ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

မိန္းကေလးေတြေတာ္ေတာ္မ်ားမ်ားက အရြယ္ေရာက္လာတာနဲ႔အမွ် သီးတန္တဲ့ေနရာသီး၊ ပြင့္တန္တဲ့ေနရာပြင့္ရာပြင့္ၾကတာပဲေလ။ ဒါေပမယ့္ ကိုယ့္ရဲ႕အသီးအပြင့္ကို မေက်နပ္တဲ့မိန္းကေလးေတြလည္း ရွိပါတယ္။ ဒါေၾကာင့္မို႔ ေလ့က်င့္ခန္း လုပ္တဲ့သူကလုပ္ ၊ ခြဲစိတ္ျပဳျပင္တဲ့လူကျပဳျပင္နဲ႔ ဒီေခတ္ၾကီးထဲမွာ မ်ိဳးစံုေနတာပဲ ။ အခု အဲလိုမ်ိဳးစံုေနေအာင္ လုပ္စရာမလိုေတာ့ဘူး။ ရင္သားၾကီးခ်င္တဲ့ ေယာင္းေတြအတြက္ ရင္သားၾကီးသေယာင္ထင္ရတဲ့ လွည့္စားနည္းေလးေတြရွိတယ္ေနာ္ ။

၁။Push-up Bra

Push-up Bra လို႔ေခၚတဲ့ ရင္သားကိုပင့္တင္ေပးတဲ့ ဘရာေတြက ရင္သားကိုၾကီးသေယာင္ပံု ေပါက္ေစပါတယ္။ အဲဒီဘရာေတြက ရင္သားကိုပင့္တင္ေပးတဲ့အျပင္ သူ႔ေနရာသူပံုက်ေအာင္လည္း ထိန္းသိမ္းေပးပါတယ္။ ပိုၾကီးတဲ့ပံုေပါက္ခ်င္ရင္ ေဖာ့ခြက္ထူထူပါတဲ့ Push-up Bra ကိုေရြးပါ။

၂။ေျခအိတ္

ေျခအိတ္ကိုေျခေထာက္မွာပဲ၀တ္ရမယ္လို႔ ဘယ္သူေျပာလဲ။ အသံုး၀င္တဲ့ ေနာက္ထပ္တစ္ေနရာရွိပါေသးတယ္။ ေျခအိတ္ကိုအလယ္ကေခါက္ျပီး ဘရာထဲထည့္၀တ္တာက ရင္သားကို သဘာ၀အတိုင္းၾကီးသေယာင္ ျဖစ္ေစပါတယ္။ တကယ္လို႔ေယာင္းဟာ အေရးၾကီးပြဲတစ္ခုခု သြားစရာရွိတဲ့ဆိုရင္ အေရးေပၚနည္းလမ္းအျဖစ္ ေျခအိတ္ပဲသံုးလိုက္ပါ။ ဘယ္သူမွမသိပါဘူး။

၃။မိတ္ကပ္

ဒီနည္းလမ္းဟာ နိုင္ငံျခားမွာအရမ္းကို ေရပန္းစားတဲ့နည္းလမ္းပါ အခုဆိုရင္ ရုပ္ရွင္မင္းသမီးေတာ္ေတာ္မ်ားမ်ားလည္း လုပ္ၾကပါတယ္။ ေယာင္းတို႔ မ်က္ႏွာသြယ္သြယ္ေလး ျဖစ္ခ်င္ရင္ မိတ္ကပ္အညိဳသံုးျပီး shading လုပ္ၾကတယ္မွတ္လား။ ဒီဟာကေတာ့ ရင္ဘတ္နားက ရင္သားေကာက္ေၾကာင္းပိုေပၚေအာင္ မိတ္ကပ္အညိဳသံုးျပီး  ပံုေဖာ္တာပါ။ ပံုေဖာ္ျပီးသြားရင္ ရင္သားကနဂိုထက္ ပိုၾကီးသေယာင္ ထင္ရျပီး ပိုလည္းၾကည့္လို႕ေကာင္းပါတယ္။

