ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ရည္းစားနဲ႔ျပတ္ေတာ့ ဖီးလိုက္ရတဲ႕ သီခ်င္း အလြမ္း အေဆြး အေငးေပါ့။ မၿပီးႏိုင္င္ မစီးႏိုင္က ငိုမိေသးတယ္။ ခ်စ္ခဲ႕တာကို ငိုတာေပါ့ အရူးမႀကီးက်ေနတာပဲ။ခုမ်ားေတာ့လည္း အဆင္ကိုေျပေနေတာ့ အရင္တုန္းက ရူးခဲ႕တာ ယံုေတာင္မယံုခ်င္ဘူး။ ဒါက ျဖစ္တတ္တဲ့ သေဘာေလးကို ထုတ္ျပတာပါ ေယာင္းတို႔ေရ.. အသည္းကြဲရင္ အစမွာေတာ့ ဒီလုိရွိတတ္ၿပီး ၾကာလာေတာ့လည္း ေျပာင္းလဲသြားတဲ့ သေဘာေလးေပါ့။

ဘယ္လိုပဲ အသည္းကြဲကြဲ၊ ဘယ္လိုပဲ အခ်ိန္က ကုစားေပး ကုစားေပး ကိုယ့္ေရွ႕မွာ ကိုယ့္သူငယ္ခ်င္း ငိုႀကီးခ်က္မ ျဖစ္ေနတာေတာ့ ဘယ္သူမွ ၾကည့္မေနႏုိင္ဘူးဟုတ္.. ဒီေတာ့ ဒီလိုေလးေတြ အားေပးႏွစ္သိမ့္ၾကည့္ရေအာင္.. ကိုယ့္အေတြ႕အၾကံဳနဲ႔ ယွဥ္ၿပီး အက္ဒ္မင္ အားေပးခဲ့တဲ့ ပံုစံေလးေတြေပါ့ေနာ္..

ဒီမွာ သူငယ္ခ်င္း

One Go, Two Come ပဲ။

ေျပာေတာ့သာ လြယ္တာ ခံရသူက မလြယ္တာ နားလည္တာေပါ့။ မလြယ္လည္း ဒီစကားက တကယ္ကိုထိေရာက္တာေတာ့ အမွန္ပဲ။ လူဆုိေတာ့ မာနက ရွိေသးတယ္ေလ။ သူ႕ဘာသာ ဘာေႀကာင့္ပဲ လမ္းခြဲခြဲ ပိုခ်စ္ရသူက ပိုငိုတတ္ႀကစျမဲမို႕ ငိုလို႕အားရရင္ေလ သိပ္ဝမ္းမနည္းနဲ႕ သယ္ရင္း ။ One Go , Two Come , Three Readyပဲ ။ ဘာအတြက္မွ ပူေဆြးမေနနဲ႔ေပါ့။ဒင္းလိုေကာင္မ်ိဳးထက္သာတာ ေခါင္းေခါက္ေရြးပါေလ့ဆိုၿပီး ဘယ္နားက ေနမွန္းမသိေသးတဲ႔သူနဲ႔ နွစ္သိမ့္ရျပန္တယ္။
စကားခပ္ႀကီးႀကီးနဲ႔ ပစ္ေပါက္တတ္သေလာက္ ပစ္ေပါက္ေပးပါ ။

KTV သြားမလား ၊ ခရီးသြားမလား?

