မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ႏွင္းဆီနယ္နိမိတ္အၿငိမ့္ တြင္ ၎တို႔အဖြဲ႕ထံုးစံအတိုင္း မ်က္ေမွာက္ေခတ္၌ ႀကံဳေတြ႕ေန ရသည့္ အေၾကာင္းအရာမ်ားပါ ဝင္သည့္ ျပက္လံုးခြင္မ်ားျဖင့္ တင္ဆက္ခဲ့သည္။

အဆိုပါေဖ်ာ္ေျဖပြဲကို ရခိုင္ ျပည္နယ္ ၿခံစည္း႐ိုးကာရံေရး ရန္ပံုေငြပြဲအေနျဖင့္ ျပဳလုပ္ျခင္းျဖစ္ ၿပီး ဇန္နဝါရီ ၁၉ ႏွင့္ ၂၀ ရက္တြင္ ရန္ကုန္ၿမိဳ႕ အမ်ိဳးသားကဇာတ္႐ံု၌ ျပဳလုပ္ခဲ့သည္။

ႏွင္းဆီအဖြဲ႕က စင္တင္မည့္ မင္းသမီးအသစ္မ်ားကို ပြဲထုတ္ သည့္အေနျဖင့္ ႏွင္းဆီအဖြဲ႕ဝင္ မင္းသားမ်ားက မင္းသမီးအသစ္ မ်ားႏွင့္ စံုတြဲသီခ်င္းမ်ား သီဆို၍ ေဖ်ာ္ေျဖသည့္အစီအစဥ္ကို ထည့္သြင္းတင္ဆက္ခဲ့သည္။ ထို႔ျပင္ ရခိုင္ျပည္နယ္အတြက္ ရန္ပံုေငြ ေဖ်ာ္ေျဖပြဲ ျပဳလုပ္ျခင္းျဖစ္ေသာ ေၾကာင့္ ရခိုင္တိုင္းရင္းသားအဆို ေတာ္မ်ားလည္း ပါဝင္သီဆိုခဲ့ သည္။

ယင္းေဖ်ာ္ေျဖပြဲကို ျမန္မာ ႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ံုးက ႀကီး မွဴးက်င္းပေသာေၾကာင့္ လာေရာက္ၾကည့္႐ႈသည့္ ခန္းမအတြင္းရွိ ပရိသတ္မ်ားထံ လိုက္လံအလွဴခံသည့္အစီအစဥ္၌ ေဖ်ာ္ေျဖတင္ဆက္မႈတြင္ မပါဝင္ေသာ အႏုပညာရွင္မ်ားက ကူညီေဆာင္ရြက္ ေပးခဲ့သည္။ ဇန္နဝါရီ ၁၉ ရက္ည၌ အဆုိပါအလွဴခံသည့္အစီ အစဥ္မွ က်ပ္ေလးဆယ့္ငါးသိန္း ေက်ာ္ရရွိခဲ့ေၾကာင္း  ေၾကညာခဲ့သည္။

ႏွင္းဆီအဖြဲ႕၏ အၿငိမ့္တင္ ဆက္မႈအစီအစဥ္အစတြင္ ေက ေပါ့ပ္သီခ်င္းျဖင့္ ျမဴးျမဴးႂကြႂကြ ကျပ၍ ပရိသတ္မ်ား၏လက္ခုပ္ သံကို ရယူခဲ့သည္။

ပြဲအဖြင့္ကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖစ္ေစရန္ ယင္းကဲ့သို႔စတင္ခဲ့ၿပီး ေနာက္ အၿငိမ့္သမားစဥ္အတုိင္း ေဖ်ာ္ေျဖမႈအစီအစဥ္မ်ား ဆက္လက္ေဖ်ာ္ေျဖခဲ့သည္။ အၿငိမ့္ခြင္ျပက္လံုးမ်ားအေနျဖင့္ လတ္တေလာႀကံဳေတြ႕ေနရသည့္    ေဖ့စ္ဘြတ္ခ္က  တုိက္ခိုက္မႈမ်ားအေၾကာင္း၊ ေလာ္စပီကာမ်ားအေၾကာင္း၊ လမ္းပိတ္သည့္ အ ေၾကာင္း၊ အခြန္ကိစၥစသည့္ အေၾကာင္းအရာမ်ားကိုသီခ်င္းမ်ားျဖင့္  တင္ဆက္ခဲ့ရာ ပရိသတ္မ်ားႏွစ္ၿခိဳက္ခဲ့သည္။