၄။ဘရာ(၂)ထပ္၀တ္ျခင္း

အေပၚမွာေျပာခဲ့တဲ့ Push-up ဘရာတစ္ထည္တည္းနဲ႔တင္ အေတာ္ၾကည့္ေကာင္းေနျပီး ဆိုေပမယ့္လည္း  ဒီထက္ပိုၾကီးသေယာင္ပံုေပါက္ခ်င္ရင္ေတာ့ ဘရာ(၂)ထပ္၀တ္ပါ။ ပထမဘရာက သူ႔ေနရာန႔သူပုံက်ေအာင္ ေနရာခ်ျပီးေပမယ့္ ေနာက္တစ္ထပ္ ထက္၀တ္လိုက္ရင္  ဒုတိယဘဘရာက ထပ္ပင့္တင္ေပးျပီး ပိုပံုက်လွပေအာင္ ပံုသြင္းေပးပါတယ္။

၅။မတ္မတ္ရပ္ျခင္း

အမ်ားစုကေတာ့ ကိုယ္ဘာသာဘယ္လိုရပ္ရပ္ ရင္သားၾကီးတာ ၊ ေသးတာနဲ႔ မဆိုင္ဘူးလို႔ထင္ၾကပါတယ္။ တကယ္ေတာ့ အရမ္းကိုဆိုင္ပါတယ္။ ပခံုးကိုမတ္ထားျပီး ရင္ဘတ္ကိုေကာ့ မတ္မတ္ရပ္တာက ရင္သားပိုၾကီးေနသေယာင္ထင္ရပါတယ္။

၆။ခါးေသးေအာင္၀တ္ဆင္ျခင္း

ခါးေသးေအာင္၀တ္ထားတာက ရင္သားပိုၾကီးသေယာင္ထင္ေစပါတယ္။ ခါးေသးေအာင္ပတ္၀တ္ရတဲ့ ခါးစည္းေတြရွိပါတယ္။ အဲဒါကို ကိုယ္၀တ္မယ့္ အကၤ်ီေအာက္က ခံ၀၀တ္ရင္ ခါးကပိုေသးျပီး ရင္ကပိုၾကီးသေယာင္ေပါက္ေစပါတယ္။ ဒါမွမဟုတ္ ခါးေသးပံုေပါက္ေစတဲ့ ခါးတိုအက်ပ္ေလးေတြ၀တ္ပါ။
အဲ့ေလာက္ၾကီးေတာ့ ဟုတ္ဘူးေပါ့။

၇။အေရာင္ေဖ်ာ့ေဖ်ာ့အစင္းပါတဲ့အကၤ်ီ၀တ္ပါ။

အေရာင္ရင့္ရင့္ေတြက ရွိေနတဲ့ရင္ဘတ္ကိုေတာင္ ပိုေသးပံုေပါက္ေစပါတယ္။ အေရာင္ရင့္ေတြ၀တ္တာ လူကိုပိုပိန္တဲ့ပံုလည္းေပါက္ေစျပီး ရင္သားကိုလည္းေသးတဲ့ ပံုေပါက္ေစပါတယ္။ အေရာင္ေဖ်ာ့ေဖ်ာ့ေတြကေတာ့ ရင္သားကိုပိုၾကီးသေယာင္ေပါက္ေစပါတယ္။ အစင္းပါတဲ့အကၤ်ီေလးေတြ၀တ္ရင္ေတာ့ ရင္ဘက္ကိုပိုထြက္ေနသေယာင္ပံုေပါက္ေစျပီး ေကာက္ေၾကာင္းလည္း ပိုလွေစပါတယ္။

