ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

# Zawgyi ျဖင့္ဖတ္ရန္ #

အြန္လုိင္းမွာ တင္ပါးျဖဴခရင္ေရာင္းခ်စဥ္ သူ႔တင္သားကုိ ျပသခဲ့တဲ့ ထုိင္းအမ်ိဳးသမီးတစ္ဦးကုိ ထိုင္း စားသံုးသူကာကြယ္ေရးရဲတပ္ဖြဲ႔က အမွတ္တံဆိပ္မျပည့္စံုမႈနဲ႔ စြဲခ်က္တင္ခဲ့ပါတယ္။ ႏြန္သာဘူရိျပည္နယ္က နစ္သာခန္ ႏြန္သာဆူတီပက္ကုိ ဘန္ေကာက္ၿမိဳ႕၊ လက္စီခရုိင္ စားသံုးသူကာကြယ္ေရးရဲဌာနဆီ ဆင့္ေခၚခဲ့ပါတယ္။ ေဖ့စ္ဘုတ္ခ္စာမ်က္ႏွာတစ္ခုမွာ သူ႔အသားျဖဴေဆးကုိ ေၾကာ္ျငာခ်ိန္ သူ႔ကုိယ္ခႏၶာအေနာက္ပိုင္းကို ျပသခဲ့ေၾကာင္း ၾကာသပေတးေန႔က ေရွ႕ေနႏွစ္ေယာက္က သတိထားမိၿပီးေနာက္ ရဲကုိ အေရးယူဖုိ႔ တုိင္ၾကားခဲ့တာျဖစ္ပါတယ္။

ရဲေတြက သူ႔ကုိ စစခ်င္းမွာ ကုန္အမွတ္တံဆိပ္မျပည့္စံုမႈနဲ႔ အမႈဖြင့္ထားေၾကာင္း၊ အေၾကာင္းက သူ႔ကုန္ပစၥည္းမွာ အေသးစိတ္အခ်က္အလက္ေတြ မပါတဲ့အတြက္ ထင္ေယာင္ထင္မွားျဖစ္ေစႏုိင္လုိ႔ျဖစ္ေၾကာင္း ရဲမွဴးႀကီး ခ်ာနာနန္နက္ ဆန္သာ၀ါပက္က ေျပာပါတယ္။

သူဟာ ထြက္ေျပးဖို႔ မရည္ရြယ္တဲ့အတြက္ သူ႔ကို အာမခံေပးမယ္လုိ႔ ရဲကဆုိပါတယ္။ အစားအေသာက္နဲ႔ ေဆး၀ါးကြပ္ကဲေရးအဖြဲ႕ (FDA) ကလည္း သူ႔ခရင္မွာ အႏၱရာယ္ျဖစ္ေစတဲ့ ပစၥည္းေတြပါသလား၊ သူ႔ပရုိမုိးရွင္းဟာ လက္ေတြ႔အရွိတရားထက္ေက်ာ္လြန္ေနသလားဆုိတာ စစ္ေဆးမွာျဖစ္ေၾကာင္း ရဲကေျပာပါတယ္။ သည္အေတာအတြင္း နည္းပညာရာဇ၀တ္မႈႏွိမ္နင္းေရးရဲတပ္ဖြဲ႔က သူဟာ ကြန္ပ်ဴတာစနစ္တစ္ခုမွာ ညစ္ညမ္းပံုေတြကို ထည့္သြင္းမႈနဲ႔ အမႈဖြင့္ခံသင့္သလားဆုိတာ စစ္ေဆးမွာျဖစ္ပါတယ္။ မစၥ နစ္သာခန္က သူဟာ ကုန္ပစၥည္းေတြကုိ မိတ္ဆက္ၿပီး ေရာင္းအားျမွင့္တင္ဖုိ႔ ဆုိရွယ္မီဒီယာကို သံုးေနတာ တစ္ႏွစ္ေက်ာ္ၿပီလုိ႔ ဆုိပါတယ္။ သူဟာ ေစာ္ကားလုိတဲ့ရည္ရြယ္ခ်က္နဲ႔မဟုတ္ေၾကာင္း၊ သူ႔ေရွ႕ေနကုိ တုိင္ပင္ၿပီးျဖစ္ေၾကာင္းနဲ႔ သူဟာ အတြင္းက်တဲ့အပိုင္းေတြကို မျပသေၾကာင္း ေျပာပါတယ္။

