iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္နွာေပၚမွ မလိုလားတဲ့ အေမြွးအမွ်င္မ်ားကိုဖယ္ရွားနိုင္မယ့္ နည္းလမ္း၅ခု

ကၽြန္ေတာ္တို႔အားလံုးမွာ မလိုလားတဲ့ မ်က္နွာေပၚကအေမႊးအမွ်င္ေတြရွိတတ္ၾကပါတယ္။ တစ္ခါတေလမွာအေမႊးေတြက ပါးေပၚ သို႔မဟုတ္ ေမးေစ့ စတဲ့ တကယ့္ေနရာေတြမွာမွေပါက္တတ္ၾကပါတယ္။ ဒီမလိုခ်င္တ့ဲအေမႊးေတြကို သင့္အသားအေရကို မထိခိုက္ေစဘဲဖယ္ရွားနိုင္ဖို႔က မေသခ်ာပါဘူး။ သင္လုပ္သင့္တဲ့ အေမႊးအမွ်င္ဖယ္ရွားတဲ့ နည္းလမ္း ၅ခုကို ေအာက္မွာေဖာ္ျပထားေပးပါတယ္။
Waxing လုပ္ျခင္း (ဖေယာင္းကိုအသံုးျပဳျပီး အေမႊးအမွ်င္ဖယ္ရွားျခင္း)

မ်က္နွာရဲ႕ဘယ္အစိတ္အပိုင္းကိုမဆိုWaxing လုပ္လို႔အဆင္ေျပျပီး အေမႊးအမွ်င္ကင္းတဲ့ အသားအေရကို ၄ပတ္ကေန ၈ပတ္ေလာက္ထိ သင္ပိုင္ဆိုင္နိုင္မွာပါ။ ေသေသခ်ာခ်ာေလးၾကိဳတင္ျပင္ဆင္ထားဖို႔နဲ႔ လုပ္ျပီးတဲ့အခ်ိန္မွာ အသားအေရကိုဂရုစိုက္ဖို႔ မေမ့ပါနဲ႔။ waxing လုပ္ျပီးျပီဆိုရင္ သင့္ရဲ႕အေရျပားအေပၚဆံုးက ကာကြယ္ေပးနိုင္တဲ့အလႊာကိုဆံုးရံႈးထားတဲ့အတြက္ chemical ေတြ ဆဲလ္ေသေတြဖယ္ရွားေပးနိုင္တဲ့ပစၥည္းေတြကိုသံုးျခင္းနဲ႔ ေနပူဒဏ္ခံျခင္းကိုေရွာင္ၾကဥ္ပါ။
သင္ဟာ ကၽြမ္းက်င္ပညာရွင္ ေတြဆီမွာ waxing လုပ္တာပဲျဖစ္ျဖစ္ သင္ကိုယ္တိုင္ လုပ္တာပဲျဖစ္ျဖစ္ အထိအခိုက္လြယ္ (sensitive) တဲ့ အသားအေရအတြက္ထုတ္ထားတဲ့ ဖေယာင္းကိုသာေရြးခ်ယ္ပါ။ sensitive ျဖစ္တဲ့ ေနရာေတြအားလံုးအတြက္ သဘာ၀အတိုင္းထုတ္လုပ္ထားတဲ့ elastic wax ကို ခႏၶာကိုယ္အပူခ်ိန္အတိုင္းအသားေပၚတင္ျပီးအသံုးျပဳဖို႔က အေရးၾကီးပါတယ္။ ဒီလုိလုပ္တာက သင့္ကိုပိုျပီး သက္ေတာင့္သက္သာ ျဖစ္ေစပါတယ္။
Threading (အပ္ခ်ည္အသံုးျပဳျပီး အေမႊးအမွ်င္ဖယ္ရွားျခင္း)

