စင်္ကာပူနိုင်ငံတွင် ကျင်းပမည့် မြန်မာ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး
×
Credit: millionlike
# Unicode Version ဖြင့် ဖတ်ပါ #
ရုပ်ရှင်လောကမှာ ဇာတ်ပို့တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် အောင်ဇော်မင်း ဟာ သူရဲ့မိသားစု အကြောင်းကို ပြောပြလာပါတယ်။အနုပညာလောကမှာ နှစ်ပေါင်းများစွာပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင်ကိုတော့ ပရိသတ်တွေသိကြမှာပါ။သူကတော့ မေးမြန်းမှုကိုအခုလိုပဲပြောပြခဲ့ပါတယ်
“အခုလက်ရှိ မိသားစု ကတော့ အကိုကသားတစ်ယောက်သမီးတစ်ယောက်ရှှိတယ် အကိုသားကအခုလာမယ့် ၂၀၁၈၊၆ လပိုင်း ၁၃ ရက်နေ့ဆိုရင် အသက် ၂၀ ဖြစ်မှာ။ဒါပေမဲ့အကိုသားက ပိုလီယို.. ကျန်းမာရေးမကောင်းဘူး စကားလည်းမပြောနိုင်ဘူး ငုတ်တုတ်လည်းမထိုင်နိုင်ဘူး ပက်လက်ကြီးပဲ..ပေါ့နော်.. သမီးလေးကျတော့ အခုငါးတန်းတတ်နေပြီ သမီးလေးကလေ ဆိုတော့ အမျိုးသမီးရယ် အကိုရယ် သားရယ်သမီးရယ်လေးယောက်မိသားစုရှိတယ်..
သမီးကလေ သရုပ်ဆောင် ဝါသနာ မပါဘူး သူကခုန်မယ်ကမယ် အဲလို့သီချင်းဘက်ကို ဝါသနာပါတယ် အခုမှာငါးတန်းရှိသေးတာကို အကိုသူ့ကိုပညာတတ် ဖြစ်အောင် အကိုသင်ပေးမယ်.. အကိုသူ့ကိုပြောတယ် သမီး လို့ ပညာတတ် ဖြစ်အောင်လုပ် သမီး ပညာတတ် ကြီးဖြစ်သွားရင် ဘယ်အလုပ်မဆိုသမီးကို လက်ခံခေါ်မှာပဲသွား..ပညာနဲကပိုက်ဆံရှာ သမီး ပိုက်ဆံ ချမ်းသာသွားရင် အနုပညာ သမားကို သမီးအိမ်ထဲကို ခေါ်ပြီးတော့ ဖျော်ဖြေခိုင်းလို့ရတယ်လို့ ကိုယ်ကိုတိုင်လည်းအဲ့ထဲမှာပါနေတာကို ပေါ့နော်..အဲတော့အကိုက သမီး ကျတော့ ကိုယ့်လိုမဖြစ်စေချင်ဘူး ကျသမီးကို ပညာတတ်တစ်ယောက်ဖြစ်စေချင်တယ် ဘာလိုလဲဆိုတော့ ကိုယ်မဖြစ်ခဲ့တာကို သူ့ကိုဖြစ်စေချင်တယ်.”
Source – myanmar celebrity
ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top