ဒီနည္းေလးေတြ လုပ္ၿပီး ကိုယ့္ကိုLCDလို႔လာေခၚေနတဲ့သူေတြကို မ်က္လွည့္ၿပလိုက္ပါ။

အဲ..တကယ္ ရင္သားၾကီးခ်င္ရင္ေတာ့ ဒီနည္းေလး ဖတ္ၾကည့္ေနာ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hana(For Her Myanmar)

#Unicode Version#
မိန်းကလေးတွေတော်တော်များများက အရွယ်ရောက်လာတာနဲ့အမျှ သီးတန်တဲ့နေရာသီး၊ ပွင့်တန်တဲ့နေရာပွင့်ရာပွင့်ကြတာပဲလေ။ ဒါပေမယ့် ကိုယ့်ရဲ့အသီးအပွင့်ကို မကျေနပ်တဲ့မိန်းကလေးတွေလည်း ရှိပါတယ်။ ဒါကြောင့်မို့ လေ့ကျင့်ခန်း လုပ်တဲ့သူကလုပ် ၊ ခွဲစိတ်ပြုပြင်တဲ့လူကပြုပြင်နဲ့ ဒီခေတ်ကြီးထဲမှာ မျိုးစုံနေတာပဲ ။ အခု အဲလိုမျိုးစုံနေအောင် လုပ်စရာမလိုတော့ဘူး။ ရင်သားကြီးချင်တဲ့ ယောင်းတွေအတွက် ရင်သားကြီးသယောင်ထင်ရတဲ့ လှည့်စားနည်းလေးတွေရှိတယ်နော် ။

၁။Push-up Bra

Push-up Bra လို့ခေါ်တဲ့ ရင်သားကိုပင့်တင်ပေးတဲ့ ဘရာတွေက ရင်သားကိုကြီးသယောင်ပုံ ပေါက်စေပါတယ်။ အဲဒီဘရာတွေက ရင်သားကိုပင့်တင်ပေးတဲ့အပြင် သူ့နေရာသူပုံကျအောင်လည်း ထိန်းသိမ်းပေးပါတယ်။ ပိုကြီးတဲ့ပုံပေါက်ချင်ရင် ဖော့ခွက်ထူထူပါတဲ့ Push-up Bra ကိုရွေးပါ။

၂။ခြေအိတ်

ခြေအိတ်ကိုခြေထောက်မှာပဲဝတ်ရမယ်လို့ ဘယ်သူပြောလဲ။ အသုံးဝင်တဲ့ နောက်ထပ်တစ်နေရာရှိပါသေးတယ်။ ခြေအိတ်ကိုအလယ်ကခေါက်ပြီး ဘရာထဲထည့်ဝတ်တာက ရင်သားကို သဘာဝအတိုင်းကြီးသယောင် ဖြစ်စေပါတယ်။ တကယ်လို့ယောင်းဟာ အရေးကြီးပွဲတစ်ခုခု သွားစရာရှိတဲ့ဆိုရင် အရေးပေါ်နည်းလမ်းအဖြစ် ခြေအိတ်ပဲသုံးလိုက်ပါ။ ဘယ်သူမှမသိပါဘူး။

၃။မိတ်ကပ်

ဒီနည်းလမ်းဟာ နိုင်ငံခြားမှာအရမ်းကို ရေပန်းစားတဲ့နည်းလမ်းပါ အခုဆိုရင် ရုပ်ရှင်မင်းသမီးတော်တော်များများလည်း လုပ်ကြပါတယ်။ ယောင်းတို့ မျက်နှာသွယ်သွယ်လေး ဖြစ်ချင်ရင် မိတ်ကပ်အညိုသုံးပြီး shading လုပ်ကြတယ်မှတ်လား။ ဒီဟာကတော့ ရင်ဘတ်နားက ရင်သားကောက်ကြောင်းပိုပေါ်အောင် မိတ်ကပ်အညိုသုံးပြီး  ပုံဖော်တာပါ။ ပုံဖော်ပြီးသွားရင် ရင်သားကနဂိုထက် ပိုကြီးသယောင် ထင်ရပြီး ပိုလည်းကြည့်လို့ကောင်းပါတယ်။

