AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

အကယ္ဒမီ လြင္မိုးကေတာ့ သူ႕ရဲ႕ ခံစားခ်က္တခ်ိဳ႕ကို ေဖ့စ္ဘြတ္ေပၚမွာ လြန္ခဲ့တဲ့ မိနစ္ပိုင္းက ေရးသားလိုက္ပါတယ္။ သူေရးလိုက္တဲ့ စာသားကေတာ့ ေယာကၡမဆိုတာ တစ္ခါတုန္းက သားမက္ပါပဲ ဆိုတဲ့ စာသားေလး ျဖစ္ပါတယ္။

ဒီစာသားက လြန္ခဲ့တဲ့ ႏွစ္ ၂၀ ခန္႔က လြင္မိုးပါဝင္ခဲ့တဲ့ နာမည္ႀကီး ဇာတ္ကားကားတစ္ကားနာမည္လည္း ျဖစ္ပါတယ္။

အဲ့ဒီစာသားေလးကို လြန္ခဲ့တဲ့ နာရီပုိင္းက တင္လိုက္တာပါ။ ဒီေန႕(ဇန္နဝါရီ ၄ ရက္)ဟာ လြင္မိုးရဲ႕ သမီးႀကီး ယြန္းဝတီလြင္မိုးရဲ႕ မဂၤလာလက္မွတ္ ေရးထိုးပြဲ က်င္းပတဲ့ ေန႕လည္း ျဖစ္ပါတယ္။ ဒီလိုေန႕ေလးမွာ သူ႕ရဲ႕ ရင္ထဲက စကားလံုးတခ်ိဳ႕ကို စာသားေတြအျဖစ္ ထုတ္ေဖာ္ျပလိုက္တာလို႕ ေျပာရမွာပါပဲ။

လြင္မိုးအေနနဲ႕ သမီးႀကီးကို ႏွေျမာေပမယ့္လည္း မိဘတို႕ရဲ႕ တာဝန္ဝတၱရားရွိတဲ့အတိုင္း ႏွစ္ဖက္မိဘေတြနဲ႕ မဂၤလာပြဲကို ခမ္းခမ္းနားနားျပဳ လုပ္ေပးခဲ့ပါတယ္။

ဖခင္တစ္ေယာက္ရဲ႕ ခံစားခ်က္ကိုလည္း Duwun Media ကိုယခုလုိ ေျဖဆိုေပးခဲ့ပါေသးတယ္။

"သူတို႕နွစ္ေယာက္က (၉)တန္းကသူငယ္ခ်င္းေတြျဖစ္ၿပီးေတာ့ ခ်စ္သူေတြျဖစ္ခဲ့ၾကတာေပ့ါ။ သမီးက ၾသစေၾတးလ်မွာ ေက်ာင္းသြားတက္ေတာ့ ေကာင္ေလးကလည္း ေက်ာင္းလိုက္တက္တယ္။ အဲ့ဒီကတည္းက ကၽြန္ေတာ္တို႕မိဘခ်င္းစကားေျပာၿပီးေတာ့ ၿပီးခဲ့တဲ့ (၆)လေလာက္က ေစ့စပ္ထားတာေပ့ါ။ သူတုိ႕ႏွစ္ေယာက္က တကယ္လည္း ေမတၱာရွိတယ္ဆိုေတာ့လည္း လက္ထပ္ေပးခဲ့တာပါ။ ၿပီးရင္ေတာ့သူတို႕ မဲဘုန္းကို ျပန္မွာပါ။" ဆုိၿပီး ေျပာျပခဲ့ပါတယ္။

ထက္ဦးလိႈင္နဲ႕ ယြန္းဝတီလြင္မိုးတုိ႕ဟာ ဒီေန႕(ဇန္နဝါရီ၄)ရက္ မနက္(၉)နာရီက Melia ဟိုတယ္မွာ မဂၤလာလက္မွတ္ေရးထိုးခဲ့တာ ျဖစ္ၿပီး ည(၇)နာရီမွာေတာ့ မဂၤလာညစာစားပြဲကို ဆက္လက္က်င္းပသြားမွာ ျဖစ္ပါတယ္။

