iMyanmarHouse.com - Best Property Website for Myanmar
×

မိလိႏၵပဥွပါဠိေတာ္ (၁၀ဂ)တြင္ ေဂါတမဘုရားရွင္ သာသနာေတာ္
အတြင္း၌ အရွင္လတ္လတ္ ေျမမ်ိဳခံခဲ့ရသူ ငါးဦးရွိေၾကာင္း
ေဖာ္ျပထား၏။
ထုိငါးဦးမွာ -
(၁) စိဥၥမာဏ
(၂) သုပၸဗုဒၶ
(၃) အရွင္ေဒဝဒတ္
(၄) နႏၵကဘီလူး
(၅) နႏၵလုလင္ တုိ႔ပင္ ျဖစ္သည္။

၁။ စိဥၥမာဏ
----------------
စိဥၥမာဏသည္ ဘုရားလက္ထက္ တိတၱိဆရာႀကီးမ်ား၏ ေစခုိင္းမႈေၾကာင့္ ျမတ္စြာဘုရားရွင္အား အမ်ိဳးမ်ိဳး စြပ္စဲြခဲ့သူ ျဖစ္သည္။ စိဥၥမာဏသည္ ျမတ္ဗုဒၶအား လူအမ်ား အထင္လဲြမွားေစရန္ ရည္ရြယ္၍ ညေနခ်မ္းလူမ်ား ျမင္ရခ်ိန္တြင္ ဘုရားေက်ာင္းေတာ္အတြင္း ဝင္သြားၿပီး မနက္ေစာေစာ လူအမ်ားေက်ာင္းကုိ လာခ်ိန္တြင္ ဘုရားေက်ာင္းေတာ္မွ ျပန္ထြက္လာဟန္ ျပဳမူေနထုိင္ခဲ့ၿပီး အေတာ္အတန္ ၾကသည့္အခါ ရဟန္းေဂါတမႏွင့္ ကုိယ္ဝန္ရသည့္ ပုံစံျဖင့္ မိမိဝမ္းဗုိက္တြင္ ျပင္ခ်ပ္ခ်ည္ကာ တရားေဟာေနသည့္ ဘုရားရွင္အား တရားနာပရိတ္သတ္ၾကားတြင္ စြပ္စဲြေလ၏။ ျမတ္ဗုဒၶက ေမတၱာတရားျဖင့္သာ ေနေတာ္မူခ်ိန္ နတ္သားေလးေယာက္တုိ႔က ၾကြက္ေယာင္ဖန္းဆင္းၿပီး စိဥၥမာဏ၏ ကုိယ္ဝန္အတုကုိ ကုိက္ျဖတ္ကာ အမွန္ကုိ ေဖာ္ထုတ္ေပးခဲ့သည္။ ထုိအခါမွသာ တရားနာပရိတ္သတ္မ်ားလည္း အျမင္ရွင္းကာ ထုိအမ်ိဳးသမီးအား ႐ုိက္ပုတ္ၿပီး ေက်ာင္းအျပင္သုိ႔ ႏွင္ထုတ္လုိက္ၾကေလသည္။ စိဥၥမာဏသည္ ဘုရားရွင္ မ်က္ကြယ္သုိ႔ ေရာက္သည့္ခဏမွာပင္ ေျမမ်ိဳခံခဲ့ရေလေတာ့သည္။ အဝီစိငရဲမွ မီးလွ်ံမ်ားသည္ စိဥၥမာဏအား ရစ္ပတ္၍ အဝီစိငရဲသုိ႔ ေခၚေဆာင္သြားခဲ့ေလသည္။

