ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

မိသားစုစား၀တ္ေန ေရးအဆင္မေျပဟုဆုိကာ အသက္(၃၅)ႏွစ္အရြယ္ရွိ အမ်ဳိးသားတစ္ဦး ႀကိဳးဆဲြခ်ေသဆုံးမႈ ဆင္ ေပါင္၀ဲၿမိဳ႕နယ္တြင္ ဇန္န၀ါရီ ၉ ရက္၌ ျဖစ္ပြားခဲ့ေၾကာင္း ဆင္ ေပါင္၀ဲၿမိဳ႕နယ္ရဲတပ္ဖဲြ႕စခန္းတာ၀န္ရွိသူတစ္ဦးက ေျပာသည္။

ဆင္ေပါင္၀ဲၿမိဳ႕နယ္ ဧက ရာဇ္ေက်းရြာတြင္ ယင္းေန႔ ေန႔ လယ္ကျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ေသ ဆုံးသူသည္ ၎ေနထုိင္ရာ အိမ္ ေနာက္ဘက္ၿခံ၀င္းအလြတ္အ တြင္းရွိ မန္က်ည္းပင္၌ ႀကိဳးဆဲြ ခ်ေသဆုံးျခင္းျဖစ္ေၾကာင္း ရဲစစ္ ေဆးခ်က္မွတ္တမ္းတြင္ ေဖာ္ျပ ထားသည္။

ထုိကဲ့သို႔ ေသဆုံးေနမႈကုိ လမ္းျဖတ္သြားသူတစ္ဦးက ေတြ႕ရွိၿပီးေနာက္ ေက်းရြာအုပ္ခ်ဳပ္ေရး မွဴးကုိ ေျပာၾကားၿပီး ၎ကတစ္ဆင့္ ရဲတပ္ဖဲြ႕သို႔ အေၾကာင္း ၾကားခဲ့ေၾကာင္း စစ္ေဆးခ်က္မွတ္ တမ္းတြင္ ေဖာ္ျပထားသည္။

ေသဆုံးသူသည္ သားသမီး ေလးဦးရွိၿပီး က်န္းမာေရးမ ေကာင္းျဖစ္ေနသည့္အျပင္ အ လုပ္မရွိေသာေၾကာင့္ ယခုရက္ ပုိင္းအတြင္း စား၀တ္ေနေရးအ ဆင္မေျပျဖစ္ေနသည္ဟု သိရ ေၾကာင္း ဧကရာဇ္ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ေဇာ္ဦးက ေျပာသည္။

‘‘ေသသူက အရင္ကရြာကား ေမာင္းတာေပါ့။ အခုက အလုပ္ မရွိတဲ့အျပင္ က်န္းမာေရးက လည္း မေကာင္းဘူးျဖစ္ေနတာ။ မိန္းမက ယာခင္းထဲေပါက္ထုိး ျမက္ႏုတ္လုိက္ၿပီး မိသားစုစား ေနရတာ။ ျဖစ္သြားတဲ့အခ်ိန္က လည္း အတူေနတဲ့ သူ႔အမ်ဳိးသမီး က ၀ါေကာက္လုိက္သြားခ်ိန္ အိမ္ မွာဘယ္သူမွမရွိတုန္းျဖစ္တာ’’ဟု ၎ကေျပာသည္။

အဆုိပါျဖစ္စဥ္ကုိ အပိုင္ ကိုးပင္နယ္ေျမရဲစခန္းက ေသမႈ ေသခင္းဖြင့္ စစ္ေဆးလ်က္ရွိ သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
မိသားစုစားဝတ်နေ ရေးအဆင်မပြေဟုဆိုကာ အသက်(၃၅)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဆင် ပေါင်ဝဲမြို့နယ်တွင် ဇန်နဝါရီ ၉ ရက်၌ ဖြစ်ပွားခဲ့ကြောင်း ဆင် ပေါင်ဝဲမြို့နယ်ရဲတပ်ဖွဲ့စခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆင်ပေါင်ဝဲမြို့နယ် ဧက ရာဇ်ကျေးရွာတွင် ယင်းနေ့ နေ့ လယ်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေ ဆုံးသူသည် ၎င်းနေထိုင်ရာ အိမ် နောက်ဘက်ခြံဝင်းအလွတ်အ တွင်းရှိ မန်ကျည်းပင်၌ ကြိုးဆွဲ ချသေဆုံးခြင်းဖြစ်ကြောင်း ရဲစစ် ဆေးချက်မှတ်တမ်းတွင် ဖော်ပြ ထားသည်။

ထိုကဲ့သို့ သေဆုံးနေမှုကို လမ်းဖြတ်သွားသူတစ်ဦးက တွေ့ရှိပြီးနောက် ကျေးရွာအုပ်ချုပ်ရေး မှူးကို ပြောကြားပြီး ၎င်းကတစ်ဆင့် ရဲတပ်ဖွဲ့သို့ အကြောင်း ကြားခဲ့ကြောင်း စစ်ဆေးချက်မှတ် တမ်းတွင် ဖော်ပြထားသည်။

သေဆုံးသူသည် သားသမီး လေးဦးရှိပြီး ကျန်းမာရေးမ ကောင်းဖြစ်နေသည့်အပြင် အ လုပ်မရှိသောကြောင့် ယခုရက် ပိုင်းအတွင်း စားဝတ်နေရေးအ ဆင်မပြေဖြစ်နေသည်ဟု သိရ ကြောင်း ဧကရာဇ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်ဦးက ပြောသည်။

‘‘သေသူက အရင်ကရွာကား မောင်းတာပေါ့။ အခုက အလုပ် မရှိတဲ့အပြင် ကျန်းမာရေးက လည်း မကောင်းဘူးဖြစ်နေတာ။ မိန်းမက ယာခင်းထဲပေါက်ထိုး မြက်နုတ်လိုက်ပြီး မိသားစုစား နေရတာ။ ဖြစ်သွားတဲ့အချိန်က လည်း အတူနေတဲ့ သူ့အမျိုးသမီး က ဝါကောက်လိုက်သွားချိန် အိမ် မှာဘယ်သူမှမရှိတုန်းဖြစ်တာ’’ဟု ၎င်းကပြောသည်။

အဆိုပါဖြစ်စဉ်ကို အပိုင် ကိုးပင်နယ်မြေရဲစခန်းက သေမှု သေခင်းဖွင့် စစ်ဆေးလျက်ရှိ သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top