မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×

လူတစ်ယောက်က ဖြိုးငွေစိုးကို “ဒီမင်းသားတစ်သောင်းခွဲတန်တီရှပ်ဝတ်တယ်ဗျာ” ဆိုပြီး ပြောလာတဲ့အပေါ်မှာ တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ ဖြိုးငွေစိုးက သူ့အနေနဲ့ တစ်သက်လုံး ဈေးကြီးတဲ့ အဝတ်အစားမဝတ်သလို ဝယ်နိုင်ရင်လဲမဝယ်ဘူးဆိုပြီး ပြန်ပြောလိုက်သလို သူ့ရဲ့ ရင်ထဲက ခံစားချက်တချို့ကိုလည်း ဖေ့စ်ဘွတ်မှာ လွန်ခဲ့တဲ့ မိနစ်ပိုင်းက ယခုလို ရေးသားထားပါတယ်။

“လူတစ်ယောက်ကပြောတယ်ဗျာဒီမင်းသားတစ်သောင်းခွဲတန်တီရှပ်ဝတ်တယ်ဗျာမင်းသားကလဲတဲ့ ဟာ ဘာပြန်ပြောရမလဲတချက်မိသွားတယ်

ပြီးတော့မှ သူ့အနားကို တော်တော်လေးကပ်လိုက်တယ် အဲဒီမှာစပြောတော့တာဘဲ (ဒီမှာဆရာ ဝတ်တော့ဘာဖြစ်လို့လဲ ကျုပ်တစ်သက်လုံး ဈေးကြီးတဲ့ အဝတ်အစားမဝတ်ဘူး။ အဲဒါအဓိပ္ပါယ်ရှိတယ်လို့မယုံလို့ တောင်းလဲ သူ့ဖွဲ့စည်းပုံနဲ့ ကိုက်မဲ့အကွပ် ဘဲလိုတာလူလဲသူ့ဖွဲ့ စည်းပုံနဲ့ ကိုက်တဲ့ အဝတ်ဘဲလိုတာဗျ ဒီလောက်အရာရာရှာဖွေရခက်တဲ့ဂြိုလ်မှာနေပြီး သက်သာအောင်နေပါ တခြားကိစ္စတွေ အများကြီးရှိတယ်။ သုံးစရာတွေ ဒီမှာမဝယ်နိုင်လို့ပြောတာတော့ဟုတ်တယ် ဒါပေမဲ့ဝယ်နိုင်လဲမဝယ်ဘူးဗျ တခြားဟာဝယ်မယ် ဘာလဲဗျာ။ တစ်သောင်းခွဲတန် ဝတ်တာဘာဖြစ်လို့လဲ ခင်ဗျားမိန်းမကြီးက ခင်ဗျားကို ဘယ်လောက်တန်ဝတ်မှ လူလို့ပြောထားလို့လဲဟင်)ဆက်တိုက်ပြောလိုက်တာပါ။ သူ့လက်ကို လဲဆွဲညစ်ထားသေးတယ် ဒီတော့မှသူကလက်ကို ပြန်ဆွဲပြီးခါရင်း ပြောတယ် ခင်ဗျားကလဲစောက်ရမ်းမလုပ်နဲ့နာတယ်ဗျ ဘာပြောလို့လဲ တစ်သောင်းခွဲတန်ဝတ်တယ်နော်လို့ ပြောတာဘာများမှားလို့လဲ ဒီတိုင်းပျင်းလို့ပြောတာကို ခင်ဗျားကလဲစောက်ရမ်း …”  ဆိုပြီး ပြောထားပါတယ်။

ပရိသတ်တွေကတော့ သူ့ရဲ့ စိတ်ဓာတ်ကို သဘောကျလို့ နေပါတယ်။ ဖြိုးငွေစိုးကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက် လုပ်ကိုင်လျက်ရှိပြီးတော့ သာယာတဲ့ မိသားစုလေး တစ်ခုကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

ဂုဏ်ပြည့်စုံဖြိုး ဆိုတဲ့ သားလေး တစ်ယောက်ကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ သားလေး ဂုဏ်ပြည့်စုံဖြိုးကတော့ အသက်(၃)နှစ်ရှိပြီလို့ သိရပါတယ်။ သားလေး ဂုဏ်ပြည့်စုံဖြိုးကလည်း ဖြိုးငွေစိုးနဲ့ အကျင့်စရိုက်တော်တော်များများတူတဲ့ အဖေတူသားလေး လည်း ဖြစ်ပါတယ်။

ဖြိုးငွေစိုးတို့ရဲ့ လက်ရှိ အိမ်ထောင်သက်ကတော့ သုံးနှစ်ကျော်ပြီ ဖြစ်ပြီး သားလေး ဂုဏ်ပြည့်စုံဖြိုးကို အကောင်းဆုံး ပြုစုပျိုးထောင်ဖို့ ရည်ရွယ်ထားပြီး နောက်ထပ် ကလေးယူဖို့ အစီအစဉ်မရှိသေးဘူးလို့လည်း သိရပါတယ်

Photo : ဖြိုးငွေစိုးဖေ့စ်ဘွတ်

ဖိုးသူတော် (www.phothutaw.com)
Credit: duwun

# Unicode Version ဖြင့် ဖတ်ပါ #








ဖိုးသူတောျ (www.phothutaw.com)
Credit: duwun

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top