ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

မ်က္ႏွာေပၚက အမာရြတ္ေတြဟာ မွန္ၾကည့္တုိင္း စိတ္ဆင္းရဲေအာင္ လုပ္ေနပါသလား။ လြယ္ကူၿပီး ျမန္ဆန္တဲ့ အိမ္တြင္းကုထံုးေလးေတြနဲ႔ စမ္းၿပီး ကုၾကည့္ရေအာင္ေနာ္။ သဘာ၀ အရာေတြနဲ႔ ျပဳလုပ္တာမို႔ ေဘးထြက္ဆုိးက်ိဳးမ ရွိသေလာက္ပါပဲ။

မ်က္ႏွာေပၚက အမာရြတ္ေတြကို လက္သည္းနဲ႔ ဆိတ္တာ၊ အခြ်န္နဲ႔ထိုးတာ ဆြတာေတြ မလုပ္ပဲ အခု နည္းလမ္းေလးေတြကို ျဖည္းျဖည္းနဲ႔ မွန္မွန္ လုပ္သြားရင္ ေသခ်ာေပါက္ ေပ်ာက္ကင္းသြားပါလိမ့္မယ္။

၁။ သခြားသီး ကပ္ေပးပါ။ အမာရြတ္ ရွိတဲ့ ေနရာေလးေတြကို သခြားသီးေလး ပါးပါး လွွီးၿပီး ကပ္ေပးပါ။ ေရခဲေသတၱာထဲ ထည့္ၿပီး ေရခဲသခြား ကပ္ေပးလည္း ရပါတယ္။

၂။ အာလူးစိမ္း ကပ္ပါ။ အာလူးကို ေရစင္ေအာင္ ေဆးၿပီး ပါးပါးလွီးကပ္ေပးပါ။ အခ်ိဳ႕က အာလူးနဲ႔ ဓာတ္မတည့္တာေတြ ရွိပါတယ္။ အနည္းငယ္ ယားလာရင္ မကပ္ေပးပါနဲ႔။

၃။ သံလြင္ဆီ လိမ္းေပးပါ။ သံလြင္ဆီကို အမာရြတ္ရွိတဲ့ ေနရာမွာ ဂြမ္းေလးနဲ႔ တို႔ေပးပါ။

၄။ ေရခဲကပ္ပါ။ ေရခဲအတံုးေလးေတြကို အ၀တ္ သန္႔သန္႔ေလးထဲ ထည့္ၿပီး ကပ္ေပးပါ။ ၀က္ၿခံရွိရင္လည္း အေယာင္က်ၿပီး သက္သာေစႏုိင္ပါတယ္။

၅။ ရွားေစာင္းလက္ပတ္ အႏွစ္သားကို ကပ္ပါ။ ရွားေစာင္းလက္ပတ္ဟာ အသားအေရအတြက္ကေတာ့ ေျပာစရာမလိုေအာင္ ေကာင္းမြန္ပါတယ္။ အႏွစ္သားကို ယူၿပီး အမာရြတ္ရွိတဲ့ေနရာေတြကို လိမ္းထားေပးပါ။

၆။ ခရမ္းခ်ဥ္သီးကပ္ပါ။ ခရမ္းခ်ဥ္သီးကို မကပ္ခင္ ေရနဲ႔ ေျပာင္ေအာင္ေဆးပါ။ ေျမႀသဇာေတြ ကပ္ေနတဲ့ အသီးကို သံုးရင္ မ်က္ႏွာဓာတ္မတည့္တာေတြ ျဖစ္တတ္ပါတယ္။

အားလံုး အမာရြတ္ကင္းစင္ၿပီး လွပတဲ့ မ်က္ႏွာေလးကို ပိုင္ဆိုင္ႏုိင္ၾကပါေစ။

Source: beautytips
ဖိုးသူေတာ္ (www.phothutaw.com)
Credit: myfoodmyanmar

#Unicode Version#
မျက်နှာပေါ်က အမာရွတ်တွေဟာ မှန်ကြည့်တိုင်း စိတ်ဆင်းရဲအောင် လုပ်နေပါသလား။ လွယ်ကူပြီး မြန်ဆန်တဲ့ အိမ်တွင်းကုထုံးလေးတွေနဲ့ စမ်းပြီး ကုကြည့်ရအောင်နော်။ သဘာ၀ အရာတွေနဲ့ ပြုလုပ်တာမို့ ဘေးထွက်ဆိုးကျိုးမ ရှိသလောက်ပါပဲ။

မျက်နှာပေါ်က အမာရွတ်တွေကို လက်သည်းနဲ့ ဆိတ်တာ၊ အချွန်နဲ့ထိုးတာ ဆွတာတွေ မလုပ်ပဲ အခု နည်းလမ်းလေးတွေကို ဖြည်းဖြည်းနဲ့ မှန်မှန် လုပ်သွားရင် သေချာပေါက် ပျောက်ကင်းသွားပါလိမ့်မယ်။

၁။ သခွားသီး ကပ်ပေးပါ။ အမာရွတ် ရှိတဲ့ နေရာလေးတွေကို သခွားသီးလေး ပါးပါး လှှီးပြီး ကပ်ပေးပါ။ ရေခဲသေတ္တာထဲ ထည့်ပြီး ရေခဲသခွား ကပ်ပေးလည်း ရပါတယ်။

၂။ အာလူးစိမ်း ကပ်ပါ။ အာလူးကို ရေစင်အောင် ဆေးပြီး ပါးပါးလှီးကပ်ပေးပါ။ အချို့က အာလူးနဲ့ ဓာတ်မတည့်တာတွေ ရှိပါတယ်။ အနည်းငယ် ယားလာရင် မကပ်ပေးပါနဲ့။

၃။ သံလွင်ဆီ လိမ်းပေးပါ။ သံလွင်ဆီကို အမာရွတ်ရှိတဲ့ နေရာမှာ ဂွမ်းလေးနဲ့ တို့ပေးပါ။

၄။ ရေခဲကပ်ပါ။ ရေခဲအတုံးလေးတွေကို အဝတ် သန့်သန့်လေးထဲ ထည့်ပြီး ကပ်ပေးပါ။ ဝက်ခြံရှိရင်လည်း အယောင်ကျပြီး သက်သာစေနိုင်ပါတယ်။

၅။ ရှားစောင်းလက်ပတ် အနှစ်သားကို ကပ်ပါ။ ရှားစောင်းလက်ပတ်ဟာ အသားအရေအတွက်ကတော့ ပြောစရာမလိုအောင် ကောင်းမွန်ပါတယ်။ အနှစ်သားကို ယူပြီး အမာရွတ်ရှိတဲ့နေရာတွေကို လိမ်းထားပေးပါ။

၆။ ခရမ်းချဉ်သီးကပ်ပါ။ ခရမ်းချဉ်သီးကို မကပ်ခင် ရေနဲ့ ပြောင်အောင်ဆေးပါ။ မြေသြဇာတွေ ကပ်နေတဲ့ အသီးကို သုံးရင် မျက်နှာဓာတ်မတည့်တာတွေ ဖြစ်တတ်ပါတယ်။

အားလုံး အမာရွတ်ကင်းစင်ပြီး လှပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

Source: beautytips

ဖိုးသူတော် (www.phothutaw.com)
Credit: myfoodmyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top