(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ေဘာလိ၀ုဒ္ဒါ႐ိုက္တာ Kabir Khan အိႏၵိယလူမ်ဳိး ေဘာလိ၀ုဒ္ဒါ႐ိုက္တာ Kabir Khan ႐ိုက္ကူးၿပီး Amazon International Production မွ ထုတ္လုပ္မည့္ ႐ုပ္သံဇာတ္လမ္းတဲြအတြက္ အေရးႀကီးသည့္ ဇာတ္႐ုပ္ႏွစ္ေနရာတြင္ ပါ၀င္သ႐ုပ္ေဆာင္ရန္ ျမန္မာသ႐ုပ္ေဆာင္ အမ်ဳိးသမီးတဦးႏွင့္ အမ်ဳိးသားတဦးတုိ႔ကို အလိုရိွေၾကာင္း သတင္းရသည္။

အမ်ဳိးသမီးသ႐ုပ္ေဆာင္ေနရာတြင္ ေလွ်ာက္ထားလိုသူသည္ အသက္ ၂၀ မွ ၃၀ ၾကားရိွရမည္ျဖစ္ၿပီး ဇာတ္လမ္းအရ BBC အတြက္ လုပ္ကိုင္ေပးေနသည့္ Rani ဆိုသူ အမ်ဳိးသမီးေလး၏ေနရာတြင္ သ႐ုပ္ေဆာင္ရမည္ျဖစ္သည္။

အမ်ဳိးသားသ႐ုပ္ေဆာင္မွာ ဇာတ္လမ္းအရ ကိုတင္ဆိုသူ ဧည့္လမ္းညႊန္အမ်ဳိးသားေနရာတြင္ ပါ၀င္သ႐ုပ္ေဆာင္ရမည္ျဖစ္ၿပီး အသက္ကန္႔သတ္ခ်က္အတိအက်ကို မသိရိွရေသးေခ်။ အဆိုပါ႐ုပ္သံဇာတ္ လမ္းတဲြကို ႏုိင္ငံေပါင္း ၂၀၄ ႏုိင္ငံတြင္ ျပသရန္စီစဥ္ထားၿပီး ဇာတ္၀င္ခန္းမ်ားကို ျမန္မာႏုိင္ငံႏွင့္ အိႏၵိယႏုိင္ငံမ်ား တြင္ အဓိက႐ိုက္ကူးမည္ျဖစ္ေၾကာင္း ႐ုပ္ရွင္သ႐ုပ္ေဆာင္ရွာေဖြေရးကုမၸဏီ Mukhesh Chhabra မွ သိရသည္။

ဒါ႐ိုက္တာ Kabir Khan မွာ ႐ုပ္ရွင္၊ ႐ုပ္သံဇာတ္လမ္းတဲြမ်ား၏ သတင္း အခ်က္အလက္ဆိုင္ရာ နာမည္ေက်ာ္ IMDb ၀က္ဘ္စာမ်က္ႏွာတြင္ လူႀကိဳက္မ်ားမႈအဆင့္ (Rating) သတ္မွတ္ခ်က္ ၈ ဒသမ ၁ (အျမင့္ဆံုး rating မွာ ၁၀ ျဖစ္သည္) ရရိွခဲ့သည့္ Bajrangi Bhaijaan (၂၀၁၅) ႐ုပ္ရွင္ကားကို ႐ိုက္ခဲ့သူျဖစ္သည္။

အဆိုပါ သ႐ုပ္ေဆာင္ေနရာမ်ားအတြက္ စိတ္ပါ၀င္စားသူမ်ားအေနျဖင့္ ကိုယ္လံုးေပၚဓာတ္ပံု ၁ ပံု၊ ကိုယ္တပိုင္းပံု ၁ ပံုႏွင့္ ကိုယ္ေရးအက်ဥ္းအား robertwinnhtein@gmail.com သို႔ ေပးပို႔ရမည္ ျဖစ္ၿပီး ႐ုပ္ရွင္ေလာကသား ျဖစ္စရာမလိုဘဲ မည္သူမဆို ေလွ်ာက္ထားႏုိင္ေၾကာင္း၊ အဂၤလိပ္ဘာသာစကားအထိုက္အေလ်ာက္ ကၽြမ္းက်င္ရ မည္ျဖစ္ေၾကာင္း၊ အီးေမးေပးပို႔ရာတြင္ အေၾကာင္းအရာ (Subject) ေနရာတြင္ India Web-series ဟု ေရးသားရမည္ျဖစ္ေၾကာင္း သိရသည္။

