၂၀၂၀ ခုႏွစ္တြင္ သိန္း ၂၇၀၀ မျဖစ္လွ်င္ ေငြျပန္အမ္းမည့္ Sanchaung Garden ကြန္ဒိုအေရာင္းျပပြဲ
×

အႏုပညာသက္တမ္း ၁၀ ႏွစ္ေက်ာ္တြင္ အနမ္းခံသည့္ ဇာတ္ဝင္ခန္းမ်ိဳး မ႐ိုက္ဖူးေသာ္ လည္း အနမ္းဝိုင္႐ုပ္ရွင္ဇာတ္ကား သည္ ႐ိုမန္႔စ္စစ္စစ္အခ်စ္ဇာတ္ ကားျဖစ္ေသာေၾကာင့္ ပထမဆံုး အနမ္းခံ႐ိုက္ကူးျခင္းျဖစ္ေၾကာင္း သ႐ုပ္ေဆာင္ ဝတ္မႈံေရႊရည္က ေျပာသည္။

‘‘တစ္ခါမွ အနမ္းခံတဲ့ အခန္း မ်ိဳး မ႐ိုက္ခဲ့ဖူးပါဘူး။ ဒါေပမဲ့ ဒါ႐ိုက္တာရဲ႕ ေတာင္းဆိုမႈနဲ႔ အ ကုန္လံုးေတာင္းဆိုမႈေၾကာင့္ပါ။ ဒါ႐ိုက္တာကလည္း ေျပာတယ္။ မကစ္ရယ္ အခ်စ္ကားေလးျဖစ္တဲ့ အတြက္ အသက္ဝင္သြားေအာင္ လုပ္ေပးပါဆိုလို႔ လုပ္ျဖစ္ခဲ့တာ ပါ။ ဘဝမွာ ပထမဆံုးမွတ္မွတ္ရရ ရွိခဲ့တဲ့ အနမ္းခန္းလို႔လည္း ေျပာရင္ရပါတယ္။ ကစ္ ရီဟာဇယ္ မလုပ္ခိုင္းေတာ့ဘူး။ တစ္ခါတည္း တန္း႐ိုက္တာပါ။ ရီဟာဇယ္ဆို ခဏခဏလုပ္ေနရမွာ စိုးလို႔ပါ။ ႐ိုက္ၿပီးသြားေတာ့ မသိေတာ့ဘူး။ ဒါေပမဲ့ အခု ျပန္ၾကည့္ေတာ့ ရွက္ တယ္’’ဟု နဖူးအနမ္းခံသည့္ ဇာတ္ဝင္ခန္း႐ိုက္ကူးမႈႏွင့္ ပတ္ သက္၍ ၎က ေျပာသည္။

အခ်ဳိ႕ေသာ ဗီဒီယိုကားမ်ားတြင္ လိုအပ္သည့္အခါ၌ တြဲဖက္သ႐ုပ္ေဆာင္သည့္ မင္းသမီးကို တကယ္နမ္းကာ သ႐ုပ္ေဆာင္ခဲ့ေသာ္လည္း ႐ုပ္ရွင္ဇာတ္ကားမ်ားထဲတြင္ အနမ္း၀ိုင္ဇာတ္ကားသည္ ပထမဆံုးအႀကိမ္ တကယ္နမ္းကာ သ႐ုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သ႐ုပ္ေဆာင္ ေအာင္ရဲလင္းက ေျပာသည္။

