AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

 ျပည္သူလူထု၏ညီၫြတ္ သည့္ ေထာက္ခံမႈရရွိေရး အစိုးရ က တာဝန္ေက်ရန္ လိုအပ္ ေၾကာင္းႏိုင္ငံေတာ္၏ အတိုင္ပင္ ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က သတိေပးေျပာၾကားသည္။

လူတိုင္း၏   ဆႏၵကို   ျဖည့္ ဆည္းေပးရန္ မျဖစ္ႏိုင္ေသာ္ လည္း ျပည္သူလူထု၏ လိုအပ္ ခ်က္မ်ားသည္ ျဖစ္သင့္ ျဖစ္ထုိက္ သည့္၊ လုပ္ေပးသင့္ လုပ္ေပး ထိုက္သည့္ ကိစၥရပ္မ်ားျဖစ္ပါက အစိုးရတြင္ လုပ္ေပးရန္တာဝန္ရွိ ေၾကာင္း ႏိုင္ငံေတာ္၏ အတိုင္ပင္ ခံပုဂၢိဳလ္က ဇန္နဝါရီ ၉ ရက္တြင္ သမၼတအိမ္ေတာ္၌ က်င္းပေသာ အမ်ိဳးသားစီမံကိန္း ေကာ္မရွင္အ စည္းအေဝးတြင္ ေျပာၾကားသည္။

‘‘ျပည္သူနဲ႔ ပတ္သက္ၿပီးတာ ဝန္ေက်မွ   ျပည္သူေတြရဲ႕    ဓမၼ ဓိ႒ာန္က်တဲ့ ရည္မွန္းခ်က္ေတြကို ကြၽန္မတို႔ ျဖည့္ဆည္းေပးႏိုင္မွ လည္း သူတို႔က ကြၽန္မတို႔ကို ေထာက္ခံမွာပါ’’ ဟု ေဒၚေအာင္ ဆန္းစုၾကည္က ျပည္ေထာင္စုအ စိုးရအဖြဲ႕ဝင္အခ်ိဳ႕ႏွင့္ တိုင္းေဒသ ႀကီး၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ား တက္ေရာက္ေသာ အထက္ပါအ စည္းအေဝး၌ ေျပာၾကားသည္။

ဆက္လက္၍ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္က ‘‘ဒီလိုမလုပ္ ေပးဘဲနဲ႔ ျပည္သူရဲ႕ေထာက္ခံမႈနဲ႔ ျပည္သူရဲ႕ညီၫြတ္တဲ့ ပံ့ပိုးမႈကို ေမွ်ာ္လင့္စရာ အၾကာင္းမရွိပါ ဘူး။ ကိုယ့္တာဝန္မေက်ဘဲနဲ႔ ျပည္သူကလည္း တာဝန္ေက်မယ္ဆို ၿပီး ကြၽန္မတို႔ေျပာလို႔မရပါဘူး’’ ဟု ေျပာသည္။

သို႔ေသာ္ လက္ရိွိတိုင္းေဒသ ႀကီးႏွင့္ ျပည္နယ္အစိုးရမ်ားသည္ တာဝန္မေက်ဟု ဆိုလိုျခင္း မဟုတ္ဘဲ တာဝန္ပိုေက်သထက္ ေက်ေစရန္ႏွင့္ အစိုးရအလုပ္ဆို သည္မွာ မည္သည့္အခ်ိန္မွ် ေက် နပ္ႏိုင္စရာမရွိဟူေသာ စိတ္ထား ျဖင့္ တိုးတက္မႈဆီဦးတည္ရန္ ေဒၚ ေအာင္ဆန္းစုၾကည္က    ေျပာ သည္။

လက္ရွိအစိုးရသည္ ဒီမိုက ေရစီဖက္ဒရယ္ ျပည္ေထာင္စုျဖစ္ ေပၚရန္ ဦးတည္ေနသျဖင့္ အစိုးရ က အေကာင္အထည္ေဖာ္လုပ္ ေဆာင္သည့္ စီမံကိန္းအားလံုး သည္ အဆိုပါ ဒီမိုကေရစီဖက္ဒ ရယ္ျပည္ေထာင္စု ေပၚထြန္းေရး အက်ိဳးျပဳမည္လား ဆိုသည့္အ ခ်က္ကို ထည့္သြင္းစဥ္းစား၍ အ ေကာင္အထည္ ေဖာ္ေစလို ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ ကဆိုသည္။

‘‘ဒီမိုကေရစီဖက္ဒရယ္ ျပည္ ေထာင္စု တစ္ခုျဖစ္သြားၿပီဆိုရင္ ပိုၿပီးေတာ့ အေရးႀကီးလာပါၿပီ။ အဲဒီဟာအတြက္ အခုကြၽန္မတို႔က စၿပီး အုတ္ျမစ္ခ်ရမွာ ျဖစ္ပါတယ္။ကြၽန္မတို႔ရဲ႕ ဆက္ဆံေရးနဲ႔ အုပ္ ခ်ဳပ္ေရး ကိုင္တြယ္နည္းေတြဟာ အနာဂတ္အတြက္ အေရးပါတဲ့ ကိစၥေတြပါ’’ ဟု ၎ကဆက္လက္ ေျပာသည္။