သူနဲ႕တူတူသြားခဲ႕တဲ႔ ေနရာေတြ မသြားခ်င္ဘူးဟယ္ ။ ရတာေပါ့ ျဖစ္တတ္တာေပါ့ ကိုယ္ေတြတုန္းကဆို အဲ႕ေနရာေတြ  ေခါင္းေတာင္ ေစာင္းမၾကည့္ခ်င္ေအာင္ပဲ။ နားလည္တယ္ နားလည္တယ္ ။ ခရီးသြားတာက အခ်ိန္ေပးမွ ျဖစ္မွာမို႔ ေတာ္ေတာ္ခံစားေနရသူဆို ခရီးသြားေပးၿပီး ေရာဂါသိပ္မျပင္းရင္ေတာ့ ကာရာအိုေက သြားတာက အေကာင္းဆံုးပါပဲ။ ဟဲ ၿပီေလ ။ အသည္းကြဲေနခ်ိန္ အလြမ္းသီခ်င္းက ေရာဂါပိုတိုးေစမွန္း သိေပမယ့္ အထဲမွာ လြမ္းစမ္း သီခ်င္းဆိုရင္း သတိရရင္ ငိိုစမ္း… အားပါးတရငိုဖို႕ ဘယ္ႏွစ္ဆက္ရွင္ျဖစ္ျဖစ္ ယူထားလိုက္မယ္။ေအး .. ငိုလို႕အားရ ရင္ေတာ့ ထမ္းျပန္ၾကမွာေပါ့။
ငိုဖို႔အခ်ိန္ေပးလိုက္ပါ။ ငိုႏိုင္တဲ့ အေျခအေန ဖန္တီးေပးပါ။

နားေထာင္ေပးမွာေပါ့။

အသည္းကြဲေနသူေတြက အရမ္း ရင္ဖြင့္ခ်င္တယ္ေလ ။ ကိုယ္က ရင္ဖြင့္ခံရသူဆို ေကာင္းေကာင္းနားေထာင္ေပးဖို႕လို ပါတယ္။ ”သူကေလ သူကေလ ”နဲ႕ မၿပီးႏုိင္၊ မစီးႏုိင္ ေထြခင္းကစားတာေတြေကာ ၊ why ေမးခြန္းေတြေကာ တရစပ္ကို ေျပာေနလည္း နားေထာင္ေပးလိုက္ပါ။ ဘာအေၾကာင္းေတြေျပာေနတယ္ဆိုတာ သင္မသိလည္း သူတို႕ဘာသာေမး သူတို႕ဘာသာေျဖနဲ႔ ေျပာေနမွာမို႔ ေကာင္းေကာင္းႀကီးနားေထာင္ေပးလိုက္ပါဦး။ သူတို႕စိတ္ထဲမွာ ”ငါ ဘာမွားလို႕လဲ”ဆိုတဲ့ ေမးခြန္းကို ထပ္ခါ ထပ္ခါ ေတြးေနမွာမို႕ ကိုယ္က ေထာက္ျပလည္း မျမင္မွာျခင္း အတူတူ သူေျပာသမွ် နားေထာင္ေပး ရစ္သမ်ွ နားေထာင္ေပးေနတာကလည္း ေျဖသိမ့္နည္းတစ္မ်ိဳးပါပဲ။
နားေထာင္တတ္သူျဖစ္ပါေစ။

    မေကာင္းေႀကာင္းဝင္မေျပာဘဲေနမယ္။

ဒါကေတာ့ ေရရွည္ကိုႀကည့္တာပါ။ ျပတ္ၿပီးလည္း ျပန္ျပန္ဆက္တတ္တဲ႕ ေခတ္ဆိုေတာ့ေလ ကိုယ္ေျပာမွ ကိုယ့္စကားျဖစ္သြားၿပီး အမုန္းခံေနရပါလိမ့္မယ္။ ဒီလိုအေနအထားမွာေတာ့ ဘာမွမေျပာဘဲ သူတို႔ေျပာသမွ် နားေထာင္ေပးတာက အေကာင္းဆံုးပါပဲ။ ဒါေပမ႔ဲ သူဘက္မွာ ကိုယ္ရွိတယ္ ဆိုတာနဲ႕ သက္ေသျပရာလည္း ေရာက္၊ ျပန္အဆင္ေျပသြားေတာ့လည္း ကိုယ္မေကာင္းမျဖစ္ဘူးေအာင္ ေသခ်ာေတာ့ နားေထာင္ေပးဖို႔ လိုပါတယ္။ သူတို႕က အသည္းကြဲေနတဲ့သူေတြဆိုေပမယ့္ ခံစားေနရဆဲဆိုေတာ့ သူတို႕ခ်စ္သူေတြကိုလည္း အေကာင္းျမင္ေနၾကဆဲပါ။ ဆိုေတာ့ ကိုယ္က အလိုက္သိပါေစ။ ဘယ္သူ႕ကိုမွ အျပစ္မတင္ဘဲ အခ်ိန္တန္ သူလည္း သူ႕အမွားကိုယ့္အမွားသိသြားမွာမို ႕ ဟီးရိုးဝင္မလုပ္ဘဲ ေနတာကလည္း အသည္းကြဲသူငယ္ခ်င္းကို နွစ္သိမ့္နည္းတစ္မ်ိဳးပါပဲ။
ဘယ္သူ႕မေကာင္းေၾကာင္းမွ မေျပာပါနဲ႔။ ဘယ္သူ႕ဘက္မွ မလိုက္ပါနဲ႔။

