န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲ ေရးဦးစီးဌာန(FDA) မွ ဒုတိယႀကီးၾကပ္ေရးမွဴး မေရႊရည္၀င္း (ခ) ေရႊရည္သည္ ဇန္န၀ါရီ ၂၀ ရက္ေန႔ ညပိုင္းက အဓမၼက်င့္ သတ္ျဖတ္ခံခဲ့ရၿပီး သူမ၏အေလာင္းကို ဒဂံုၿမိဳ႕သစ္ေျမာက္ပိုင္း ၿမိဳ႕နယ္ ၃၃ တိုးခဲ်႕ရပ္ကြက္ ငါးမာန္ေအာင္ဘုရားလမ္း၊ ငမိုးရိပ္ေခ်ာင္းေဘး၊ ဖူဆယ္ မိုးလံုေလလံု အားကစားကြင္းအနီး ေခ်ာင္းေရေက်ာ္တံတားအစပ္တြင္ ရွာေဖြေတြ႕ရိွခဲ့သည္။ ျပစ္မႈ က်ဴးလြန္သူတရားခံကို ဇန္န၀ါရီ ၂၄ ရက္ ညေနပိုင္းက ဖမ္းဆီးရမိခဲ့သည္။

တရားခံသည္ ဒဂံုၿမိဳ႕သစ္ေျမာက္ပိုင္း ၃၃ ရပ္ကြက္ ပတၱျမားလမ္းေန မ်ဳိးေဇာ္ဦး ၂၇ ႏွစ္ ျဖစ္ၿပီး အမႈမွ သက္ေသခံပစၥည္းျဖစ္သည့္ ဆမ္ေဆာင္းလက္ကိုင္ဖုန္းႏွင့္အတူ မဂၤလာေဈးအတြင္း မဂၤလာေတာင္ညြန္႔ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းအရာရိွ ရဲအုပ္သန္း၀င္းအဖြဲ႕က ဖမ္းဆီးမိခဲ့သည္။

ထိုကဲ့သို႔ ဖမ္းဆီးရမိခဲ့ျခင္းအေပၚ ေသဆံုးသူ ကာယကံရွင္မိသားစု၀င္ ဖခင္ဦးေက်ာ္စိုးႏွင့္ News Watch ဂ်ာနယ္မွ ေတြ႔ဆံုေမးျမန္းခဲ့မႈမ်ားကို ေဖာ္ျပအပ္ပါသည္။

မေန႔က ညေနပိုင္းမွာ ရန္ကုန္တိုင္းရဲတပ္ဖြဲ႕က ထုတ္ျပန္ခ်က္အရ ေသဆံုးသူကို သတ္သြားတဲ့ တရားခံဟာ တဦးတည္းျဖစ္ေနတာကို ဦးတို႔လည္း သိၿပီးသားျဖစ္မွာပါ။ ဒီျဖစ္စဥ္မွာ ျပစ္မႈက်ဴးလြန္သူဟာ တဦးထက္ပိုနိုင္တယ္လို႔ ကနဦး ယူဆခ်က္ေတြရိွေနတဲ့အတြက္ သံသယျဖစ္မိတာမ်ဳိးရိွလား။

– ဒါကေတာ့ ဦးတို႔အစကထင္ထားတာကေတာ့ သမီးမွာရခဲ့တဲ့ ဒဏ္ရာဒဏ္ခ်က္ေတြကိုၾကည့္ရင္ တဦးတည္းက်ဴးလြန္တာမျဖစ္နိုင္ဘူး။ သူတို႔ေျပာသလို တဦးတေယာက္တည္းက လုပ္တာမျဖစ္နိုင္ဘူး။ အနည္းဆံုး ႏွစ္ေယာက္ေလာက္ျဖစ္မယ္လို႔ထင္တယ္။ ဒဏ္ရာဒဏ္ခ်က္ကလည္း ျပင္းတယ္ေလ။ ဒါေပမဲ့ တကယ့္တကယ္ ျပန္ၿပီးေတြးမိခဲ့တယ္။ ဖမ္းမိတဲ့ျဖစ္စဥ္အေပၚမွာလည္း တရားခံရဲ႕ထြက္ဆိုခ်က္ကိုၾကည့္ရင္ ကိုယ့္ဘာသာကိုယ္ပဲ တဆင့္ခ်င္း တဆင့္ခ်င္းျပန္စဥ္းစားလိုက္တဲ့အခါက်ေတာ့ ဒီျဖစ္စဥ္မွာ တေယာက္ တည္းက က်ဴးလြန္တာျဖစ္ႏိုင္တယ္လို႔ပဲ သံုးသပ္မိပါတယ္။ တေယာက္တည္း က်ဴးလြန္တာ ျဖစ္နိုင္ေျခ မ်ားတယ္လို႔ပဲယူဆပါတယ္။

