ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ထုိင္းႏုိင္ငံမွာ ပင္စင္စား ရဲဝန္ထမ္းေဟာင္း ဆုေငြထုတ္ထားတဲ့ ထီလက္မွတ္ေတြက သူေပ်ာက္ေနတဲ့ လက္မွတ္ေတြလို႔ ေက်ာင္းဆရာက ေျပာလုိက္အၿပီး ဘတ္သန္း ၃၀ တန္ ထီဆုေငြကို ဘယ္သူပုိင္လဲဆုိတာသိဖုိ႔ ဒီအန္ေအစစ္ေဆးမႈနဲ႔ ဆံုးျဖတ္မယ္လို႔ သိရပါတယ္။

အသက္ ၅၀ အရြယ္ ေက်ာင္းဆရာ ပရီခ်ာကရိန္က႐ူရန္ဟာ ၿပီးခဲ့တဲ့လက ေပါက္ထားတဲ့ သူ႔ရဲ႕ထီလက္မွတ္ ေပ်ာက္ဆံုးသြားတယ္လုိ႔ တုိင္တန္းအမႈဖြင့္ခဲ့ၿပီး ဥပေဒေၾကာင္းအရ အျငင္းအခုန္ ျဖစ္ေနၾကတာပါ။

ဒါေပမယ့္ ေပါက္ထားတဲ့ ထီဆုေငြ ဘတ္ သန္း ၃၀ (ေဒၚလာ ၉ သိန္း ၂ ေသာင္း) ကုိ ကန္ခ်နဘူရီ အေနာက္ပုိင္းခ႐ိုင္မွာ ေနထုိင္တဲ့ အသက္ ၆၂ ႏွစ္အရြယ္ ပင္စင္စား ရဲဝန္ထမ္းေဟာင္း ခ်ရြန္ဝီမြန္က ထုတ္ယူထားၿပီးၿပီလုိ႔ အာဏာပုိင္ေတြက ေတြ႔ရွိထားပါတယ္။

ေက်ာင္းဆရာနဲ႔ ရဲဝန္ထမ္းေဟာင္းတုိ႔ဟာ ထီဆုေငြက သူ႔ဟာ ကုိယ့္ဟာနဲ႔ ျငင္းခုန္ေနၾကၿပီး မႈခင္းအရာရွိေတြက ဘယ္သူ႔ရဲ႕ လက္ေဗြရာက လက္မွတ္မွာရွိတဲ့ လက္ေဗြရာနဲ႔ တုိက္ဆုိင္လဲဆုိတာ ဆံုးျဖတ္ဖုိ႔ စံုစမ္းစစ္ေဆးေနၾကပါတယ္။

“ဒီအန္ေအ စစ္ေဆးမႈကို ေစာင့္ေနေတာ့ ဒီအမႈမွာ က်ေနာ္တုိ႔ ဘယ္သူ႔ကိုမွ တရားမစြဲရေသးဘူး” လို႔ ကန္ခ်နဘူရီခ႐ိုင္ရဲခ်ဳပ္ ကရစၥနာစက္ဒက္က ေအအက္ဖ္ပီ သတင္းဌာနကို ေျပာပါတယ္။

ဒီအန္ေအစစ္ေဆးမႈက ေနာက္လမွာရမယ္လုိ႔ တရားေရးဌာနနဲ႔ မႈခင္းအရာရွိေတြကလည္း ေျပာလုိက္ပါတယ္။

ထုိင္းဘုရင့္ႏုိင္ငံမွာ တျခား ေလာင္းကစားေတြ ပိတ္ထားတဲ့အတြက္ တလကုိ ၂ ႀကိမ္ ဖြင့္ေလ့ရွိတဲ့ အစုိးရေရာင္းခ်တဲ့ ထီေတြကုိ ဝယ္ယူသူေတြက အလြန္အက်ဴး ဝယ္ေလ့ရွိၿပီး ထီဝယ္သူ ေတာ္ေတာ္မ်ားမ်ားဟာ အထူးေန႔စြဲေတြ ဒါမွမဟုတ္ တျခား အတိတ္နိမိတ္ေကာင္းတဲ့ အခမ္းအနား၊ ပြဲလမ္းသဘင္ေတြနဲ႔ ဆက္စပ္တဲ့ ထီလက္မွတ္ နံပါတ္ေတြကုိ ေရြးခ်ယ္ဝယ္ေလ့ရွိတယ္လို႔ ကိုကုိးနက္သတင္းမွာ ဒီဇင္ဘာ ၃၀ ရက္ေန႔က ေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

