မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×



သတင္းမီဒီယာမ်ားႏွင့္ အင္တာဗ်ဴးလုပ္ေနေသာ ဦးသူရိန္။
 ျမန္မာလိဂ္ကလပ္ အသင္းေဟာင္း ေဇယ်ာေရႊေျမ ေဘာလံုးအသင္း ပိုင္ရွင္နဲ႔ ေရႊနဂါးမင္း ကုမၸဏီမ်ားအုပ္စု မန္ေနဂ်င္းဒါ႐ိုက္တာ ဦးသူရိန္က ဇန္နဝါရီ ၈ ရက္ ညေန ၃ နာရီခြဲမွာ ကြယ္လြန္ခဲ့တယ္လို႔ သိရပါတယ္။

အသက္ (၄၀) ႏွစ္ရွိၿပီျဖစ္တဲ့ ဦးသူရိန္က ၿပီးခဲ့တဲ့ႏွစ္ကတည္းက က်န္းမာေရးအေျခအေနေၾကာင့္ ေဆး႐ံုတက္ေရာက္ကုသခဲ့ရတယ္လုိ႔ သူနဲ႔ နီးစပ္သူတစ္ဦးက ေျပာပါတယ္။

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးေဟာင္း ဦးဝင္းျမင့္ရဲ႕ သားလည္းျဖစ္တဲ့ ဦးသူရိန္က ၂၀၀၉ ျမန္မာလိဂ္ စတင္ခ်ိန္မွာ ေဇယ်ာေရႊေျမအသင္းကို တည္ေထာင္ၿပီး ၂၀၁၆ ၾသဂုတ္မွာ အိမ္ကြင္းျဖစ္တဲ့ မံုရြာကြင္းကို တိုင္းေဒသႀကီးလႊတ္ေတာ္က ျပန္လည္ရယူဖုိ႔ ေတာင္းဆိုခဲ့လို႔ အသင္းဖ်က္သိမ္းခဲ့ပါတယ္။

"ဦးသူရိန္ကြယ္လြန္တာနဲ႔ ပတ္သက္ၿပီး က်န္ရစ္သူမိသားစုနဲ႔အတူ ေၾကကြဲ၀မ္းနည္းရေၾကာင္း၊ ဦးသူရိန္ေကာင္းရာ သုဂတိေရာက္ရွိပါေစေၾကာင္း ျမန္မာ့ေဘာလုံးေလာကသား အားလုံးကိုယ္စား  ဆုေတာင္း ေမတၱာပုိ႔သအပ္ပါသည္"လုိ႔ ျမန္မာႏုိင္္ငံေဘာလုံးအဖြဲ႕ခ်ဳပ္က ထုတ္ျပန္ ထားပါတယ္။

Source : 7DayDaily

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
 သတင်းမီဒီယာများနှင့် အင်တာဗျူးလုပ်နေသော ဦးသူရိန်။

 မြန်မာလိဂ်ကလပ် အသင်းဟောင်း ဇေယျာရွှေမြေ ဘောလုံးအသင်း ပိုင်ရှင်နဲ့ ရွှေနဂါးမင်း ကုမ္ပဏီများအုပ်စု မန်နေဂျင်းဒါရိုက်တာ ဦးသူရိန်က ဇန်နဝါရီ ၈ ရက် ညနေ ၃ နာရီခွဲမှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

အသက် (၄၀) နှစ်ရှိပြီဖြစ်တဲ့ ဦးသူရိန်က ပြီးခဲ့တဲ့နှစ်ကတည်းက ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတက်ရောက်ကုသခဲ့ရတယ်လို့ သူနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဟောင်း ဦးဝင်းမြင့်ရဲ့ သားလည်းဖြစ်တဲ့ ဦးသူရိန်က ၂၀၀၉ မြန်မာလိဂ် စတင်ချိန်မှာ ဇေယျာရွှေမြေအသင်းကို တည်ထောင်ပြီး ၂၀၁၆ သြဂုတ်မှာ အိမ်ကွင်းဖြစ်တဲ့ မုံရွာကွင်းကို တိုင်းဒေသကြီးလွှတ်တော်က ပြန်လည်ရယူဖို့ တောင်းဆိုခဲ့လို့ အသင်းဖျက်သိမ်းခဲ့ပါတယ်။

"ဦးသူရိန်ကွယ်လွန်တာနဲ့ ပတ်သက်ပြီး ကျန်ရစ်သူမိသားစုနဲ့အတူ ကြေကွဲဝမ်းနည်းရကြောင်း၊ ဦးသူရိန်ကောင်းရာ သုဂတိရောက်ရှိပါစေကြောင်း မြန်မာ့ဘောလုံးလောကသား အားလုံးကိုယ်စား  ဆုတောင်း မေတ္တာပို့သအပ်ပါသည်"လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန် ထားပါတယ်။

Source : 7DayDaily

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top