ေနာက္တခုက တရားခံကိုဖမ္းဆီးခဲ့ရာမွာ ပါ၀င္တဲ့ သက္ေသခံပစၥည္းသည္ ေသဆံုးသူရဲ႕ပစၥည္း အစစ္အမွန္ေတြလား။ ဖုန္းကေရာ တူတူပဲလားခင္ဗ်။

တရားခံကိုဖမ္းဆီးရာမွာ ပါ၀င္ခဲ့တဲ့ပစၥည္းေတြအားလံုးဟာ သမီးေရႊရည္၀င္းရဲ႕ ပစၥည္းအမွန္ေတြပါပဲ။ ဖုန္းလည္း မွန္ပါတယ္။

ဒါဆိုရင္ အခုလူသတ္မႈမွာ ဒီတရားခံကို ဥပေဒေၾကာင္းအရ ဆက္လက္ေဆာင္ရြက္မႈအေပၚမွာေရာ ဘယ္လိုေစာင့္ၾကည့္သြားဖို႔ရိွလဲခင္ဗ်။

ဥပေဒေၾကာင္းအရေတာ့ တကယ္တမ္းေျပာရရင္ ကိုယ္လည္းခံစားခဲ့ရေတာ့ ထိုက္တန္တဲ့ျပစ္မႈမ်ဳိး ေပးေစခ်င္တယ္။ ဒါေပမဲ့လည္း ဘယ္လိုေျပာရမလဲဆိုရင္ ေရႊရည္ေနရာမွာ ျပန္အစားထိုးရမယ္ဆိုရင္ ေတာင္ျပန္လိုခ်င္ပါတယ္။ သူ႔ျပစ္ဒဏ္အတိုင္း ဒါဟာ လူသတ္မႈ၊ မုဒိမ္းမႈ၊ ဒီလိုပုဒ္မေတြနဲ႔တိုက္တန္တဲ့ ျပစ္ဒဏ္ေတြ ေပးေစခ်င္တယ္။ ေတာ္႐ံုသင့္႐ံုျပစ္ဒဏ္ေပးလို႔ မရေတာ့ဘူး။ တရားဥပေဒစိုးမိုးမႈ အားနည္းတယ္။ ကိုယ့္သမီးေၾကာင့္ျဖစ္သြားေပမဲ့ တျခားမိသားစုေတြလည္း အရြယ္ေရာက္ၿပီးတဲ့သမီးေတြရိွရင္ စိုးရိမ္ ေသာကေရာက္ေနမွာပဲ။ တရားဥပေဒစိုးမိုးေရးကို ပိုေကာင္းေအာင္လုပ္ဖို႔ေတာ့ လိုပါတယ္။ ရက္မလည္ ေသးပဲနဲ႔ တရားခံေပၚတာ ေတာ္ပါေသးတယ္လို႔ေျပာရမွာပါပဲ။

မႈခင္းျဖစ္စဥ္တေလွ်ာက္မွာ သက္ဆိုင္ရာ ရဲတပ္ဖြဲ႕ကေရာ ေသဆံုးသူမိသားစု၀င္ေတြနဲ႔ ဆက္ သြယ္ေဆာင္ရြက္ခဲ့တာမ်ဳိးရိွလား။

ဖုန္းေတြနဲ႔ေတာ့ အဆက္အသြယ္လုပ္ပါတယ္။ တခိ်န္လံုးေမးပါတယ္။ ကိုယ္ေရးအက်ဥ္းေတြ ေမး၊ သြားတာလာတာေတြ အခိ်န္ေတြေမးတယ္။ သက္ေသခံပစၥည္းမွာ ဖုန္းေပ်ာက္သြားတဲ့အခါ ဘားကုတ္ေတြ ဘာေတြေတာင္းလို႔ ရွာေပးခဲ့ရတာရိွတယ္။