၄။ဘရာ(၂)ထပ်ဝတ်ခြင်း

အပေါ်မှာပြောခဲ့တဲ့ Push-up ဘရာတစ်ထည်တည်းနဲ့တင် အတော်ကြည့်ကောင်းနေပြီး ဆိုပေမယ့်လည်း  ဒီထက်ပိုကြီးသယောင်ပုံပေါက်ချင်ရင်တော့ ဘရာ(၂)ထပ်ဝတ်ပါ။ ပထမဘရာက သူ့နေရာန့သူပုံကျအောင် နေရာချပြီးပေမယ့် နောက်တစ်ထပ် ထက်ဝတ်လိုက်ရင်  ဒုတိယဘဘရာက ထပ်ပင့်တင်ပေးပြီး ပိုပုံကျလှပအောင် ပုံသွင်းပေးပါတယ်။

၅။မတ်မတ်ရပ်ခြင်း

အများစုကတော့ ကိုယ်ဘာသာဘယ်လိုရပ်ရပ် ရင်သားကြီးတာ ၊ သေးတာနဲ့ မဆိုင်ဘူးလို့ထင်ကြပါတယ်။ တကယ်တော့ အရမ်းကိုဆိုင်ပါတယ်။ ပခုံးကိုမတ်ထားပြီး ရင်ဘတ်ကိုကော့ မတ်မတ်ရပ်တာက ရင်သားပိုကြီးနေသယောင်ထင်ရပါတယ်။

၆။ခါးသေးအောင်ဝတ်ဆင်ခြင်း

ခါးသေးအောင်ဝတ်ထားတာက ရင်သားပိုကြီးသယောင်ထင်စေပါတယ်။ ခါးသေးအောင်ပတ်ဝတ်ရတဲ့ ခါးစည်းတွေရှိပါတယ်။ အဲဒါကို ကိုယ်ဝတ်မယ့် အင်္ကျီအောက်က ခံ၀၀တ်ရင် ခါးကပိုသေးပြီး ရင်ကပိုကြီးသယောင်ပေါက်စေပါတယ်။ ဒါမှမဟုတ် ခါးသေးပုံပေါက်စေတဲ့ ခါးတိုအကျပ်လေးတွေဝတ်ပါ။
အဲ့လောက်ကြီးတော့ ဟုတ်ဘူးပေါ့။

၇။အရောင်ဖျော့ဖျော့အစင်းပါတဲ့အင်္ကျီဝတ်ပါ။

အရောင်ရင့်ရင့်တွေက ရှိနေတဲ့ရင်ဘတ်ကိုတောင် ပိုသေးပုံပေါက်စေပါတယ်။ အရောင်ရင့်တွေဝတ်တာ လူကိုပိုပိန်တဲ့ပုံလည်းပေါက်စေပြီး ရင်သားကိုလည်းသေးတဲ့ ပုံပေါက်စေပါတယ်။ အရောင်ဖျော့ဖျော့တွေကတော့ ရင်သားကိုပိုကြီးသယောင်ပေါက်စေပါတယ်။ အစင်းပါတဲ့အင်္ကျီလေးတွေဝတ်ရင်တော့ ရင်ဘက်ကိုပိုထွက်နေသယောင်ပုံပေါက်စေပြီး ကောက်ကြောင်းလည်း ပိုလှစေပါတယ်။

ဒီနည်းလေးတွေ လုပ်ပြီး ကိုယ့်ကိုLCDလို့လာခေါ်နေတဲ့သူတွေကို မျက်လှည့်ပြလိုက်ပါ။

အဲ..တကယ် ရင်သားကြီးချင်ရင်တော့ ဒီနည်းလေး ဖတ်ကြည့်နော်။

ဖိုးသူတော် (www.phothutaw.com)
Credit: Hana(For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top