    သူ႕ထက္သာတာ နဲ႔တြဲျပဟာ။ ပိုလွေအာင္ေနဟာ။

နည္းကေတာ့ ရိုးေနေပမဲ႔ ခုထိေတာ့ အသံုးဝင္ေနေသးတာပဲ။ ဘာလို႕ပဲျပတ္ျပတ္ ကိုယ္ကပဲခြဲခြဲ သူကပဲခြဲခြဲ ျပတ္ရင္ေတာ့ ကိုယ့္ဘဝနဲ႔ကိုယ္၊ ကိုယ့္လမ္းနဲ႔ကိုယ္ပါ။ ပိုလွေအာင္ျပင္မယ္ ပိုလွေအာင္ေနမယ္။ သူ႕ကိုရြဲ႕တာ မရြဲ႕တာ ေနာက္ထား ကိုယ္လည္း မေခေႀကာင္းေတာ့ ျပရတာေပါ့ေလ။ ျမန္မာနုိုင္ငံက က်ဥ္းက်ဥ္းေလးပါ။သူ ကိုယ့္ဆီ ေျပးကပ္လာဖို႕ ဗ်ဴဟာ သံုးတာမွ မဟုတ္တာ။ အသည္းကြဲၿပီးရင္ ပိုလွလာမွ အသည္းကြဲရတာ တန္ေတာ့မေပါ့။ ဟုတ္တယ္မလား။ ေနာက္တစ္ေယာက္ရဖို႔၊ မရဖို႔ အဓိက မဟုတ္ေပမယ့္ ကိုယ္လွလာဖို႔၊ ပိုေတာ္လာဖို႔၊ ပိုထူးခၽြန္လာဖို႔က အဓိက က်တယ္မဟုတ္လား။
အသညး္ကြဲရာက ခြန္အားေတြျဖစ္လာေအာင္ တိုက္တြန္းပါ။

အသည္းကြဲေနတာ က စာနဲ႔သာ တင္စားလို႕ အသည္းကြဲတယ္ ျဖစ္ရေပမဲ႕ တကယ့္အသည္း ကြဲတာမွ ခံသာဦးမယ္ထင္ပါတယ္။ ခံစားရတာကေတာ့ ပူသလိုလို စပ္သလိုလို ငိုပဲငိုခ်င္ေနသလိုလို စိတ္ပဲနာသလိုလို ကိုယ္ပဲ မွားေနသလိုလို ဘာမွမစားခ်င္သလိုလို တစ္ခုျပီးတစ္ခု စားပဲစားခ်င္ေနသလို အိပ္ပဲ အိပ္ေနခ်င္သလိုလို တစ္ေယာက္တည္းပဲ ေနခ်င္သလိုလို ဘုရားတရားပဲ အာရံုစိုက္တာ ေကာင္းသလိုလို ဘဝႀကီးက မျပည့္စံုသလိုလိုနဲ႔ ဘာလိုလို႔ လိုေနမွန္းမသိတဲ့ အျဖစ္ေတြ ျဖစ္တတ္ႀကတာပါပဲ။ ေနာက္ေတာ့လည္း ကိုယ့္ဘဝကို ကိုယ္ကိုယ္တိုင္ အားတင္းျဖတ္သန္းရင္း သူလည္းေမ့ ကိုယ္လည္း ေမ့သြားမွာေပမယ့္ အသည္းကြဲေနတဲ့အခ်ိန္မွာေတာ့ အနားမွာ အားေပးေဖာ္ေလးရွိဦးမွေပါ့။ ေယာင္းတို႔ သူငယ္ခ်င္းေတြထဲမွာ အသည္းကြဲေနတဲ့သူေတြ ရွိေနရင္ ဒီနည္းလမ္းေလးေတြ သံုးၾကည့္လိုက္ေနာ္။ တကယ္လည္း အသံုးဝင္ပါတယ္လို႔…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Wai Zin (For Her Myanmar )