ျပည္ေထာင္စုအစိုးရအဖြဲ႕ ဝန္ႀကီးဌာနမ်ား၊ တိုင္းေဒသႀကီး၊ ျပည္နယ္ အစိုးရအဖြဲ႕မ်ားသည္ အုပ္ခ်ဳပ္ေရးပိုင္းတြင္ ပီျပင္ထိ ေရာက္စြာ လုပ္ေဆာင္ႏိုင္ရန္ လြန္စြာအေရးႀကီးၿပီး ထိေရာက္စြာ မစြမ္းေဆာင္ႏိုင္ပါက စီးပြားေရး၊ ႏိုင္ငံေရး နယ္ပယ္မ်ား၌ လိုအပ္သည့္ တိုးတက္မႈ ရရွိႏိုင္မည္မ ဟုတ္ေၾကာင္း ႏိုင္ငံေတာ္၏ အ တိုင္ပင္ခံပုဂၢိဳလ္က သတိေပး ေျပာၾကားသည္။

ထို႔အျပင္ ေဒၚေအာင္ဆန္းစု ၾကည္က လႊတ္ေတာ္ႏွင့္အစိုးရတို႔ သည္ တစ္ဖက္ႏွင့္တစ္ဖက္မမွား ရန္ ထိန္းကြပ္သည့္သေဘာျဖစ္ၿပီး ၿပိဳင္ဘက္အေနျဖင့္ ထိန္းကြပ္ျခင္း မဟုတ္ေၾကာင္း အထက္ပါေကာ္ မရွင္ အစည္းအေဝး၌ ထည့္သြင္း ေျပာၾကားသည္။

‘‘အစိုးရကေနၿပီးေတာ့ လႊတ္ေတာ္ရဲ႕ လုပ္ပိုင္ခြင့္ကို ခ်ဳပ္ခ်ယ္ ခ်င္လို႔၊ လႊတ္ေတာ္က အစိုးရရဲ႕ လုပ္ပိုင္ခြင့္ကို ခ်ဳပ္ခ်ယ္ခ်င္လို႔ဆို တဲ့ စိတ္ဓာတ္နဲ႔ထိန္းကြပ္သြားရ မွာ မဟုတ္ပါဘူး။ တစ္ဖက္နဲ႔တစ္ ဖက္ ဘယ္လိုကူညီၿပီးေတာ့ ႏိုင္ငံ့ အက်ိဳးကို ထမ္းေဆာင္မလဲဆို တာကို ၾကည့္ၿပီးေတာ့ လုပ္သြားရ မွာျဖစ္ပါတယ္’’ ဟု ၎ကဆို သည္။

ႏိုင္ငံေရး၊ စီးပြားေရး တိုး တက္မႈရရွိရန္ လႊတ္ေတာ္မ်ားႏွင့္ အစိုးရအၾကား ပူးေပါင္းေဆာင္ ရြက္ျခင္းက လြန္စြာအေရးႀကီးၿပီး ဆက္ဆံေရး ေကာင္းမ်ားရွိရန္ လႊတ္ေတာ္ႏွင့္ အစိုးရႏွစ္ဖက္ စလံုးတြင္ တာဝန္ရွိေၾကာင္း ေဒၚ ေအာင္ဆန္းစုၾကည္က ေျပာၾကား သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
 ပြည်သူလူထု၏ညီညွတ် သည့် ထောက်ခံမှုရရှိရေး အစိုးရ က တာဝန်ကျေရန် လိုအပ် ကြောင်းနိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က သတိပေးပြောကြားသည်။

လူတိုင်း၏   ဆန္ဒကို   ဖြည့် ဆည်းပေးရန် မဖြစ်နိုင်သော် လည်း ပြည်သူလူထု၏ လိုအပ် ချက်များသည် ဖြစ်သင့် ဖြစ်ထိုက် သည့်၊ လုပ်ပေးသင့် လုပ်ပေး ထိုက်သည့် ကိစ္စရပ်များဖြစ်ပါက အစိုးရတွင် လုပ်ပေးရန်တာဝန်ရှိ ကြောင်း နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်က ဇန်နဝါရီ ၉ ရက်တွင် သမ္မတအိမ်တော်၌ ကျင်းပသော အမျိုးသားစီမံကိန်း ကော်မရှင်အ စည်းအဝေးတွင် ပြောကြားသည်။

‘‘ပြည်သူနဲ့ ပတ်သက်ပြီးတာ ဝန်ကျေမှ   ပြည်သူတွေရဲ့    ဓမ္မ ဓိဋ္ဌာန်ကျတဲ့ ရည်မှန်းချက်တွေကို ကျွန်မတို့ ဖြည့်ဆည်းပေးနိုင်မှ လည်း သူတို့က ကျွန်မတို့ကို ထောက်ခံမှာပါ’’ ဟု ဒေါ်အောင် ဆန်းစုကြည်က ပြည်ထောင်စုအ စိုးရအဖွဲ့ဝင်အချို့နှင့် တိုင်းဒေသ ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များ တက်ရောက်သော အထက်ပါအ စည်းအဝေး၌ ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ‘‘ဒီလိုမလုပ် ပေးဘဲနဲ့ ပြည်သူရဲ့ထောက်ခံမှုနဲ့ ပြည်သူရဲ့ညီညွတ်တဲ့ ပံ့ပိုးမှုကို မျှော်လင့်စရာ အကြာင်းမရှိပါ ဘူး။ ကိုယ့်တာဝန်မကျေဘဲနဲ့ ပြည်သူကလည်း တာဝန်ကျေမယ်ဆို ပြီး ကျွန်မတို့ပြောလို့မရပါဘူး’’ ဟု ပြောသည်။

