မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

၂ ႏွစ္တာကာလကို ေအာင္ျမင္မႈမ်ားျဖင့္ ျဖတ္သန္းႏိုင္ ခဲ့သည့္ ျမန္မာအိုင္ေဒါၿပိဳင္ပြဲ၏ တတိယေျခလွမ္းကို ယခုလအ တြင္း စတင္ေတာ့မည္ျဖစ္သည္။

တစ္ႏွစ္ထက္ တစ္ႏွစ္ ေအာင္ျမင္မႈ ပိုမိုရရွိလာသည္ႏွင့္ အမွ် ယခုႏွစ္ၿပိဳင္ပြဲ၏ အစီအစဥ္ မ်ားကိုလည္း ေျပာင္းလဲမႈမ်ား ျပဳ လုပ္ထားသည္။

ထို႔အျပင္ ယခုႏွစ္ၿပိဳင္ပြဲကို ယခင္ႏွစ္မ်ားထက္ အခ်ိန္ေနာက္က်၍ က်င္းပခဲ့ေသာေၾကာင့္ ေဝ ဖန္မႈမ်ိဳးစံု ထြက္ေပၚခဲ့သည္။

‘‘ပိုေကာင္းဖို႔ စဥ္းစားတာပါ။ မႏွစ္ကေနၿပီး ေဆာင္ရြက္ခဲ့တဲ့ အေပၚမွာ အားသာခ်က္ေတြရွိ တယ္။ ဘယ္လိုလုပ္ရင္ေကာင္းမ လဲ။ သီခ်င္းဆိုၿပိဳင္ပြဲေတြက ျမန္ မာႏိုင္ငံမွာ အရမ္းအမ်ားႀကီးရွိတဲ့ အခါက်ေတာ့ ဒီမွာေရြးမယ့္ Winner သည္ ဘယ္လိုအေန အထားျဖစ္ေအာင္ လုပ္မလဲ ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ စဥ္းစားၿပီး အခုမွ စီစဥ္ျဖစ္တာပါ’’ ဟု ယခင္ ထက္ပြဲက်င္းပခ်ိန္ ေနာက္က်ရ သည့္အေပၚ ယင္းအစီအစဥ္ ဦး ေဆာင္သူ ေဒၚနန္းေမာက္ေလာ၀္ ဆိုင္က ေျပာသည္။

ၿပိဳင္ပြဲ၏ ပထမဆံုးအဆင့္ ျဖစ္သည့္ အသံစစ္ေဆးရာတြင္ ယခင္က ၿမိဳ႕ႀကီးငါးၿမိဳ႕၌ အသံ စစ္ေဆးသည့္ပြဲမ်ား ျပဳလုပ္ျခင္း၊ ကားျဖင့္ လွည့္လည္ေရြးခ်ယ္ သည့္ Mobile Casting တို႔ကိုသာ ျပဳလုပ္ခဲ့ေသာ္လည္း ယခုႏွစ္တြင္ ေလယာဥ္ျဖင့္သြားေရာက္ အသံ စစ္ေဆးမႈ ျပဳလုပ္မည့္ Flight Casting အစီအစဥ္ ပါဝင္မည္ ျဖစ္သည္။

ထို႔အျပင္ ယခုႏွစ္၌ ျပည္ တြင္း ၿပိဳင္ပြဲဝင္မ်ားသာမက ျပည္ ပေရာက္ ျမန္မာႏိုင္ငံသားမ်ား လည္း အြန္လိုင္းမွ ဗီဒီယိုဖိုင္မ်ား ေပးပို႔ ယွဥ္ၿပိဳင္ႏိုင္သည္။