၂။ သုပၸဗုဒၶ
-------------
သုပၸဗုဒၶသည္ ဘုရားရွင္ သိဒၶတၳမင္းသား ဘဝက ေတာ္စပ္ခဲ့ရသည့္ ေယာကၡမ သက်သာကီဝင္ မင္းမ်ိဳးျဖစ္၏။ ေဒဝဒတ္ႏွင့္ ယေသာ္ဓရာတုိ႔၏ အေဖ၊ သိဒၶတၳမင္းသား၏ ဦးရီးေတာ္လည္း ျဖစ္၏။ သုပၸဗုဒၶသည္ တူေတာ္သိဒၶတၳမင္းသာ ဘုရားအျဖစ္ကုိ ေရာက္ၿပီးေနာက္ပုိင္း သမီးေတာ္ ယေသာ္ဓရာကုိ ထားခဲ့သည့္ အေၾကာင္း၊ သားေတာ္ ေဒဝဒတ္၏ ရန္သူအရာ၌တည္ခဲ့သည့္ အေၾကာင္း၊ မိမိထက္ငယ္ရြယ္သူ တူေတာ္ေမာင္ တစ္ေယာက္အေပၚ ႐ုိေသေလးစားမႈ မျပဳလုိသည့္အေၾကာင္း စသည့္အေၾကာင္းမ်ားျဖင့္ ဘုရားရွင္အေပၚ ရန္ၿငိဳးထားသူ ျဖစ္သည္။ တစ္ေန႔တြင္ ဘုရားရွင္ၾကြေတာ္မူရာ လမ္းကုိပိတ္ပင္တားဆီး၊ ဘုရားရွင္တုိ႔၏ ခရီးလမ္းကုိ ေႏွာက္ယွက္ဖ်က္ဆီးသည္ကုိ အေၾကာင္းျပဳ၍ ဘုရားရွင္က ဦးရိးေတာ္သည္ ဤအကုသုိလ္ေၾကာင့္ (၇)ရက္လြန္သည့္အခါ ျပႆဒ္ေျခရင္း ေလွခါးရင္းတြင္ ေျမမ်ိဳခံရမည္ ျဖစ္ေၾကာင္း မိန္႔ေတာ္မူခဲ့သည္။ ထုိအေၾကာင္းကုိ သုပၸဗုဒၶ ၾကားသိသည့္အခါ ျမတ္စြာဘုရားစကား မမွန္ေအာင္ေနၿပီး မုသာဝါဒျဖင့္ စြပ္စဲြမည္ဟု ႏွလုံးပုိက္ကာ ဘုံ(၇)ဆင့္ရွိသည့္ ျပႆဒ္ထက္ဝယ္ ေနခဲ့ေလ၏။ သုိ႔ေသာ္ (၇)ရက္ေျမာက္သည့္ေန႔တြင္ ရွင္ဘုရင္၏ မဂၤလာစီးေတာ္ျမင္း၏ ျမည္ဟီးကာ ေသာင္းက်န္းေနသည္ကုိ အေၾကာင္းျပဳၿပီး စီးေတာ္ျမင္အား တားဆီးရန္ သတိလက္လြတ္ျဖင့္ ျပႆဒ္ထက္မွ ဆင္းသက္မိရာက ေလွကားေျခရင္းတြင္ ေျမမ်ိဳကာ အဝီစိငရဲသုိ႔ က်ေရာက္ခဲ့ျခင္း ျဖစ္သည္။ ဘုရားရွင္တုိ႔၏ စကားေတာ္သည္ လြဲေခ်ာ္႐ုိးထုံးစံမရွိသည့္အေလ်ာက္ (၇)ရက္ေျမာက္လ်င္ ေျမမ်ိဳခံရမည့္သုပၸဗုဒၶၸသည္လည္း မျဖစ္မေန အေၾကာင္းဖန္ကာ ေျမမ်ိဳေသဆုံးခဲ့ျခင္း ျဖစ္သည္။