# Unicode Version ျဖင့္ ဖတ္ပါ #

ထိုင်းနိုင်ငံမှာ ပင်စင်စား ရဲဝန်ထမ်းဟောင်း ဆုငွေထုတ်ထားတဲ့ ထီလက်မှတ်တွေက သူပျောက်နေတဲ့ လက်မှတ်တွေလို့ ကျောင်းဆရာက ပြောလိုက်အပြီး ဘတ်သန်း ၃၀ တန် ထီဆုငွေကို ဘယ်သူပိုင်လဲဆိုတာသိဖို့ ဒီအန်အေစစ်ဆေးမှုနဲ့ ဆုံးဖြတ်မယ်လို့ သိရပါတယ်။

အသက် ၅၀ အရွယ် ကျောင်းဆရာ ပရီချာကရိန်ကရူရန်ဟာ ပြီးခဲ့တဲ့လက ပေါက်ထားတဲ့ သူ့ရဲ့ထီလက်မှတ် ပျောက်ဆုံးသွားတယ်လို့ တိုင်တန်းအမှုဖွင့်ခဲ့ပြီး ဥပဒေကြောင်းအရ အငြင်းအခုန် ဖြစ်နေကြတာပါ။

ဒါပေမယ့် ပေါက်ထားတဲ့ ထီဆုငွေ ဘတ် သန်း ၃၀ (ဒေါ်လာ ၉ သိန်း ၂ သောင်း) ကို ကန်ချနဘူရီ အနောက်ပိုင်းခရိုင်မှာ နေထိုင်တဲ့ အသက် ၆၂ နှစ်အရွယ် ပင်စင်စား ရဲဝန်ထမ်းဟောင်း ချရွန်ဝီမွန်က ထုတ်ယူထားပြီးပြီလို့ အာဏာပိုင်တွေက တွေ့ရှိထားပါတယ်။

ကျောင်းဆရာနဲ့ ရဲဝန်ထမ်းဟောင်းတို့ဟာ ထီဆုငွေက သူ့ဟာ ကိုယ့်ဟာနဲ့ ငြင်းခုန်နေကြပြီး မှုခင်းအရာရှိတွေက ဘယ်သူ့ရဲ့ လက်ဗွေရာက လက်မှတ်မှာရှိတဲ့ လက်ဗွေရာနဲ့ တိုက်ဆိုင်လဲဆိုတာ ဆုံးဖြတ်ဖို့ စုံစမ်းစစ်ဆေးနေကြပါတယ်။

“ဒီအန်အေ စစ်ဆေးမှုကို စောင့်နေတော့ ဒီအမှုမှာ ကျနော်တို့ ဘယ်သူ့ကိုမှ တရားမစွဲရသေးဘူး” လို့ ကန်ချနဘူရီခရိုင်ရဲချုပ် ကရစ္စနာစက်ဒက်က အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

ဒီအန်အေစစ်ဆေးမှုက နောက်လမှာရမယ်လို့ တရားရေးဌာနနဲ့ မှုခင်းအရာရှိတွေကလည်း ပြောလိုက်ပါတယ်။

ထိုင်းဘုရင့်နိုင်ငံမှာ တခြား လောင်းကစားတွေ ပိတ်ထားတဲ့အတွက် တလကို ၂ ကြိမ် ဖွင့်လေ့ရှိတဲ့ အစိုးရရောင်းချတဲ့ ထီတွေကို ဝယ်ယူသူတွေက အလွန်အကျူး ဝယ်လေ့ရှိပြီး ထီဝယ်သူ တော်တော်များများဟာ အထူးနေ့စွဲတွေ ဒါမှမဟုတ် တခြား အတိတ်နိမိတ်ကောင်းတဲ့ အခမ်းအနား၊ ပွဲလမ်းသဘင်တွေနဲ့ ဆက်စပ်တဲ့ ထီလက်မှတ် နံပါတ်တွေကို ရွေးချယ်ဝယ်လေ့ရှိတယ်လို့ ကိုကိုးနက်သတင်းမှာ ဒီဇင်ဘာ ၃၀ ရက်နေ့က ဖော်ပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top