‘‘မႏွစ္က Season 2 မွာ ျမန္္မာပရိသတ္ေတြ ကမၻာအႏွံ႔က ေန အားေပးတာေတြ႕ရတယ္။ သူ တို႔အေနနဲ႔ Voting လုပ္တဲ့အခါ ႏိုင္ငံျခားကေန လုပ္လို႔မရေတာ့ ျမန္မာျပည္မွာရွိတဲ့ မိတ္ေဆြေတြ နဲ႔ ပူးေပါင္းၿပီးလုပ္တယ္။ ကမၻာ မွာ အစ္မတို႔ရဲ႕ ပရိသတ္ေတြရွိ ေနၿပီ။ ျမန္မာပရိသတ္ေတြေရာ သူတို႔ရဲ႕ သူငယ္ခ်င္းမိတ္ေဆြႏိုင္ငံ ျခားသားေတြလည္း ရွိေနေတာ့ လုပ္လို႔ရမွာပဲဆိုၿပီး Global ကို စၿပီးျပင္ဆင္ခဲ့တယ္။ ဒီမွာလည္း ဘယ္သူမွ မလုပ္ေသးေတာ့ ရင္တုန္ပန္းတုန္နဲ႔ လုပ္ရတာပါ’’ ဟုယင္းအစီ အစဥ္ႏွင့္ပတ္သက္၍ ေဒၚနန္း ေမာင္ေလာဝ္ဆိုင္က ေျပာသည္။

ယင္းၿပိဳင္ပြဲေအာင္ျမင္မႈတြင္ အကဲျဖတ္ဒိုင္မ်ား၏ အခန္းက႑ ကလည္း ရာခိုင္ႏႈန္းေတာ္ေတာ္ မ်ားမ်ား ပါဝင္ေနသည္။ ၿပီးခဲ့ သည့္ Season 2 ၿပိဳင္ပြဲေအာင္ျမင္ မႈတြင္ အကဲျဖတ္ဒိုင္အျဖစ္ ပါဝင္ ေဆာင္ရြက္ခဲ့သည့္ ျမန္မာျပည္ သိန္းတန္ေၾကာင့္ ယင္းၿပိဳင္ပြဲ သည္ ပိုမိုအာ႐ံုစိုက္ခံခဲ့ရသည္။

ထို႔ေၾကာင့္ ယခုႏွစ္ၿပိဳင္ပြဲ တြင္လည္း ျမန္မာျပည္သိန္းတန္ ျပန္လည္ပါဝင္ခဲ့သလို ပရိသတ္ အားေပးမႈ ရရွိသည့္ဒိုင္ တင္ဇာ ေမာ္လည္း ပါဝင္ခဲ့သည္။ ထို႔အ ျပင္ ယခုႏွစ္၏ ထူးျခားခ်က္သည့္္ ဒိုင္ေလးဦး ပါဝင္မည္ျဖစ္ၿပီး က်န္ ဒိုင္ႏွစ္ဦးသည္ ရန္ေအာင္ႏွင့္ မ်ိဳး ေက်ာ့ၿမိဳင္တို႔ ျဖစ္သည္။

ျမန္မာအိုင္ေဒါ Season 3 ၿပိဳင္ပြဲ အသံစစ္ေဆးမႈမ်ားကို ဇန္နဝါရီ လလယ္တြင္ စတင္ ျပဳလုပ္မည္ျဖစ္သည္။

အသံစစ္ေဆးသည့္အပုိင္း တြင္ ယခင္က အကဲျဖတ္ဒိုင္ႏွစ္ဦး ထံမွ YES ရပါက ေနာက္တစ္ဆင့္ သို႔ တက္ေရာက္ႏိုင္မည္ျဖစ္ေသာ္ လည္း ယခုႏွစ္တြင္မူ ဒိုင္ေလးဦး ျဖစ္သျဖင့္ အကဲျဖတ္ဒိုင္သံုးဦး ထံမွ YES ရမွသာ ေနာက္တစ္ဆင့္ တက္ေရာက္ႏိုင္သည္။