၃။ အရွင္ေဒဝဒတ္
----------------------
ေဒဝဒတ္ ေျမမ်ိဳျခင္းအေၾကာင္းကား အေတာ္မ်ားမ်ား သိထားၿပီး ျဖစ္၏။ ျမတ္ဗုဒၶ၏ ေယာက္ဖေတာ္လည္းျဖစ္၊ ညီကုိေတာ္လည္း ျဖစ္သည့္ ရွင္ေဒဝဒတ္သည္ ရဟန္းအျဖစ္ကုိ ရရွိၿပီးေနာက္ မိမိေနာက္မွ ေရာက္လာၾကသည့္ အရွင္သာရိပုုတၱရာႏွင့္ အရွင္မဟာေမာဂၢလာနတုိ႔ကုိ ဘုရားရွင္က အဂၢသာဝက ရာထူးမ်ား ေပးအပ္လုိက္ခ်ိန္မွစ၍ ဘုရားရွင္အေပၚ ရန္ၿငိဳးဖဲြ႕မႈမ်ား တုိးပြားလာခဲ့ျခင္း ျဖစ္သည္။ ဘုရားရွင္ကုိ အမ်ိဳးမ်ိဳး အတုိက္အခံျပဳ ဆန္႔က်င္ဘက္ျပဳကာ ဘုရားကုိ ေသြးစိမ္းတည္ေအငာ္ လုပ္ျခင္း၊ ညီညြတ္ေနသည့္ သံဃာေတာ္မ်ား ကဲြျပားသြားေအာင္ သံဃာသင္းခဲြျခင္း စသည့္ ပဥၥာနႏၲရိယကံမ်ားအထိ က်ဴးလြန္မိခဲ့သည္။ ျမတ္ဗုဒၶႏွင့္ လမ္းခဲြကာ ေနာက္ပါတပည့္မ်ားႏွင့္ ေနၿပီးမၾကာခင္မွာ ေရာဂါစဲြကပ္လာခဲ့သည့္ ရွင္ေဒဝဒတ္သည္ မိမိ၏အမွားမ်ားအေပၚ ေနာင္တတရားမ်ား ျဖစ္ခဲ့ေလ၏။ ေနာက္ဆုံး ဘဝနိဂုံးမခ်ဳပ္ခင္ ျမတ္စြာဘုရားအား ဖူးေျမာ္လုိေၾကာင္း တပည့္မ်ားအား တုိးလ်ိဳးေတာင္းပန္သျဖင့္ တပည့္မ်ားက ထမ္းစင္ျဖင့္ ဘုရားရွင္ရွိရာ ေဇတဝန္ေက်ာင္းေတာ္သုိ႔ ပုိ႔ေဆာင္စဥ္ ေက်ာင္းေဘးနားရွိ ေရကန္နားအေရာက္ တပည့္မ်ားက ထမ္းစင္ကုိခ်ၿပီး ေရကန္ဘက္အသြား တပည့္မ်ားအလာကုိ မေစာင့္ႏုိင္ဘဲ ဘုရားေက်ာင္းေတာ္ကုိ မိမိကုိယ္တုိင္ အားျပဳ႐ုန္းထလ်က္ ထမ္းစင္ေပၚမွ အဆင္းမွာပင္ မဟာပထဝီေျမႀကီး ကဲြအက္ကာ အရွင္လတ္လတ္ ေျမမ်ိဳခံခဲ့ရျခင္း ျဖစ္သည္။

