iMyanmarHouse.com - Best Property Website for Myanmar
×

 ေဖ့စ္ဘြခ္ဖန္တီးရွင္ မခ့္ဇူကာဘတ္ခ္ဟာ ေဖ့စ္ဘြခ္ေပၚမွာ အေျပာင္းအလဲလုပ္သြားမယ့္ အစီစဥ္တစ္ခုကို ထုတ္ေဖာ္ေျပာၾကားလိုက္ၿပီးေနာက္ ခ်က္ျခင္းပင္ သူ႔ရဲ့ပိုင္ဆိုင္မွုမ်ားထဲက ေဒၚလာ ၃.၃ ဘီလယံ ပလုံသြားခဲ့ပါတယ္။

ဒီလိုဆုံးရွုံးသြားခဲ့လို႔ မာခ့္တစ္ေယာက္ ခ်က္ျခင္းဆင္ရဲမြဲေတၿပီး ေဖ့စ္ဘြခ္ႀကီး ၿပိဳလဲသြားေတာ့မွာလားဆိုေတာ့ မဟုတ္ပါဘူး။ အခုဆုံးရွုံးမွုဟာ သူခ်မ္းသာသမၽွေတြထဲက ၄.၄% မၽွသာ ေလ်ာ့သြားသေလာက္ပဲရွိပါတယ္။

ဘီလီယံနဲ႔ခ်ီၿပီး ေငြေတြဆုံးရွုံးခဲ့ရတဲ့အေၾကာင္းရင္းကေတာ့ ေဖ့စ္ဘြခ္ရဲ့ နယူးဖိဒ္ (news feed) ကို အေျပာင္းအလဲလုပ္ေတာ့မယ္ဆိုတဲ့ အေၾကာင္းကို သူ႔ရဲ့ ေဖ့စ္ဘြခ္မွာ ေျပာၾကားခဲ့လို႔ျဖစ္ပါတယ္။ ေျပာင္းလဲေတာ့မယ့္ news feed မွာ စီးပြားေရးလုပ္ငန္း ေၾကာျငာပိုစ့္ေတြထက္စာရင္ ေဖ့စ္ဘြခ္ရဲ့ ကနဦးရည္ရြယ္ရင္းျဖစ္တဲ့ မိတ္ေဆြအေပါင္းသင္း မိသားစုမ်ားအၾကား ေရးသားဆက္သြယ္တဲ့ ပိုစ့္ေတြကိုသာ ဦးစားေပးအေနနဲ႔  ေဖာ္ျပသြားမယ္လို႔ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ေရးသားခဲ့ပါတယ္။


အဲ့လိုေျပာၾကားခဲ့ၿပီးေနာက္မွာ ေဖ့စ္ဘြခ္ရဲ့ ရွယ္ယာ တစ္ခုလၽွင္ ၁၈၇.၇၇ ေဒၚလာနဲ႔ ေရာင္းခ်ေနရာက ေဒၚလာ ၁၇၉.၃၇ ထိ ရွယ္ယာေတြ ၄.၄% ထိုးက်ခဲ့တာျဖစ္ပါတယ္။ အဲဒီအတြက္ မာခ့္ဇူကာဘတ္အေနနဲ႔ ေဒၚလာ ၃.၃ ဘီလီယံ ခ်က္ျခင္းဆုံးရွုံးခဲ့ရတယ္လို႔ Forbes က ေရးသားေဖာ္ျပခဲ့ပါတယ္။

မာ့ခ္၏ ေရးသားမွုအရ ေဖ့စ္ဘြခ္ကို လူေတြအခ်င္းခ်င္း နီးကပ္မွုရွိလာေအာင္ ဆိုရွယ္မီဒီယာအသြင္ေဆာင္ဖို႔ ရည္ရြယ္ရင္းျဖစ္ေပမယ့္ အခုဆိုရင္ စီပြားေရးပိုစ့္ေတြ၊ သတင္းေတြက မိသားစုသူငယ္ခ်င္းေတြ အခ်င္းခ်င္းၾကားက ကိုယ္ေရးကိုယ္တာပိုစ့္ေတြေနရာမွာ အလုံးအရင္းနဲ႔ ဝင္ေရာက္ေနရာယူေနတာကို တိုင္ၾကားမွုေတြ အမ်ားႀကီးရရွိခဲ့ပါတယ္။
အဲဒါေၾကာင့္ ကၽြန္ေတာ္တို႔ရဲ့ ပန္းတိုင္ကို ပုံစံအသစ္ ေျပာင္းလဲၿပီး တန္ဖိုးရွိတဲ့ အေၾကာင္းအရာေတြကိုသာ ဦးစားေပးအေနနဲ႔ ေဖာ္ျပနိုင္ေအာင္ ေဖ့စ္ဘြခ္အဖြဲ႕က ျပင္ဆင္သြားမွာ ျဖစ္ပါတယ္ လို႔ ဆိုပါတယ္။

ဒီသတင္းေၾကာင့္ ေဖ့စ္ဘြခ္ရဲ့ ရွယ္ယာေတြ အတိုင္းတာတစ္ခုထိ က်သြားခဲ့ေပမယ့္ ၿပီးခဲ့တဲ့ႏွစ္က ေပါက္ခဲ့တဲ့ ရွယ္ယာေစ်းႏွုန္း ေဒၚလာ ၁၂၇ နဲ႔စာရင္ေတာ့ လက္ရွိမွာ ၄၀% ရွယ္ယာပိုတက္လာတယ္လို႔ ဆိုနိုင္ပါတယ္။