Threading ဆိုတာ ပိုျပီးၾကာၾကာခံေစဖို႔ အေမႊးအမွ်င္ေတြကို အျမစ္ကေနဖယ္ရွားေပးတဲ့အတြက္ waxing နဲ႔ဆင္တူပါတယ္။ တကယ္လို႔ သင့္မွာ တကယ္ေတာ္တဲ့ ပညာရွင္ ရွိမယ္ဆိုရင္ သူတို႔က သင္မလိုခ်င္တဲ့ အေမႊးေတြအားလံုးနဲ႔ ရႈပ္ေထြးေကာက္ေကြးေနတဲ့အေမႊးေတြကိုဖယ္ရွားေပးနုိင္ပါတယ္။ ဒီလိုဖယ္ရွားျခင္းက waxing လုပ္လို႔ရလာတဲ့ result နဲ႔ အတူတူပါပဲ။ ဒါေပမဲ့ ဒါက သင့္အေရျပားအေပၚဆံုးအလႊာကိုမပါသြားေစတာေၾကာင့္ waxing ေလာက္ေတာ့ နာက်င္မွာမဟုတ္ပါဘူး။ တကယ္လို႔သင္ဟာ waxing လုပ္တာနဲ႔ အဆင္မေျပခဲ့ရင္ ဒီနည္းလမ္းကို စမ္းၾကည့္သင့္ပါတယ္။ waxing လုပ္ျပီးအဆင္မေျပခဲ့တဲ့လူေတြကေတာ့ ဒီနည္းလမ္းကိုၾကိဳးစားၾကည့္ဖို႔အားသန္ၾကပါတယ္။ ဒီနည္းလမ္းနဲ႔ အေမႊးအမွ်င္ဖယ္ရွားျပီးရင္ result က ၄ပတ္ကေန ၈ပတ္ထိ ခံပါတယ္။
Tweezing (ဇာဂနာအသံုးျပဳျပီး အေမႊးအမွ်င္ဖယ္ရွားျခင္း)

အလွျပဳျပင္ေရးစင္တာေတြမွာ tweezing ကို အျပီးသတ္အေမႊးအမွ်င္ဖယ္ရွားဖို႔အတြက္သံုးၾကပါတယ္။ Green ဆုိသူကေတာ့ “ကၽြန္ေတာ္တို႔က wax အရင္လုပ္လိုက္တယ္။ wax လုပ္ျပီးတာေတာင္ တစ္ေမႊးနွစ္ေမႊးက်န္ေနေသးရင္ေတာ့ ထပ္ျပီး wax လုပ္ေနမဲ့အစား ဇာဂနာကိုင္ျပီးပဲ နႈတ္လိုက္ေတာ့တာပဲ”လို႔ေျပာပါတယ္။ tweezing ဟာ အိမ္မွာအေမႊးအမွ်င္ဖယ္ရွားဖို႔အတြက္ တကယ္အသံုး၀င္တဲ့နည္းလမ္းပါ။ Greenကေတာ့(ဥပမာ)တကယ္လို႔ သင့္ပါးေပၚမွာ သို႔မဟုတ္ ေမးေစ့ေပၚမွာ အေမႊးေလးတစ္ေမႊးေပါက္ေနခဲ့ရင္ ဒီနည္းလမ္းကိုအသံုးျပဳဖို႔ အၾကံျပဳထားပါတယ္။ tweezing က waxing ထက္လည္းေစ်းသက္သာတဲ့အျပင္ ဇာဂနာနဲ႔ႏႈတ္တဲ့အခါ အျမစ္ပါပါလာတာေၾကာင့္ ၾကာၾကာခံတဲ့အခိ်န္အတိုင္းအတာနဲ႔ရလဒ္ကလည္း waxing လုပ္တာနဲ႔ အတူတူပါပဲ။
Laser Therapy (ေလဆာကုထံုး)

မ်က္နွာအတြက္ ေလဆာသံုးျပီး အေမႊးဖယ္ရွားျခင္းကလည္း လူၾကိဳက္မ်ားတဲ့နည္းလမ္းတစ္ခုပါ။ ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ အေမႊးေတြရွိလာတဲ့ေနရာေတြ (နႈတ္ခမ္းအထက္၊ ပါးသိုင္းေမႊးေပါက္တဲ့ေနရာနဲ႔ ေမးေစ့ေတြ)ကေတာ့ အလုပ္အမ်ားဆံုးေနရာေတြပါပဲ။ ေကာင္းက်ိဳးေတြလား။ သင္မိနစ္၃၀ၾကာတဲ့ တစ္ဆက္ရွင္သြားလိုက္တိုင္းမွာ အေမႊးေတြျပန္ေပါက္တဲ့အခါ ပိုပါးျပီး နည္းသြားတာတင္မကပါဘူး ေနာက္ပိုင္းမွာပါ တျဖည္းျဖည္းေပါက္တာက်ဲသြားနိုင္ပါတယ္။သင္လုပ္တဲ့ေနရာနဲ႔ လုပ္ခဲ့တဲ့အၾကိမ္အေရအတြက္ေပၚ၄ပတ္ကေန ၁၀ပတ္ၾကာခ်ိန္တိုင္းမွာ ျပန္လည္ထိန္းသိမ္းသင့္ပါတယ္။ ေလဆာကုထံုးဟာ နဖူးေပၚက အေမႊးအမွ်င္ေတြဖယ္ရွားဖို႔အတြက္ အေကာင္းဆံုးလို႔ေတာ့ေျပာလို႔မရပါဘူး။ လူအမ်ားစုဟာ ငယ္ဆံပင္ကအရမ္းထူလြန္းေနတာရယ္ ေလဆာဒဏ္ခံနိုင္ဖို႔ ေရာင္ျခယ္ပစၥည္းမလံုေလာက္တာရယ္ေၾကာင့္ နဖူးေပၚကအေမႊးေတြကို ေလဆာကုထံုးနဲ႔ဖယ္ရွားလို႔မရပါဘူး။ ဒီေနရာကိုလုပ္ရင္ကေတာ့ မ်က္လံုးကန္းသြားတာမ်ိဳးထိ အႏၱရာယ္ရွိနိုင္ပါတယ္။ ဒါေၾကာင့္ သင္ကဒီကုထံုးအသံုးျပဳေတာ့မယ္ဆိုရင္ အထူးျပဳလုပ္ထားတဲ့ မ်က္မွန္ကိုတပ္ကိုတပ္သင့္ပါတယ္။
Shaving (ရိတ္ျခင္း)

