iMyanmarHouse.com - Best Property Website for Myanmar
×

ေဟာင္ေကာင္ၿမိဳ႕က ၾကယ္ငါးပြင့္ဟိုတယ္ျဖစ္တဲ့ ရစ္ဇ္ကာတြန္ ဟိုတယ္က အခန္းထဲမွာ ဇနီးသည္နဲ႔သားကို ေသဆံုးလ်က္သားေတြ႔ရွိၿပီးေနာက္ ကိုရီးယား အမ်ိဳးသားတေယာက္ကို ဒီေန႔ မနက္က ဖမ္းဆီးခဲ့ပါတယ္။

ေဒသစံေတာ္ခ်ိန္ မနက္ ၈ နာရီခြဲမွာ ဟိုတယ္ကေန ရန္ျဖစ္ေနေၾကာင္း သတင္းပို႔တာကို ရဲေတြ လက္ခံရရွိခဲ့တာပါ။

ရဲေတြေရာက္ခ်ိန္မွာ အခင္းျဖစ္ရာေနရာမွာ အသက္ ၇ ႏွစ္အရြယ္ ေယာက္်ားေလးတေယာက္နဲ႔ အမ်ိဳးသမီးတေယာက္ ေသဆံုးေနတာ ေတြ႔ရတယ္လို႔ ရဲက ႐ိုက္တာ သတင္းဌာနကို ေျပာပါတယ္။

အမ်ိဳးသားဟာ အရက္မူးေနပံုရၿပီး အဖမ္းခံရခ်ိန္မွာ ဒဏ္ရာရထားတယ္လို႔ ရဲက ေျပာပါတယ္။

သူ႔ကို ေဆး႐ံုတင္ပို႔ထားၿပီး ရာဇဝတ္မႈ စံုစမ္းစစ္ေဆးေရး ဌာနက ဒီအမႈကို ကိုင္တြယ္ေနပါတယ္။

ဒီအမႈအတြက္ မွတ္ခ်က္ေပးဖို႔ ဖုန္းနဲ႔ေရာ အီးေမးလ္နဲ႔ပါ ဆက္သြယ္ေပမယ့္ ဟိုတယ္က ခ်က္ခ်င္း မတု႔ံျပန္ ေသးပါဘူး။

ေတာင္ကုိရီးယား ေကာင္စစ္ဝန္႐ံုးကိုလည္း ႐ံုးပိတ္ခ်ိန္မို႔ ဆက္သြယ္လို႔ မရေသးပါဘူး။ ေနာက္ထပ္ အေသးစိတ္ အခ်က္အလက္ေတြကိုလည္း မသိရေသးပါဘူး။

ဟိုတယ္ဟာ ေဟာင္ေကာင္က အျမင့္ဆံုးအေဆာက္အဦရဲ႕ ၁၅ ထပ္မွာ ရွိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: dvb

# Unicode Version ျဖင့္ ဖတ္ပါ #
ဟောင်ကောင်မြို့က ကြယ်ငါးပွင့်ဟိုတယ်ဖြစ်တဲ့ ရစ်ဇ်ကာတွန် ဟိုတယ်က အခန်းထဲမှာ ဇနီးသည်နဲ့သားကို သေဆုံးလျက်သားတွေ့ရှိပြီးနောက် ကိုရီးယား အမျိုးသားတယောက်ကို ဒီနေ့ မနက်က ဖမ်းဆီးခဲ့ပါတယ်။

ဒေသစံတော်ချိန် မနက် ၈ နာရီခွဲမှာ ဟိုတယ်ကနေ ရန်ဖြစ်နေကြောင်း သတင်းပို့တာကို ရဲတွေ လက်ခံရရှိခဲ့တာပါ။

ရဲတွေရောက်ချိန်မှာ အခင်းဖြစ်ရာနေရာမှာ အသက် ၇ နှစ်အရွယ် ယောက်ျားလေးတယောက်နဲ့ အမျိုးသမီးတယောက် သေဆုံးနေတာ တွေ့ရတယ်လို့ ရဲက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

အမျိုးသားဟာ အရက်မူးနေပုံရပြီး အဖမ်းခံရချိန်မှာ ဒဏ်ရာရထားတယ်လို့ ရဲက ပြောပါတယ်။

သူ့ကို ဆေးရုံတင်ပို့ထားပြီး ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး ဌာနက ဒီအမှုကို ကိုင်တွယ်နေပါတယ်။

ဒီအမှုအတွက် မှတ်ချက်ပေးဖို့ ဖုန်းနဲ့ရော အီးမေးလ်နဲ့ပါ ဆက်သွယ်ပေမယ့် ဟိုတယ်က ချက်ချင်း မတုံ့ပြန် သေးပါဘူး။

တောင်ကိုရီးယား ကောင်စစ်ဝန်ရုံးကိုလည်း ရုံးပိတ်ချိန်မို့ ဆက်သွယ်လို့ မရသေးပါဘူး။ နောက်ထပ် အသေးစိတ် အချက်အလက်တွေကိုလည်း မသိရသေးပါဘူး။

ဟိုတယ်ဟာ ဟောင်ကောင်က အမြင့်ဆုံးအဆောက်အဦရဲ့ ၁၅ ထပ်မှာ ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top