(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

လသာၿမိဳ႕နယ္ မဟာ ဗႏၶဳလလမ္းႏွင့္ ဗိုလ္ရြဲလမ္္း (ေမာင္ခိုင္)ရွိ မုတိုင္ဘုရားေက်ာင္း (တ႐ုတ္ဘံုေက်ာင္း) စတုတၳထပ္ တြင္ မီးေလာင္မႈျဖစ္ပြားခဲ့သည္။

ဇန္နဝါရီ ၁ ရက္ ညေန ၄ နာရီေက်ာ္တြင္ ေလာင္ကြၽမ္းခဲ့ သည့္ မီးေလာင္မႈကို မီးသတ္တပ္ ဖြဲ႕ကမီးေလာင္မႈ Level-2 အျဖစ္ သတ္မွတ္ကာ တစ္နာရီခန္႔ ၿငိႇမ္း သတ္ခဲ့ရေၾကာင္း၊ ညေန ၅ နာရီ မိနစ္ ၂၀ တြင္ အၿပီးသတ္ မီးၿငိမ္းခဲ့ေၾကာင္း မီးသတ္အရာရွိ တစ္ဦးက ေျပာသည္။

‘‘ကြၽန္ေတာ္တို႔အေပၚမွာ မီးၿငိႇမ္းသတ္တဲ့အခ်ိန္မွာေတာ့ တစ္ေယာက္မွမရွိဘူး။ ဘာ ေၾကာင့္ မီးေလာင္ရလဲဆုိတာကို စစ္ေဆးေနတယ္။ ထိခိုက္ဒဏ္ရာ ရသူလည္း မရွိပါဘူး’’ဟု ၎က ေျပာသည္။  မီးေလာင္မႈျဖစ္ပြား သည့္အထပ္တြင္ လူေနထိုင္ျခင္း မရွိဘဲ မဂၤလာပြဲ က်င္းပလိုသူမ်ား ခန္းမအျဖစ္ ငွားရမ္းႏိုင္ရန္ ထား ရွိေၾကာင္း၊ မီးေလာင္ခ်ိန္တြင္ ေလးလႊာမွလူအခ်ဳိ႕ ေျပးထြက္ သြားေၾကာင္း အဆုိပါလမ္းတြင္ ေနထိုင္သူအမ်ဳိးသားတစ္ဦးက ေျပာသည္။

‘‘အေပၚမွာ ဖက္ထုပ္ေၾကာ္ တဲ့ လူႏွစ္ေယာက္ရွိတယ္။ မီး ေလာင္ေတာ့ ေအာက္ဘက္ကို ထြက္ေျပးသြားတာျမင္လိုက္ တယ္။ ဘံုေက်ာင္းက တာဝန္ရွိတဲ့ သူေတြကိုလည္း ဖုန္းဆက္ၿပီး အေၾကာင္းၾကားေပးထားတယ္။ ဂက္စ္အိုးကတစ္ဆင့္ ေလာင္တာ လို႔ေျပာတယ္’’ဟု ၎ကေျပာ သည္။ မီးေလာင္မႈႏွင့္ပတ္သက္၍ လသာရဲစခန္းက အမႈဖြင့္ စံုစမ္း စစ္ေဆးေနၿပီး ဆံုး႐ံႈးမႈတန္ဖိုး တြက္ခ်က္ေနဆဲျဖစ္ေၾကာင္း ရဲအရာရွိ တစ္ဦးက ေျပာသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
လသာမြို့နယ် မဟာ ဗန္ဓုလလမ်းနှင့် ဗိုလ်ရွဲလမ်း (မောင်ခိုင်)ရှိ မုတိုင်ဘုရားကျောင်း (တရုတ်ဘုံကျောင်း) စတုတ္ထထပ် တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဇန်နဝါရီ ၁ ရက် ညနေ ၄ နာရီကျော်တွင် လောင်ကျွမ်းခဲ့ သည့် မီးလောင်မှုကို မီးသတ်တပ် ဖွဲ့ကမီးလောင်မှု Level-2 အဖြစ် သတ်မှတ်ကာ တစ်နာရီခန့် ငြှိမ်း သတ်ခဲ့ရကြောင်း၊ ညနေ ၅ နာရီ မိနစ် ၂၀ တွင် အပြီးသတ် မီးငြိမ်းခဲ့ကြောင်း မီးသတ်အရာရှိ တစ်ဦးက ပြောသည်။

‘‘ကျွန်တော်တို့အပေါ်မှာ မီးငြှိမ်းသတ်တဲ့အချိန်မှာတော့ တစ်ယောက်မှမရှိဘူး။ ဘာ ကြောင့် မီးလောင်ရလဲဆိုတာကို စစ်ဆေးနေတယ်။ ထိခိုက်ဒဏ်ရာ ရသူလည်း မရှိပါဘူး’’ဟု ၎င်းက ပြောသည်။  မီးလောင်မှုဖြစ်ပွား သည့်အထပ်တွင် လူနေထိုင်ခြင်း မရှိဘဲ မင်္ဂလာပွဲ ကျင်းပလိုသူများ ခန်းမအဖြစ် ငှားရမ်းနိုင်ရန် ထား ရှိကြောင်း၊ မီးလောင်ချိန်တွင် လေးလွှာမှလူအချို့ ပြေးထွက် သွားကြောင်း အဆိုပါလမ်းတွင် နေထိုင်သူအမျိုးသားတစ်ဦးက ပြောသည်။

‘‘အပေါ်မှာ ဖက်ထုပ်ကြော် တဲ့ လူနှစ်ယောက်ရှိတယ်။ မီး လောင်တော့ အောက်ဘက်ကို ထွက်ပြေးသွားတာမြင်လိုက် တယ်။ ဘုံကျောင်းက တာဝန်ရှိတဲ့ သူတွေကိုလည်း ဖုန်းဆက်ပြီး အကြောင်းကြားပေးထားတယ်။ ဂက်စ်အိုးကတစ်ဆင့် လောင်တာ လို့ပြောတယ်’’ဟု ၎င်းကပြော သည်။ မီးလောင်မှုနှင့်ပတ်သက်၍ လသာရဲစခန်းက အမှုဖွင့် စုံစမ်း စစ်ဆေးနေပြီး ဆုံးရှုံးမှုတန်ဖိုး တွက်ချက်နေဆဲဖြစ်ကြောင်း ရဲအရာရှိ တစ်ဦးက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top