သို့သော် လက်ရှိတိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရများသည် တာဝန်မကျေဟု ဆိုလိုခြင်း မဟုတ်ဘဲ တာဝန်ပိုကျေသထက် ကျေစေရန်နှင့် အစိုးရအလုပ်ဆို သည်မှာ မည်သည့်အချိန်မျှ ကျေ နပ်နိုင်စရာမရှိဟူသော စိတ်ထား ဖြင့် တိုးတက်မှုဆီဦးတည်ရန် ဒေါ် အောင်ဆန်းစုကြည်က    ပြော သည်။

လက်ရှိအစိုးရသည် ဒီမိုက ရေစီဖက်ဒရယ် ပြည်ထောင်စုဖြစ် ပေါ်ရန် ဦးတည်နေသဖြင့် အစိုးရ က အကောင်အထည်ဖော်လုပ် ဆောင်သည့် စီမံကိန်းအားလုံး သည် အဆိုပါ ဒီမိုကရေစီဖက်ဒ ရယ်ပြည်ထောင်စု ပေါ်ထွန်းရေး အကျိုးပြုမည်လား ဆိုသည့်အ ချက်ကို ထည့်သွင်းစဉ်းစား၍ အ ကောင်အထည် ဖော်စေလို ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကဆိုသည်။

‘‘ဒီမိုကရေစီဖက်ဒရယ် ပြည် ထောင်စု တစ်ခုဖြစ်သွားပြီဆိုရင် ပိုပြီးတော့ အရေးကြီးလာပါပြီ။ အဲဒီဟာအတွက် အခုကျွန်မတို့က စပြီး အုတ်မြစ်ချရမှာ ဖြစ်ပါတယ်။ကျွန်မတို့ရဲ့ ဆက်ဆံရေးနဲ့ အုပ် ချုပ်ရေး ကိုင်တွယ်နည်းတွေဟာ အနာဂတ်အတွက် အရေးပါတဲ့ ကိစ္စတွေပါ’’ ဟု ၎င်းကဆက်လက် ပြောသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များသည် အုပ်ချုပ်ရေးပိုင်းတွင် ပီပြင်ထိ ရောက်စွာ လုပ်ဆောင်နိုင်ရန် လွန်စွာအရေးကြီးပြီး ထိရောက်စွာ မစွမ်းဆောင်နိုင်ပါက စီးပွားရေး၊ နိုင်ငံရေး နယ်ပယ်များ၌ လိုအပ်သည့် တိုးတက်မှု ရရှိနိုင်မည်မ ဟုတ်ကြောင်း နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်က သတိပေး ပြောကြားသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစု ကြည်က လွှတ်တော်နှင့်အစိုးရတို့ သည် တစ်ဖက်နှင့်တစ်ဖက်မမှား ရန် ထိန်းကွပ်သည့်သဘောဖြစ်ပြီး ပြိုင်ဘက်အနေဖြင့် ထိန်းကွပ်ခြင်း မဟုတ်ကြောင်း အထက်ပါကော် မရှင် အစည်းအဝေး၌ ထည့်သွင်း ပြောကြားသည်။

‘‘အစိုးရကနေပြီးတော့ လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်ကို ချုပ်ချယ် ချင်လို့၊ လွှတ်တော်က အစိုးရရဲ့ လုပ်ပိုင်ခွင့်ကို ချုပ်ချယ်ချင်လို့ဆို တဲ့ စိတ်ဓာတ်နဲ့ထိန်းကွပ်သွားရ မှာ မဟုတ်ပါဘူး။ တစ်ဖက်နဲ့တစ် ဖက် ဘယ်လိုကူညီပြီးတော့ နိုင်ငံ့ အကျိုးကို ထမ်းဆောင်မလဲဆို တာကို ကြည့်ပြီးတော့ လုပ်သွားရ မှာဖြစ်ပါတယ်’’ ဟု ၎င်းကဆို သည်။

နိုင်ငံရေး၊ စီးပွားရေး တိုး တက်မှုရရှိရန် လွှတ်တော်များနှင့် အစိုးရအကြား ပူးပေါင်းဆောင် ရွက်ခြင်းက လွန်စွာအရေးကြီးပြီး ဆက်ဆံရေး ကောင်းများရှိရန် လွှတ်တော်နှင့် အစိုးရနှစ်ဖက် စလုံးတွင် တာဝန်ရှိကြောင်း ဒေါ် အောင်ဆန်းစုကြည်က ပြောကြား သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top