၄။ နႏၵကဘီလူး
-------------------
နႏၵကဘီလူးသည္ သူေတာ္ေကာင္း ဓာတ္ခံအလြန္နည္းပါးသည့္ ဘီလူးျဖစ္သည္။ ထုိ႔ေၾကာင့္ သူေတာ္ေကာင္းမ်ား အေပၚတြင္လည္း မေနာကံအျပင္ ဝစီကံ၊ ကာယကံေတြနဲ႔မ်ားျဖင့္ ကုိယ္ထိလက္ေရာက္ ေဆာ္ကားေလ့ရွိသည္။ တစ္ခ်ိဳ႔ေဆာ္ကားမႈ အပိုင္းမ်ားသည္ လက္ေတြ႔ပုိင္းမွာ အက်ိဳးသက္ေရာက္မႈ မရွိေသာ္လည္း ပညာရွိသူေတာ္ေကာင္း၊ သီလသမာဓိပညာ အားေကာင္းသည့္ အရိယာသူေတာ္ေကာင္းမ်ားကုိ ေဆာ္ကားမိပါက လက္ေတြ႔ခံရသည္ကို နႏၵကဘီးလူး သေဘာေပါက္သြားခဲ့သည္။ တစ္ေန႔ "အရွင္သာရိပုတၱရာ"
မေထရ္ျမတ္သည္ ဂိဇၥ်ဂုတ္ေတာင္တြင္ တရားအားထုတ္ေနစဥ္
နႏၵကဘီလူး ေရာက္ရွိလာၿပီး တရားအားထုတ္၍ မရေအာင္ အမ်ိဳးမ်ိဳး ေႏွာက္ယွက္ေလသည္။ ေနာက္ဆုံး မေထရ္ျမတ္၏ ဦးေခါင္းေတာ္ကုိ ကုိယ္ထိလက္ေရာက္ ႐ုိက္ပုတ္သည္အထိ ေဆာ္ကားေႏွာက္ယွက္ခဲ့သည္။ ထုိအကုသုိလ္ အက်ိဳးေၾကာင့္ နႏၵကဘီလူးသည္ ေျမႀကီးကဲြအက္ကာ အဝီစိငရဲမွ ေခၚေဆာင္သြားျခင္းကုိ ခံခဲ့ရသည္။ နႏၵကဘီလူးသည္ လက္ေတြ႔ဘဝတြင္ သူေတာ္ေကာင္းကုိ ေစာ္ကားမိသျဖင့္ အရွင္လတ္လတ္ ေျမမ်ိဳးခဲ့ရေလသည္။

၅။ နႏၵလုလင္
------------------
နႏၵလုလင္သည္ ရဟႏၲာမေထရ္မကုိ ေဆာ္ကားမိသျဖင့္ အရွင္လတ္လတ္ေျမမ်ိဳ ခံခဲ့ရသူျဖစ္သည္။ သူေဆာ္ကားခံရသူမွာ
"ဥပၸလဝဏ္ ေထရီမ" ျဖစ္သည္။ ဥပၸလ၀ဏ္ေထရီမသည္ "တန္ခိုးၾကီးေသာအရာ၌ အျမတ္ဆံုးဧတဒဂ္ဘြဲ႕ရ ရဟႏၱာေထရီမ"
တစ္ဦး ျဖစ္ေပသည္။ ေထရီမသည္ တန္ခုိးႀကီးသည္သာမက ဥပဓိသမၸတၱိႏွင့္လည္း ျပည့္စုံသျဖင့္ ေထရီမျဖစ္ေသာ္လည္း လူေယာက်္ားမ်ား၏ စိတ္ဝင္စားမႈကုိ ခံရသူျဖစ္သည္။
ထုိအထဲတြင္ နႏၵလုလင္လည္း တစ္ဦးအပါအဝင္ ျဖစ္သည္။
တစ္ေန႔ေသာ္ နႏၵလုလင္သည္ လူသူကင္းဆိတ္ခ်ိန္တြင္ ေထရီမ၏ ေက်ာင္းသခၤမ္းသုိ႔ ေရာက္ရွိလာၿပီး ေထရီမအား အဓမၼျပဳက်င့္ေလသည္။ ရဟႏၲာျဖစ္ေနသည့္ ေထရီမအား ေဆာ္ကားမိသျဖင့္ ယင္းအကုသုိလ္ကံ အက်ိဳးေၾကာင့္ နႏၵလုလင္မွာ ေျမႀကီးကဲြအက္၍ အရွင္လတ္လတ္ ေျမမ်ိဳျခင္းကုိ ခံခဲ့ရၿပီး အဝီစိငရဲသုိ႔ က်ေရာက္သြားခဲ့ေလသည္။
ဤကား ဒိ႒ဓမၼေဝဒနီယကံ၏ အက်ိဳးဆက္အျဖစ္ လက္ရွိဘဝမွာပင္ သူေတာ္ေကာင္းကုိ ေဆာ္ကားမိသျဖင့္ အရွင္လတ္လတ္ေျမမ်ိဳခံခဲ့ရသည့္ ပုဂၢဳိလ္ငါးဦးအေၾကာင္း တေစ့တေစာင္းပင္ ျဖစ္ပါသည္။
ဓမၼစာေပပရိတ္သတ္ တစ္ဦး၏ ေတာင္းဆုိခ်က္ကုိ
အက်ဥ္းခ်ဳပ္၍ ေရးသားေဖာ္ျပလုိက္ပါသည္
အမ်ားသူငါ ဗဟုသုတ တုိးေစရန္လည္း တစ္ဆင့္ျပန္လည္ မွ်ေဝလုိက္ပါသည္။

