင်းလည်း သူ့အသက်အန္တရာယ်ကို ရန်ရှာ သည့်ဖြစ်စဉ်များလည်း ကြုံခဲ့ရ သည်။ နံပါတ်ပြားမတပ်ထား သည့် ကားတစ်စီးက အနောက်က နေ၍ ဝင်တိုက်သည့်ဖြစ်စဉ် ၂၀၁၇ အတွင်း နှစ်ကြိမ်ဖြစ်ခဲ့သည်။ ထိုစဉ်က လင်မယားနှစ်ယောက် ဆိုင်ကယ်မောင်းစဉ် နောက်မှ ကပ် လိုက်လာသောကားတစ်စီးက လူပြတ်သည့်နေရာ အရောက် အတင်း လိုက်တိုက်ခြင်းဖြစ်၍ မဆွေဆွေ၏ ခြေထောက်ထိခိုက် မိခဲ့သည်။

နောက်ဖြစ်စဉ်တွင်လည်း အဆိုပါကားကပင် ဒုတိယံမ္ပိလိုက် တိုက်ပြန်သည်။

ထို့အပြင် ဖုန်းဆက်၍အမျိုး မျိုး ခြိမ်းခြောက်ပြောဆိုမှုများ လည်း ကြုံခဲ့ရသည်ဟု ကိုရာဇာ ဟိန်းကပြောသည်။ လူအချို့က ဆိုလျှင် သတ်ပစ်မည်ဟု ပေါ်တင် စိန်ခေါ်လာခြင်းပင် ရှိကြောင်း ၎င်း ကဖွင့်ဟသည်။

ထိုစဉ် ၂၀၁၇ ဇန်နဝါရီခန့် ကသမ္မတရုံးမှ တာဝန်ရှိသူက ကို ရာဇာဟိန်းကို လုံခြုံရေးအပြည့် ဖြင့် ထားသည်ဟု မီဒီယာအချို့ကို ဖြေကြားခဲ့သည်။ သို့သော်လက် တွေ့တွင်တော့ အဖြစ်မှန်နှင့်ကွဲ လွဲနေသည်။ မြို့ခံရဲနှစ်ဦးသည် ရှိတစ်ချက်၊ မရှိတစ်ချက်ဖြင့် လာ စောင့်ပေးသော်လည်း တစ်လ ပြည့်သည့် အချိန်တွင်တော့လုံးလုံး မလာတော့ပါဟု ၎င်းကဆိုသည်။

သို့လောသို့လော သံသယ စိတ်ကြောင့် စိုးရိမ်မကင်းကြောက် လန့်နေသူများသည် ကိုရာဇာဟိန်း တို့ မိသားစုတစ်စုတည်းသာမ ဟုတ်ပါ။ ၎င်းတို့နှင့် ပတ်သက်သူ များမြို့ခံများ ပါဝင်လာသည်။ ၎င်းတို့ကလည်း သူနှင့် ပတ်သက် လျှင် အန္တရာယ်ရှိမည်ဟုယူဆလာဟန်တူသည်။ ထို့အပြင် တစ်ဖက်ကလည်း သူဖမ်းဆီးခဲ့သည့် တရားခံဖြစ်သူ မြို့လူမိုက်တစ်စု သည် ထောင်ဒဏ်မကျသေးဘဲ တရားရုံးတွင် အမှုရင်ဆိုင်နေရဆဲ ဖြစ်သည်။

‘‘တော်တော်များများက ခပ် တန်းတန်းဖြစ်လာတယ်။ အသိ မိတ်ဆွေတွေတောင် ကိုယ့်ကို ရှောင်လာကြတော့ ကိုယ်ကလည်းဆင်ခြင်ပေးလိုက်ပါတယ်။ သူတို့ အနေရခက်မှာစိုးလို့ သွားလည် တာပြုတာတောင် မလုပ်တော့ ဘူး’’ဟု ၎င်းကဆိုသည်။

ကိုရာဇာဟိန်းသည် တစ်ရက်လျှင်လုပ်ခ ၃,၀၀၀ ကျပ်ဖြင့် ဇလီဖားတုံးစက်ရုံတွင် ဝင်ရောက်လုပ်ကိုင်နေရသည်။ (ဓာတ်ပုံ−စိုင်းဇော်)