ဟုတ္ပါတယ္။ သင့္မ်က္နွာက အေမႊးေတြကို သင္ရိတ္ပစ္နိုင္ပါတယ္။ တစ္ခုေတာ့သတိျပဳပါ။ ဓားက အေမႊးေတြကိုဖယ္ရွားတဲ့အခါမွာ အျမစ္ကေနပါလာမွာေတာ့မဟုတ္ပါဘူး။ သင္ရိတ္တယ္ဆိုတာ အေပၚယံတင္ေလးပါ။ ရိတ္သင္ျခင္းဟာလည္းသင့္အသားအေရကို ထိခိုက္ေစနိုင္ျပီး အနာတရျဖစ္ေစနုိင္ပါတယ္။ တကယ္လို႔သင္က ရက္အနည္းငယ္အတြင္းမွာထပ္ထပ္ရိတ္ေနရတယ္ဆိုရင္ အသားအေရကို ပံုမွန္ထိခိုက္ေနေစမွာပါ။
အေရးၾကီးေသာအခ်က္ : သင္လုပ္ေနဆဲအခ်ိန္မွာေတာ့ ဒီနည္းလမ္းကထိေရာက္ေနမွာပါ။ဒါေပမဲ့ အျခားနည္းလမ္းေတြလိုေတာ့ အျမဲလုပ္သင့္တဲ့နည္းလမ္းတစ္ခုေတာ့မဟုတ္ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hellosayarwon

#Unicode Version#
မျက်နှာပေါ်မှ မလိုလားတဲ့ အမေးအမျှင်များကိုဖယ်ရှားနိုင်မယ့် နည်းလမ်း၅ခု

ကျွန်တော်တို့အားလုံးမှာ မလိုလားတဲ့ မျက်နှာပေါ်ကအမွှေးအမျှင်တွေရှိတတ်ကြပါတယ်။ တစ်ခါတလေမှာအမွှေးတွေက ပါးပေါ် သို့မဟုတ် မေးစေ့ စတဲ့ တကယ့်နေရာတွေမှာမှပေါက်တတ်ကြပါတယ်။ ဒီမလိုချင်တဲ့အမွှေးတွေကို သင့်အသားအရေကို မထိခိုက်စေဘဲဖယ်ရှားနိုင်ဖို့က မသေချာပါဘူး။ သင်လုပ်သင့်တဲ့ အမွှေးအမျှင်ဖယ်ရှားတဲ့ နည်းလမ်း ၅ခုကို အောက်မှာဖော်ပြထားပေးပါတယ်။
Waxing လုပ်ခြင်း (ဖယောင်းကိုအသုံးပြုပြီး အမွှေးအမျှင်ဖယ်ရှားခြင်း)