# Unicode Version ျဖင့္ ဖတ္ပါ #
ရည်းစားနဲ့ပြတ်တော့ ဖီးလိုက်ရတဲ့ သီချင်း အလွမ်း အဆွေး အငေးပေါ့။ မပြီးနိုင်င် မစီးနိုင်က ငိုမိသေးတယ်။ ချစ်ခဲ့တာကို ငိုတာပေါ့ အရူးမကြီးကျနေတာပဲ။ခုများတော့လည်း အဆင်ကိုပြေနေတော့ အရင်တုန်းက ရူးခဲ့တာ ယုံတောင်မယုံချင်ဘူး။ ဒါက ဖြစ်တတ်တဲ့ သဘောလေးကို ထုတ်ပြတာပါ ယောင်းတို့ရေ.. အသည်းကွဲရင် အစမှာတော့ ဒီလိုရှိတတ်ပြီး ကြာလာတော့လည်း ပြောင်းလဲသွားတဲ့ သဘောလေးပေါ့။

ဘယ်လိုပဲ အသည်းကွဲကွဲ၊ ဘယ်လိုပဲ အချိန်က ကုစားပေး ကုစားပေး ကိုယ့်ရှေ့မှာ ကိုယ့်သူငယ်ချင်း ငိုကြီးချက်မ ဖြစ်နေတာတော့ ဘယ်သူမှ ကြည့်မနေနိုင်ဘူးဟုတ်.. ဒီတော့ ဒီလိုလေးတွေ အားပေးနှစ်သိမ့်ကြည့်ရအောင်.. ကိုယ့်အတွေ့အကြုံနဲ့ ယှဉ်ပြီး အက်ဒ်မင် အားပေးခဲ့တဲ့ ပုံစံလေးတွေပေါ့နော်..

ဒီမှာ သူငယ်ချင်း

One Go, Two Come ပဲ။

ပြောတော့သာ လွယ်တာ ခံရသူက မလွယ်တာ နားလည်တာပေါ့။ မလွယ်လည်း ဒီစကားက တကယ်ကိုထိရောက်တာတော့ အမှန်ပဲ။ လူဆိုတော့ မာနက ရှိသေးတယ်လေ။ သူ့ဘာသာ ဘာကြောင့်ပဲ လမ်းခွဲခွဲ ပိုချစ်ရသူက ပိုငိုတတ်ကြစမြဲမို့ ငိုလို့အားရရင်လေ သိပ်ဝမ်းမနည်းနဲ့ သယ်ရင်း ။ One Go , Two Come , Three Readyပဲ ။ ဘာအတွက်မှ ပူဆွေးမနေနဲ့ပေါ့။ဒင်းလိုကောင်မျိုးထက်သာတာ ခေါင်းခေါက်ရွေးပါလေ့ဆိုပြီး ဘယ်နားက နေမှန်းမသိသေးတဲ့သူနဲ့ နှစ်သိမ့်ရပြန်တယ်။
စကားခပ်ကြီးကြီးနဲ့ ပစ်ပေါက်တတ်သလောက် ပစ်ပေါက်ပေးပါ ။

KTV သွားမလား ၊ ခရီးသွားမလား?