ေအာ္စကာ

ဖိုးသူေတာ္ (www.phothutaw.com)
Credit: New Watch

# Unicode Version ျဖင့္ ဖတ္ပါ #
ဘောလိဝုဒ်ဒါရိုက်တာ Kabir Khan
အိန္ဒိယလူမျိုး ဘောလိဝုဒ်ဒါရိုက်တာ Kabir Khan ရိုက်ကူးပြီး Amazon International Production မှ ထုတ်လုပ်မည့် ရုပ်သံဇာတ်လမ်းတွဲအတွက် အရေးကြီးသည့် ဇာတ်ရုပ်နှစ်နေရာတွင် ပါဝင်သရုပ်ဆောင်ရန် မြန်မာသရုပ်ဆောင် အမျိုးသမီးတဦးနှင့် အမျိုးသားတဦးတို့ကို အလိုရှိကြောင်း သတင်းရသည်။

အမျိုးသမီးသရုပ်ဆောင်နေရာတွင် လျှောက်ထားလိုသူသည် အသက် ၂၀ မှ ၃၀ ကြားရှိရမည်ဖြစ်ပြီး ဇာတ်လမ်းအရ BBC အတွက် လုပ်ကိုင်ပေးနေသည့် Rani ဆိုသူ အမျိုးသမီးလေး၏နေရာတွင် သရုပ်ဆောင်ရမည်ဖြစ်သည်။

အမျိုးသားသရုပ်ဆောင်မှာ ဇာတ်လမ်းအရ ကိုတင်ဆိုသူ ဧည့်လမ်းညွှန်အမျိုးသားနေရာတွင် ပါဝင်သရုပ်ဆောင်ရမည်ဖြစ်ပြီး အသက်ကန့်သတ်ချက်အတိအကျကို မသိရှိရသေးချေ။ အဆိုပါရုပ်သံဇာတ် လမ်းတွဲကို နိုင်ငံပေါင်း ၂၀၄ နိုင်ငံတွင် ပြသရန်စီစဉ်ထားပြီး ဇာတ်ဝင်ခန်းများကို မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံများ တွင် အဓိကရိုက်ကူးမည်ဖြစ်ကြောင်း ရုပ်ရှင်သရုပ်ဆောင်ရှာဖွေရေးကုမ္ပဏီ Mukhesh Chhabra မှ သိရသည်။

ဒါရိုက်တာ Kabir Khan မှာ ရုပ်ရှင်၊ ရုပ်သံဇာတ်လမ်းတွဲများ၏ သတင်း အချက်အလက်ဆိုင်ရာ နာမည်ကျော် IMDb ဝက်ဘ်စာမျက်နှာတွင် လူကြိုက်များမှုအဆင့် (Rating) သတ်မှတ်ချက် ၈ ဒသမ ၁ (အမြင့်ဆုံး rating မှာ ၁၀ ဖြစ်သည်) ရရှိခဲ့သည့် Bajrangi Bhaijaan (၂၀၁၅) ရုပ်ရှင်ကားကို ရိုက်ခဲ့သူဖြစ်သည်။

အဆိုပါ သရုပ်ဆောင်နေရာများအတွက် စိတ်ပါဝင်စားသူများအနေဖြင့် ကိုယ်လုံးပေါ်ဓာတ်ပုံ ၁ ပုံ၊ ကိုယ်တပိုင်းပုံ ၁ ပုံနှင့် ကိုယ်ရေးအကျဉ်းအား robertwinnhtein@gmail.com သို့ ပေးပို့ရမည် ဖြစ်ပြီး ရုပ်ရှင်လောကသား ဖြစ်စရာမလိုဘဲ မည်သူမဆို လျှောက်ထားနိုင်ကြောင်း၊ အင်္ဂလိပ်ဘာသာစကားအထိုက်အလျောက် ကျွမ်းကျင်ရ မည်ဖြစ်ကြောင်း၊ အီးမေးပေးပို့ရာတွင် အကြောင်းအရာ (Subject) နေရာတွင် India Web-series ဟု ရေးသားရမည်ဖြစ်ကြောင်း သိရသည်။

အော်စကာ

ဖိုးသူတော် (www.phothutaw.com)
Credit: New Watch
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top