ျမန္မာအမ်ဳိးသမီးမ်ားေစာင့္ေရွာက္ေရးအဖြဲ႕ကေနၿပီးေတာ့ ေသဆံုးသူ မေရႊရည္၀င္းရဲ႕ လူသတ္တရားခံကို ေသဒဏ္ေပးေရးလႈပ္ရွားမႈ အပါအ၀င္ လူသတ္မုဒိမ္းေကာင္ေတြကို ေသဒဏ္ေပးေရး လႈပ္ရွားမႈေတြ လုပ္ၾကပါေတာ့မယ္။ ဒီလို လႈပ္ရွားမႈေတြအေပၚ ဦးတို႔အေနနဲ႔ ပါ၀င္သြားဖို႔ရိွလားခင္ဗ်။

ဦးတို႔အေနနဲ႔ကေတာ့ ဒီလႈပ္ရွားမႈမွာ ပါ၀င္ဖို႔ေတာ့ မရိွပါဘူး။ တရားဥပေဒစိုးမိုးေရးအရေတာ့ ေစာင့္ၾကည့္မွာပါ။

ရန္ကုန္ၿမိဳ႕မွာ လူသတ္ခံေနရတာေတြရိွတယ္။ အၾကမ္းဖက္ခံေနရတာေတြရိွပါတယ္။ ဒီလို ျဖစ္စဥ္ေတြအေပၚမွာ ရန္ကုန္မွာေနထိုင္တဲ့သူတေယာက္အေနနဲ႔ ဘယ္လိုမွတ္ခ်က္ေပးခ်င္ပါသလဲ။

(ေသဆံုးသူ မေရႊရည္၀င္း၏ အေဒၚျဖစ္သူ ေဒၚသင္းခ်ဳိခ်ဳိ ေျပာၾကားခ်က္)

ဒါကေတာ့ ႐ိုးရွင္းပါတယ္။ အစ္မတို႔အတြက္ လံုၿခံဳမႈဆိုတာ ကိုယ္လုပ္လို႔ရတာ မဟုတ္ဘူး။ ကိုယ့္တိုင္းျပည္ကို ဦးေဆာင္ေနတဲ့ သူေတြလုပ္ေပးမွပဲရႏိုင္မွာပါ။ ဟုတ္တယ္မလား။ ကိုယ့္လံုၿခံဳေရးကေတာ့ ကိုယ္ကိုတိုင္လုပ္ရမွာအမွန္ပဲ ဒါေပမဲ့ မိန္းမသား တေယာက္အေနနဲ႔ ဘယ္ေလာက္အထိ စြမ္းေဆာင္နိုင္မွာလဲ။ အခုခိ်န္မွာေတာ့ ေရႊရည္ဟာ ျပန္ရွင္လာႏိုင္ရင္ သူ႔ကိုပဲလိုခ်င္တယ္။ ပစၥည္းယူသြားပါေစ လူကို ဘာမွ မလုပ္ခဲ့ရင္ေတာင္ ျပႆနာမဟုတ္ပါဘူး။ အခု ျဖစ္သြားရတာလည္း ဘ၀မွာ အိမ္မက္ဆိုးႀကီးတခုပဲ။ တဦးတည္းေသာသမီးေလးပါ။ အတိတ္တေစၧေျခာက္ေနသလို အစ္မတို႔ရင္ထဲမွာ ခံစားေနရတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေက်ာ္သက္ေအာင္၊ ေက်ာ္ေက်ာ္

#Unicode Version#

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန(FDA) မှ ဒုတိယကြီးကြပ်ရေးမှူး မရွှေရည်ဝင်း (ခ) ရွှေရည်သည် ဇန်နဝါရီ ၂၀ ရက်နေ့ ညပိုင်းက အဓမ္မကျင့် သတ်ဖြတ်ခံခဲ့ရပြီး သူမ၏အလောင်းကို ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် ၃၃ တိုးခဲျ့ရပ်ကွက် ငါးမာန်အောင်ဘုရားလမ်း၊ ငမိုးရိပ်ချောင်းဘေး၊ ဖူဆယ် မိုးလုံလေလုံ အားကစားကွင်းအနီး ချောင်းရေကျော်တံတားအစပ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ပြစ်မှု ကျူးလွန်သူတရားခံကို ဇန်နဝါရီ ၂၄ ရက် ညနေပိုင်းက ဖမ်းဆီးရမိခဲ့သည်။

တရားခံသည် ဒဂုံမြို့သစ်မြောက်ပိုင်း ၃၃ ရပ်ကွက် ပတ္တမြားလမ်းနေ မျိုးဇော်ဦး ၂၇ နှစ် ဖြစ်ပြီး အမှုမှ သက်သေခံပစ္စည်းဖြစ်သည့် ဆမ်ဆောင်းလက်ကိုင်ဖုန်းနှင့်အတူ မင်္ဂလာဈေးအတွင်း မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ရဲအုပ်သန်းဝင်းအဖွဲ့က ဖမ်းဆီးမိခဲ့သည်။

ထိုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းအပေါ် သေဆုံးသူ ကာယကံရှင်မိသားစုဝင် ဖခင်ဦးကျော်စိုးနှင့် News Watch ဂျာနယ်မှ တွေ့ဆုံမေးမြန်းခဲ့မှုများကို ဖော်ပြအပ်ပါသည်။

မနေ့က ညနေပိုင်းမှာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ချက်အရ သေဆုံးသူကို သတ်သွားတဲ့ တရားခံဟာ တဦးတည်းဖြစ်နေတာကို ဦးတို့လည်း သိပြီးသားဖြစ်မှာပါ။ ဒီဖြစ်စဉ်မှာ ပြစ်မှုကျူးလွန်သူဟာ တဦးထက်ပိုနိုင်တယ်လို့ ကနဦး ယူဆချက်တွေရှိနေတဲ့အတွက် သံသယဖြစ်မိတာမျိုးရှိလား။

– ဒါကတော့ ဦးတို့အစကထင်ထားတာကတော့ သမီးမှာရခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေကိုကြည့်ရင် တဦးတည်းကျူးလွန်တာမဖြစ်နိုင်ဘူး။ သူတို့ပြောသလို တဦးတယောက်တည်းက လုပ်တာမဖြစ်နိုင်ဘူး။ အနည်းဆုံး နှစ်ယောက်လောက်ဖြစ်မယ်လို့ထင်တယ်။ ဒဏ်ရာဒဏ်ချက်ကလည်း ပြင်းတယ်လေ။ ဒါပေမဲ့ တကယ့်တကယ် ပြန်ပြီးတွေးမိခဲ့တယ်။ ဖမ်းမိတဲ့ဖြစ်စဉ်အပေါ်မှာလည်း တရားခံရဲ့ထွက်ဆိုချက်ကိုကြည့်ရင် ကိုယ့်ဘာသာကိုယ်ပဲ တဆင့်ချင်း တဆင့်ချင်းပြန်စဉ်းစားလိုက်တဲ့အခါကျတော့ ဒီဖြစ်စဉ်မှာ တယောက် တည်းက ကျူးလွန်တာဖြစ်နိုင်တယ်လို့ပဲ သုံးသပ်မိပါတယ်။ တယောက်တည်း ကျူးလွန်တာ ဖြစ်နိုင်ခြေ များတယ်လို့ပဲယူဆပါတယ်။

နောက်တခုက တရားခံကိုဖမ်းဆီးခဲ့ရာမှာ ပါဝင်တဲ့ သက်သေခံပစ္စည်းသည် သေဆုံးသူရဲ့ပစ္စည်း အစစ်အမှန်တွေလား။ ဖုန်းကရော တူတူပဲလားခင်ဗျ။

တရားခံကိုဖမ်းဆီးရာမှာ ပါဝင်ခဲ့တဲ့ပစ္စည်းတွေအားလုံးဟာ သမီးရွှေရည်ဝင်းရဲ့ ပစ္စည်းအမှန်တွေပါပဲ။ ဖုန်းလည်း မှန်ပါတယ်။

ဒါဆိုရင် အခုလူသတ်မှုမှာ ဒီတရားခံကို ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်မှုအပေါ်မှာရော ဘယ်လိုစောင့်ကြည့်သွားဖို့ရှိလဲခင်ဗျ။

ဥပဒေကြောင်းအရတော့ တကယ်တမ်းပြောရရင် ကိုယ်လည်းခံစားခဲ့ရတော့ ထိုက်တန်တဲ့ပြစ်မှုမျိုး ပေးစေချင်တယ်။ ဒါပေမဲ့လည်း ဘယ်လိုပြောရမလဲဆိုရင် ရွှေရည်နေရာမှာ ပြန်အစားထိုးရမယ်ဆိုရင် တောင်ပြန်လိုချင်ပါတယ်။ သူ့ပြစ်ဒဏ်အတိုင်း ဒါဟာ လူသတ်မှု၊ မုဒိမ်းမှု၊ ဒီလိုပုဒ်မတွေနဲ့တိုက်တန်တဲ့ ပြစ်ဒဏ်တွေ ပေးစေချင်တယ်။ တော်ရုံသင့်ရုံပြစ်ဒဏ်ပေးလို့ မရတော့ဘူး။ တရားဥပဒေစိုးမိုးမှု အားနည်းတယ်။ ကိုယ့်သမီးကြောင့်ဖြစ်သွားပေမဲ့ တခြားမိသားစုတွေလည်း အရွယ်ရောက်ပြီးတဲ့သမီးတွေရှိရင် စိုးရိမ် သောကရောက်နေမှာပဲ။ တရားဥပဒေစိုးမိုးရေးကို ပိုကောင်းအောင်လုပ်ဖို့တော့ လိုပါတယ်။ ရက်မလည် သေးပဲနဲ့ တရားခံပေါ်တာ တော်ပါသေးတယ်လို့ပြောရမှာပါပဲ။