မျက်နှာရဲ့ဘယ်အစိတ်အပိုင်းကိုမဆိုWaxing လုပ်လို့အဆင်ပြေပြီး အမွှေးအမျှင်ကင်းတဲ့ အသားအရေကို ၄ပတ်ကနေ ၈ပတ်လောက်ထိ သင်ပိုင်ဆိုင်နိုင်မှာပါ။ သေသေချာချာလေးကြိုတင်ပြင်ဆင်ထားဖို့နဲ့ လုပ်ပြီးတဲ့အချိန်မှာ အသားအရေကိုဂရုစိုက်ဖို့ မမေ့ပါနဲ့။ waxing လုပ်ပြီးပြီဆိုရင် သင့်ရဲ့အရေပြားအပေါ်ဆုံးက ကာကွယ်ပေးနိုင်တဲ့အလွှာကိုဆုံးရှုံးထားတဲ့အတွက် chemical တွေ ဆဲလ်သေတွေဖယ်ရှားပေးနိုင်တဲ့ပစ္စည်းတွေကိုသုံးခြင်းနဲ့ နေပူဒဏ်ခံခြင်းကိုရှောင်ကြဉ်ပါ။
သင်ဟာ ကျွမ်းကျင်ပညာရှင် တွေဆီမှာ waxing လုပ်တာပဲဖြစ်ဖြစ် သင်ကိုယ်တိုင် လုပ်တာပဲဖြစ်ဖြစ် အထိအခိုက်လွယ် (sensitive) တဲ့ အသားအရေအတွက်ထုတ်ထားတဲ့ ဖယောင်းကိုသာရွေးချယ်ပါ။ sensitive ဖြစ်တဲ့ နေရာတွေအားလုံးအတွက် သဘာဝအတိုင်းထုတ်လုပ်ထားတဲ့ elastic wax ကို ခန္ဓာကိုယ်အပူချိန်အတိုင်းအသားပေါ်တင်ပြီးအသုံးပြုဖို့က အရေးကြီးပါတယ်။ ဒီလိုလုပ်တာက သင့်ကိုပိုပြီး သက်တောင့်သက်သာ ဖြစ်စေပါတယ်။
Threading (အပ်ချည်အသုံးပြုပြီး အမွှေးအမျှင်ဖယ်ရှားခြင်း)

Threading ဆိုတာ ပိုပြီးကြာကြာခံစေဖို့ အမွှေးအမျှင်တွေကို အမြစ်ကနေဖယ်ရှားပေးတဲ့အတွက် waxing နဲ့ဆင်တူပါတယ်။ တကယ်လို့ သင့်မှာ တကယ်တော်တဲ့ ပညာရှင် ရှိမယ်ဆိုရင် သူတို့က သင်မလိုချင်တဲ့ အမွှေးတွေအားလုံးနဲ့ ရှုပ်ထွေးကောက်ကွေးနေတဲ့အမွှေးတွေကိုဖယ်ရှားပေးနိုင်ပါတယ်။ ဒီလိုဖယ်ရှားခြင်းက waxing လုပ်လို့ရလာတဲ့ result နဲ့ အတူတူပါပဲ။ ဒါပေမဲ့ ဒါက သင့်အရေပြားအပေါ်ဆုံးအလွှာကိုမပါသွားစေတာကြောင့် waxing လောက်တော့ နာကျင်မှာမဟုတ်ပါဘူး။ တကယ်လို့သင်ဟာ waxing လုပ်တာနဲ့ အဆင်မပြေခဲ့ရင် ဒီနည်းလမ်းကို စမ်းကြည့်သင့်ပါတယ်။ waxing လုပ်ပြီးအဆင်မပြေခဲ့တဲ့လူတွေကတော့ ဒီနည်းလမ်းကိုကြိုးစားကြည့်ဖို့အားသန်ကြပါတယ်။ ဒီနည်းလမ်းနဲ့ အမွှေးအမျှင်ဖယ်ရှားပြီးရင် result က ၄ပတ်ကနေ ၈ပတ်ထိ ခံပါတယ်။
Tweezing (ဇာဂနာအသုံးပြုပြီး အမွှေးအမျှင်ဖယ်ရှားခြင်း)

အလှပြုပြင်ရေးစင်တာတွေမှာ tweezing ကို အပြီးသတ်အမွှေးအမျှင်ဖယ်ရှားဖို့အတွက်သုံးကြပါတယ်။ Green ဆိုသူကတော့ “ကျွန်တော်တို့က wax အရင်လုပ်လိုက်တယ်။ wax လုပ်ပြီးတာတောင် တစ်မွှေးနှစ်မွှေးကျန်နေသေးရင်တော့ ထပ်ပြီး wax လုပ်နေမဲ့အစား ဇာဂနာကိုင်ပြီးပဲ နှုတ်လိုက်တော့တာပဲ”လို့ပြောပါတယ်။ tweezing ဟာ အိမ်မှာအမွှေးအမျှင်ဖယ်ရှားဖို့အတွက် တကယ်အသုံးဝင်တဲ့နည်းလမ်းပါ။ Greenကတော့(ဥပမာ)တကယ်လို့ သင့်ပါးပေါ်မှာ သို့မဟုတ် မေးစေ့ပေါ်မှာ အမွှေးလေးတစ်မွှေးပေါက်နေခဲ့ရင် ဒီနည်းလမ်းကိုအသုံးပြုဖို့ အကြံပြုထားပါတယ်။ tweezing က waxing ထက်လည်းဈေးသက်သာတဲ့အပြင် ဇာဂနာနဲ့နှုတ်တဲ့အခါ အမြစ်ပါပါလာတာကြောင့် ကြာကြာခံတဲ့အချိန်အတိုင်းအတာနဲ့ရလဒ်ကလည်း waxing လုပ်တာနဲ့ အတူတူပါပဲ။
Laser Therapy (လေဆာကုထုံး)