ထိုအချက်ပင် ကိုရာဇာဟိန်း တို့၏ မိသားစုစီးပွားရေးကို ထိ ခိုက်လာပြီး ဖိအားပေါင်းစုံခံရရန် အကြောင်းတစ်ခုဖြစ်လာသည်။ ကိုရာဇာဟိန်းသည် နဂိုကဆိုင် ကယ်ပြင်ဆိုင်ဖွင့်ကာ အရောင်းအ ဝယ် အနည်းငယ်လုပ်သည်။ သူ၏ အမျိုးသမီးမဆွေဆွေက အပ်ချုပ် ဆိုင်နှင့် သင်တန်းငယ်လေး တွဲ၍ ဖွင့်သည်။ ထိုဖြစ်စဉ်နောက်ပိုင်း တွင်တော့ သူတို့လင်မယား၏ ဆိုင်နှစ်ခုလုံးတွင် အလုပ်အပ် မည့်သူမရှိတော့ဘဲ ပိတ်ထားရ သည်အထိ ဖြစ်လာသည်။

‘‘ဒီအစ်မဆီမှာ လာရင် နောက်စေ့သေနတ်မှန်ရမှာ စိုး တယ်တဲ့။ အဲဒီလိုသူတို့ကိုယ်တိုင် ပြောပြီး သင်တန်းသူတွေ မလာ တော့တာ’’ဟု ကိုရာဇာဟိန်း၏ အမျိုးသမီးမဆွေဆွေက ပြော သည်။

‘‘ဆိုင်က အခုလည်း ဖွင့် ထားတာပဲ။ ဘယ်သူမှ မလာ တော့တာ’’ဟု ကိုရာဇာဟိန်းက ဆိုင်ကယ်ပြင်ပစ္စည်းများ တင့်လေ့ ရှိသည့် ခုံတန်းကို လက်ညှိုးထိုး လျက်ပြောသည်။

လူဦးရေရာဂဏန်းသာသာရှိ သည့် ဥသျှစ်ပင်မြို့ငယ်လေးသည် ကိုယ်ကျိုးစွန့်၍ တာဝန်သိသူပြည် သူတစ်ဦးရှားရှားပါးပါးပေါ်ထွက် ခဲ့သည်။ သို့သော်မြို့ခံအများစု၏ အကြောက်တရားနှင့် သံသယစိတ်များက ထိုသူကို ရှောင်ဖယ်ရှောင် ဖယ်လုပ်ရန်ဖြစ်လာဟု ဥသျှစ်ပင် မြို့အေးသုခနာကူအသင်းမှ ကိုရာ ဇာဟိန်းနှင့် ရင်းနှီးသူတစ်ဦးကဆို ပါသည်။

‘‘နဂိုက အရမ်းရင်းတဲ့ ဆရာ တွေ၊ အစ်ကိုတွေတောင် ကိုယ့်ကို အလုပ်ခေါ်ခိုင်းတာမျိုးမလုပ်ဘူး။ ကျွန်တော် အရမ်းဝမ်းနည်းတယ်။ အဲဒီလိုမျိုးတွေကြုံလာတော့ စိတ်ဓာတ်တွေ အရမ်းကျခဲ့ရတယ်’’ဟု သူက ဖွင့်ဟသည်။

ထိုဖြစ်ရပ်များကြောင့် ကိုရာဇာဟိန်းသည် မြန်မာ့မီးရထား၏ ဇလီဖားတုံးစက်ရုံတွင် တစ်နေ့ကျပ်သုံးထောင်ဖြင့် အလုပ်ကြမ်းသွားလုပ်ခဲ့ပြီး ဇနီးမသိအောင် လိမ်လည် လုပ်ကိုင်ခဲ့သည်။

၎င်း၏ ကိုယ်ကျိုးစွန့်သည့် လုပ်ရပ်အတွက်လည်း ကိုရာဇာ ဟိန်းသည် နိုင်ငံတော်အဖွဲ့အ စည်းက ချီးမြှင့်သည့်ငွေကိုထိုက် ထိုက်တန်တန်လည်း မရခဲ့ဖူးချေ။ လက်ရှိအချိန်ထိ ပဲခူးတိုင်းဝန်ကြီး ချုပ်မှ မုန့်ဖိုးပေးသော ငွေငါးသိန်း ကိုသာ အများဆုံးသူရဖူးသည်။ အဲသည့်တွက်လည်း သူတစ်စုံတစ်ရာညည်းညူခြင်းမပြုပါ။

ထို့အပြင် မူးယစ်ဆေးဖမ်း ပေးသူများ၊ သတင်းပေးသူများကို ရာခိုင်နှုန်းဖြင့် ဆုပေးသည်မှာ လည်း ရာခိုင်နှုန်းအရမ်းနည်းသည် ဟု မူးယစ်ရဲတပ်ဖွဲ့မှ အငြိမ်းစား ရဲမှူးကြီး ဦးခမ်းအောင်က ပြော သည်။ ထို့အပြင် စာရွက်စာ တမ်းများ ထောက်ခံစာများ ပြု လုပ်ရလေ့ရှိပြီး ဥပဒေအားနည်း ချက်ကြောင့် အလုပ်ရှုပ်သည်ဟု ၎င်းက ဆိုသည်။ ‘‘တကယ်တမ်း ကျ အကောက်ခွန်သတင်းပေးတာ လောက်တောင် မရပါဘူး’’ဟု ၎င်း ကပြောသည်။

