iMyanmarHouse.com - Best Property Website for Myanmar
×








Credit: 7Day News Daily

#Unicode Version#
“ငါကတော့ နင့်ကိုအရမ်းလှတယ်ထင်ထားတာငါအတော်အသုံးမကျတဲ့ကောင်ပဲ။ဘာလို့လဲဆိုတော့ ပြင်ထားတဲ့ ဓာတ်ပုံထဲမှာတွေ့ရတဲ့နင့်ကိုသိပ်ချောတယ်လို့ထင်ထားခဲ့တာကိုး “

အထက်ပါစကားများကိုပြောကြားခဲ့သူကတော့စင်ကာပူကမက်အန်ထော်နီဆိုသူဖြစ်ပါသည်။ သူနှင့်အချိန်ကြာစွာဖေ့စ်ဘွတ်မှာအွန်လိုင်းရည်စားဖြစ်နေသောမိန်းကလေးကို ဈေးဝယ်စင်တာတစ်ခုမှာလွန်ခဲ့ သောနှစ်ရက်ခန့်က သူကဆုံခဲ့ပါသည်။

အန်ထော်နီ၏ ရည်းစားကဖေ့စ်ဘွတ်နှင့်တွစ်တာအွန်လိုင်းစာမျက်နှာမှာနာမည်ကြီးတစ်ယောက်ဖြစ်သည်။ ထိုမိန်းကလေး၏ လှပသောဓာတ်ပုံများကြောင့် ကျော်ကြားပြီးအန်ထော်နီနှင့်အွန်လိုင်းမှတစ်ဆင့် ရည်းစားဖြစ်ခဲ့ကြသည်။ သူတို့နှစ်ယောက်က နေရာအလှမ်းဝေးသဖြင် တရားဝင်ချစ်သူများဖြစ်သည့်တိုင်အောင် တစ်ယောက်နှင့်တစ်ယောက်အပြင်မှာတော်တော်နှင့်မဆုံဖြစ်ကြ။ ထိုမိန်းကလေးက ၃၆၀ ကင်မရာကိုအမြဲသုံးပြီး သူ့ဓာတ်ပုံများကိုလှပနေအောင်ဆွဲဆောင်မှုရှိအောင်လုပ်ထားကာ အွန်လိုင်းပေါ်က လူအတော်များများကိုလှည့်စားထားသူဖြစ်သည်။ ထိုနည်းကလူတွေကို စိတ်ဝင်စား ဆွဲဆောင်သည့်နည်းဟုမိန်းကလေးကထင်သည်။

ထိုအထဲမှာမှာကံဆိုးသူမောင်ရှင်ကမက်အန်ထော်နီဖြစ်ပါသည်။
လေးလကြာအောင်အဝေးကနေချစ်သူတွေဖြစ်ကြပြီးနောက် နောက်ဆုံးမှာလူချင်းတွေ့ခဲ့ကြ၏။ တွေ့တွေ့ချင်းသူ၏ အွန်လိုင်းရည်းစား၏ ပကတိမျက်နှာကိုတွေ့လိုက်ရသောအခါ အန်ထော်နီမှာ အလွန်စိတ်ပျက်ကာကြောက်ရွံ့အံသြသွားရပါသည်။ မိတ်ကပ်တွေမျက်နှာအပြည့်လိမ်းထားသည့်တိုင် သူ့ ရည်းစားမှာရုပ်ဆိုးလှပါချေတကား။

ထိုကဲ့သို့တွေ့ပြီးသည့်အခါ အန်ထော်နီမှာအော်ဟစ်ငိုယိုပေါက်ကွဲကာမိန်းကလေးနှင့် လမ်းခွဲပြီးသည်နှင့် ဈေးဝယ်စင်တာ၏ လေးထပ်မှ နေပြီးခုန်ချအဆုံးစီရင်သွားပါတော့သည်။

အရေးပေါ်ကားများရောက်လာသည့်အခါတွင် အန်ထော်နီ၏ အသက်မမှီတော့။ ပွဲချင်းပြီးကွယ်လွန်ခဲ့ပါသည်။ သူကျသည့်အရှိန်မှာပြင်းသဖြင့် အသက်ရှင်ဖို့မလွယ်ဟု ဆရာဝန်များက ကောက်ချက်ချပါသည်။

သနားစရာကောင်းသည့်အန်ထော်နီအဖြစ်ကိုလူအတော်များများကတွေ့ခဲ့ပါသည်။ ရဲများက ဖြစ်ရပ်ကိုစုံစမ်းကြည့်သည့်အခါ ရာနှုန်းပြည့်ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံခြင်းဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါ၏။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day News Daily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top