ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

# ZawGyiျဖင့္ဖတ္ရန္ #

အိႏိၵယႏုိင္ငံ၊ ဘဂၤလားေဒသတြင္ စားေသာက္ဆုိင္ တစ္ခု မီးေလာင္မႈ ျဖစ္ပြားရာ အိပ္စက္ေနသူ ဆိုင္ဝန္ထမ္း ငါးဦး ေသဆံုးခဲ့ေၾကာင္း သိရသည္။
ဘင္ဂါလူ႐ူရွိ ေစ်းဧရိယာတြင္ ဖြင့္လွစ္ထားေသာ စားေသာက္ဆုိင္၌ ဇန္နဝါရီ ၈ ရက္ မနက္အေစာပိုင္းက မီးေလာင္ခဲ့ျခင္း ျဖစ္သည္။ ထိုအခ်ိန္တြင္ ဆိုင္ပိတ္ထားၿပီး ဆိုင္ဝန္ထမ္းမ်ားမွာ အိပ္စက္ေနခဲ့ၾကသည္။

ကိုင္လက္ရွ္ ဘားႏွင့္ စားေသာက္ဆိုင္တြင္ ျဖစ္ပြားေသာ မီးေလာင္မႈကို ေအာင္ျမင္စြာ ထိန္းခ်ဳပ္ ၿငႇိမ္းသတ္ႏုိင္ခဲ့ေသာ္လည္း လူငါးဦး၏ အသက္ကို မကယ္ဆယ္ႏုိင္ခဲ့ေခ်။ “မနက္ ႏွစ္နာရီခြဲေလာက္မွာ မီးနဲ႔ မီးခိုးေတြကို စသတိထားမိလာတာပါ။ ေလာေလာဆယ္ေတာ့ မီးေလာင္မႈ အေၾကာင္းရင္းကို စံုစမ္းေနဆဲ ျဖစ္ပါတယ္။ ဝန္ထမ္း ငါးေယာက္ကေတာ့ အိပ္ေနရင္း မီးထဲ ပါသြားဟန္ ရွိပါတယ္”ဟု ၿမိဳ႕၏ ရဲတပ္ဖြဲ႕ ဒုတိယ အႀကီးအကဲ အမ္အန္ ေအႏူခ်တ္သ္က ေျပာၾကားခဲ့သည္။

ေသဆံုးသူမ်ားမွာ အသက္ ၂၀ မွ ၄၅ ႏွစ္ၾကား ရွိၾကၿပီး အားလံုး ဆိုင္ဝန္ထမ္းမ်ားဟု ဆိုသည္။ ဆိုင္ပိုင္ရွင္ ျဖစ္သူကို လတ္တေလာတြင္ ရဲတပ္ဖြဲ႕က ထိန္းသိမ္းထားေၾကာင္း သိရသည္။

မီးသတ္ဌာနမွ ယာဉ္သံုးစီးျဖင့္ မီးကို ၿငႇိမ္းသတ္ခဲ့ရၿပီး အနီးရွိ အေဆာက္အအံု တစ္ခုသို႔လည္း မီးကူးခဲ့ေၾကာင္း မ်က္ျမင္မ်ားက ဆိုသည္။

ၿပီးခဲ့သည့္ လကလည္း အိႏၵိယႏုိင္ငံ၊ မြမ္ဘုိင္းၿမိဳ႕ရွိ စားေသာက္ဆုိင္ တစ္ခုတြင္ ညနက္ပိုင္း မီးေလာင္မႈ ျဖစ္ပြားရာ လူ ၁၅ ဦး အသက္ဆံုး႐ံႈးခဲ့သည္။

Ref: Indian Express

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
# Unicodeဖြင့်ဖတ်ရန် #

အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေသတွင် စားသောက်ဆိုင် တစ်ခု မီးလောင်မှု ဖြစ်ပွားရာ အိပ်စက်နေသူ ဆိုင်ဝန်ထမ်း ငါးဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဘင်ဂါလူရူရှိ ဈေးဧရိယာတွင် ဖွင့်လှစ်ထားသော စားသောက်ဆိုင်၌ ဇန်နဝါရီ ၈ ရက် မနက်အစောပိုင်းက မီးလောင်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် ဆိုင်ပိတ်ထားပြီး ဆိုင်ဝန်ထမ်းများမှာ အိပ်စက်နေခဲ့ကြသည်။

ကိုင်လက်ရှ် ဘားနှင့် စားသောက်ဆိုင်တွင် ဖြစ်ပွားသော မီးလောင်မှုကို အောင်မြင်စွာ ထိန်းချုပ် ငြှိမ်းသတ်နိုင်ခဲ့သော်လည်း လူငါးဦး၏ အသက်ကို မကယ်ဆယ်နိုင်ခဲ့ချေ။ “မနက် နှစ်နာရီခွဲလောက်မှာ မီးနဲ့ မီးခိုးတွေကို စသတိထားမိလာတာပါ။ လောလောဆယ်တော့ မီးလောင်မှု အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။ ဝန်ထမ်း ငါးယောက်ကတော့ အိပ်နေရင်း မီးထဲ ပါသွားဟန် ရှိပါတယ်”ဟု မြို့၏ ရဲတပ်ဖွဲ့ ဒုတိယ အကြီးအကဲ အမ်အန် အေနူချတ်သ်က ပြောကြားခဲ့သည်။

သေဆုံးသူများမှာ အသက် ၂၀ မှ ၄၅ နှစ်ကြား ရှိကြပြီး အားလုံး ဆိုင်ဝန်ထမ်းများဟု ဆိုသည်။ ဆိုင်ပိုင်ရှင် ဖြစ်သူကို လတ်တလောတွင် ရဲတပ်ဖွဲ့က ထိန်းသိမ်းထားကြောင်း သိရသည်။

မီးသတ်ဌာနမှ ယာဉ်သုံးစီးဖြင့် မီးကို ငြှိမ်းသတ်ခဲ့ရပြီး အနီးရှိ အဆောက်အအုံ တစ်ခုသို့လည်း မီးကူးခဲ့ကြောင်း မျက်မြင်များက ဆိုသည်။

ပြီးခဲ့သည့် လကလည်း အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ရှိ စားသောက်ဆိုင် တစ်ခုတွင် ညနက်ပိုင်း မီးလောင်မှု ဖြစ်ပွားရာ လူ ၁၅ ဦး အသက်ဆုံးရှုံးခဲ့သည်။

Ref: Indian Express

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
Unicodeဖွင့ျဖတျရနျ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top