သူနဲ့တူတူသွားခဲ့တဲ့ နေရာတွေ မသွားချင်ဘူးဟယ် ။ ရတာပေါ့ ဖြစ်တတ်တာပေါ့ ကိုယ်တွေတုန်းကဆို အဲ့နေရာတွေ  ခေါင်းတောင် စောင်းမကြည့်ချင်အောင်ပဲ။ နားလည်တယ် နားလည်တယ် ။ ခရီးသွားတာက အချိန်ပေးမှ ဖြစ်မှာမို့ တော်တော်ခံစားနေရသူဆို ခရီးသွားပေးပြီး ရောဂါသိပ်မပြင်းရင်တော့ ကာရာအိုကေ သွားတာက အကောင်းဆုံးပါပဲ။ ဟဲ ပြီလေ ။ အသည်းကွဲနေချိန် အလွမ်းသီချင်းက ရောဂါပိုတိုးစေမှန်း သိပေမယ့် အထဲမှာ လွမ်းစမ်း သီချင်းဆိုရင်း သတိရရင် ငိုစမ်း… အားပါးတရငိုဖို့ ဘယ်နှစ်ဆက်ရှင်ဖြစ်ဖြစ် ယူထားလိုက်မယ်။အေး .. ငိုလို့အားရ ရင်တော့ ထမ်းပြန်ကြမှာပေါ့။
ငိုဖို့အချိန်ပေးလိုက်ပါ။ ငိုနိုင်တဲ့ အခြေအနေ ဖန်တီးပေးပါ။

နားထောင်ပေးမှာပေါ့။

အသည်းကွဲနေသူတွေက အရမ်း ရင်ဖွင့်ချင်တယ်လေ ။ ကိုယ်က ရင်ဖွင့်ခံရသူဆို ကောင်းကောင်းနားထောင်ပေးဖို့လို ပါတယ်။ ”သူကလေ သူကလေ ”နဲ့ မပြီးနိုင်၊ မစီးနိုင် ထွေခင်းကစားတာတွေကော ၊ why မေးခွန်းတွေကော တရစပ်ကို ပြောနေလည်း နားထောင်ပေးလိုက်ပါ။ ဘာအကြောင်းတွေပြောနေတယ်ဆိုတာ သင်မသိလည်း သူတို့ဘာသာမေး သူတို့ဘာသာဖြေနဲ့ ပြောနေမှာမို့ ကောင်းကောင်းကြီးနားထောင်ပေးလိုက်ပါဦး။ သူတို့စိတ်ထဲမှာ ”ငါ ဘာမှားလို့လဲ”ဆိုတဲ့ မေးခွန်းကို ထပ်ခါ ထပ်ခါ တွေးနေမှာမို့ ကိုယ်က ထောက်ပြလည်း မမြင်မှာခြင်း အတူတူ သူပြောသမျှ နားထောင်ပေး ရစ်သမျှ နားထောင်ပေးနေတာကလည်း ဖြေသိမ့်နည်းတစ်မျိုးပါပဲ။
နားထောင်တတ်သူဖြစ်ပါစေ။

    မကောင်းကြောင်းဝင်မပြောဘဲနေမယ်။

ဒါကတော့ ရေရှည်ကိုကြည့်တာပါ။ ပြတ်ပြီးလည်း ပြန်ပြန်ဆက်တတ်တဲ့ ခေတ်ဆိုတော့လေ ကိုယ်ပြောမှ ကိုယ့်စကားဖြစ်သွားပြီး အမုန်းခံနေရပါလိမ့်မယ်။ ဒီလိုအနေအထားမှာတော့ ဘာမှမပြောဘဲ သူတို့ပြောသမျှ နားထောင်ပေးတာက အကောင်းဆုံးပါပဲ။ ဒါပေမဲ့ သူဘက်မှာ ကိုယ်ရှိတယ် ဆိုတာနဲ့ သက်သေပြရာလည်း ရောက်၊ ပြန်အဆင်ပြေသွားတော့လည်း ကိုယ်မကောင်းမဖြစ်ဘူးအောင် သေချာတော့ နားထောင်ပေးဖို့ လိုပါတယ်။ သူတို့က အသည်းကွဲနေတဲ့သူတွေဆိုပေမယ့် ခံစားနေရဆဲဆိုတော့ သူတို့ချစ်သူတွေကိုလည်း အကောင်းမြင်နေကြဆဲပါ။ ဆိုတော့ ကိုယ်က အလိုက်သိပါစေ။ ဘယ်သူ့ကိုမှ အပြစ်မတင်ဘဲ အချိန်တန် သူလည်း သူ့အမှားကိုယ့်အမှားသိသွားမှာမို့ ဟီးရိုးဝင်မလုပ်ဘဲ နေတာကလည်း အသည်းကွဲသူငယ်ချင်းကို နှစ်သိမ့်နည်းတစ်မျိုးပါပဲ။
ဘယ်သူ့မကောင်းကြောင်းမှ မပြောပါနဲ့။ ဘယ်သူ့ဘက်မှ မလိုက်ပါနဲ့။