သို႔ေသာ္ အဆိုပါေဖ်ာ္ေျဖပြဲ ၏တင္ဆက္မႈအခ်ိဳ႕သည္ ၿပီးခဲ့ သည့္ ႏွစ္ကုန္ပိုင္းတြင္ ကျပခဲ့ ေသာ ေတာ္ဝင္ႏွစ္သစ္ႏွင္းဆီအ ၿငိမ့္တင္ဆက္မႈမ်ားႏွင့္ ဆင္တူမႈ မ်ားရွိေၾကာင္း ပရိသတ္တစ္ဦးက ဆုိသည္။ထုိ႔အျပင္ အုိင္ေဒါျပက္လံုးခြင္ကို ပရိသတ္မ်ား အားေပးခဲ့ၿပီး ေနာက္ဆံုးတြင္ ယေန႔ေခတ္၏ အလွအပေရးရာအေနျဖင့္ ခြဲစိတ္ျပဳျပင္သည့္အေၾကာင္း ဟာသအေနျဖင့္ တင္ဆက္ခဲ့သည္။

ႏွင္းဆီအဖြဲ႕ လူရႊင္ေတာ္မ်ားအျဖစ္ မင္းေမာ္ကြန္း၊ ေနတိုး၊ ေက်ာ္ေက်ာ္ဗို၊ ထြန္းထြန္းႏွင့္  ရဲေလးတို႔က တင္ဆက္ခဲ့ၿပီး  မင္းသမီးအျဖစ္ ဖူးစံု၊ မိုးျပည့္ျပည့္ေမာင္၊ ေမကဗ်ာႏွင့္ မိုးယုစံတို႔က  ကျပခဲ့သည္။

မင္းသမီးမ်ားက တစ္ဦးလွ်င္ သီခ်င္းတစ္ပုဒ္စီ ကျပတင္ဆက္ ၿပီး ႏႈတ္ဆက္သီခ်င္းအေနျဖင့္ ႏွင္းဆီနယ္နိမိတ္သီခ်င္းကို အဆို ေတာ္မိုးထက္ျမင့္က သီဆိုသည္။

အဆိုပါေဖ်ာ္ေျဖပြဲကို Bella အလွကုန္က အဓိကကူညီပံ့ပိုးခဲ့ၿပီး ပြဲစဥ္တစ္ခုလံုးတြင္ Bella အလွကုန္ႏွင့္ ပတ္သက္သည့္အ ေၾကာင္းအရာမ်ားကို လူရႊင္ေတာ္ မ်ားက ေျပာၾကားခဲ့သည္။ ထို႔ျပင္ အဆိုပါပြဲအတြက္ ကူညီပံ့ပုိးေပး သူမ်ားကုိ ေၾကာ္ျငာေပးသည့္အေနျဖင့္ သီခ်င္းမ်ားျဖင့္ ေက်းဇူးတင္စကားဆိုသည့္ အစီ အစဥ္ကို ထည့္သြင္းတင္ဆက္ခဲ့သည္။

ႏွင္းဆီအဖြဲ႕အေနျဖင့္ ၎တို႔ေဖ်ာ္ေျဖပြဲမ်ားကို ျပည္တြင္း၌ တစ္ႏွစ္လွ်င္ တစ္ႀကိမ္သာျပဳလုပ္ေလ့ရွိၿပီး ၿပီးခဲ့သည့္ႏွစ္ ေဖ်ာ္ေျဖပြဲကို ဒီဇင္ဘာ ၃၀ ရက္က ေတာ္ဝင္ဂါး ဒင္းဟိုတယ္၌ျပဳလုပ္ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
နှင်းဆီနယ်နိမိတ်အငြိမ့် တွင် ၎င်းတို့အဖွဲ့ထုံးစံအတိုင်း မျက်မှောက်ခေတ်၌ ကြုံတွေ့နေ ရသည့် အကြောင်းအရာများပါ ဝင်သည့် ပြက်လုံးခွင်များဖြင့် တင် ဆက်ခဲ့သည်။

အဆိုပါဖျော်ဖြေပွဲကို ရခိုင် ပြည်နယ် ခြံစည်းရိုးကာရံရေး ရန်ပုံငွေပွဲအနေဖြင့် ပြုလုပ်ခြင်းဖြစ် ပြီး ဇန်နဝါရီ ၁၉ နှင့် ၂၀ ရက်တွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်ခဲ့သည်။

နှင်းဆီအဖွဲ့က စင်တင်မည့် မင်းသမီးအသစ်များကို ပွဲထုတ် သည့်အနေဖြင့် နှင်းဆီအဖွဲ့ဝင် မင်းသားများက မင်းသမီးအသစ် များနှင့် စုံတွဲသီချင်းများ သီဆို၍ ဖျော်ဖြေသည့်အစီအစဉ်ကို ထည့်သွင်းတင်ဆက်ခဲ့သည်။ ထို့ပြင် ရခိုင်ပြည်နယ်အတွက် ရန်ပုံငွေ ဖျော်ဖြေပွဲ ပြုလုပ်ခြင်းဖြစ်သော ကြောင့် ရခိုင်တိုင်းရင်းသားအဆို တော်များလည်း ပါဝင်သီဆိုခဲ့ သည်။

