ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

တင္ပါးဒဏ္ရာ ခဲြစိတ္ကုသလုိက္ရေပမယ့္ မိမိကစားသမားဘဝ ၿပီးဆုံးသြားတာ မဟုတ္ဘူးလုိ႔ ၿဗိတိန္္တင္းနစ္ကစားသမား အန္ဒီမာေရးက ေျပာလုိက္ပါတယ္။

အသက္ ၃၀ ႏွစ္ရွိ ကမၻာ့နံပါတ္တစ္ တင္းနစ္သမားေဟာင္း အန္ဒီမာေရးဟာ ဇန္နဝါရီ ၁၅ ရက္မွာစတင္မယ့္ ၾသစေၾတးလ်အုိးပင္းမွာ ပါဝင္ကစားဖုိ႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ ဒဏ္ရာမသက္သာတာေၾကာင့္ ခဲြစိတ္ကုသမႈ ျပဳလုပ္ခဲ့ရတာပါ။

တင္ပါးဒဏ္ရာ ခဲြစိတ္ကုသခဲ့ရေပမယ့္ အေကာင္းဆုံးလက္စြမ္းနဲ႔ ျပန္လာမွာျဖစ္တယ္လုိ႔ မာေရးက ေျပာပါတယ္။

မာေရးဟာ တင္ပါးဒဏ္ရာကုိ ၿပီးခဲ့တဲ့ ဇူလုိင္လမွာ ကစားခဲ့တဲ့ ဝင္ဘယ္လ္ဒန္အုိးပင္းၿပဳိင္ပဲြမွာ ရရွိခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ၿပဳိင္ပဲြေတြနဲ႔ လဲြေခ်ာ္ေနတာပါ။

ၿပဳိင္ပဲြနဲ႔လဲြေခ်ာ္ခ့ဲတဲ့ အန္ဒီမာေရးဟာ လက္ရွိအခ်ိန္မွာေတာ့ ကမၻာ့အဆင့္ ၁၉ မွာ ရပ္တည္ေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mingalarbarmorning


# Unicode Version ျဖင့္ ဖတ္ပါ #
တင်ပါးဒဏ်ရာ ခွဲစိတ်ကုသလိုက်ရပေမယ့် မိမိကစားသမားဘဝ ပြီးဆုံးသွားတာ မဟုတ်ဘူးလို့ ဗြိတိန်တင်းနစ်ကစားသမား အန်ဒီမာရေးက ပြောလိုက်ပါတယ်။

အသက် ၃၀ နှစ်ရှိ ကမ္ဘာ့နံပါတ်တစ် တင်းနစ်သမားဟောင်း အန်ဒီမာရေးဟာ ဇန်နဝါရီ ၁၅ ရက်မှာစတင်မယ့် သြစတြေးလျအိုးပင်းမှာ ပါဝင်ကစားဖို့ မျှော်လင့်ခဲ့ပေမယ့် ဒဏ်ရာမသက်သာတာကြောင့် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရတာပါ။

တင်ပါးဒဏ်ရာ ခွဲစိတ်ကုသခဲ့ရပေမယ့် အကောင်းဆုံးလက်စွမ်းနဲ့ ပြန်လာမှာဖြစ်တယ်လို့ မာရေးက ပြောပါတယ်။

မာရေးဟာ တင်ပါးဒဏ်ရာကို ပြီးခဲ့တဲ့ ဇူလိုင်လမှာ ကစားခဲ့တဲ့ ဝင်ဘယ်လ်ဒန်အိုးပင်းပြိုင်ပွဲမှာ ရရှိခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ပြိုင်ပွဲတွေနဲ့ လွဲချော်နေတာပါ။

ပြိုင်ပွဲနဲ့လွဲချော်ခဲ့တဲ့ အန်ဒီမာရေးဟာ လက်ရှိအချိန်မှာတော့ ကမ္ဘာ့အဆင့် ၁၉ မှာ ရပ်တည်နေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top