ထို႔အျပင္ ျမန္မာအိုင္ေဒါ၏ ပထမဆံုးႏွစ္က ဆန္ခါတင္ဆယ္ ဦး ေရြးခ်ယ္ခဲ့ေသာ္လည္း ၿပီးခဲ့ သည့္ ႏွစ္ၿပိဳင္ပြဲတြင္ ၁၁ ဦးေရြးခ်ယ္ ခဲ့သည္။ ထို႔ေၾကာင့္ ယခုႏွစ္ၿပိဳင္ပြဲ တြင္လည္း ဆန္ခါတင္ဘယ္ႏွဦး အထိ ေရြးခ်ယ္မည္ကို အတိအ က်မေျပာႏိုင္ေသးေၾကာင္း ၿပိဳင္ပြဲ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

႐ုပ္သံထုတ္လႊင့္မႈအစီအ စဥ္ကို လာမည့္ ျမန္မာႏွစ္ဆန္း တစ္ရက္ (ဧၿပီ ၁၇) ရက္တြင္ စတင္ ထုတ္လႊင့္မည္ျဖစ္ၿပီး ယခင္ႏွစ္ မ်ားကဲ့သိုပင္ အဆင့္ဆင့္ေရြးခ်ယ္ မည္ျဖစ္သည္။

ယင္းၿပိဳင္ပြဲတြင္ ဆုရရွိသူကို ယခင္ႏွစ္မ်ားက က်ပ္သိန္းႏွစ္ ရာသာ ခ်ီးျမႇင့္ေသာ္လည္း ယခု ႏွစ္တြင္ သိန္းငါးရာခ်ီးျမႇင့္မည္ ျဖစ္သည္။ ထို႔ေၾကာင့္ ျမန္မာအိုင္ ေဒါ Season 3 Winner ဆုရရွိ သူသည္   က်ပ္သိန္းငါးရာႏွင့္ ေတးစီးရီးေခြတစ္ေခြ ထုတ္လုပ္ ခြင့္ ရရွိမည္ျဖစ္သည္။

ျမန္မာအိုင္ေဒါၿပိဳင္ပြဲကို ၿပီး ခဲ့သည့္ ၂၀၁၅ တြင္ အေမရိကန္ အိုင္ေဒါ၏ တရားဝင္ခြင့္ျပဳခ်က္ ျဖင့္ ပထမဆံုးက်င္းပခဲ့ၿပီး လက္ရွိ တြင္ ျပည္တြင္း၌ က်င္းပသည့္ သီခ်င္းဆိုၿပိဳင္ပြဲမ်ားအနက္ ပရိ သတ္အားေပးမႈ အမ်ားဆံုးၿပိဳင္ပြဲအျဖစ္ ရပ္တည္ေနသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
၂ နှစ်တာကာလကို အောင်မြင်မှုများဖြင့် ဖြတ်သန်းနိုင် ခဲ့သည့် မြန်မာအိုင်ဒေါပြိုင်ပွဲ၏ တတိယခြေလှမ်းကို ယခုလအ တွင်း စတင်တော့မည်ဖြစ်သည်။

တစ်နှစ်ထက် တစ်နှစ် အောင်မြင်မှု ပိုမိုရရှိလာသည်နှင့် အမျှ ယခုနှစ်ပြိုင်ပွဲ၏ အစီအစဉ် များကိုလည်း ပြောင်းလဲမှုများ ပြု လုပ်ထားသည်။

ထို့အပြင် ယခုနှစ်ပြိုင်ပွဲကို ယခင်နှစ်များထက် အချိန်နောက်ကျ၍ ကျင်းပခဲ့သောကြောင့် ဝေ ဖန်မှုမျိုးစုံ ထွက်ပေါ်ခဲ့သည်။