ယင်းဖျော်ဖြေပွဲကို မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးက ကြီး မှူးကျင်းပသောကြောင့် လာရောက်ကြည့်ရှုသည့် ခန်းမအတွင်းရှိ ပရိသတ်များထံ လိုက်လံအလှူခံသည့်အစီအစဉ်၌ ဖျော်ဖြေတင်ဆက်မှုတွင် မပါဝင်သော အနုပညာရှင်များက ကူညီဆောင်ရွက် ပေးခဲ့သည်။ ဇန်နဝါရီ ၁၉ ရက်ည၌ အဆိုပါအလှူခံသည့်အစီ အစဉ်မှ ကျပ်လေးဆယ့်ငါးသိန်း ကျော်ရရှိခဲ့ကြောင်း  ကြေညာခဲ့သည်။

နှင်းဆီအဖွဲ့၏ အငြိမ့်တင် ဆက်မှုအစီအစဉ်အစတွင် ကေ ပေါ့ပ်သီချင်းဖြင့် မြူးမြူးကြွကြွ ကပြ၍ ပရိသတ်များ၏လက်ခုပ် သံကို ရယူခဲ့သည်။

ပွဲအဖွင့်ကို ပျော်ပျော်ရွှင်ရွှင် ဖြစ်စေရန် ယင်းကဲ့သို့စတင်ခဲ့ပြီး နောက် အငြိမ့်သမားစဉ်အတိုင်း ဖျော်ဖြေမှုအစီအစဉ်များ ဆက်လက်ဖျော်ဖြေခဲ့သည်။ အငြိမ့်ခွင်ပြက်လုံးများအနေဖြင့် လတ်တလောကြုံတွေ့နေရသည့်    ဖေ့စ်ဘွတ်ခ်က  တိုက်ခိုက်မှုများအကြောင်း၊ လော်စပီကာများအကြောင်း၊ လမ်းပိတ်သည့် အ ကြောင်း၊ အခွန်ကိစ္စစသည့် အကြောင်းအရာများကိုသီချင်းများဖြင့်  တင်ဆက်ခဲ့ရာ ပရိသတ်များနှစ်ခြိုက်ခဲ့သည်။

သို့သော် အဆိုပါဖျော်ဖြေပွဲ ၏တင်ဆက်မှုအချို့သည် ပြီးခဲ့ သည့် နှစ်ကုန်ပိုင်းတွင် ကပြခဲ့ သော တော်ဝင်နှစ်သစ်နှင်းဆီအ ငြိမ့်တင်ဆက်မှုများနှင့် ဆင်တူမှု များရှိကြောင်း ပရိသတ်တစ်ဦးက ဆိုသည်။ထို့အပြင် အိုင်ဒေါပြက်လုံးခွင်ကို ပရိသတ်များ အားပေးခဲ့ပြီး နောက်ဆုံးတွင် ယနေ့ခေတ်၏ အလှအပရေးရာအနေဖြင့် ခွဲစိတ်ပြုပြင်သည့်အကြောင်း ဟာသအနေဖြင့် တင်ဆက်ခဲ့သည်။

နှင်းဆီအဖွဲ့ လူရွှင်တော်များအဖြစ် မင်းမော်ကွန်း၊ နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်းနှင့်  ရဲလေးတို့က တင်ဆက်ခဲ့ပြီး  မင်းသမီးအဖြစ် ဖူးစုံ၊ မိုးပြည့်ပြည့်မောင်၊ မေကဗျာနှင့် မိုးယုစံတို့က  ကပြခဲ့သည်။

မင်းသမီးများက တစ်ဦးလျှင် သီချင်းတစ်ပုဒ်စီ ကပြတင်ဆက် ပြီး နှုတ်ဆက်သီချင်းအနေဖြင့် နှင်းဆီနယ်နိမိတ်သီချင်းကို အဆို တော်မိုးထက်မြင့်က သီဆိုသည်။

အဆိုပါဖျော်ဖြေပွဲကို Bella အလှကုန်က အဓိကကူညီပံ့ပိုးခဲ့ပြီး ပွဲစဉ်တစ်ခုလုံးတွင် Bella အလှကုန်နှင့် ပတ်သက်သည့်အ ကြောင်းအရာများကို လူရွှင်တော် များက ပြောကြားခဲ့သည်။ ထို့ပြင် အဆိုပါပွဲအတွက် ကူညီပံ့ပိုးပေး သူများကို ကြော်ငြာပေးသည့်အနေဖြင့် သီချင်းများဖြင့် ကျေးဇူးတင်စကားဆိုသည့် အစီ အစဉ်ကို ထည့်သွင်းတင်ဆက်ခဲ့သည်။

နှင်းဆီအဖွဲ့အနေဖြင့် ၎င်းတို့ဖျော်ဖြေပွဲများကို ပြည်တွင်း၌ တစ်နှစ်လျှင် တစ်ကြိမ်သာပြုလုပ်လေ့ရှိပြီး ပြီးခဲ့သည့်နှစ် ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၃၀ ရက်က တော်ဝင်ဂါး ဒင်းဟိုတယ်၌ပြုလုပ်ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top