‘‘တကယ္နမ္းလိုက္တာမ်ဳိး က ေရွ႕မွာလည္း ႐ိုက္ဖူးတယ္။ ဒါေပမဲ့လည္း ႐ုပ္ရွင္မွာေတာ့ ဒါပထမဆံုးအႀကိမ္ပါတာေပါ့။ ဗီဒီယိုေတြမွာေတာ့ တကယ္လိုအပ္ရင္ ပရိသတ္အေနနဲ႔ ကြၽန္ ေတာ္ကိုယ္တိုင္ခံစားတယ္။ ကြၽန္ ေတာ္ကိုယ္တိုင္ၾကည့္တဲ့အခ်ိန္ မွာလည္း ႐ုိမန္႔စ္ဆိုတစ္ေယာက္ နဲ႔ တစ္ေယာက္မင္းသားနဲ႔ မင္း သမီးက ခ်စ္ၿပီးမွ ျပန္ကြဲသြားတာ ဆိုရင္ ပိုၿပီးေတာ့ စိတ္ထဲမွာ Feeling ပိုျဖစ္တယ္။ အဲဒါေၾကာင့္ တကယ့္႐ုိမန္႔စ္စစ္စစ္႐ိုက္မယ္ဆိုရင္ ေနာက္ကဇာတ္၀င္ခန္းေတြ အ သက္၀င္ဖို႔ တကယ့္အျပင္မွာ ရည္းစားေတြ၊ ခ်စ္သူေတြလို ျဖစ္ေနရင္ ပိုၿပီးၾကည့္လို႔ ေကာင္းမယ္ထင္ တယ္။ ႏိုင္ငံျခား ႐ိုမန္႔စ္ကားေတြ ဆိုရင္ ကိုယ္ကိုယ္တိုင္ခံစားေနရ သလိုမ်ဳိးျဖစ္တယ္ေလ။ ဒီလိုမ်ဳိး ေလးေပါ့။ ကြၽန္ေတာ္တို႔အေနနဲ႔ လည္း ေဘာင္ထဲက အတတ္ႏိုင္ ဆံုး၊ အေကာင္းဆံုးျဖစ္ေအာင္ ႀကိဳးစားၿပီး ေနာက္ပိုင္း႐ိုက္သြားဖို႔ ရွိပါတယ္’’ဟု ၎က ေျပာသည္။

အနမ္း၀ိုင္႐ုပ္ရွင္ကို ျပန္ၾကည့္ခ်ိန္တြင္ ဒါ႐ိုက္တာ ေအာင္ျမတ္၏ ႐ိုက္ခ်က္မ်ား ေကာင္းေသာေၾကာင့္ တစ္ကားလံုး ႀကိဳက္ႏွစ္သက္သည္ဟု ေအာင္ရဲလင္းက ဆိုသည္။

အဆိုပါဇာတ္ကားကို ေဖ ေဖာ္၀ါရီ ၂ ရက္က စ၍ တစ္ႏုိင္ငံလံုးရွိ ႐ုပ္ရွင္႐ုံမ်ားတြင္ တစ္ၿပိဳင္တည္း ႐ုံတင္ျပသမည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin

#Unicode Version#
အနုပညာသက်တမ်း ၁၀ နှစ်ကျော်တွင် အနမ်းခံသည့် ဇာတ်ဝင်ခန်းမျိုး မရိုက်ဖူးသော် လည်း အနမ်းဝိုင်ရုပ်ရှင်ဇာတ်ကား သည် ရိုမန့်စ်စစ်စစ်အချစ်ဇာတ် ကားဖြစ်သောကြောင့် ပထမဆုံး အနမ်းခံရိုက်ကူးခြင်းဖြစ်ကြောင်း သရုပ်ဆောင် ဝတ်မှုံရွှေရည်က ပြောသည်။

‘‘တစ်ခါမှ အနမ်းခံတဲ့ အခန်း မျိုး မရိုက်ခဲ့ဖူးပါဘူး။ ဒါပေမဲ့ ဒါရိုက်တာရဲ့ တောင်းဆိုမှုနဲ့ အ ကုန်လုံးတောင်းဆိုမှုကြောင့်ပါ။ ဒါရိုက်တာကလည်း ပြောတယ်။ မကစ်ရယ် အချစ်ကားလေးဖြစ်တဲ့ အတွက် အသက်ဝင်သွားအောင် လုပ်ပေးပါဆိုလို့ လုပ်ဖြစ်ခဲ့တာ ပါ။ ဘဝမှာ ပထမဆုံးမှတ်မှတ်ရရ ရှိခဲ့တဲ့ အနမ်းခန်းလို့လည်း ပြောရင်ရပါတယ်။ ကစ် ရီဟာဇယ် မလုပ်ခိုင်းတော့ဘူး။ တစ်ခါတည်း တန်းရိုက်တာပါ။ ရီဟာဇယ်ဆို ခဏခဏလုပ်နေရမှာ စိုးလို့ပါ။ ရိုက်ပြီးသွားတော့ မသိတော့ဘူး။ ဒါပေမဲ့ အခု ပြန်ကြည့်တော့ ရှက် တယ်’’ဟု နဖူးအနမ်းခံသည့် ဇာတ်ဝင်ခန်းရိုက်ကူးမှုနှင့် ပတ် သက်၍ ၎င်းက ပြောသည်။