ကိုရာဇာဟိန်း၏ ဖြစ်စဉ်က ပြည်သူလူထုတွင် တာဝန်သိစိတ် မျိုးဖြစ်လာပါက ချိုးနှိမ်ပစ်လိမ့် မည့်ဖြစ်စဉ်မျိုးဟု ပန်းတောင်းမြို့ နယ်ပြည်သူ့လွှတ်တော် အမတ် ဒေါ်ခင်နှင်းသစ်က ပြောသည်။ သူက ကိုရာဇာဟိန်းနှင့် ရင်းနှီးသူ ဖြစ်ပြီး ၂၀၁၇ ဇန်နဝါရီလောက် က ကိုရာဇာဟိန်းကို ဂုဏ်ပြုချီးမြှင့် ရန် အစီအစဉ်ရှိ၊ မရှိ ပြည်သူ့လွှတ် တော်တွင် မေးမြန်းခဲ့သေးသည်။

‘‘ကျွန်မတို့ ပြည်သူတွေက နဂိုတည်းက ကိုယ်ကျိုးစွန့်ပြီး ဒါ မျိုးတာဝန်သိသိနဲ့ လုပ်ပေးချင်တာ မျိုးအားနည်းတယ်။ အခုလိုမလုံ ခြုံတာတွေ၊ အကျဉ်းအကျပ် ရောက်တာတွေရှိလာရင်တော့ သူတို့မှာ ဒါမျိုးနောက်လုပ်မှာ တောင် မဟုတ်တော့ဘူး။ ဒါမျိုး ကိုယ်ကျိုးစွန့်တဲ့သူများကို ဂုဏ် ပြုတာအပြင်နောက်က ချီးမြှင့်တာ မျိုးတွေ လုပ်ဖို့လိုပါတယ်။ဒီကိစ္စ နဲ့ ပတ်သက်ပြီး လွှတ်တော်မှာ မေးမြန်းဖို့လည်း အစီအစဉ်ရှိပါ တယ်’’ဟု ၎င်းကဆိုသည်။

စိုးရိမ်စိတ်များနှင့် ဖိအားများ ရင်ဆိုင်နေရသော်လည်း ကိုရာ ဇာဟိန်းနှင့် သူ့ဇနီးကတော့ သတ္တိ ရှိရှိဖြင့် ရင်ဆိုင်ဆဲဖြစ်သည်။ ကို ရာဇာဟိန်းတစ်ယောက် နေ့စဉ် ဇလီဖားတုံးစက်ရုံသို့ ဆိုင်ကယ် ဖြင့် သွားကာ အလုပ်လုပ်သည့် နေ့တိုင်း ဇနီးက အိမ်တွင်စိတ်ပူ ကာ စောင့်နေလေ့ရှိသည်။ ‘‘ကိုယ့် ကိုယ်တစ်ခုုခုလာလုပ်မလား။ မိသားစုတစ်ခုခုဖြစ်မလားနဲ့ နောက်ဆုံးတော့ အိမ်မျာနေရင်း တောင် မြွေကိုက်ရင်၊ ဓာတ်လိုက် ရင်သေတာမျိုးတောင်ရှိတာပဲလို့ အဲလိုပဲတွေးတော့တယ်’’ဟု မဆွေဆွေက သက်ပြင်းမောကိုချရင်း ဆိုသည်။

ကိုရာဇာဟိန်းကတော့ ယခု လိုအကျပ်အတည်းကြုံနေရသော် လည်း ၎င်းလုပ်ရပ်အတွက် မည် သည့်အခါမျှ နောင်တရမည် မဟုတ်ဟု အခိုင်အမာဆိုပါသည်။

‘‘ကျွန်တော်တို့ ငတ်ရင်ငတ် ပါစေ။ ဒါမျိုးထပ်ကြုံလာရင် ကျွန်တော်ဒီလိုထပ်လုပ်ဦးမှာပဲ။ နောက်ထပ်ကြုံလည်း နောက်ထပ် ဖမ်းဦးမှာပါပဲ’’ဟု အခက်အခဲများ စွာ ရင်ဆိုင်ခဲ့ရသော ယောကျ်ား ရင့်မာကြီးသည် ထိုစကားကို ပြော ချိန်တွင် မျက်ရည်များဝဲ၍နေ သည်။

ကိုရာဇာဟိန်းရရှိထားသည့် ဂုဏ်ပြုဆုတံဆိပ်နှင့်လက်မှတ်များ (ဓာတ်ပုံ – စိုင်းဇော်)

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top