Photo : လြင္မိုး FB
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode version#
အကယ်ဒမီ လွင်မိုးကတော့ သူ့ရဲ့ ခံစားချက်တချို့ကို ဖေ့စ်ဘွတ်ပေါ်မှာ လွန်ခဲ့တဲ့ မိနစ်ပိုင်းက ရေးသားလိုက်ပါတယ်။ သူရေးလိုက်တဲ့ စာသားကတော့ ယောက္ခမဆိုတာ တစ်ခါတုန်းက သားမက်ပါပဲ ဆိုတဲ့ စာသားလေး ဖြစ်ပါတယ်။

ဒီစာသားက လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်က လွင်မိုးပါဝင်ခဲ့တဲ့ နာမည်ကြီး ဇာတ်ကားကားတစ်ကားနာမည်လည်း ဖြစ်ပါတယ်။

အဲ့ဒီစာသားလေးကို လွန်ခဲ့တဲ့ နာရီပိုင်းက တင်လိုက်တာပါ။ ဒီနေ့(ဇန်နဝါရီ ၄ ရက်)ဟာ လွင်မိုးရဲ့ သမီးကြီး ယွန်းဝတီလွင်မိုးရဲ့ မင်္ဂလာလက်မှတ် ရေးထိုးပွဲ ကျင်းပတဲ့ နေ့လည်း ဖြစ်ပါတယ်။ ဒီလိုနေ့လေးမှာ သူ့ရဲ့ ရင်ထဲက စကားလုံးတချို့ကို စာသားတွေအဖြစ် ထုတ်ဖော်ပြလိုက်တာလို့ ပြောရမှာပါပဲ။

လွင်မိုးအနေနဲ့ သမီးကြီးကို နှမြောပေမယ့်လည်း မိဘတို့ရဲ့ တာဝန်ဝတ္တရားရှိတဲ့အတိုင်း နှစ်ဖက်မိဘတွေနဲ့ မင်္ဂလာပွဲကို ခမ်းခမ်းနားနားပြု လုပ်ပေးခဲ့ပါတယ်။

ဖခင်တစ်ယောက်ရဲ့ ခံစားချက်ကိုလည်း Duwun Media ကိုယခုလို ဖြေဆိုပေးခဲ့ပါသေးတယ်။

"သူတို့နှစ်ယောက်က (၉)တန်းကသူငယ်ချင်းတွေဖြစ်ပြီးတော့ ချစ်သူတွေဖြစ်ခဲ့ကြတာပေ့ါ။ သမီးက သြစတြေးလျမှာ ကျောင်းသွားတက်တော့ ကောင်လေးကလည်း ကျောင်းလိုက်တက်တယ်။ အဲ့ဒီကတည်းက ကျွန်တော်တို့မိဘချင်းစကားပြောပြီးတော့ ပြီးခဲ့တဲ့ (၆)လလောက်က စေ့စပ်ထားတာပေ့ါ။ သူတို့နှစ်ယောက်က တကယ်လည်း မေတ္တာရှိတယ်ဆိုတော့လည်း လက်ထပ်ပေးခဲ့တာပါ။ ပြီးရင်တော့သူတို့ မဲဘုန်းကို ပြန်မှာပါ။" ဆိုပြီး ပြောပြခဲ့ပါတယ်။

ထက်ဦးလှိုင်နဲ့ ယွန်းဝတီလွင်မိုးတို့ဟာ ဒီနေ့(ဇန်နဝါရီ၄)ရက် မနက်(၉)နာရီက Melia ဟိုတယ်မှာ မင်္ဂလာလက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပြီး ည(၇)နာရီမှာတော့ မင်္ဂလာညစာစားပွဲကို ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။

Photo : လွင်မိုး FB

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top