ေမတၱာျဖင့္
- [မနာပဒါယီ အရွင္ဝိစိတၱ (ဒုိက္ဦး)]

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Young Buddhist Association

# Unicode Version ျဖင့္ ဖတ္ပါ #
မိလိန္ဒပဥှပါဠိတော် (၁၀ဂ)တွင် ဂေါတမဘုရားရှင် သာသနာတော်
အတွင်း၌ အရှင်လတ်လတ် မြေမျိုခံခဲ့ရသူ ငါးဦးရှိကြောင်း
ဖော်ပြထား၏။
ထိုငါးဦးမှာ -
(၁) စိဉ္စမာဏ
(၂) သုပ္ပဗုဒ္ဓ
(၃) အရှင်ဒေဝဒတ်
(၄) နန္ဒကဘီလူး
(၅) နန္ဒလုလင် တို့ပင် ဖြစ်သည်။

၁။ စိဉ္စမာဏ
----------------
စိဉ္စမာဏသည် ဘုရားလက်ထက် တိတ္တိဆရာကြီးများ၏ စေခိုင်းမှုကြောင့် မြတ်စွာဘုရားရှင်အား အမျိုးမျိုး စွပ်စွဲခဲ့သူ ဖြစ်သည်။ စိဉ္စမာဏသည် မြတ်ဗုဒ္ဓအား လူအများ အထင်လွဲမှားစေရန် ရည်ရွယ်၍ ညနေချမ်းလူများ မြင်ရချိန်တွင် ဘုရားကျောင်းတော်အတွင်း ဝင်သွားပြီး မနက်စောစော လူအများကျောင်းကို လာချိန်တွင် ဘုရားကျောင်းတော်မှ ပြန်ထွက်လာဟန် ပြုမူနေထိုင်ခဲ့ပြီး အတော်အတန် ကြသည့်အခါ ရဟန်းဂေါတမနှင့် ကိုယ်ဝန်ရသည့် ပုံစံဖြင့် မိမိဝမ်းဗိုက်တွင် ပြင်ချပ်ချည်ကာ တရားဟောနေသည့် ဘုရားရှင်အား တရားနာပရိတ်သတ်ကြားတွင် စွပ်စွဲလေ၏။ မြတ်ဗုဒ္ဓက မေတ္တာတရားဖြင့်သာ နေတော်မူချိန် နတ်သားလေးယောက်တို့က ကြွက်ယောင်ဖန်းဆင်းပြီး စိဉ္စမာဏ၏ ကိုယ်ဝန်အတုကို ကိုက်ဖြတ်ကာ အမှန်ကို ဖော်ထုတ်ပေးခဲ့သည်။ ထိုအခါမှသာ တရားနာပရိတ်သတ်များလည်း အမြင်ရှင်းကာ ထိုအမျိုးသမီးအား ရိုက်ပုတ်ပြီး ကျောင်းအပြင်သို့ နှင်ထုတ်လိုက်ကြလေသည်။ စိဉ္စမာဏသည် ဘုရားရှင် မျက်ကွယ်သို့ ရောက်သည့်ခဏမှာပင် မြေမျိုခံခဲ့ရလေတော့သည်။ အဝီစိငရဲမှ မီးလျှံများသည် စိဉ္စမာဏအား ရစ်ပတ်၍ အဝီစိငရဲသို့ ခေါ်ဆောင်သွားခဲ့လေသည်။