‘‘ပိုကောင်းဖို့ စဉ်းစားတာပါ။ မနှစ်ကနေပြီး ဆောင်ရွက်ခဲ့တဲ့ အပေါ်မှာ အားသာချက်တွေရှိ တယ်။ ဘယ်လိုလုပ်ရင်ကောင်းမ လဲ။ သီချင်းဆိုပြိုင်ပွဲတွေက မြန် မာနိုင်ငံမှာ အရမ်းအများကြီးရှိတဲ့ အခါကျတော့ ဒီမှာရွေးမယ့် Winner သည် ဘယ်လိုအနေ အထားဖြစ်အောင် လုပ်မလဲ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စဉ်းစားပြီး အခုမှ စီစဉ်ဖြစ်တာပါ’’ ဟု ယခင် ထက်ပွဲကျင်းပချိန် နောက်ကျရ သည့်အပေါ် ယင်းအစီအစဉ် ဦး ဆောင်သူ ဒေါ်နန်းမောက်လောဝ် ဆိုင်က ပြောသည်။

ပြိုင်ပွဲ၏ ပထမဆုံးအဆင့် ဖြစ်သည့် အသံစစ်ဆေးရာတွင် ယခင်က မြို့ကြီးငါးမြို့၌ အသံ စစ်ဆေးသည့်ပွဲများ ပြုလုပ်ခြင်း၊ ကားဖြင့် လှည့်လည်ရွေးချယ် သည့် Mobile Casting တို့ကိုသာ ပြုလုပ်ခဲ့သော်လည်း ယခုနှစ်တွင် လေယာဉ်ဖြင့်သွားရောက် အသံ စစ်ဆေးမှု ပြုလုပ်မည့် Flight Casting အစီအစဉ် ပါဝင်မည် ဖြစ်သည်။

ထို့အပြင် ယခုနှစ်၌ ပြည် တွင်း ပြိုင်ပွဲဝင်များသာမက ပြည် ပရောက် မြန်မာနိုင်ငံသားများ လည်း အွန်လိုင်းမှ ဗီဒီယိုဖိုင်များ ပေးပို့ ယှဉ်ပြိုင်နိုင်သည်။

‘‘မနှစ်က Season 2 မှာ မြန်မာပရိသတ်တွေ ကမ္ဘာအနှံ့က နေ အားပေးတာတွေ့ရတယ်။ သူ တို့အနေနဲ့ Voting လုပ်တဲ့အခါ နိုင်ငံခြားကနေ လုပ်လို့မရတော့ မြန်မာပြည်မှာရှိတဲ့ မိတ်ဆွေတွေ နဲ့ ပူးပေါင်းပြီးလုပ်တယ်။ ကမ္ဘာ မှာ အစ်မတို့ရဲ့ ပရိသတ်တွေရှိ နေပြီ။ မြန်မာပရိသတ်တွေရော သူတို့ရဲ့ သူငယ်ချင်းမိတ်ဆွေနိုင်ငံ ခြားသားတွေလည်း ရှိနေတော့ လုပ်လို့ရမှာပဲဆိုပြီး Global ကို စပြီးပြင်ဆင်ခဲ့တယ်။ ဒီမှာလည်း ဘယ်သူမှ မလုပ်သေးတော့ ရင်တုန်ပန်းတုန်နဲ့ လုပ်ရတာပါ’’ ဟုယင်းအစီ အစဉ်နှင့်ပတ်သက်၍ ဒေါ်နန်း မောင်လောဝ်ဆိုင်က ပြောသည်။

ယင်းပြိုင်ပွဲအောင်မြင်မှုတွင် အကဲဖြတ်ဒိုင်များ၏ အခန်းကဏ္ဍ ကလည်း ရာခိုင်နှုန်းတော်တော် များများ ပါဝင်နေသည်။ ပြီးခဲ့ သည့် Season 2 ပြိုင်ပွဲအောင်မြင် မှုတွင် အကဲဖြတ်ဒိုင်အဖြစ် ပါဝင် ဆောင်ရွက်ခဲ့သည့် မြန်မာပြည် သိန်းတန်ကြောင့် ယင်းပြိုင်ပွဲ သည် ပိုမိုအာရုံစိုက်ခံခဲ့ရသည်။