မျက်နှာအတွက် လေဆာသုံးပြီး အမွှေးဖယ်ရှားခြင်းကလည်း လူကြိုက်များတဲ့နည်းလမ်းတစ်ခုပါ။ ဟော်မုန်းအပြောင်းအလဲကြောင့် အမွှေးတွေရှိလာတဲ့နေရာတွေ (နှုတ်ခမ်းအထက်၊ ပါးသိုင်းမွှေးပေါက်တဲ့နေရာနဲ့ မေးစေ့တွေ)ကတော့ အလုပ်အများဆုံးနေရာတွေပါပဲ။ ကောင်းကျိုးတွေလား။ သင်မိနစ်၃၀ကြာတဲ့ တစ်ဆက်ရှင်သွားလိုက်တိုင်းမှာ အမွှေးတွေပြန်ပေါက်တဲ့အခါ ပိုပါးပြီး နည်းသွားတာတင်မကပါဘူး နောက်ပိုင်းမှာပါ တဖြည်းဖြည်းပေါက်တာကျဲသွားနိုင်ပါတယ်။သင်လုပ်တဲ့နေရာနဲ့ လုပ်ခဲ့တဲ့အကြိမ်အရေအတွက်ပေါ်၄ပတ်ကနေ ၁၀ပတ်ကြာချိန်တိုင်းမှာ ပြန်လည်ထိန်းသိမ်းသင့်ပါတယ်။ လေဆာကုထုံးဟာ နဖူးပေါ်က အမွှေးအမျှင်တွေဖယ်ရှားဖို့အတွက် အကောင်းဆုံးလို့တော့ပြောလို့မရပါဘူး။ လူအများစုဟာ ငယ်ဆံပင်ကအရမ်းထူလွန်းနေတာရယ် လေဆာဒဏ်ခံနိုင်ဖို့ ရောင်ခြယ်ပစ္စည်းမလုံလောက်တာရယ်ကြောင့် နဖူးပေါ်ကအမွှေးတွေကို လေဆာကုထုံးနဲ့ဖယ်ရှားလို့မရပါဘူး။ ဒီနေရာကိုလုပ်ရင်ကတော့ မျက်လုံးကန်းသွားတာမျိုးထိ အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် သင်ကဒီကုထုံးအသုံးပြုတော့မယ်ဆိုရင် အထူးပြုလုပ်ထားတဲ့ မျက်မှန်ကိုတပ်ကိုတပ်သင့်ပါတယ်။
Shaving (ရိတ်ခြင်း)

ဟုတ်ပါတယ်။ သင့်မျက်နှာက အမွှေးတွေကို သင်ရိတ်ပစ်နိုင်ပါတယ်။ တစ်ခုတော့သတိပြုပါ။ ဓားက အမွှေးတွေကိုဖယ်ရှားတဲ့အခါမှာ အမြစ်ကနေပါလာမှာတော့မဟုတ်ပါဘူး။ သင်ရိတ်တယ်ဆိုတာ အပေါ်ယံတင်လေးပါ။ ရိတ်သင်ခြင်းဟာလည်းသင့်အသားအရေကို ထိခိုက်စေနိုင်ပြီး အနာတရဖြစ်စေနိုင်ပါတယ်။ တကယ်လို့သင်က ရက်အနည်းငယ်အတွင်းမှာထပ်ထပ်ရိတ်နေရတယ်ဆိုရင် အသားအရေကို ပုံမှန်ထိခိုက်နေစေမှာပါ။
အရေးကြီးသောအချက် : သင်လုပ်နေဆဲအချိန်မှာတော့ ဒီနည်းလမ်းကထိရောက်နေမှာပါ။ဒါပေမဲ့ အခြားနည်းလမ်းတွေလိုတော့ အမြဲလုပ်သင့်တဲ့နည်းလမ်းတစ်ခုတော့မဟုတ်ပါဘူး။


ဖိုးသူတော် (www.phothutaw.com)
Credit: Hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top