၂။ သုပ္ပဗုဒ္ဓ
-------------
သုပ္ပဗုဒ္ဓသည် ဘုရားရှင် သိဒ္ဓတ္ထမင်းသား ဘဝက တော်စပ်ခဲ့ရသည့် ယောက္ခမ သကျသာကီဝင် မင်းမျိုးဖြစ်၏။ ဒေဝဒတ်နှင့် ယသော်ဓရာတို့၏ အဖေ၊ သိဒ္ဓတ္ထမင်းသား၏ ဦးရီးတော်လည်း ဖြစ်၏။ သုပ္ပဗုဒ္ဓသည် တူတော်သိဒ္ဓတ္ထမင်းသာ ဘုရားအဖြစ်ကို ရောက်ပြီးနောက်ပိုင်း သမီးတော် ယသော်ဓရာကို ထားခဲ့သည့် အကြောင်း၊ သားတော် ဒေဝဒတ်၏ ရန်သူအရာ၌တည်ခဲ့သည့် အကြောင်း၊ မိမိထက်ငယ်ရွယ်သူ တူတော်မောင် တစ်ယောက်အပေါ် ရိုသေလေးစားမှု မပြုလိုသည့်အကြောင်း စသည့်အကြောင်းများဖြင့် ဘုရားရှင်အပေါ် ရန်ငြိုးထားသူ ဖြစ်သည်။ တစ်နေ့တွင် ဘုရားရှင်ကြွတော်မူရာ လမ်းကိုပိတ်ပင်တားဆီး၊ ဘုရားရှင်တို့၏ ခရီးလမ်းကို နှောက်ယှက်ဖျက်ဆီးသည်ကို အကြောင်းပြု၍ ဘုရားရှင်က ဦးရိးတော်သည် ဤအကုသိုလ်ကြောင့် (၇)ရက်လွန်သည့်အခါ ပြဿဒ်ခြေရင်း လှေခါးရင်းတွင် မြေမျိုခံရမည် ဖြစ်ကြောင်း မိန့်တော်မူခဲ့သည်။ ထိုအကြောင်းကို သုပ္ပဗုဒ္ဓ ကြားသိသည့်အခါ မြတ်စွာဘုရားစကား မမှန်အောင်နေပြီး မုသာဝါဒဖြင့် စွပ်စွဲမည်ဟု နှလုံးပိုက်ကာ ဘုံ(၇)ဆင့်ရှိသည့် ပြဿဒ်ထက်ဝယ် နေခဲ့လေ၏။ သို့သော် (၇)ရက်မြောက်သည့်နေ့တွင် ရှင်ဘုရင်၏ မင်္ဂလာစီးတော်မြင်း၏ မြည်ဟီးကာ သောင်းကျန်းနေသည်ကို အကြောင်းပြုပြီး စီးတော်မြင်အား တားဆီးရန် သတိလက်လွတ်ဖြင့် ပြဿဒ်ထက်မှ ဆင်းသက်မိရာက လှေကားခြေရင်းတွင် မြေမျိုကာ အဝီစိငရဲသို့ ကျရောက်ခဲ့ခြင်း ဖြစ်သည်။ ဘုရားရှင်တို့၏ စကားတော်သည် လွဲချော်ရိုးထုံးစံမရှိသည့်အလျောက် (၇)ရက်မြောက်လျင် မြေမျိုခံရမည့်သုပ္ပဗုဒ္ဓ္ပသည်လည်း မဖြစ်မနေ အကြောင်းဖန်ကာ မြေမျိုသေဆုံးခဲ့ခြင်း ဖြစ်သည်။