    သူ့ထက်သာတာ နဲ့တွဲပြဟာ။ ပိုလှအောင်နေဟာ။

နည်းကတော့ ရိုးနေပေမဲ့ ခုထိတော့ အသုံးဝင်နေသေးတာပဲ။ ဘာလို့ပဲပြတ်ပြတ် ကိုယ်ကပဲခွဲခွဲ သူကပဲခွဲခွဲ ပြတ်ရင်တော့ ကိုယ့်ဘဝနဲ့ကိုယ်၊ ကိုယ့်လမ်းနဲ့ကိုယ်ပါ။ ပိုလှအောင်ပြင်မယ် ပိုလှအောင်နေမယ်။ သူ့ကိုရွဲ့တာ မရွဲ့တာ နောက်ထား ကိုယ်လည်း မခေကြောင်းတော့ ပြရတာပေါ့လေ။ မြန်မာနိုင်ငံက ကျဉ်းကျဉ်းလေးပါ။သူ ကိုယ့်ဆီ ပြေးကပ်လာဖို့ ဗျူဟာ သုံးတာမှ မဟုတ်တာ။ အသည်းကွဲပြီးရင် ပိုလှလာမှ အသည်းကွဲရတာ တန်တော့မပေါ့။ ဟုတ်တယ်မလား။ နောက်တစ်ယောက်ရဖို့၊ မရဖို့ အဓိက မဟုတ်ပေမယ့် ကိုယ်လှလာဖို့၊ ပိုတော်လာဖို့၊ ပိုထူးချွန်လာဖို့က အဓိက ကျတယ်မဟုတ်လား။
အသည်းကွဲရာက ခွန်အားတွေဖြစ်လာအောင် တိုက်တွန်းပါ။

အသည်းကွဲနေတာ က စာနဲ့သာ တင်စားလို့ အသည်းကွဲတယ် ဖြစ်ရပေမဲ့ တကယ့်အသည်း ကွဲတာမှ ခံသာဦးမယ်ထင်ပါတယ်။ ခံစားရတာကတော့ ပူသလိုလို စပ်သလိုလို ငိုပဲငိုချင်နေသလိုလို စိတ်ပဲနာသလိုလို ကိုယ်ပဲ မှားနေသလိုလို ဘာမှမစားချင်သလိုလို တစ်ခုပြီးတစ်ခု စားပဲစားချင်နေသလို အိပ်ပဲ အိပ်နေချင်သလိုလို တစ်ယောက်တည်းပဲ နေချင်သလိုလို ဘုရားတရားပဲ အာရုံစိုက်တာ ကောင်းသလိုလို ဘဝကြီးက မပြည့်စုံသလိုလိုနဲ့ ဘာလိုလို့ လိုနေမှန်းမသိတဲ့ အဖြစ်တွေ ဖြစ်တတ်ကြတာပါပဲ။ နောက်တော့လည်း ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင် အားတင်းဖြတ်သန်းရင်း သူလည်းမေ့ ကိုယ်လည်း မေ့သွားမှာပေမယ့် အသည်းကွဲနေတဲ့အချိန်မှာတော့ အနားမှာ အားပေးဖော်လေးရှိဦးမှပေါ့။ ယောင်းတို့ သူငယ်ချင်းတွေထဲမှာ အသည်းကွဲနေတဲ့သူတွေ ရှိနေရင် ဒီနည်းလမ်းလေးတွေ သုံးကြည့်လိုက်နော်။ တကယ်လည်း အသုံးဝင်ပါတယ်လို့…

ဖိုးသူတော် (www.phothutaw.com)
Credit: Wai Zin (For Her Myanmar )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top