မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ၾကည္ႏူးစရာေကာင္းလြန္းတဲ့ ျဖစ္ရပ္ေလးပါပဲ။
တ႐ုတ္ႏိုင္ငံ အလယ္ပိုင္း လိုရန္ၿမိဳ႕မွာ ေနထုိင္တဲ့ ေလာင္မားရန္ဆိုသူဟာ ဖိနပ္တုိက္၊ ဖိနပ္ခ်ဳပ္တဲ့အလုပ္ကို လုပ္ကိုင္ေနသူပါ။ ငယ္စဥ္ကေလးဘဝတုန္းက ကားမေတာ္တဆမႈတစ္ခုနဲ႔ ၾကံဳခဲ့ရၿပီးေနာက္မွာ ေအာက္ပိုင္းေသသြားခဲ့လို႔ လမ္းမေလွ်ာက္ႏိုင္ေတာ့ပါဘူး။

သူေနထုိင္ရာေနရာနဲ႔ အလုပ္လုပ္တဲ့ေနရာက မိုင္ဝက္ေလာက္ ေဝးပါတယ္။ လမ္းမေလွ်ာက္ႏိုင္တဲ့ ေလာင္မားကို သူေမြးထားတဲ့ေခြးေလးက ေန႔စဥ္ေန႔တုိင္း အလုပ္ကို လိုက္ပို႔ေပးပါတယ္။ ဒီေခြးေလးကို လမ္းေဘးကေတြ႔လို႔ ေကာက္ယူေမြးထားခဲ့တာပါ။ တစ္ခါတုန္းက ေလာင္မားဟာ ရြံ႕ထဲမွာနစ္ေနၿပီး ေ႐ွ႕ကိုဆက္မေ႐ြ႕ႏိုင္ခ်ိန္မွာ ေခြးေလးက သူ႔ေက်ာကို ေနာက္ကေန တြန္းေပးေနတာကို အံ့အားသင့္စြာ သိလိုက္ရပါတယ္။

ႏြမ္းပါးတဲ့ေလာင္မားဟာ လွ်ပ္စစ္ဘီးတပ္ကုလားထိုင္ (wheelchair) တစ္လံုးဝယ္ဖုိ႔ရာ မတတ္ႏိုင္႐ွာပါဘူး။ ဘီးႏွစ္ခုကိုဆက္ထားတဲ့ သံတန္းေလးေပၚမွာထိုင္ကာသာ ေရြ႕လ်ားသြားလာေနရပါတယ္။ ဒါေပမဲ့ ေက်းဇူးသိတတ္တဲ့ေခြးေလးက မနက္ပိုင္း အလုပ္သြားခ်ိန္မွာ သူ႔ေက်ာကို လက္ေလးနဲ႔တြန္းေပးၿပီး အလုပ္လိုက္ပို႔ေပးလို႔ ခုဆို အဆင္ေျပေနပါၿပီ။ လိမၼာသိတတ္လြန္းတဲ့ ေခြးေလးကို ခ်စ္ခင္ၾကသူေတြကလည္း ေခြးစာေတြေပးထားလို႔ ေလာင္မားရဲ႕ေခြးေလးဟာ အစာဝဝလင္လင္စားေနရတယ္လို႔လည္း သိရပါတယ္။

Source : Hypedo

ဖိုးသူေတာ္ (www.phothutaw.com)
Credit: millionlike

# Unicode Version ျဖင့္ ဖတ္ပါ #
ကြည်နူးစရာကောင်းလွန်းတဲ့ ဖြစ်ရပ်လေးပါပဲ။
တရုတ်နိုင်ငံ အလယ်ပိုင်း လိုရန်မြို့မှာ နေထိုင်တဲ့ လောင်မားရန်ဆိုသူဟာ ဖိနပ်တိုက်၊ ဖိနပ်ချုပ်တဲ့အလုပ်ကို လုပ်ကိုင်နေသူပါ။ ငယ်စဉ်ကလေးဘဝတုန်းက ကားမတော်တဆမှုတစ်ခုနဲ့ ကြုံခဲ့ရပြီးနောက်မှာ အောက်ပိုင်းသေသွားခဲ့လို့ လမ်းမလျှောက်နိုင်တော့ပါဘူး။

သူနေထိုင်ရာနေရာနဲ့ အလုပ်လုပ်တဲ့နေရာက မိုင်ဝက်လောက် ဝေးပါတယ်။ လမ်းမလျှောက်နိုင်တဲ့ လောင်မားကို သူမွေးထားတဲ့ခွေးလေးက နေ့စဉ်နေ့တိုင်း အလုပ်ကို လိုက်ပို့ပေးပါတယ်။ ဒီခွေးလေးကို လမ်းဘေးကတွေ့လို့ ကောက်ယူမွေးထားခဲ့တာပါ။ တစ်ခါတုန်းက လောင်မားဟာ ရွံ့ထဲမှာနစ်နေပြီး ရှေ့ကိုဆက်မရွေ့နိုင်ချိန်မှာ ခွေးလေးက သူ့ကျောကို နောက်ကနေ တွန်းပေးနေတာကို အံ့အားသင့်စွာ သိလိုက်ရပါတယ်။

နွမ်းပါးတဲ့လောင်မားဟာ လျှပ်စစ်ဘီးတပ်ကုလားထိုင် (wheelchair) တစ်လုံးဝယ်ဖို့ရာ မတတ်နိုင်ရှာပါဘူး။ ဘီးနှစ်ခုကိုဆက်ထားတဲ့ သံတန်းလေးပေါ်မှာထိုင်ကာသာ ရွေ့လျားသွားလာနေရပါတယ်။ ဒါပေမဲ့ ကျေးဇူးသိတတ်တဲ့ခွေးလေးက မနက်ပိုင်း အလုပ်သွားချိန်မှာ သူ့ကျောကို လက်လေးနဲ့တွန်းပေးပြီး အလုပ်လိုက်ပို့ပေးလို့ ခုဆို အဆင်ပြေနေပါပြီ။ လိမ္မာသိတတ်လွန်းတဲ့ ခွေးလေးကို ချစ်ခင်ကြသူတွေကလည်း ခွေးစာတွေပေးထားလို့ လောင်မားရဲ့ခွေးလေးဟာ အစာဝဝလင်လင်စားနေရတယ်လို့လည်း သိရပါတယ်။

Source : Hypedo

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top