၃။ အရှင်ဒေဝဒတ်
----------------------
ဒေဝဒတ် မြေမျိုခြင်းအကြောင်းကား အတော်များများ သိထားပြီး ဖြစ်၏။ မြတ်ဗုဒ္ဓ၏ ယောက်ဖတော်လည်းဖြစ်၊ ညီကိုတော်လည်း ဖြစ်သည့် ရှင်ဒေဝဒတ်သည် ရဟန်းအဖြစ်ကို ရရှိပြီးနောက် မိမိနောက်မှ ရောက်လာကြသည့် အရှင်သာရိပုုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာနတို့ကို ဘုရားရှင်က အဂ္ဂသာဝက ရာထူးများ ပေးအပ်လိုက်ချိန်မှစ၍ ဘုရားရှင်အပေါ် ရန်ငြိုးဖွဲ့မှုများ တိုးပွားလာခဲ့ခြင်း ဖြစ်သည်။ ဘုရားရှင်ကို အမျိုးမျိုး အတိုက်အခံပြု ဆန့်ကျင်ဘက်ပြုကာ ဘုရားကို သွေးစိမ်းတည်အေငာ် လုပ်ခြင်း၊ ညီညွတ်နေသည့် သံဃာတော်များ ကွဲပြားသွားအောင် သံဃာသင်းခွဲခြင်း စသည့် ပဉ္စာနန္တရိယကံများအထိ ကျူးလွန်မိခဲ့သည်။ မြတ်ဗုဒ္ဓနှင့် လမ်းခွဲကာ နောက်ပါတပည့်များနှင့် နေပြီးမကြာခင်မှာ ရောဂါစွဲကပ်လာခဲ့သည့် ရှင်ဒေဝဒတ်သည် မိမိ၏အမှားများအပေါ် နောင်တတရားများ ဖြစ်ခဲ့လေ၏။ နောက်ဆုံး ဘဝနိဂုံးမချုပ်ခင် မြတ်စွာဘုရားအား ဖူးမြော်လိုကြောင်း တပည့်များအား တိုးလျိုးတောင်းပန်သဖြင့် တပည့်များက ထမ်းစင်ဖြင့် ဘုရားရှင်ရှိရာ ဇေတဝန်ကျောင်းတော်သို့ ပို့ဆောင်စဉ် ကျောင်းဘေးနားရှိ ရေကန်နားအရောက် တပည့်များက ထမ်းစင်ကိုချပြီး ရေကန်ဘက်အသွား တပည့်များအလာကို မစောင့်နိုင်ဘဲ ဘုရားကျောင်းတော်ကို မိမိကိုယ်တိုင် အားပြုရုန်းထလျက် ထမ်းစင်ပေါ်မှ အဆင်းမှာပင် မဟာပထဝီမြေကြီး ကွဲအက်ကာ အရှင်လတ်လတ် မြေမျိုခံခဲ့ရခြင်း ဖြစ်သည်။

၄။ နန္ဒကဘီလူး
-------------------
နန္ဒကဘီလူးသည် သူတော်ကောင်း ဓာတ်ခံအလွန်နည်းပါးသည့် ဘီလူးဖြစ်သည်။ ထို့ကြောင့် သူတော်ကောင်းများ အပေါ်တွင်လည်း မနောကံအပြင် ဝစီကံ၊ ကာယကံတွေနဲ့များဖြင့် ကိုယ်ထိလက်ရောက် ဆော်ကားလေ့ရှိသည်။ တစ်ချို့ဆော်ကားမှု အပိုင်းများသည် လက်တွေ့ပိုင်းမှာ အကျိုးသက်ရောက်မှု မရှိသော်လည်း ပညာရှိသူတော်ကောင်း၊ သီလသမာဓိပညာ အားကောင်းသည့် အရိယာသူတော်ကောင်းများကို ဆော်ကားမိပါက လက်တွေ့ခံရသည်ကို နန္ဒကဘီးလူး သဘောပေါက်သွားခဲ့သည်။ တစ်နေ့ "အရှင်သာရိပုတ္တရာ"
မထေရ်မြတ်သည် ဂိဇ္ဈဂုတ်တောင်တွင် တရားအားထုတ်နေစဉ်
နန္ဒကဘီလူး ရောက်ရှိလာပြီး တရားအားထုတ်၍ မရအောင် အမျိုးမျိုး နှောက်ယှက်လေသည်။ နောက်ဆုံး မထေရ်မြတ်၏ ဦးခေါင်းတော်ကို ကိုယ်ထိလက်ရောက် ရိုက်ပုတ်သည်အထိ ဆော်ကားနှောက်ယှက်ခဲ့သည်။ ထိုအကုသိုလ် အကျိုးကြောင့် နန္ဒကဘီလူးသည် မြေကြီးကွဲအက်ကာ အဝီစိငရဲမှ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည်။ နန္ဒကဘီလူးသည် လက်တွေ့ဘဝတွင် သူတော်ကောင်းကို စော်ကားမိသဖြင့် အရှင်လတ်လတ် မြေမျိုးခဲ့ရလေသည်။