စီးပြားေရးပညာရွင္အခ်ိဳ႕၏ အဆိုအရ ယခုကဲ့သို႔ ေျပာင္းလဲလိုက္မွုေၾကာင့္ ေဖ့စ္ဘြခ္ေပၚမွာ ေကာက္ခံေနတဲ့ ေၾကာ္ျငာခေတြ ျမင့္တက္လာဖြယ္ရာရွိတယ္လို႔လဲ သုံးသပ္ထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay

#Unicode Version#
 ဖေ့စ်ဘွခ်ဖန်တီးရှင် မခ့်ဇူကာဘတ်ခ်ဟာ ဖေ့စ်ဘွခ်ပေါ်မှာ အပြောင်းအလဲလုပ်သွားမယ့် အစီစဉ်တစ်ခုကို ထုတ်ဖော်ပြောကြားလိုက်ပြီးနောက် ချက်ခြင်းပင် သူ့ရဲ့ပိုင်ဆိုင်မှုများထဲက ဒေါ်လာ ၃.၃ ဘီလယံ ပလုံသွားခဲ့ပါတယ်။

ဒီလိုဆုံးရှုံးသွားခဲ့လို့ မာခ့်တစ်ယောက် ချက်ခြင်းဆင်ရဲမွဲတေပြီး ဖေ့စ်ဘွခ်ကြီး ပြိုလဲသွားတော့မှာလားဆိုတော့ မဟုတ်ပါဘူး။ အခုဆုံးရှုံးမှုဟာ သူချမ်းသာသမျှတွေထဲက ၄.၄% မျှသာ လျော့သွားသလောက်ပဲရှိပါတယ်။

ဘီလီယံနဲ့ချီပြီး ငွေတွေဆုံးရှုံးခဲ့ရတဲ့အကြောင်းရင်းကတော့ ဖေ့စ်ဘွခ်ရဲ့ နယူးဖိဒ် (news feed) ကို အပြောင်းအလဲလုပ်တော့မယ်ဆိုတဲ့ အကြောင်းကို သူ့ရဲ့ ဖေ့စ်ဘွခ်မှာ ပြောကြားခဲ့လို့ဖြစ်ပါတယ်။ ပြောင်းလဲတော့မယ့် news feed မှာ စီးပွားရေးလုပ်ငန်း ကြောငြာပိုစ့်တွေထက်စာရင် ဖေ့စ်ဘွခ်ရဲ့ ကနဦးရည်ရွယ်ရင်းဖြစ်တဲ့ မိတ်ဆွေအပေါင်းသင်း မိသားစုများအကြား ရေးသားဆက်သွယ်တဲ့ ပိုစ့်တွေကိုသာ ဦးစားပေးအနေနဲ့  ဖော်ပြသွားမယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရေးသားခဲ့ပါတယ်။


အဲ့လိုပြောကြားခဲ့ပြီးနောက်မှာ ဖေ့စ်ဘွခ်ရဲ့ ရှယ်ယာ တစ်ခုလျှင် ၁၈၇.၇၇ ဒေါ်လာနဲ့ ရောင်းချနေရာက ဒေါ်လာ ၁၇၉.၃၇ ထိ ရှယ်ယာတွေ ၄.၄% ထိုးကျခဲ့တာဖြစ်ပါတယ်။ အဲဒီအတွက် မာခ့်ဇူကာဘတ်အနေနဲ့ ဒေါ်လာ ၃.၃ ဘီလီယံ ချက်ခြင်းဆုံးရှုံးခဲ့ရတယ်လို့ Forbes က ရေးသားဖော်ပြခဲ့ပါတယ်။

မာ့ခ်၏ ရေးသားမှုအရ ဖေ့စ်ဘွခ်ကို လူတွေအချင်းချင်း နီးကပ်မှုရှိလာအောင် ဆိုရှယ်မီဒီယာအသွင်ဆောင်ဖို့ ရည်ရွယ်ရင်းဖြစ်ပေမယ့် အခုဆိုရင် စီပွားရေးပိုစ့်တွေ၊ သတင်းတွေက မိသားစုသူငယ်ချင်းတွေ အချင်းချင်းကြားက ကိုယ်ရေးကိုယ်တာပိုစ့်တွေနေရာမှာ အလုံးအရင်းနဲ့ ဝင်ရောက်နေရာယူနေတာကို တိုင်ကြားမှုတွေ အများကြီးရရှိခဲ့ပါတယ်။
အဲဒါကြောင့် ကျွန်တော်တို့ရဲ့ ပန်းတိုင်ကို ပုံစံအသစ် ပြောင်းလဲပြီး တန်ဖိုးရှိတဲ့ အကြောင်းအရာတွေကိုသာ ဦးစားပေးအနေနဲ့ ဖော်ပြနိုင်အောင် ဖေ့စ်ဘွခ်အဖွဲ့က ပြင်ဆင်သွားမှာ ဖြစ်ပါတယ် လို့ ဆိုပါတယ်။

ဒီသတင်းကြောင့် ဖေ့စ်ဘွခ်ရဲ့ ရှယ်ယာတွေ အတိုင်းတာတစ်ခုထိ ကျသွားခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်က ပေါက်ခဲ့တဲ့ ရှယ်ယာဈေးနှုန်း ဒေါ်လာ ၁၂၇ နဲ့စာရင်တော့ လက်ရှိမှာ ၄၀% ရှယ်ယာပိုတက်လာတယ်လို့ ဆိုနိုင်ပါတယ်။

စီးပွားရေးပညာရှင်အချို့၏ အဆိုအရ ယခုကဲ့သို့ ပြောင်းလဲလိုက်မှုကြောင့် ဖေ့စ်ဘွခ်ပေါ်မှာ ကောက်ခံနေတဲ့ ကြော်ငြာခတွေ မြင့်တက်လာဖွယ်ရာရှိတယ်လို့လဲ သုံးသပ်ထားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top