မှုခင်းဖြစ်စဉ်တလျှောက်မှာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကရော သေဆုံးသူမိသားစုဝင်တွေနဲ့ ဆက် သွယ်ဆောင်ရွက်ခဲ့တာမျိုးရှိလား။

ဖုန်းတွေနဲ့တော့ အဆက်အသွယ်လုပ်ပါတယ်။ တချိန်လုံးမေးပါတယ်။ ကိုယ်ရေးအကျဉ်းတွေ မေး၊ သွားတာလာတာတွေ အချိန်တွေမေးတယ်။ သက်သေခံပစ္စည်းမှာ ဖုန်းပျောက်သွားတဲ့အခါ ဘားကုတ်တွေ ဘာတွေတောင်းလို့ ရှာပေးခဲ့ရတာရှိတယ်။

မြန်မာအမျိုးသမီးများစောင့်ရှောက်ရေးအဖွဲ့ကနေပြီးတော့ သေဆုံးသူ မရွှေရည်ဝင်းရဲ့ လူသတ်တရားခံကို သေဒဏ်ပေးရေးလှုပ်ရှားမှု အပါအဝင် လူသတ်မုဒိမ်းကောင်တွေကို သေဒဏ်ပေးရေး လှုပ်ရှားမှုတွေ လုပ်ကြပါတော့မယ်။ ဒီလို လှုပ်ရှားမှုတွေအပေါ် ဦးတို့အနေနဲ့ ပါဝင်သွားဖို့ရှိလားခင်ဗျ။

ဦးတို့အနေနဲ့ကတော့ ဒီလှုပ်ရှားမှုမှာ ပါဝင်ဖို့တော့ မရှိပါဘူး။ တရားဥပဒေစိုးမိုးရေးအရတော့ စောင့်ကြည့်မှာပါ။

ရန်ကုန်မြို့မှာ လူသတ်ခံနေရတာတွေရှိတယ်။ အကြမ်းဖက်ခံနေရတာတွေရှိပါတယ်။ ဒီလို ဖြစ်စဉ်တွေအပေါ်မှာ ရန်ကုန်မှာနေထိုင်တဲ့သူတယောက်အနေနဲ့ ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။

(သေဆုံးသူ မရွှေရည်ဝင်း၏ အဒေါ်ဖြစ်သူ ဒေါ်သင်းချိုချို ပြောကြားချက်)

ဒါကတော့ ရိုးရှင်းပါတယ်။ အစ်မတို့အတွက် လုံခြုံမှုဆိုတာ ကိုယ်လုပ်လို့ရတာ မဟုတ်ဘူး။ ကိုယ့်တိုင်းပြည်ကို ဦးဆောင်နေတဲ့ သူတွေလုပ်ပေးမှပဲရနိုင်မှာပါ။ ဟုတ်တယ်မလား။ ကိုယ့်လုံခြုံရေးကတော့ ကိုယ်ကိုတိုင်လုပ်ရမှာအမှန်ပဲ ဒါပေမဲ့ မိန်းမသား တယောက်အနေနဲ့ ဘယ်လောက်အထိ စွမ်းဆောင်နိုင်မှာလဲ။ အခုချိန်မှာတော့ ရွှေရည်ဟာ ပြန်ရှင်လာနိုင်ရင် သူ့ကိုပဲလိုချင်တယ်။ ပစ္စည်းယူသွားပါစေ လူကို ဘာမှ မလုပ်ခဲ့ရင်တောင် ပြဿနာမဟုတ်ပါဘူး။ အခု ဖြစ်သွားရတာလည်း ဘဝမှာ အိမ်မက်ဆိုးကြီးတခုပဲ။ တဦးတည်းသောသမီးလေးပါ။ အတိတ်တစ္ဆေခြောက်နေသလို အစ်မတို့ရင်ထဲမှာ ခံစားနေရတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ကျော်သက်အောင်၊ ကျော်ကျော်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top