န၀ဒေးရုပ်ရှင်ရုံ နှင့် ဗဟိုမီးသတ်အနီး Facility ပြည့်စုံသည့် အသင့်နေ Real Home ကွန်ဒိုအရောင်းပြပွဲ
×
image
image
image
# Unicode Version ဖြင့် ဖတ်ပါ #
ယူကေ နိုင်ငံက ၄၅ နှစ်ရှိပြီဖြစ်တဲ့ Amanda Teague ဆိုသူ အမျိူးသမီးက ဝိညာဉ်နဲ့ချစ်ကြိုက်ခဲ့တယ်ဆိုပါတယ်။ သူတို့နှစ်ယောက်က အပြင်က ချစ်သူစုံတွဲတွေလို တွဲသွာ တွဲလာ လုပ်နေတာတွေ၊ အတူတူနေတာတွေ လဲ ရှိကြပါတယ်။ Amanda နဲ့ချစ်ကြိုက်နေသူ ဝိညာဉ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ရာခန့််က သေဆုံးခဲ့သူဖြစ်တယ်လို့ဆိုပါတယ်။ Amanda ဟာ အမျိုးသမီး Jack Sparrow ပုံစံကပြင်ဖျော်ဖြေသူဖြစ်ပါတယ်။ သူမရဲ့ ပထမအမျိုးသားနဲ့ ကလေးငါးယောက်လဲရှိသူပါ။ သူမရဲ့ဝိညာဉ်ချစ်သူကို အပြင်မှာ တကယ်မမြင်ဖူးသော်လဲ ထိုဝိညာဉ်ဟာ Jack Sparrow နဲ့ ဆင်တူပြီး Jack Sparrow လိုဆံပင်အနက်နဲ့ လူမဲဖြစ်တယ်ဆိုပါတယ်။ ၁၇၀၀ နှစ်ဝန်းကျင်လောက်က သတ်ခံခဲ့သူဖြစ်တယ်လို့လဲသူမ ပြောပြခဲ့ပါတယ်။
ဒီလိုတွေ ဖြစ်ပျက်ခဲ့တာတွေ ၂၀၁၄ မှာဖြစ်တယ်လို့ဆိုပါတယ်။ ထိုဝိညာဉ်ရှိနေတာကို သူမသိရှိခံစားခဲ့ရပြီး ထိုသူအကြောင်းကို လေ့လာမိလေလေ သဘောကျမိလေဖြစ်လာတာဖြစ်ပါတယ်။
ဒါအပြင် သုတေသန အချို့လုပ်ကြည့်ရာမှာလဲ ဝိညာဉ်နဲ့ချစ်ကြိုက်ပေါင်းသင်းသူတွေ ရှိကြောင်း ဒါပေမယ့် အဲ့ဒီအကြောင်းကို ထုတ်မပြောခြင်းသာဖြစ်တယ်လို့သူမ ကဆိုပါတယ်။ ယခု သူမလက်ထက်လိုက်တဲ့ ဝိညာဉ်ဟာ မီးတွေ ဖွင့်နိုင်ပိတ်နိုင်ပြီး၊ အရာဝတ္ထုတွေကို ရွေ့နိုင်တဲ့ စွမ်းအားရှိဝိညာဉ်တစ်ကောင်ဖြစ်တယ်လို့ဆိုပါတယ်။
သူမအခုလို ဝိညာဉ်နဲ့လက်ထပ်ခဲ့ခြင်းကို သူမမိသားစုဝင်တွေ ကောပါ ကူညီပေးခဲ့ကြပြီး တရာဝင်ဖြစ်စေရန် နိုင်ငံတကာ ရေပိုင်နက်မှာ မင်္ဂလာဆောင်ခဲ့တယ်လို့သိရပါတယ် (ယူကေနိုင်ငံက ဝိညာဉ်နဲ့လက်ထပ်ခြင်း တရားဝင်ခွင့်မပြု) ။ မင်္ဂလာပွဲကို ဧည်သည် ၁၂ ဦးတက်ရောက်ခဲ့ပြီး မင်္ဂလာမောင်နှံ သစ္စာဆိုမူ တွေလဲ ပြုလုပ်ခဲ့တယ်သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top