ထို့ကြောင့် ယခုနှစ်ပြိုင်ပွဲ တွင်လည်း မြန်မာပြည်သိန်းတန် ပြန်လည်ပါဝင်ခဲ့သလို ပရိသတ် အားပေးမှု ရရှိသည့်ဒိုင် တင်ဇာ မော်လည်း ပါဝင်ခဲ့သည်။ ထို့အ ပြင် ယခုနှစ်၏ ထူးခြားချက်သည့်် ဒိုင်လေးဦး ပါဝင်မည်ဖြစ်ပြီး ကျန် ဒိုင်နှစ်ဦးသည် ရန်အောင်နှင့် မျိုး ကျော့မြိုင်တို့ ဖြစ်သည်။

မြန်မာအိုင်ဒေါ Season 3 ပြိုင်ပွဲ အသံစစ်ဆေးမှုများကို ဇန်နဝါရီ လလယ်တွင် စတင် ပြုလုပ်မည်ဖြစ်သည်။

အသံစစ်ဆေးသည့်အပိုင်း တွင် ယခင်က အကဲဖြတ်ဒိုင်နှစ်ဦး ထံမှ YES ရပါက နောက်တစ်ဆင့် သို့ တက်ရောက်နိုင်မည်ဖြစ်သော် လည်း ယခုနှစ်တွင်မူ ဒိုင်လေးဦး ဖြစ်သဖြင့် အကဲဖြတ်ဒိုင်သုံးဦး ထံမှ YES ရမှသာ နောက်တစ်ဆင့် တက်ရောက်နိုင်သည်။

ထို့အပြင် မြန်မာအိုင်ဒေါ၏ ပထမဆုံးနှစ်က ဆန်ခါတင်ဆယ် ဦး ရွေးချယ်ခဲ့သော်လည်း ပြီးခဲ့ သည့် နှစ်ပြိုင်ပွဲတွင် ၁၁ ဦးရွေးချယ် ခဲ့သည်။ ထို့ကြောင့် ယခုနှစ်ပြိုင်ပွဲ တွင်လည်း ဆန်ခါတင်ဘယ်နှဦး အထိ ရွေးချယ်မည်ကို အတိအ ကျမပြောနိုင်သေးကြောင်း ပြိုင်ပွဲ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရုပ်သံထုတ်လွှင့်မှုအစီအ စဉ်ကို လာမည့် မြန်မာနှစ်ဆန်း တစ်ရက် (ဧပြီ ၁၇) ရက်တွင် စတင် ထုတ်လွှင့်မည်ဖြစ်ပြီး ယခင်နှစ် များကဲ့သိုပင် အဆင့်ဆင့်ရွေးချယ် မည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် ဆုရရှိသူကို ယခင်နှစ်များက ကျပ်သိန်းနှစ် ရာသာ ချီးမြှင့်သော်လည်း ယခု နှစ်တွင် သိန်းငါးရာချီးမြှင့်မည် ဖြစ်သည်။ ထို့ကြောင့် မြန်မာအိုင် ဒေါ Season 3 Winner ဆုရရှိ သူသည်   ကျပ်သိန်းငါးရာနှင့် တေးစီးရီးခွေတစ်ခွေ ထုတ်လုပ် ခွင့် ရရှိမည်ဖြစ်သည်။

မြန်မာအိုင်ဒေါပြိုင်ပွဲကို ပြီး ခဲ့သည့် ၂၀၁၅ တွင် အမေရိကန် အိုင်ဒေါ၏ တရားဝင်ခွင့်ပြုချက် ဖြင့် ပထမဆုံးကျင်းပခဲ့ပြီး လက်ရှိ တွင် ပြည်တွင်း၌ ကျင်းပသည့် သီချင်းဆိုပြိုင်ပွဲများအနက် ပရိ သတ်အားပေးမှု အများဆုံးပြိုင်ပွဲအဖြစ် ရပ်တည်နေသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top