အချို့သော ဗီဒီယိုကားများတွင် လိုအပ်သည့်အခါ၌ တွဲဖက်သရုပ်ဆောင်သည့် မင်းသမီးကို တကယ်နမ်းကာ သရုပ်ဆောင်ခဲ့သော်လည်း ရုပ်ရှင်ဇာတ်ကားများထဲတွင် အနမ်းဝိုင်ဇာတ်ကားသည် ပထမဆုံးအကြိမ် တကယ်နမ်းကာ သရုပ်ဆောင်ခြင်းဖြစ်ကြောင်း သရုပ်ဆောင် အောင်ရဲလင်းက ပြောသည်။

‘‘တကယ်နမ်းလိုက်တာမျိုး က ရှေ့မှာလည်း ရိုက်ဖူးတယ်။ ဒါပေမဲ့လည်း ရုပ်ရှင်မှာတော့ ဒါပထမဆုံးအကြိမ်ပါတာပေါ့။ ဗီဒီယိုတွေမှာတော့ တကယ်လိုအပ်ရင် ပရိသတ်အနေနဲ့ ကျွန် တော်ကိုယ်တိုင်ခံစားတယ်။ ကျွန် တော်ကိုယ်တိုင်ကြည့်တဲ့အချိန် မှာလည်း ရိုမန့်စ်ဆိုတစ်ယောက် နဲ့ တစ်ယောက်မင်းသားနဲ့ မင်း သမီးက ချစ်ပြီးမှ ပြန်ကွဲသွားတာ ဆိုရင် ပိုပြီးတော့ စိတ်ထဲမှာ Feeling ပိုဖြစ်တယ်။ အဲဒါကြောင့် တကယ့်ရိုမန့်စ်စစ်စစ်ရိုက်မယ်ဆိုရင် နောက်ကဇာတ်ဝင်ခန်းတွေ အ သက်ဝင်ဖို့ တကယ့်အပြင်မှာ ရည်းစားတွေ၊ ချစ်သူတွေလို ဖြစ်နေရင် ပိုပြီးကြည့်လို့ ကောင်းမယ်ထင် တယ်။ နိုင်ငံခြား ရိုမန့်စ်ကားတွေ ဆိုရင် ကိုယ်ကိုယ်တိုင်ခံစားနေရ သလိုမျိုးဖြစ်တယ်လေ။ ဒီလိုမျိုး လေးပေါ့။ ကျွန်တော်တို့အနေနဲ့ လည်း ဘောင်ထဲက အတတ်နိုင် ဆုံး၊ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး နောက်ပိုင်းရိုက်သွားဖို့ ရှိပါတယ်’’ဟု ၎င်းက ပြောသည်။

အနမ်းဝိုင်ရုပ်ရှင်ကို ပြန်ကြည့်ချိန်တွင် ဒါရိုက်တာ အောင်မြတ်၏ ရိုက်ချက်များ ကောင်းသောကြောင့် တစ်ကားလုံး ကြိုက်နှစ်သက်သည်ဟု အောင်ရဲလင်းက ဆိုသည်။

အဆိုပါဇာတ်ကားကို ဖေ ဖော်ဝါရီ ၂ ရက်က စ၍ တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် တစ်ပြိုင်တည်း ရုံတင်ပြသမည်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top