၅။ နန္ဒလုလင်
------------------
နန္ဒလုလင်သည် ရဟန္တာမထေရ်မကို ဆော်ကားမိသဖြင့် အရှင်လတ်လတ်မြေမျို ခံခဲ့ရသူဖြစ်သည်။ သူဆော်ကားခံရသူမှာ
"ဥပ္ပလဝဏ် ထေရီမ" ဖြစ်သည်။ ဥပ္ပလဝဏ်ထေရီမသည် "တန်ခိုးကြီးသောအရာ၌ အမြတ်ဆုံးဧတဒဂ်ဘွဲ့ရ ရဟန္တာထေရီမ"
တစ်ဦး ဖြစ်ပေသည်။ ထေရီမသည် တန်ခိုးကြီးသည်သာမက ဥပဓိသမ္ပတ္တိနှင့်လည်း ပြည့်စုံသဖြင့် ထေရီမဖြစ်သော်လည်း လူယောကျ်ားများ၏ စိတ်ဝင်စားမှုကို ခံရသူဖြစ်သည်။
ထိုအထဲတွင် နန္ဒလုလင်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။
တစ်နေ့သော် နန္ဒလုလင်သည် လူသူကင်းဆိတ်ချိန်တွင် ထေရီမ၏ ကျောင်းသင်္ခမ်းသို့ ရောက်ရှိလာပြီး ထေရီမအား အဓမ္မပြုကျင့်လေသည်။ ရဟန္တာဖြစ်နေသည့် ထေရီမအား ဆော်ကားမိသဖြင့် ယင်းအကုသိုလ်ကံ အကျိုးကြောင့် နန္ဒလုလင်မှာ မြေကြီးကွဲအက်၍ အရှင်လတ်လတ် မြေမျိုခြင်းကို ခံခဲ့ရပြီး အဝီစိငရဲသို့ ကျရောက်သွားခဲ့လေသည်။
ဤကား ဒိဋ္ဌဓမ္မဝေဒနီယကံ၏ အကျိုးဆက်အဖြစ် လက်ရှိဘဝမှာပင် သူတော်ကောင်းကို ဆော်ကားမိသဖြင့် အရှင်လတ်လတ်မြေမျိုခံခဲ့ရသည့် ပုဂ္ဂိုလ်ငါးဦးအကြောင်း တစေ့တစောင်းပင် ဖြစ်ပါသည်။
ဓမ္မစာပေပရိတ်သတ် တစ်ဦး၏ တောင်းဆိုချက်ကို
အကျဉ်းချုပ်၍ ရေးသားဖော်ပြလိုက်ပါသည်
အများသူငါ ဗဟုသုတ တိုးစေရန်လည်း တစ်ဆင့်ပြန်လည် မျှဝေလိုက်ပါသည်။

မေတ္တာဖြင့်
- [မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)]

ဖိုးသူတော် (www.phothutaw.com)
Credit: Young Buddhist Association
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top