ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×
Photo : ထူးအယ်လင်း FB
Credit: Duwun
#Unicode Version#
အရင်က ကိုယ်တိုင်စိတ်ကျမူးယစ်ဆေးဝါးကို သုံးခဲ့ဖူးတဲ့ အဆိုတော် ထူးအယ်လင်းက အခုအချိန်မှာ ကိုယ်တိုင် မူးယစ်ဆေးဝါးရဲ့ တပည့်လက်ပါးစေအဖြစ်မခံတော့လို့ ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။
မူးယစ်ဆေးဝါး သုံးစွဲနေတဲ့ အချိန်က ရလာဒ်ဟာ အဖက်ဖက်မှာ ပျက်စီးဆုံးရှုံးခဲ့ရတယ်ဆိုပြီးသူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ပြောထားပါတယ်။
အခုဖြစ်နေတဲ့ အမှုအခင်းတွေမှာလည်း မူးယစ်ဆေးဝါးကြောင့် ဆက်စပ်မှုတွေ ဖြစ်လာတာများတယ်ဆိုပြီးလည်း ရေးသားထားပါတယ်။
"ကိုယ်တိုင်စိတ်ကျမူးယစ်ဆေးတွေ သုံးခဲ့ဖူးတယ် ရလာဒ်က အဖက်ဖက်မှာပျက်စီးဆုံးရံှူးခဲ့တယ် ။ အခုဖြစ်နေတဲ့ အမှူအခင်းတွေမှာ မူးယစ်ဆေးဝါးကြောင့် ဆက်စပ်မှူတွေ ဖြစ်လာတာများတယ် ။ မူးယစ်ဆေးဝါးသုံးနေတဲ့ ရောင်းရင်းညီအကိုတွေ ဆေးသုံးတာလျော့သုံးပြီး နောက် လုံးဝမသုံးဖြစ်အောင်ကို ဖြတ်လိုက်ပါလို့ပဲ တိုက်တွန်းချင်ပါတယ်။
ကျွန်တော်ကိုယ်တိုင်အခု မူးယစ်ဆေးဝါးရဲ့ တပည့်လက်ပါးစေအဖြစ်မခံတော့လို့ ကိုယ်တိုင် ဂုဏ်ယူတယ် ။ငါ ဆေးသမားမဟုတ်တော့ဘူးလို့ ( တစ်ခုပဲကျန်တယ် အရက်တော့ ကြုံရင် ပျော်ရင် သောက်ချင်ရင် သောက်ပါတယ် )
သဘောမျှရေးတာ သေချာပြောချင်တာ စာရှည်တော့ ဖတ်ရတာ ပျင်းမှာစိုးလို့ (အဆင်ပြေကြပါစေဗျာ) မိသားစုတိုင်း မူးယစ်ဆေးကြောင့် စိတ်သောကအပူမီးတွေကင်းဝေးကြပါစေ ။" ဆိုပြီးတော့ သူ့ရဲ့ အကောင့်မှာ ရေးသားထားတာပါ။
အဆိုတော် ထူးအယ်လင်းကတော့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးလည်း ဖြစ်ပါတယ်။
Photo : ထူးအယ်လင်း FB
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top