သူ႔ကုန္ပစၥည္းေတြဟာ အက္ဖ္ဒီေအခြင့္ျပဳခ်က္ရၿပီးသား လုိ႔လည္း သူက ဆုိပါတယ္။ ျပည္သူေတြအေနနဲ႔ သူ႔ကို နားလည္ေစလုိေၾကာင္း၊ သူဟာ သူကုိယ္တုိင္၊ သူ႔သမီးနဲ႔ မိခင္ကို တစ္ေယာက္တည္း ေစာင့္ေရွာက္ေနရသူျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: စုျပည့္စံု [Ref: Bangkokpost, Jan 13th]

# Unicode ဖြင့်ဖတ်ရန် #
အွန်လိုင်းမှာ တင်ပါးဖြူခရင်ရောင်းချစဉ် သူ့တင်သားကို ပြသခဲ့တဲ့ ထိုင်းအမျိုးသမီးတစ်ဦးကို ထိုင်း စားသုံးသူကာကွယ်ရေးရဲတပ်ဖွဲ့က အမှတ်တံဆိပ်မပြည့်စုံမှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။ နွန်သာဘူရိပြည်နယ်က နစ်သာခန် နွန်သာဆူတီပက်ကို ဘန်ကောက်မြို့၊ လက်စီခရိုင် စားသုံးသူကာကွယ်ရေးရဲဌာနဆီ ဆင့်ခေါ်ခဲ့ပါတယ်။ ဖေ့စ်ဘုတ်ခ်စာမျက်နှာတစ်ခုမှာ သူ့အသားဖြူဆေးကို ကြော်ငြာချိန် သူ့ကိုယ်ခန္ဓာအနောက်ပိုင်းကို ပြသခဲ့ကြောင်း ကြာသပတေးနေ့က ရှေ့နေနှစ်ယောက်က သတိထားမိပြီးနောက် ရဲကို အရေးယူဖို့ တိုင်ကြားခဲ့တာဖြစ်ပါတယ်။

ရဲတွေက သူ့ကို စစချင်းမှာ ကုန်အမှတ်တံဆိပ်မပြည့်စုံမှုနဲ့ အမှုဖွင့်ထားကြောင်း၊ အကြောင်းက သူ့ကုန်ပစ္စည်းမှာ အသေးစိတ်အချက်အလက်တွေ မပါတဲ့အတွက် ထင်ယောင်ထင်မှားဖြစ်စေနိုင်လို့ဖြစ်ကြောင်း ရဲမှူးကြီး ချာနာနန်နက် ဆန်သာဝါပက်က ပြောပါတယ်။

သူဟာ ထွက်ပြေးဖို့ မရည်ရွယ်တဲ့အတွက် သူ့ကို အာမခံပေးမယ်လို့ ရဲကဆိုပါတယ်။ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) ကလည်း သူ့ခရင်မှာ အန္တရာယ်ဖြစ်စေတဲ့ ပစ္စည်းတွေပါသလား၊ သူ့ပရိုမိုးရှင်းဟာ လက်တွေ့အရှိတရားထက်ကျော်လွန်နေသလားဆိုတာ စစ်ဆေးမှာဖြစ်ကြောင်း ရဲကပြောပါတယ်။ သည်အတောအတွင်း နည်းပညာရာဇဝတ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့က သူဟာ ကွန်ပျူတာစနစ်တစ်ခုမှာ ညစ်ညမ်းပုံတွေကို ထည့်သွင်းမှုနဲ့ အမှုဖွင့်ခံသင့်သလားဆိုတာ စစ်ဆေးမှာဖြစ်ပါတယ်။ မစ္စ နစ်သာခန်က သူဟာ ကုန်ပစ္စည်းတွေကို မိတ်ဆက်ပြီး ရောင်းအားမြှင့်တင်ဖို့ ဆိုရှယ်မီဒီယာကို သုံးနေတာ တစ်နှစ်ကျော်ပြီလို့ ဆိုပါတယ်။ သူဟာ စော်ကားလိုတဲ့ရည်ရွယ်ချက်နဲ့မဟုတ်ကြောင်း၊ သူ့ရှေ့နေကို တိုင်ပင်ပြီးဖြစ်ကြောင်းနဲ့ သူဟာ အတွင်းကျတဲ့အပိုင်းတွေကို မပြသကြောင်း ပြောပါတယ်။

သူ့ကုန်ပစ္စည်းတွေဟာ အက်ဖ်ဒီအေခွင့်ပြုချက်ရပြီးသား လို့လည်း သူက ဆိုပါတယ်။ ပြည်သူတွေအနေနဲ့ သူ့ကို နားလည်စေလိုကြောင်း၊ သူဟာ သူကိုယ်တိုင်၊ သူ့သမီးနဲ့ မိခင်ကို တစ်ယောက်တည်း စောင့်ရှောက်နေရသူဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: စုပြည့်စုံ [Ref: Bangkokpost, Jan 13th]
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top